1 မိုးနှင်းစက်များကြားမှာ ခြူသံလွင်

 

3 ဈေးအသွား…………..မိုးနှင်းမူန်ကြား

4 ဈေးသွားဝယ်မယ် စောစော လေး

5 နွားစီးတော့ ကောင်းဘွိုင်
ကျွဲစီးတော့ ဘာဘွိုင်းလို့ခေါ်မလဲ

6 အေးဆေး ………………..

7 လယ်တောသူ

 

8 ရိုးသားလှတဲ့ ပအိုဝ့်အမေကြီးရဲ့ လယ်လုပ်ငန်းခွင်မှာပါ

9 မနေမနား

 

10 မှာတမ်းချွေ

11 အတူတကွ

 

12 လုပ်ငန်းခွင်သို့အသွား

13 မြင်ကွင်းကလွမ်းစရာ

 

14 အသွားနဲ့အပြန်

15 ဈေးကအပြန်

16 အောင်ပန်းကမြင်းလှည်းဂိတ်

17 မရှိမဖြစ်

18 ဒီပုံလေးမြင်တော့ကိုသုမောင်ကြီးရဲ့ “လယ်တောက အပြန်……………………..”ဆိုတဲ့သီချင်းလေးကို နားထဲကြားလာမိတယ်

19 လုပ်ငန်းသိမ်းချိန်

20 တိမ်အလွင့် မှာ ဗျိုင်းကလေးက ပျံ
(ကျနော်အတော်လေးကို နှစ်သက်မိတဲ့ပုံပါ)

 

“မြို့အောင်ပန်း မှ သဘာဝပုံရိပ်များ…………….”

 

 

ကျနော်လက်ဆော့တဲ့အခါ  သဘာဝရူ့ခင်းတွေကိုဘဲလက်ဆော့တာများပါတယ်။

လူပုံကိုပီပြင်အောင်မရိုက်တတ်တာရယ် ကိုယ်ဓါတ်ပုံရိုက်လိုက်တာကို မနှစ်သက်ရင်

ပြဿနာဖြေရှင်းရမှာ စိုးတာလဲ  ပါ ပါတယ်။

အဲတော့ ပြန်မပြောတဲ့ ကိုယ်ရိုက်သမျှငြိမ်ခံတဲ့ သဘာဝမြင်ကွင်းတွေကိုဘဲ စိတ်ချလက်ချရိုက်တာပေါ့။

ဒါပေမယ့် တောင်ပိုင်းရှမ်းပြည်ကို 2011 စက်တင်ဘာလမှာအလည်သွားတဲ့အခါ တိုင်းရင်းသားတွေရဲ့

ရိုးသားတဲ့ အပြုံးတွေ လွတ်လပ်အေးချမ်းစွာနေတတ်ပုံတွေမြင်ရတော့ သူတို့ကို မှတ်တမ်းတင်ချင်စိတ်ပေါ်လာပါတယ်။

အထူးသဖြင့် လွိုင်ကော်မြို့ကိုသွားတဲ့ လမ်းခရီးမှာ ပအိုဝ့်မလေးတွေရဲ့ လှပသေသပ်စွာ

ခြယ်သထားတဲ့အလှတွေကိုမြင်တော့ ရောက်တုံးရောက်ခိုက်မှတ်တမ်းတင်ထားခြင်တဲ့စိတ်တွေ

ပေါ်လာပါတယ်။

အဲဒီကစလို့ လူပုံတွေကိုလည်း မှတ်တမ်းတင် ပါတော့တယ်။

 

ဒါပေမယ့်လူ့သဘာဝအရ ဓါတ်ပုံရိုက်မယ်ဆိုရင် ရှက်ကိုးရှက်ကန်းဖြစ်သွားတတ်ပါတယ်။

အဲဒီအခါ သဘာဝကျကျလိုချင်တဲ့ကျနော့်မှာ ပုံကောင်းကောင်းမရ။

ဒီတော့ အရိုက်ခံရသူ မသိအောင်ဘဲ ရိုက်ပါတော့တယ်။

ကျနော့်ကင်မရာပေါက်စနလေးကလည်း ဒီနေရာမှာအတော်လေးအသုံ့းဝင်လှပါတယ်။

ဒီတစ်ခါ အောင်ပန်းအရောက်မှာ သဘာဝကျကျ လှုပ်ယှားမူ့ပုံလေးတွေကို

လက်ဆော့ခဲ့နိုင်ပါတယ်။

မနက်ဈေးသွားနေတဲ့ပုံကလေးတွေ

လယ်ယာလုပ်ငန်းခွင်ဆင်းနေတဲ့သူတွေ

ကျွဲကျောင်းသားလေးတွေ

လယ်ယာလုပ်ငန်းသိမ်းပြန်လာသူတွေ

အောင်ပန်းမြို့က မြင်းလှည်းလေးတွေ အစုံအစေ့ရိုက်ခဲ့ပါတယ်။

ကြည့်လိုက်ပါအုံးနော်။

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

အောင်ပန်းအောက်တိုဘာ12

(16-10-2012)

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။