ဘာရယ်မဟုတ် မနက်လမးလျောက်ရင်း ကင်မရာစမ်းလာတဲ့ပုံလေးတွေပါ မလှပါ အတတ်ပညာထူးဆန်းစွာ မပါ ပါ။ စံ မဝင်ပါ။ သို့သော် မြင်ရသူအဘို့ ခံစားမူ့တစ်ခု ပေးစွမ်းမည်ထင်ပါသည်   ထို့ကြောင့်     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ   11-11-2013                     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ   11-11-2013  


              “ဗောဓိတစ်ထောင်………ရပ်တော်မူ ဆင်းတုတော်ကြီး”     ဆယ်စုနှစ်တစ်နှစ်စာနီးနီး မုံရွာကို မရောက်တာကနေ 2011ခုနှစ်ရဲ့ ဆောင်းအဝင် ညနေခင်းလေးတစ်ခုမှာမုံရွာကိုနေ့ခြင်းပြန်ခရီးထွက်ခဲ့ပါတယ်.။ ညနေတစ်နာရီထွက် မင်္ဂလာဆောင် ညစာ စားပွဲဝင် ပြီးတာနဲ့ပြန်လာပေါ့။ အသွားလမ်းညာဘက်ဘေးမှာ ဆင်းတုတော်အကြီးကြီးကိုမြင်ခဲ့ရပါတယ်။ ဂျာနယ်တွေမှာဖတ်ဘူးပေမယ့် တစ်ခါမှ မရောက်ဘူး။ 2012ထဲမှာတစ်ခေါက်သွားပြန်တော့လဲ အလုပ်ကိစ္စနဲ့နောက်ကျ။ သမ္ဗုဒ္ဓေသာ ခဏဝင်ခဲ့ရတယ် အဲဒီကိုမရောက်။ နောက်ပြီးခဲ့ တဲ့ စက်တင်ဘာမှာသွားမယ်စီစဉ်တော့ အဲဒီနေ့က မိုးရွာတာ တစ်ညလုံးဆိုတော့ မသွားဖြစ်။   ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ကတော့ အလုပ်လဲအားတာနဲ့သွားဘို့စီစဉ်ကြပါတယ်။ မနက်ငါးနာရီက စပြီး လူစု.။ မန်းလေးက ခြောက်နာရီလောက်ထွက်။ စစ်ကိုင်းမှာ ရှိတဲ့ကလေးတွေဝင်ခေါ် တစ်ပျော်တစ်ပါးကြီးထွက်ခဲ့ကြပါတယ်။ လမ်းမှာတောက်လျောက်မောင်း လိုက်တာ ရွှေဘိုနဲ့ မုံရွာလမ်းခွဲညောင်ပင်ဝန်းမှာတောင် […]


                “တိမ်တွေကြောင့်ပိုလှနေတဲ့ အောင်ပန်းမြို့ကလေး”     အောင်ပန်းရောက်ရင် ကျနော် ရူ့ခင်းသာမှာဘဲ တည်းလေ့ရှိပါတယ်။ အောင်ပန်းနဲ့ ပင်းတယ ကလောလမ်းဆုံနားမှာရှိပါတယ်။ အဲဒီက ဝန်ထမ်းကလေးတွေသဘောကောင်းတာရယ် သန့်ပြန့်တာရယ် နောက်ဈေးနဲ့နီးတာရယ်ကြောင့်ပါ။ နောက်အဲဒီ ဟိုတယ်က အပေါ် ထပ်ကို ကျနော်ဓါတ်ပုံတက်ရိုက်တာကို စိတ်တိုင်းကျ ရိုက်ခွင့်ပြုထားလို့တည်းတာလည်းပါပါတယ်။ ကျနော်အောင်ပန်းကိုရောက်တဲ့ညနေမှာဘဲ မိုးသားတွေတက်နေတာကြောင့် တိမ်တွေက ညို့မှောင်မှောင်။ ဒါပေမယ့် အပြာရောင်လေးတွေက လဲ တစ်စွန်းတစ်စ စွန်းထင်းလို့နေပါတယ်။ တိမ်တောင်ထုတွေကလဲ အဖြူအပြာရောလို့ ကောင်းကင်မှာ ထောင်တက်နေပါတယ်။ သိပ်မကြာခင်လေးမှာဘဲ အလင်းစတွေရုပ်သိမ်းလို့ တိမ်တွေကလဲ တောင်တန်းနောက်ကိုပြေးဝင်ပါတော့တယ်။ နေဝင်ခါနီးမှာတော့ တိမ်အဖြူက အပေါ်က ပုစွန်ဆီရောင်အလင်းများက အနားသတ်နေပုံကတကယ်လှပ။ ကျနော်ကတော့ တိမ်တွေကိုနှစ်သက်သူဆိုတော့ အောင်ပန်းမြို့ကို […]


              “မြို့အောင်ပန်း မှ သဘာဝပုံရိပ်များ…………….”     ကျနော်လက်ဆော့တဲ့အခါ  သဘာဝရူ့ခင်းတွေကိုဘဲလက်ဆော့တာများပါတယ်။ လူပုံကိုပီပြင်အောင်မရိုက်တတ်တာရယ် ကိုယ်ဓါတ်ပုံရိုက်လိုက်တာကို မနှစ်သက်ရင် ပြဿနာဖြေရှင်းရမှာ စိုးတာလဲ  ပါ ပါတယ်။ အဲတော့ ပြန်မပြောတဲ့ ကို်ယ်ရိုက်သမျှငြိမ်ခံတဲ့ သဘာဝမြင်ကွင်းတွေကိုဘဲ စိတ်ချလက်ချရိုက်တာပေါ့။ ဒါပေမယ့် တောင်ပိုင်းရှမ်းပြည်ကို 2011 စက်တင်ဘာလမှာအလည်သွားတဲ့အခါ တိုင်းရင်းသားတွေရဲ့ ရိုးသားတဲ့ အပြုံးတွေ လွတ်လပ်အေးချမ်းစွာနေတတ်ပုံတွေမြင်ရတော့ သူတို့ကို မှတ်တမ်းတင်ချင်စိတ်ပေါ်လာပါတယ်။ အထူးသဖြင့် လွိုင်ကော်မြို့ကိုသွားတဲ့ လမ်းခရီးမှာ ပအိုဝ့်မလေးတွေရဲ့ လှပသေသပ်စွာ ခြယ်သထားတဲ့အလှတွေကိုမြင်တော့ ရောက်တုံးရောက်ခိုက်မှတ်တမ်းတင်ထားခြင်တဲ့စိတ်တွေ ပေါ်လာပါတယ်။ အဲဒီကစလို့ လူပုံတွေကိုလည်း မှတ်တမ်းတင် ပါတော့တယ်။   ဒါပေမယ့်လူ့သဘာဝအရ ဓါတ်ပုံရိုက်မယ်ဆိုရင် ရှက်ကိုးရှက်ကန်းဖြစ်သွားတတ်ပါတယ်။ အဲဒီအခါ သဘာဝကျကျလိုချင်တဲ့ကျနော့်မှာ ပုံကောင်းကောင်းမရ။ […]


                “တိမ်တွေနဲ့အလှဆင်ထားတဲ့မြို့………………………”     ဒီနှစ်စက်တင်ဘာလကတော့ ကျနော်နှစ်သက်တဲ့ တိမ်တွေအမြဲမြင်နေရတဲ့လဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ဒီလိုစက်တင်ဘာလမှတော့ ကျနော်တောင်ပိုင်းရှမ်းပြည်ကိုရောက်နေခဲ့ပါတယ်။ တစ်ရက်အလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုသွားရင်း ကျုံးနံဘေးအရောက် အရှေ့ဖက်မှာ လှပသောတိမ်တောင်ထုနဲ့ လိုက်ဖက်လှတဲ့ နန်းမြို့ရိုးကို မြင်ရတဲ့အခါ ပြည့်စုံလွန်းတဲ့ အလှကိုမြင်လိုက်ရသလိုရင်သပ်ရှု့မော။ နောက်ရက် အမျုးိသားကဇာတ်ရုံကပြန်လာတဲ့ညနေခင်းလေးမှာလဲ နူးညံ့လှပတဲ့ တိမ်အဆင်နဲ့နန်းမြို့ရိုး တွေကိုတွေ့ရပြန်ပါတယ်။ ကျနော်ကလဲအနောက်ဖက်ကျုံးလမ်းကနေမြောက်ဘက်ကိုအမြဲသွားလေ့ရှိပါတယ်။ သွားတိုင်းလဲတိမ်တွေကိုတွေ့ပါတယ်။ တွေ့တိုင်းလဲ ဆိုင်ကယ်ရပ်ပြီးလက်ဆော့တတ်ပါတယ်။ လှတဲ့ပုံလေးကိုမြင်တော့ မနေနိုင်ဘူးလေ။   လွန်ခဲ့တဲ့တစ်ရက်ကတော့ မန်းလေးတောင်ခြေဘက်ကိုရောက်ပါတယ်။ ကျောင်းထိုင်ဘုုန်းကြီးကျောင်းရှိတဲ့နေရာကနေ မန်းလေးတောင်ပေါ်ကတိမ်တွေကိုလှမ်းရိုက်။ နောက်မြောက်ဘက်ကျုံးနံဘေးကနေအနောက်ဘက်ကျုံးရော တောင်ဘက်ကျူံးကိုလှမ်းရိုက်။ တိမ်တွေနဲ့လှနေတဲ့နန်ုးမြို့ရိုးကိုရိုက်။ ရိုက်လို့မဝနိုင်အောင်ပါဘဲ။ တစ်ညနေခင်းမှာ ၂၆ဘီလမ်းကနေ၈၂လမ်းအတိုင်းလာနေရင်း အရှေ့ဘက်လှမ်းကြည့်တော့ တိမ်တွေနဲ့လှ နေတဲ့ ရွှေနှလုံးတော်ချပ်ချ်ကျောင်းကိုမြင်တော့ ဆိုင်ကယ်ထိုးရပ်ပြီး လက်ဆော့ပါတယ်။ သူများတွေကြည့်နေလဲ မရှက်တော့ပါဘူး.။ […]


          “မြန်မာ့ရိုးရာလေးတွေနဲ့ ထိတွေ့မိတဲ့နေ့လေးတစ်နေ့”     ငယ်စဉ်က အငြိ်မ့်တကာ ဇာတ်တကာကိုလိုက်ကြည့်ဘူးတဲ့ ကျနော် အဲဒါတွေနဲ့ဝေးနေခဲ့တာအတော်ကြာခဲ့ပါပြီ။ မန်းလေးမှာ မီးကြီးနှစ်ကြိ်မ်လောင်ပြီးတဲ့နောက်မှာ မန္တလေးမြို့ခံတွေကလဲ မြို့သစ်ကိုရွှေ့သွားကြပါတယ်။ သူတို့နေရာမှာ အဝေးရောက်သားတွေရောက်လာတဲ့အခါမှာ သီတင်းကျွတ်တာနဲ့တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက် ကျင်းပခဲ့တဲ့ ရပ်ကွက်ဘုရားပွဲတွေကလည်းတစ်စထက်တစ်စကွယ်ပျောက်. ကထိန်ပွဲတွေလဲပျောက်။ ပွဲဖြစ်ပြန်တော့လည်း အငြိမ့်ဇာတ်ပွဲမိန့်ခံရတာကခက်ခဲ၊ အရပ်ထဲမှာလဲဇာတ်တွေဘာတွေမကြည့်တတ်သူတွေဘဲကျန်ခဲ့ပြန်တော့ ဇာတ်ထဲ့ပြန်ရင်လဲ မင်းစင်ဝယ်မယ့်သူမရှိတော့အရှုံးပေါ်။ အငြိမ့်ထဲ့ပြန်တော့ ပွဲမိန့်တွေဘာတွေခံရတဲ့အလုပ်တွေရှုပ်။ အဲလိုဇယားတွေများတော့ ပြီးလွယ်စီးလွယ် ရပ်ကွက်တီးဝိုင်းလေးနဲ့ဘဲ ဘုရားပွဲကထိန်ပွဲတွေပြီးသွားကြပါတယ်။ အဲတော့ ကျနော်တို့လည်း တဖြည်းဖြည်းနဲ့အငြိမ့်တွေဇာတ်တွေနဲ့ဝေးသွားပါတယ်။   ပြီးခဲ့တဲ့ တစ်ရက်က တော့ ရန်ကုန်အနုပညာတက္ကသိုလ်က ဆရာသန်းက အကူညီတောင်းလာပါတယ်။ မန်းလေး အမျိုးသားကဇာတ်ရုံမှာ အနုပညာတက္ကသို်လ်ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းကလေးတွေ ကပြကြတဲ့ပွဲကလေးကိုသွားပြီး ဓါတ်ပုံသွားရိုက်ပေးဘို့ပါ။ နောက်သူ့ဆီကို အီးမေးလ်နဲ့ပြန်ပို့ပေးဘို့ပါ.။ နေ့လည်ပိုင်းဆိုတော့ ကျနော်နည်းနည်းလေးအားပါတယ်။ […]


        “ကုသိန္နာရုံနံရံထက်မှာ ရုပ်ထုများ”   ကုသိန္နာရုံဘုရားအတွင်းထဲကတည်ထားပုံတွေက ထူးခြားပါတယ်။ အင်္ဂတေတိုင်တွေက အကွေးအဝိုက်တွေနဲ့တည်ထားပါတယ်။ တိုင်တွေပေါ်မှာရွှေရောင်ကနုတ်ပန်းတွေနဲ့ပန်းပွင့် တွေနဲ့အလှဆင်။ အဲဒီတိုင်တွေပေါ်မှာလည်း တိရိစ္ဆာန်ပုံလေးတွေဆွဲထား။ အရည်အတွက်များများတွေ့ရတာကတော့ ဇီးကွက်ရုပ်။ ကုသိန္နာရုံအင်ကြင်းတောဆိုတော့ အကောင်ပလောင်အစုံထည့်ထားပါတယ်။   လျောင်းတော်မူကိုယ်တော်ကြီးကတော့ အချိုးအစားကျနလွန်းပါတယ်။ ခန်းမကြီးတစ်ခုလုံးမှာမှ ကျနော်ရယ် အဲဒီထဲမှာနိဗ္ဗာန်ဆော်အဖြစ်တာဝန်ထမ်းနေသူတစ်ယောက်ရယ် နှစ်ယောက်ထဲ။ အစောကတော့ သံဃာတော်နှစ်ပါးဝတ်ပြုလို့နေတာကိုတွေ့ရ။ လျောင်းတော်မူကိုယ်တော်ကြီးကို ဒေါင့်ပေါင်းစုံကနေ မှတ်တမ်းတင်မိပါတယ်။ ဘုရားတိုင်တွေအပေါ်ပိုင်းမှာတော့ရွှေရောင်နဲ့ ရုပ်လုံးကြွပုံတွေထုလုပ်ထားပါတယ်။ ဒီနေရာလေးက လူသိနည်းပြီးလူအရောက်အပေါက်နည်းတဲ့နေရာလေးဖြစ်ပါတယ်။ မမြင်ဘူးသူများ သွားချင်စိတ်ပေါက်လာအောင်မျှဝေပေးလိုက်ပါတယ်။     ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ (26-8-2012)      


      12 တူသလိုလို မတူသလိုလို   “တိမ်တောင်သက်တန့် မန္တလေးနန်းမြို့ရိုးနှင့်ကျူံးရေပြင်”     ဒီနှစ် မိုးတွင်းက မြန်မာပြည်အနှံ့ရေကြီးနေပေမယ့် မန်းလေးမှာ မိုးမရွာ။ အုံ့တယ်ဆိုရုံလေးအုံ့တဲ့ရက်တွေများပါတယ်။ အခုရက်မှာ မန္တလေးမြို့မှာ ကောင်းကင်ကကြည်လင်တဲ့အပြင်တိမ်တွေကလဲအတော်လှပါတယ်။ ကောင်းကင်ထက်မှာလေသိပ်မတိုက်တဲ့အတွက် တိမ်တွေက ကြာကြာနေပါတယ်။ ညနေခင်းမှာဆို တိမ်တောင်ထု ဖြူဖြူတွေမြင်ရတာ ကြည်နူးစရာ။ တစ်ရက် နန်းရှေ့ဘက်က ပြန်အလာ တောင်ဘက်ကျုံးလမ်းရောက်ချိန် နန်းမြို့ရိုးဘက်ကြည့်လိုက်တော့ အင်မတန်လှပတဲ့တိမ်အခင်းကို မြင်လိုက်ရပါတယ်။ ဒါနဲ့ဘဲ ဆိုက်ကယ်ကိုရပ်လို့ ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။ တိမ်အဆုပ်ဆုပ်အလွင့်လွင့်နောက်ခံနဲ့ နန်းမြို့ရိုးပုံလှလှလေးတွေရလိုက်ပါတယ်။ နောက်ရက်မှာတော့ အနောက်ကျုံးလမ်းအတိုင်း မြောက်ပြင်ဘက်ကိုအသွား တိမ်တောင်ထု တစ်ခုတည်နေပုံကလှပ။ တိမ်လေးတွေရယ် မြို့ရိုးပေါ်မှာပေါက်နေတဲ့ထန်းပင်အုပ်တွေရယ်တွဲလို့ဓါတ်ပုံရိုက်နေတုန်း သက်တန့်ကွေးကွေးလေးက ရုတ်တရက်ပေါ်လာပါတယ်။ ကျနော်မှာဓါတ်ပုံရိုက်လို့မဝနိုင်အောင်ဖြစ်ခဲ့ရသပေါ့။ အင်မတန်လှပသော ကျက်သရေရှိသောပုံလေးများလည်းရခဲ့ပါတယ်။   ကျနော်တို့မြန်မာနို်င်ငံမှာတော့ ရှေးအမွေအနှစ်အဖြစ် မပျောက်မပျက်ရှေးမူရင်းအတိုင်းကျန်ခဲ့တာကတော့ […]


                        “ကြာ……………လွမ်းချင်း”     အခုရက်ကတော့ ပန်းတွေရော ရူ့ခင်းပုံတွေရောအတော်လေးရိုက်ဖြစ်ပါတယ်။ တစ်ည မိတ်ဆွေတစ်ယောက်နဲ့စကားပြောရင်း ကြာပန်းပုံလေးမရှိဘူးလားလို့မေးလာပါတယ်။ “ရှိပါတယ် တစ်ရက်တော့စောင့်ပေး”လို့အကြောင်းပြန်လိုက်ပါတယ်။ သိပ်မကြာခင်ရက်ကဘဲ မြန်မာ့ပန်းတွေကို စံနစ်တကျ စုဆောင်း နေတဲ့ဆရာမကြီး TTNU အတွက်ပန်းတွေစုပေးထားတော့ ကြာပန်းပုံတွေက အဆင်သင့်ရှိပါတယ်။ ဒါပေမယ့် ဆရာမကြီးကို အမြန်သာပေးလိုက်ရတယ် မစုံသေးဘူးဆိုတာအလိုလိုသိနေပါတယ်။ သေချာတာတစ်ခုက ကြာပန်းကို ကျနော်ရန်ကုန်မှာသုံးကြိမ် နဲ့မန်းလေးမှာ တစ်ကြိမ် ထဲဘဲရိုက်ဘူးတယ်ဆိုတာပါ။ ရန်ကုန်မှာ ပထမအကြိမ် 2011 ရောက်တုံးက မရိုက်ဖြစ်ပါဘူး။ ကျနော်ရန်ကုန်ရောက်ချိန် ကန်တော်ကြီးထဲမှာ ကြာမပွင့်သေးပါဘူး။ ကျနော်အရင် မဝေ က ကန်တော်ကြီးထဲက ကြာပန်းခင်းကိုရိုက်တင်ထားတာတွေ့ဘူးပါတယ်။ ဒုတိယတစ်ခေါက် 2012ဇန်နဝါနီလဆန်းကြာပန်း နီနီလေးတွေကို ကန်တော်ကြီးမြောက်ဘက်ခြမ်းက တံတားနားလေးမှာရိုက်ခဲ့ပါတယ်။ အတော်လေးကို နှစ်သက်စရာကောင်းတဲ့ပုံလေးတွေလို့ခံစားရပါတယ်။ […]


  “ရွှေရောင်လွှမ်းသော ဆည်းဆာညနေခင်းလေး”     ရှမ်းလေးကျွန်း ပါတ်ဝန်းကျင်မှာလှည့်ပါတ်ပြီးဓါတ်ပုံရိုက်လို့ဝတော့ ပြန်ဘို့ပြင်ရပါတယ်။ နေကလဲ  မင်းဝံတောင်အနောက်မှာ ကွယ်ခါနီးနေပါပြီ။ အဲတာနဲ့ တံတားလေးပေါ်ကနေလမ်းလျောက်ပြိးဆို်င်ကယ်ထားတဲ့နေရာကို ဖြတ်အလာ အနောက်ဘက်ကုိုလှည့်အကြည့်လိုက်တဲ့အခါ ဝင်လုဆဲနေမင်းဆီကနေ ရွှေရောင်တွေဖြာလက်နေတာကို မြင်လိုက်ရပါတယ်။ အဲဒါနဲ့တံတားပေါ်ကအမြန်ဆင်း ပြီး အရှေ့ဘက်ထိပ်က ကန်ရေအစပ်ကိုသွားလို့ရိုက်လို့ကောင်းမယ့် နေရာကို ရှာရပါတော့တယ်။ ကန်ရေစပ်ရောက်ပြန်တော့ ကိုင်းပင်တွေက နည်းနည်းရှုပ်နေတော့ လွတ်တဲ့နေရာရွေးရပြန်တယ်။ လွတ်တဲ့နေရာရောက်ပြန်တော့ ရေဝင်ထားတဲ့မြေဖြစ်နေပြန်တော့ အောက်ခြေက စိုစိုကပ်ကပ်။ တစ်ဖြည်းဖြည်းနဲ့နေအလင်းရောင်ကအောက်ကျလာလေ ကောင်းကင်က ပုစွန်ဆီရောင်ခပ်ခြောက်ခြောက်လေးနဲ့ ပိုပိုလှနေပါတယ်။ ကျနော်ရောက်နေတဲ့သစ်ပင်အောက်ကနေ ကျနော်ဖြတ်လျောက်ခဲ့တဲ့တံတားလေးဘက်ကိုလှမ်းကြည့်လို်က်တဲ့ အခါမှာတော့ ရှည်လျားတဲ့တံတားအရိပ်က ရွှေအိုရောင်ဆည်းဆာရဲ့ သဘာဝဆလိုက်မီးကြောင့် ခပ်စပ်စပ်လေးသာရှိနေတဲ့ ရေပြင်မှာအရိပ်တွေထင်နေပုံကလှပ။ အဝေးမှာတော့အပြာရောင်ကောင်ကင်က ဆေးစက်ကလေးတစ်ချက်နှစ်ချက်ပက်ထားသလို ခပ်မွမွ။ ကျနော်လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင်ကို ခလုပ်တွေနှိပ်မိ။ ကောင်းကင်မှာအလင်းရုပ်သိမ်းမှ ပြန်လာခဲ့မိ။ ရှမ်းလေးကျွန်းဘက်မှာသာအလင်းသိမ်းသွားပေမယ့် ကန်တော်ကြီး တက်သိမ်းအင်းမြောက်ဘက်ကန်စပ်ရောက်ချိန်မှာတော့ […]


    “နဒီဧရာ ရေဇလာ”     တစ်ရက်ညနေစောင်း ဘိုအောင်ကြီးက လှမ်းဖုန်းဆက်လာပါတယ်။ ဒီနေ့တိမ်တွေလှနေတယ်ပေါ့။ ဖြစ်ချင်တော့ ဒီနေ့ကအလုပ်မအားတာသေချာ။ အဲတော့ မသွားတော့ဘူးပေါ့။ ဖြစ်ချင်တော့ ညနေက အလုပ်ကိစ္စကစောပြီးကိစ္စပြတ်သွားပါတယ်။ အဲဒါနဲ့သူ့ဆီဖုန်းလှမ်းဆက်တော့ ခေါ်မရ။ ဒါနဲ့ဘဲ မြစ်ဆိပ်ကိုတစ်ယောက်ထဲအမြန်ပြေးရပါတယ်။ အစကတော့ ရွှေကြက်ယက်ဘက်ကိုသွားဘို့ရည်ရွယ်။. ဖြစ်ချင်တော့ နေအကျက မြန်နေပါတယ်။ အဲတော့ 41လမ်း အတိုင်းဆင်းပြီး ပေါ်တော်မူ ဘုရားကြီးပေါ်ကို အမြန်သွားရပါတော့တယ်။ အဲဒီရောက်တော့ နေရောင်က တောင်စွယ်မှာကွယ်တော့မယောင်ယောင်။ ရသလောက်အမြန်ရိုက်ရပါတယ်။ ဓါတ်ပုံရိုက်နေဆဲမှာဘဲ အရောင်စုံပြီးလှပလွန်းတဲ့ မြစ်ပြင်ဆည်းဆာမြင်ကွင်းကြောင့် စိတ်ထဲမှာ အရမ်းကိုကျေနပ်။ သိပ်မကြာခင်မှာဘဲ အမှောင်ရိပ်က စွန်းချင်ချင်။ အဲဒါနဲ့ရိုက်လက်စရပ်လို့ ရေကူးနေတဲ့ကလေးတွေဘက်ကိုခြေဦးလှည့်။ ဖုန်းသံလေးမြည်လာလို့ ကြည့်လိုက်တော့ ဘိုအောင်ကြီး ကုျံနံဘေးမှာရောက်နေပါသတဲ့။ ဒါနဲ့ဘဲ အိမ်ကို အမြန်ပြန်ပြေးလာ။ နဒီဧရာ ရဲ့ […]


      “ညနေခင်းလေးကပေးတဲ့ကြည်နူးခြင်း”     ဝါဆိုလပြည့်နေ့(2-8-2012)နေ့က အလုပ်ပိတ်ပါတယ်။ အဲ့တော့  ရှမ်းလေးကျွန်းဘက်ကို ညနေပိုင်းဓါတ်ပုံသွားရိုက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ ညနေငါးနာရီလောက်ရောက်တော့ ကိုစိန်သော့ကို ဖုန်းလှမ်းချိတ်တော့မအား။ ဖရဲမကလဲ အလုပ်မပိတ်။ ကျနော်တို့အဖွဲ့က တစ်ယောက်နဲ့တစ်ယောက်တွေ့ခဲ့ဆုံခဲပါတယ်။ မန်းလေးဂေဇက်ရွာသူားတွေမန်းလေးမှာရှိနေပေမယ့် အချင်းချင်းမတွေ့ဘူးသူတွေလဲရှိပါတယ်။ ကျနော်သာ ရွာထဲမှာအနေကြာတာရယ် အလှူငွေကောက်တဲ့ကိစ္စကို တာဝန်ခံလုပ်ခဲ့လို့သာအတော်များများ နဲ့တွေ့ဘူးနေတာပါ။ သွားစရာလာစရာရှိရင်ဖြစ်ဖြစ် မန်းလေးကို ရွာထဲက ဧည့်သည်ရောက်လာရင်သာတွေ့ဖြစ်ပါတယ်။ ကျန်တဲ့အချိန်တော့ ကိုယ့် အလုပ် ကိုယ့်ဘဝနဲ့နေကြတာများပါတယ်။ အလုပ်ပိတ်ရက်တွေကလဲ မတူကြတာများပါတယ်။ ကျနော်ရှမ်းလေးကျွန်းဘက်သွားနေရင်း နေအရမ်းပူတာကိုမြင်နေရတာရယ် ကောင်းကင်မှာတိမ်သိ်ပ်မရှိတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။   နောက်ရက်အလုပ်ဖွင့်တဲ့ရက်ညနေခင်းမှာတော့ကိုစိန်သော့ဆီက ဖုန်းဝင်လာပါတယ်။ ရှမ်းလေးကျွန်းဘက်မှာတိမ်တွေအရမ်းလှဆိုဘဲ။ အဲဒါနဲ့အလုပ်တွေမြန်မြန်လက်စသိမ်းလို့ ရှမ်းလေးကျွန်းဘက်ပြေးပါတော့တယ်။ ကျနော်ရှမ်းလေးကျွန်းရောက်တော့ ကိုစိန်သော့ကတံတားပေါ်ရောက်နှင့်နေပါပြီ။ နေရောင်က ဝင်ခါနီးဆိုတော့စကားမပြောနို်င်အားဘဲ ကမန်းကတမ်းဆော်ကြနှက်ကြပါတယ်။ ရှမ်းကလေးကျွန်းရွာလေးကလမ်းတွေရေမြုတ် အိမ်ကြမ်းပြင်နဲ့ရေက သိပ်မကွာ။ အဲတော့ […]