နဒီဧရာ ရေဇလာ………………………….

1 ဧရာကမ်းနံဘေးကလွမ်းစေတီ

 

2 တိမ်ရောင်စုံအလှတွေနဲ့ ဧရာဝတီ
3 ရေလည်ကသင်္ဘောနဲ့ ရေချိုးဆင်းသူလေး
4 ဧရာ ရေဇလာ နဲ့ ကောင်းကင်က လှပသောတိမ်အခင်းအကျင်း
5မြင်ရသူ ရင်သပ်ရူ့မော
6 ရေဇာလာလှိုင်းလွန့်လူး
7 အလင်းပျောက်တော့မယောင်ယောင်
8 ဝင်မလိုလိုနေမင်းက အလင်းတွေပြန်ဖြာထွက်
9 ဧရာမြစ်ပြင်ကျယ် …………………………
10 တောင်ဘက်အဝေးကတောင်တန်းနဲ့မြစ်ပြင်

 

11 သိပ်မကွာတဲ့မြင်ကွင်းလေး တိမ်လေးတွေကတော့ အရောင်စုံ
12 တိမ်မဲညို ကိုလူဆိုး
13 တပြန့်တပြော …………………………………….
14 အဝေး မှာ စစ်ကိုင်းတောင်
15 ကျနော်အတော်လေးနှစ်သက်တဲ့ပုံလေးပါ

“နဒီဧရာ ရေဇလာ”

 

 

တစ်ရက်ညနေစောင်း ဘိုအောင်ကြီးက လှမ်းဖုန်းဆက်လာပါတယ်။

ဒီနေ့တိမ်တွေလှနေတယ်ပေါ့။

ဖြစ်ချင်တော့ ဒီနေ့ကအလုပ်မအားတာသေချာ။

အဲတော့ မသွားတော့ဘူးပေါ့။

ဖြစ်ချင်တော့ ညနေက အလုပ်ကိစ္စကစောပြီးကိစ္စပြတ်သွားပါတယ်။

အဲဒါနဲ့သူ့ဆီဖုန်းလှမ်းဆက်တော့ ခေါ်မရ။

ဒါနဲ့ဘဲ မြစ်ဆိပ်ကိုတစ်ယောက်ထဲအမြန်ပြေးရပါတယ်။

အစကတော့ ရွှေကြက်ယက်ဘက်ကိုသွားဘို့ရည်ရွယ်။.

ဖြစ်ချင်တော့ နေအကျက မြန်နေပါတယ်။

အဲတော့ 41လမ်း အတိုင်းဆင်းပြီး ပေါ်တော်မူ ဘုရားကြီးပေါ်ကို အမြန်သွားရပါတော့တယ်။

အဲဒီရောက်တော့ နေရောင်က တောင်စွယ်မှာကွယ်တော့မယောင်ယောင်။

ရသလောက်အမြန်ရိုက်ရပါတယ်။

ဓါတ်ပုံရိုက်နေဆဲမှာဘဲ အရောင်စုံပြီးလှပလွန်းတဲ့ မြစ်ပြင်ဆည်းဆာမြင်ကွင်းကြောင့်

စိတ်ထဲမှာ အရမ်းကိုကျေနပ်။

သိပ်မကြာခင်မှာဘဲ အမှောင်ရိပ်က စွန်းချင်ချင်။

အဲဒါနဲ့ရိုက်လက်စရပ်လို့ ရေကူးနေတဲ့ကလေးတွေဘက်ကိုခြေဦးလှည့်။

ဖုန်းသံလေးမြည်လာလို့ ကြည့်လိုက်တော့ ဘိုအောင်ကြီး

ကုျံနံဘေးမှာရောက်နေပါသတဲ့။

ဒါနဲ့ဘဲ အိမ်ကို အမြန်ပြန်ပြေးလာ။

နဒီဧရာ ရဲ့ ဆည်းဆာပုံရိပ်တွေကို ကြည့်ချင်လှပြီလေ

 

 

ကိုပေါက်လမ်းသလားနေသည်

(12-8-2012)

 

 

18 comments

  • YE YINT HLAING

    August 22, 2012 at 11:29 am

    ရေချိုးဆင်းတဲ့သူတွေ တော်တော်ဝေးဝေး အထိ ကူးနေကြတာပဲဗျ !

  • ရွှေ ကြည်

    August 22, 2012 at 3:46 pm

    တိမ်ညိုမိလ္လာတိမ်ဆူကာနှင့် တိမ်ပြာရောယှက် မရမ်းဖက်၍ တိမ်သက်တန့်ရောင် အဝါဘောင်ဝယ်
    အဲ အဲဒါပြီးရင်ဘာလဲဟင်လေးပေါက် အစအဆုံးလဲမရ ရေးထားသလောက်ကလဲသေချာပါ့မလားမသိ 😀
    အဲဒီကဗျာရှိတယ်မို့လား ဟင်။ ပုံတွေကြည့်ပြီးသတိရသွားလို့။

  • ကို ခင်ခ

    August 22, 2012 at 4:07 pm

    ကိုပေါက်ရေ ဆည်းဆာကို လှအောင်ရိုက်တတ်ပါပေ့။

  • nozomi

    August 22, 2012 at 4:58 pm

    အင်တာဗျူး တစ်ခုမှာ အမေးခံရဘူးတယ်
    တိမ် တွေကိုသိလားတဲ့
    ရင်ကို နဲနဲကော့ပြီး သိပါတယ် လို့ ပြောရင်း စိတ်ထဲစွဲနေတာတွေ ရွတ်ပြလိုက်တယ်
    တိမ်နီ တိမ်ပြာ တိမ်ဝါ တိမ်သလ္လာ……ဘာညာပေါ့
    ဖြေနိုင်တယ် ကွ ဆိုပြီး ကျေနပ်လို့

    မင်း ကို ငါ မေးတာ ဒါတွေ မဟုတ်ဘူးကွ ဆိုပြီး
    မိုးတိမ်တောင် တိမ်လွှာ တိမ်မျှင် တိမ်တောင် စတဲ့ မိုးလေဝသုံးတိမ်တွေ ကို မေးတာကွ ….တဲ့
    သိပ်တော့လဲ မကွာပါဘူး တိမ်ပါတာချင်းတော့ အတူတူပဲ ဟာ

    ကိုပေါက် ကြီး ဒီရက်ထဲ စိတ်လက်ပေါ့ပါး နေပုံရတယ် တင်ထားတဲ့ ပုံလေးတွေက စိတ်ရှုတ် စိတ်ညစ်နေရင် ရိုက်လို့ မရတဲ့ ပုံလေးတွေ ပဲ

  • မဟာရာဇာ အံစာတုံး

    August 22, 2012 at 5:45 pm

    နေရောင်အောက်မှာ လှိုင်းကြက်ခွပ်လေးတွေက လှပ ..
    လွမ်းစေတီရဲ့ ဆည်းလည်းသံလေးတွေက ..
    ဟော .. တစ်စ .. တစ်စ …

    ဖေဂျီးရေ .. အားပေးသွားပါတယ်ဂျ ..

  • MaMa

    August 22, 2012 at 6:56 pm

    ကိုပေါက်ရိုက်တဲ့ပုံတွေကြည့်ပြီး တိမ်တွေကို ဓာတ်ပုံရိုက်ချင်စိတ်ပေါက်နေတယ်။
    နံပါတ်၈ နဲ့ နံပါတ် ၁၅ ကို အကြိုက်ဆုံးပဲ။

  • မောင်ပေ

    August 22, 2012 at 8:28 pm

    နဒီဧရာ
    ပလီထွေပြာ
    အညှီတွေမပါ
    မကြည်ကေရှာ
    ရီဝေစွာ
    မြည်လေတာ

  • အရီးခင်လတ်

    August 22, 2012 at 9:07 pm

    ကိုပေါက်ကြီး
    နေဝင် ဆည်းဆာ တိမ်တောက် တွေ အရမ်းလှတယ်။
    နံပါတ်(၄) ကို အကြိုက်ဆုံးပါ။
    စိုင်းထီးဆိုင် ရဲ့ သီချင်းတစ်ပုဒ်ထဲမှာ
    “နေဝင်ချိန်မှာ တိမ်တောက်တာ ထာဝစဉ် မြင်ချင်ရင် အရူးဘဲပေါ့” တဲ့။ 😉

    ရွှေကြည်ရေ
    သမီးသိချင်တာကို အရီး ဂူးဂဲ ထားတာ။ 😀
    ရှင်ဥတ္တမကျော် (သက္ကရာဇ် ၈၁၅- သက္ကရာဇ် ၉၀၄-ခုနှစ်) ဆရာတော်သည်
    ကောင်းကင်၌ အရောင်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းနေသော တိမ်တို့၏ တင့်တယ်ဟန်ကို-

    တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်
    တိမ်ပြာရောယှက်၊ မရမ်းဖက်၍
    တိမ်သက်တန့်ရောင်၊ အဝါပေါင်ဝယ်
    မှောင်ခဲ့တခါ၊ ပြာခဲ့တချို့
    ညိုခဲ့တလီ၊ ရီခဲ့တဖုံ
    မှုန်ခဲ့တချက်၊ ယုဂန်ထက်က
    လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း
    နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်
    ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့—

    ဟူ၍ ဖွဲ့ဆိုထားရာ လွန်စွာထိမိပိုင်နိုင်လှပေသည်။ ပန်းချီဆရာများပင် နည်းမှီ အတုယူခဲ့ရပေသည်။

    မှီငြမ်း – http://www.pannaparami.com/2011/03/blog-post_28.html ဝင်းစုထက် (မင်္ဂလာမောင်မယ် ၂၀၁၁-ခု ဧပြီလ)

    • ရွှေ ကြည်

      August 24, 2012 at 11:08 am

      အရီးကိုအဲဒါတွေကြောင့်ချစ်ရတာ။ ကူးထားလိုက်မယ်။

  • တိ်မ်တွေ က တကယ်ကိုလှပပါတယ်။
    တိ်မ်ရူး ရူးတဲ့အထဲမှာကျနော်လဲပါ ပါတယ်။
    ငယ်ငယ် မြက်ခင်းပေါ်လှဲအိပ် တိမ်တွေကိုမော့်ကြည့်ရင်း စိတ်ကူးတွေယဉ်ခဲ့တဲ့သူပေါ့၊
    အခုချိန်ထိ တိမ်တောင်ထုတွေမြင်ရင် ကြည်နူးစွာငေးမောမိတုန်းပါဘဲ။
    နောက်ရက်တွေလည်း တိမ်တွေတက်လာပါအုံးမယ်။
    အခုရက်အလုပ်စောပြန်ရင် တိမ်တွေမြင်ရတဲ့ရှမ်းလေးကျွန်းဘက် ကန်တော်ကြီးဘက်ရောက်နေတတ်ပါတယ်။
    တိမ်ပုံတွေကိုညနေဆိုရတတ်ပါတယ်။
    အခုရက်မိုးတွင်းတိမ်တွေက မနက်ခင်းမှာလဲလှပါတယ်။
    မန်းလေးက ပြည်ကြီးမွန်ကရဝိက်ဖောင်နဲ့ တိမ်အမျိုးမျိုးပုံတင်ပါအုံးမယ်။
    ဝင်မန်းသူရော မမန်းပေမယ့်ကြည့်သူတွေရောကျေးကျေးပါ။
    နက်ဖြန်မနက် အင်ကြင်းပန်းတွေတင်ထားပါတယ်။
    ကြော်ငြာဝင်တာပါကွဲ့
    ကျနော်စိတ်ဘယ်လောက်ရှုပ်ရှုပ် ညစ်ညစ်ဓါတ်ပုံရိုက်ဘို့ရူ့ခင်းလေးတွေမြင်တာနဲ့ညစ်နေတာတွေက
    နေလာနှင်းပျောက်ဘဲ။
    အဲတောကျနော်စိတ်ထွေရင် ဓါတ်ပုံထွက်ရိုက်ပါတယ်။
    ပုံကောင်းလေးတစ်ပုံရဘို့ကြိုးစားနေချိန်မှာ စိတ်တွေကြည်လင်သန့်ရှင်းနေတယ်လို့ခံစားရပါ၏။

    • ဖိုးအောင်ထွန်း

      August 23, 2012 at 10:11 pm

      ဒီလိုဆို ..
      ကိုပေါက်က တိမ်ရူးရူးတဲ့လူပေါ့ …
      ကျုပ်ကတော့ ကိုပေါက်နဲ့ ဆန့်ကျင်ဘက်ပဲ ..
      ကျုပ်က အပြာရူး ရူးတဲ့လူ ..
      တလွဲ မတွေးနဲ့နော့ ..
      ကောင်းကင်ပြာပြာကြီးကို ခုံမင်တဲ့လူလို့ ပြောဒါဘာ .. ငှဲ .. ငှဲ .. 😀

  • aye.kk

    August 22, 2012 at 11:28 pm

    ကိုပေါက်,ရဲ ့…။
    ရိုက်ချက်တွေက..အံ့မခန်းပါဘဲ။
    နဒီဧရာမြစ်ပြင်-နေရည်ညိုချိန်-တိမ်ရဲ ့အလှတွေက-
    အရမ်းကိုလိုက်ဖက်ခါ-လှပလွန်းနေပြီး-အသက်ဝင်တယ်။
    စိတ်ကိုဖမ်းစားထားနိုင်တဲ့-ကိုပေါက်ရဲ ့(စိတ်ပြတင်းပေါက်)လက်ရာများကိုအားကျမိပါတယ်။

  • ဦးဦးပါလေရာ

    August 22, 2012 at 11:38 pm

    ပုံ ၁၃ မှာ
    တိမ်ပြင်ကျယ်ကြီးနဲ့ ရေပြင်ကျယ်ကြီးကို
    ကုန်းမြေတန်းလေးက စည်းခြားထားတာကြည့်ပြီး
    အတွေး နက် မိပါတယ်..။

  • Ma Ei

    August 23, 2012 at 11:43 am

    မြက်ခင်းပေါ်လှဲအိပ် တိမ်တွေကိုမော့်ကြည့် ခဲ့သူတွေထဲ ကျမလဲပါပေါ့…
    ပုံသဏ္ဍန်မျိုးစုံ ပြောင်းလဲနေတဲ့ တိမ်တွေကို ကြည့်လို့
    ဒါလေးက ဘာပုံ၊ ဟိုဘက်က ဘာပုံ ရယ်လို့ ညင်းကြခုံကြနဲ့လေ..
    ပြောရင်းရှိသေး ကိုယ်ထင်ထားတဲ့ ပုံကလေးက မဟုတ်တော့ပြန်ဘဲ
    တစ်ခြားပုံပြောင်းသွားပါလေရော…အဲ့တုံးကတော့ ရီနေခဲ့ကြတာပေါ့လေ…

  • Novy

    August 23, 2012 at 12:55 pm

    6/8/10/15 တိမ်ပုံတွေ အရမ်းကြိုက်ပါတယ်
    လေးပေါက်တို့ မအိတို့ လို တိမ်တွေကိုကြည့်ပြီး
    ပုံဖေါ်ခဲ့ဘူးတဲ့ ကလေးဘဝလေးတောင် ပြန်တမ်းတမိပါရဲ့

  • အခုရက်ကတော့ မန်းလေးမှာမိုးမရွာဘဲတိမ်တွေက မနက်လဲလှ ညနေလဲလှဘဲ။
    တိမ်နောက်ခံနဲ့နေရာအနှံ့အတော်များများရိုက်ဖြစ်ပါတယ်။
    ဆက်တိုက်ကြည့်ဘို့သာပြင်ပေတော့။
    အခုရက်ဓါတ်ပုံနဲ့သီချင်းနဲ့ဘဲအလုပ်တွေရှုပ်နေတော့ စာတောင်မရေးဖြစ်ဘူးဗျာ။
    မြန်မာရေဒီယိုသီချင်းနဲ့ ဓါတ်ပြားသီချင်းကြိုက်သူများ ဖေစ်ဘုတ်မှာ
    “မြန်မာသံလေးတွေနားထောင်ရအောင်” လို့မြန်မာလိုရို်က်ထဲ့လိုက်ရင် မြန်မာသံသီချင်းတွေ
    ကို တွေ့နိုင်ကူးနိုင်ပါတယ်။
    ဟောင်းသောလည်း နှစ်သက်ဆဲ ကြိုက်မြဲ သီချင်းတွေအများကြီးတွေ့နိုင်ပါတယ်။
    ဒါကလည်း ကြော်ငြာတယ်လို့သတ်မှတ်ရင်ရပါ၏။
    မြန်မာသံလေးတွေမပျောက်အောင်လို့ပါ။

Leave a Reply