ရွှေအိုရောင်ဆည်းဆာ ညနေခင်းလေးပေါ့

1 ညနေခင်းရွှေအိုရောင်အောက်က တံတားလေး
2 မင်းဝံတောင်ရိုးနောက်ခံနဲ့ ရေပြန်ကျသွားတဲ့ရှမ်းလေးကျွန်းရဲ့ရွှေရောင်ညနေခင်း
3သစ်ပင်ကြားကမြင်ရတဲ့ရွှေအိုရောင်အလင်းစက်
4 ရှမ်းလေးကျွန်းကို ပက်ဖျန်းထားတဲ့ ညနေခင်းရွှေရည်
5 ပြာလွင်ကောင်းကင် ရုပ်သိမ်းစ ရွှေရောင်အလင်းများအောက်က ရှမ်းလေးကျွန်းတံတားကလေး
6 ဝင်မလိုလိုနဲ့ပြန်ထွက်လာတဲ့ ဆည်းဆာနေမင်း
7 တူသလိုလိုနဲ့မတူတဲ့တံတားအလှ
8 ဆည်းဆာရွှေရောင်ရဲ့အလှ
9 ကန်စပ်က ခြုံတောတွေထဲကမြင်ရတဲံ့ရှမ်းလေးကျွန်းညနေခင်း
10 တူသလိုလို မတူသလိုလို လှတာတော့တူတယ်
11 အလင်းဖျော့အရိပ်များအောက်က တံတားလေး
12 တောရိုင်းပင်များကြားမှာ
13 ပုစွန်ဆီရောင်ဆည်းဆာအောက်က ပြည်ကြီးမွန်

14ရေပြင်မှာတင်ကျန်နေတဲ အလင်းစက်များ
15 အရောင်စုံအောက်က ထန်းပင်းအစုု
16 သဘာဝအလင်းတန်းများ တစ်

 

17 သဘာဝအလင်းတန်းများ နှစ်
18 လောကကို နုတ်ဆက်ခြင်း

“ရွှေရောင်လွှမ်းသော ဆည်းဆာညနေခင်းလေး”

 

 

ရှမ်းလေးကျွန်း ပါတ်ဝန်းကျင်မှာလှည့်ပါတ်ပြီးဓါတ်ပုံရိုက်လို့ဝတော့ ပြန်ဘို့ပြင်ရပါတယ်။

နေကလဲ  မင်းဝံတောင်အနောက်မှာ ကွယ်ခါနီးနေပါပြီ။

အဲတာနဲ့ တံတားလေးပေါ်ကနေလမ်းလျောက်ပြိးဆို်င်ကယ်ထားတဲ့နေရာကို ဖြတ်အလာ

အနောက်ဘက်ကုိုလှည့်အကြည့်လိုက်တဲ့အခါ ဝင်လုဆဲနေမင်းဆီကနေ ရွှေရောင်တွေဖြာလက်နေတာကို

မြင်လိုက်ရပါတယ်။

အဲဒါနဲ့တံတားပေါ်ကအမြန်ဆင်း ပြီး အရှေ့ဘက်ထိပ်က ကန်ရေအစပ်ကိုသွားလို့ရိုက်လို့ကောင်းမယ့်

နေရာကို ရှာရပါတော့တယ်။

ကန်ရေစပ်ရောက်ပြန်တော့ ကိုင်းပင်တွေက နည်းနည်းရှုပ်နေတော့ လွတ်တဲ့နေရာရွေးရပြန်တယ်။

လွတ်တဲ့နေရာရောက်ပြန်တော့ ရေဝင်ထားတဲ့မြေဖြစ်နေပြန်တော့ အောက်ခြေက စိုစိုကပ်ကပ်။

တစ်ဖြည်းဖြည်းနဲ့နေအလင်းရောင်ကအောက်ကျလာလေ ကောင်းကင်က ပုစွန်ဆီရောင်ခပ်ခြောက်ခြောက်လေးနဲ့

ပိုပိုလှနေပါတယ်။

ကျနော်ရောက်နေတဲ့သစ်ပင်အောက်ကနေ ကျနော်ဖြတ်လျောက်ခဲ့တဲ့တံတားလေးဘက်ကိုလှမ်းကြည့်လို်က်တဲ့

အခါမှာတော့ ရှည်လျားတဲ့တံတားအရိပ်က ရွှေအိုရောင်ဆည်းဆာရဲ့ သဘာဝဆလိုက်မီးကြောင့်

ခပ်စပ်စပ်လေးသာရှိနေတဲ့ ရေပြင်မှာအရိပ်တွေထင်နေပုံကလှပ။

အဝေးမှာတော့အပြာရောင်ကောင်ကင်က ဆေးစက်ကလေးတစ်ချက်နှစ်ချက်ပက်ထားသလို

ခပ်မွမွ။

ကျနော်လဲ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင်ကို ခလုပ်တွေနှိပ်မိ။

ကောင်းကင်မှာအလင်းရုပ်သိမ်းမှ ပြန်လာခဲ့မိ။

ရှမ်းလေးကျွန်းဘက်မှာသာအလင်းသိမ်းသွားပေမယ့် ကန်တော်ကြီး တက်သိမ်းအင်းမြောက်ဘက်ကန်စပ်ရောက်ချိန်မှာတော့ ရေပြင်မှာ ပုစွန်ဆီရောင်တွေကဖျန်းပက်။

အဲတော့လဲဆိုင်ကယ်ရပ်ပြီး လက်ဆော့။

ဆက်သွားလိုက်လို့ ကန်အရှေ့ဘက်ခြမ်းအရောက်မှာတော့ အရင်က စိန်ပန်းပင်လေးနဲ့တွဲဖက်ရိုက်ခဲ့ချိန်က

လူအတော်များများနှစ်သက်တဲ့ ထန်းပင်ညီနောင်ကိုတွေ့ရပါတယ်။

ပုစွန်ဆီရောင်ကောင်းကင်နောက်ခံနဲ့ အိန္ဒြေရစွာလှပနေတဲ့ထန်းညီနောင်ကို ဦးညွှတ်။

မြောက်ဘက်နားအရောက်မှာတော့ ကျနော်တစ်ခါမှမတွေ့ဘူးတဲ့သဘာဝအလင်းတန်းကြီးကိုမြင်တော့ မှင်သက်မိသွား။

ရွှေအိုရောင် ပုစွန်ဆီရောင်အပြာရောင်အလင်းတန်းများကကောင်းကင်ကို တက်နေသလို။

ကဲ ကြည့်လိုက်ကြရအောင် ကျနော်ပြောတာဟုတ်မဟုတ်ဆိုတာ………..

 

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

(17-8-2012)

 

 

14 comments

  • ဘဲဥ

    August 27, 2012 at 10:19 am

    ပုံလေးတွေကို ကစ်တွားပါတယ်ချင့်

  • aye.kk

    August 27, 2012 at 10:54 am

    ကိုပေါက်ရေ….။
    ဘယ်ပန်းချီမှရေးလို ့မမှီတဲ့သဘာဝပန်းချီကားချပ်တွေကိုကြည့်ပြီးကြည်နှူးမိပါတယ်။
    လှလိုက်တာနော်။ပုံ(၈)ကိုပိုနှစ်သက်တယ်။

  • ကို ခင်ခ

    August 27, 2012 at 11:15 am

    ဆည်းဆာပုံတွေတော့ လှပါပေ့ကွယ်။
    ကိုပေါက်ရေ နေအထွက်ပုံတွေလည်း ရိုက်ပေးပါအုံးဗျို့။

  • Ma Ei

    August 27, 2012 at 11:41 am

    ကိုပေါက်ရေ…
    အလှဆုံးပုံတွေကို ဒီ Post မှာစုပြီး တင်ထားတာပါလား…
    လှလိုက်တာ…လှလိုက်တာက လွဲလို့ ပြောစရာ စကားမရှိတော့ပါနော်…

  • ကိုခရေ
    နေအထွက်ပုံတွေအရင်က တင်ဘူးပါ၏။
    ပြည်ကြီးမွန်ဖောင်တော်နဲ့အတူ အရုဏ်တက်ပုံများ တက်လာပါမည်။
    အခုရက်ကတော့ကြာပန်းတွေ ဘုရားတွေနှင့် စကက်ဂျုးအပြည့် ………………
    အားလုံးကိုကျေးဇူးတင်ပါ၏

  • mocho

    August 27, 2012 at 12:38 pm

    နံပါတ် ၁ဝ ပုံ က အဲလို ရွှေရာင် တွေ ဖြာနေအောင် ဘယ်လို များ ရိုက်ထား ပါလိမ့် ။ ဒီလို အချိန် မျိုးများ ဒေါ် မိုချို တို့ အပြင် ထွက် လိုက် လို့ ကတော့ လူ တကာငေး သွား မယ်။ အကျည်း တန်လှ ချိန် ဆိုလား ဘာ လား ။

  • YE YINT HLAING

    August 27, 2012 at 4:11 pm

    ရွှေရောင် ဆည်းဆာများကြောင့် မျက်လုံးကျိန်းတယ် ဦးပေါက်ရေ !

  • Novy

    August 27, 2012 at 4:14 pm

    လေးပေါက်ရေ..
    ဘာပြောရမှန်းမသိအောင် လှနေလွန်းလို့
    လက်မတစ်ချောင်းထောင်သွားတယ်
    အေးအေးဆေးဆေးကြည့်ပြီး ပြန်ပြောမယ်

  • Hnin Hnin

    August 27, 2012 at 4:15 pm

    ပုံတွေက လှလိုက်တာ။ အကုန်လှတယ်။ ရွှေအိုရောင် တိမ်တွေကလည်း ရေပြင်ပေါ်မှာပါ အလိပ်လိုက်ပဲ။ အစစ်လားဟင်။ တခါမှ မတွေ့ဖူးလို့ မေးကြည့်တာပါ။ ပုံ ၁၁ကိုတော့ သဘာဝအဆန်ဆုံး ခံစားရလို့ အကြိုက်ဆုံးပဲ။ ကိုပေါက် ဓာတ်ပုံပြိုင်ပွဲတွေ ဝင်ပြိုင်ကြည့်ပါလား။

  • ရွှေ ကြည်

    August 27, 2012 at 4:22 pm

    လေးပေါက်ရေ အားလုံးကိုအရမ်းကြိုက်တယ်။
    အားရပါးရကြည့်သွားတယ်။

  • အစစ်တွေပါခင်ဗျာ
    ကင်မရာမှာပါတဲ့ ဖန်ရှင်ကို အသုံးပြုတာကလွဲရင် ဘာနဲ့မှ ပြင်မထား သဘာဝအတိုင်းပါဘဲ
    ပင်ကိုယ် ကိုက အလိုလိုလှပြီးသားမို့ပါ

  • မောင်ပေ

    August 27, 2012 at 7:58 pm

    ပုံအားလုံးဟာ လှနေတော့
    ဘယ်ပုံအလှဆုံးလို ့ပြောရမှန်းကို မသိတော့ဘူး
    ဒီလိုလုပ်ဗျာ
    ဒီလကုန် ကျုပ်ထီပေါက်တဲ့အခါကြမှ အကြိုက်ဆုံးပုံကို တစ်ပုံ တစ်သောင်းနဲ ့ဝယ်မယ်

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 8:07 pm

    ဖေဂျီးရေ ..
    တကယ့်ဂိုဘဲ ရွှေအိုရောင် ပုံလေးတွေပါပဲဗျာ ..
    အပေါ်ပိုင်း ပုံတွေပေါ့ဗျာ ..
    လှတယ်ဗျာ .. ကြိုက်တယ်ဗျာ …
    မိန်းမ တောင်းပေးမယ်ဆို မြန်မြန်တောင်းပေးတော့ဗျာ .. :mrgreen:

  • ဒီဓါတ်ပုံတွေရောင်းရတဲ့ပိုက်ဆံနဲ့မင်္ဂလာဆောင်ပေးမယ်။
    မရောင်းရရင်တော့ မန်းဂဖက်ချစ်သူဆုပေးပွဲနဲ့မင်းမင်္ဂလာဆောင်တွဲပြီးကျင်းပပေးမယ်နော်၊

Leave a Reply