မန္တလေး စားညွှန်

ဇီဇီOctober 19, 20121min82592

ဟင်?

ခေါင်းစဉ်မမှားပါဘူးဗျာ။ လမ်းကိုညွှန်မှာမဟုတ်ပဲ မန်းလေးမှာရှိတဲ့ စားသောက်ဆိုင်တွေကိုညွှန်မှာပါ။ သိသလောက်လမ်းတွေကိုလည်း ပြောပြသွားမှာဖြစ်ပါတယ်။

 

ဗျာ!!!

ကြော်ငြာခ?? မရပါဘူး။ ကြော်ငြာခရလို့တော့မဟုတ်ပါဘူး။ ကိုယ့်လို တစ်မြို့လုံးလည်ပြီး ဆိုင်တကာပေါက်စားကြည့်မဲ့သူတွေ၊ မန်းလေးကိုရောက်လို့ ဘယ်နားဘာကောင်းသလဲ၊ ဘယ်သွားစားရမလည်း မသိတဲ့သူတွေအတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်။

မန်းလေးမှာရှိစဉ်အခါကရော၊ တစ်နှစ်တစ်ခေါက်ပြန်ဖြစ်တဲ့ အတွေ့အကြုံပေါ်မှာအခြေခံပြီး ရေးမှာဖြစ်တဲ့အတွက် အချို့သောဆိုင်လေးတွေကိုတော့ သူငယ်ချင်းမိတ်ဆွေများရဲ့ အကူအညီယူရပါတယ်ဗျာ။ ဆိုင်အကုန်လုံးလည်းမရေးပါဘူး။ စားဖူး၊ကြိုက်ဖူးမှပဲညွှန်ပါမယ်။ ဥရောပစာကိုတော့ ကိုယ်တိုင်လည်းမကြိုက်တတ်လို့ မညွှန်တော့ပါဘူးဗျာ။ မှန်ခန်းမထဲမှာထိုင်ရတာထက် လမ်းဘေးမှာငေးရင်း ဆိုင်ထိုင်ရတာကို ပိုနှစ်သက်ပါတယ်။ ကဲ စပါပြီ။

မန်းလေးနာမည်ကြီး နန်းကြီးသုပ် (သို့) မုန့်တီသုပ်ကစညွှန်ပါ့မယ်။ မုန့်ဖတ်အကြီးအသေးပဲ ကွာသွားတာပါ။ မုန့်လုပ်နည်းကတော့ တူတူလောက်ပါပဲ။ မန်းလေးစာစစ်စစ်ဖြစ်သောကြောင့် ကြိုက်ရာလက်ဖက်ရည်ဆိုင်(သို့)တွေ့ရာမုန့်တီဆိုင်ဝင်သွားလိုက်ပါ။ ကောင်းသည်ဟုပြော၍ရသော လက်ရာများသာဖြစ်၏။ အခြားနယ်မှလာသောသူများကို အနည်းငယ်ကြွားလုံးလေးများနဲ့ခေါ်ကျွေးလိုပါက ၃၁ လမ်း၊ ၈၄ & ၈၅ လမ်းကြားကိုသွားလိုက်ပါ။ စိုးစိုး မုန့်တီဟုခေါ်၏၊။ ရန်ကုန်မှ နာမည်ကြီး မင်းသား၊ မင်းသမီးများလာတိုင်း စားသောဆိုင်လို့ ပြောနိုင်ပါတယ်။

ရှမ်းခေါက်ဆွဲ၊ ဤမည်သော အစားအသောက်မှာ လက်ညှိုးထိုးမလွဲရုံမက မျက်စောင်းထိုးရင်ပါမလွဲနိုင်ပါ။ မန်းလေးတွင် ရှမ်းစာ၊တရုတ်စာ၊ ရှမ်းတရုတ်စာပေါများလွန်းသကိုး။ ညွှန်ချင်တာကတော့ ၇၄ လမ်း၊ ၃၄&၃၅ လမ်းကြားက ရွှေမူဆယ်ပါ။ ဆန်စီး၊ ဆန်ပြား၊ အသားလုံး ဆန်ခေါက်ဆွဲ ကြိုက်ရာစားပြီး ဆန်ချိုအေးလေးကိုသောက်လိုက်ပါ။ကျွန်တော့မိတ်ဆွေကိုကြီးပေါက် အဆိုအရ ဘုရားကြီး၄၂လမ်းနဲ့၈၁လမ်းပေါ် လမ်းအရှေ့ဘက်ကဆိုင်လည်းကောင်းတယ်။ နောက် သတ်သတ်လွတ်သမားများအတွက် ၂၉လမ်း၊ ၈ဝနဲ့၈၁လမ်းကြားက ဆိုင်ကကောင်းပါသတဲ့။ ကိုကြီးခ ဆိုသူကတော့ ၈၃လမ်း၊ ၃ဝ နဲ့ ၃၁လမ်းကြား လမ်းအနောက်ဘက်ကဆိုင်ကို ညွှန်ပါတယ်။ ဘယ်ဆိုင်သွားသွား စားကောင်းတယ်ဆိုတာ ဖြစ်ချင်ရင်တော့ ၇၆လမ်း၊ ၃၄&၃၅လမ်းကြား ညဈေးတန်းကို သွားလိုက်ပါ။ မျက်စိပသာဒဖြစ်စရာလေးများကိုပါ ရှုစားနိုင်မှာဖြစ်ပါတယ်။

မြီးရှည် (မြီးရှေ)၊ ဘယ်လိုပေါင်းပေါင်း စားကောင်းတာတော့ အမှန်ပဲ။ခုနကပြောတဲ့ ညဈေးတန်းမှာလည်းရတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ ၇၁နဲ့၇၂လမ်းကြား၊ ၂၉လမ်း နဲ့ လမ်း၃ဝ ကြား၊ ဗထူးကွင်းနားက ဆိုင်ပါပဲ။ သူငယ်ချင်းဝယ်ကျွေးလို့ မြောက်ပြင်က ဒေါ်နီမြီးရှည်ကိုလည်း စားဖူး၊ ကြိုက်ဖူးပါတယ်။ နေရာကတော့ ၁၈နဲ့၁၉ လမ်းကြား၊ ၈၈နဲ့၈၉လမ်းကြားက လမ်းသွယ်လေးမှာပါ။ အဲဒီမြီးရှည်က ဝက်တစ်ကောင်လုံးထဲက စားလို့ရသော ကြိုက်ရာအပိုင်းကို ထည့်ပေးပါတယ်။ 

ဒင်း(မ)ဆမ်း စားချင်ရင် ဘယ်သူ့မေးမေး Oriental Houseကိုပဲညွှန်ကြမယ်ထင်တယ်ဗျ။ စားသူများလို့ မနက်အသွားနည်းနည်းနောက်ကျရင် အပေါင်းတွေမစုံတော့ဘူး။ ကော်ဖီလေးလည်းကောင်းတယ်။ ၆၄လမ်း နဲ့ ၂ရလမ်း ထောင့်မှာပါ။

ပေါက်စီ စားချင်ရင် တွေ့တဲ့ မန်းမြို့တော်ပေါက်စီဆိုင်ခွဲတွေထဲသာဝင်သွားလိုက်နော်။ ဆိုင်ပင်ရင်းကတော့ လမ်း ၃၀၊ ၇ရ နဲ့ ၇၈လမ်းမှာရှိပါတယ်။ ဆယ်လွှာပေါက်စီ စားချင်ရင်တော့ ၈၃လမ်း၊

လမ်း၃ဝနဲ့၃၁လမ်းကြားမှာရှိတဲ့ ရုံးရှိန်ကိုသွားလိုက်ပါ။ မနက်ခင်းလက်ဖက်ရည်နဲ့ ပေါက်စီအလွန်လိုက်ဖက်ပါတယ်။

မနက်စာအတွက် လက်ဖက်ရည်ဆိုင်ကိုတော့ အလွမ်းဆုံးပါပဲ။ ကိုယ်တိုင်ဘာစားရမယ်မှန်းမသိရင်၊ ဒါမှမဟုတ် ဧည့်သည်ကို မနက်ခင်းစာ ဘာကျွေးရမှန်းမသိရင် နီးစပ်ရာ မင်းသီဟ၊ ရွှေပြည်မိုး၊ ယူနီစန် စတဲ့တွေ့ရာဆိုင်ခွဲတွေကိုခေါ်သွားပါ။ ဘာကျွေးရမယ်၊ ဘာစားချင်တယ်၊ ဘာစားရမယ်ဆိုတာ သူ့အလိုလိုဉာဏ်ပွင့်လာပါလိမ့်မယ်။ဆနွင်းမကင်း၊ ပူတင်း၊ ကိတ်မုန့်၊ ပေါင်မုန့်ကအစ ပဲပလာတာလိတ်ခုတ်၊ သကြားထပ်တရာ၊ အိကြာကွေး၊ ပဲပြုတ် နဲ့နံပြား၊ ပေါက်စီ၊ ဝက်သားပေါင်းအလယ် ကြာဆံဟင်း၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကော်ရည်၊ ရှမ်းခေါက်ဆွဲ၊ မုန့်တီအဆုံး စားလို့ရပါတယ်။ သောက်စရာ အနေနဲ့ ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည် ချိုစိမ့်၊ ပေါ့စိမ့်၊ ကျစိမ့်၊ ချိုပေါ့၊ ဖန်ပေါ့စိမ့် စသည်ဖြင့်အကုန်ရပါတယ်။ နောက်တစ်ဆိုင်ကိုညွှန်းချင်တာက ၃၅လမ်း၊ ၆၈ နဲ့ ၆၉ လမ်းကြား၊ နဝရတ်ရိတ်သာလမ်းသွယ် ၃ ထဲမှာ ဆိုင်နာမည် “နံနက်ခင်း” ဆိုတာရှိတယ်။ အိမ်မှာစားတဲ့အတိုင်း မနက်ခင်းစာလေးတွေ အကုန်ရပါ့။ အဲဒီဆိုင်လေးက မနက် ၆ နာရီကနေ နေ့လည် ၁ နာရီထိဘဲဖွင့်ပါတယ်။

မုန့်ဟင်းခါး စားမယ်ဆို အရင်ကတော့ ၈၁လမ်း၊ ၂၈လမ်းနဲ့၂၉ လမ်းကြားက ဒေါ်ရှုဘီက နာမည်အရမ်းကြီးတာ။ နှလုံးရောဂါရှိသူများ တစ်ပွဲ ဘယ်လောက်လည်းမမေးပါနဲ့။ အဲဒါနဲ့ ညွှန်ဖို့နောက်ဆိုင်တွေ ရှာရတော့တာပေါ့။ နန်းရှေ့ ၁၉ လမ်းက ရွှေလက်ရာမုန့်ဟင်းခါးကို ကြိုက်ပါတယ်။ ဆိုင်ခွဲကို ၈၄လမ်းအနောက်ဘက် ၃ဝနဲ့၃၁လမ်းကြားမှာဖွင့်ထားပါတယ်။ ဘူးသီးကြော်လေး၊ ငါးဖယ်ကြော်လေးထည့်၊ ငရုတ်သီးမှုန့်လေးနဲ့မွှေ၊ ငံပြာရည်နည်းနည်းဆမ်းပြီး သံပုရာသီးညှစ်လိုက်တဲ့အခါမှာ ထွက်လာတဲ့အနံ့လေးကို ခုရေးရင်းနဲ့ကို အမှတ်ရမိပါရဲ့။

ဆီချက်ခေါက်ဆွဲ သိပ်မကြိုက်တတ်လို့မစားဖြစ်ရာက ၂၉လမ်း၊ ၈၃လမ်းနဲ့၈၄လမ်းကြားက ဒေါ်ဆင်းယုံမှာ ဆန်ပြားဆီချက် စစားဖူးပြီး နောက်လည်း အဲဒီမှာပဲဆက်စားဖြစ်ပါတယ်။ ထမင်းပူပူကိုဝက်သားပေါင်းကော်ရည်လေးဆမ်းထားတဲ့ မန်းလေးထမင်းပေါင်းလည်း ရတယ်။ နေမကောင်းဖြစ်ရင်တော့ ကြက်ပေါင်းပူပူလေးကို ငရုတ်ကောင်းလေးနည်းနည်းနဲ့မှာသောက်ပေါ့။ ဘေးနားမှာစာအုပ်ရောင်းဆိုင်တွေ အများကြီးရှိလို့ သွားဖြစ်တာလည်းပါပါတယ်။ဂျုံခေါက်ဆွဲလက်ရာကောင်း စားချင်ရင်တော့ ၂၉လမ်း၊ လမ်း ၈ဝနဲ့၈၁လမ်းက မူလလက်ဟောင်း ဦးစိန်ဆိုင်ရှိပါတယ်။

ရှမ်းထမင်း၊ ရှမ်းဟင်းကတော့ တက္ကသိုလ်အတော်များများအနီးအနားမှာ ပုံစားထမင်းဆိုင်လေးတွေအများကြီးပဲ။ ဘိုင်ပြတ်ရင် အဲဒီနားတွေမှာသွားစားတယ်။ပုံစားလိုမျိုးဆိုင်အကြီးကတော့ လားရှိုးလေးပေါ့။ ၂၃လမ်း၊ ၈၃နဲ့၈၄လမ်းကြားမှာရှိတာပါ။ ဒါမှမဟုတ်လို့ကတော့ ဒကာရှိတုန်း ရှမ်းစာစားချင်ရင် ရေစစ်ကန်နားကိုသွား၊ ဝင်းစံပယ်ရှမ်းဆိုင်မှာ ငါးထမင်း၊ ငါးဒုက္ခ၊ ဟင်းထုတ်စသည်ဖြင့် မှာစားကြပေါ့။ လက်ရာကောင်းဆိုင်လေးပါ။ စားသောက်ဆိုင်လိုမျိုးမှသွားချင်ရင်တော့ ၆၈&၃၅လမ်းထောင့်ကရှမ်းယဉ်ယဉ်ကိုသွားပါ။ ဆန်ကောင်းကောင်းလေးနဲ့ ရှမ်းချက်ဟင်းကောင်းကောင်းလေးစားရပါတယ်။

ဒံပေါက် ဆို ဘယ်ဒံပေါက်ဘယ်လောက်ကောင်းတယ်ပြောပြော၊ တို့ကတော့ ကေမီမွန်မှကေမီမွန်ပဲ။ ခုဆိုရိုးတစ်ခုက ကေမီမွန်စားချင်ရင် အလှူအိမ်လိုက်ရှာပါတဲ့။ ဒီအတိုင်းမရောင်းတော့လို့မပြောတော့ပါဘူး။ ကေမီမွန်ဒံပေါက်ကျွေးတဲ့ အလှူလာဖိတ်ရင်သာ မပျက်မကွက်သွားလိုက်လို့ အကြံပြုချင်ပါတယ်။ နောက် ၈၃လမ်း၊ ၂၈နဲ့၂၉ လမ်းကြားက သင်္ဂဟဒံပေါက်က မဆိုးပါ။

မြန်မာ ထမင်း၊ ဟင်း ဆိုရင်တော့ တူးတူးစားမလား၊ အေးမတ္တာစားမလား။ ထမင်းဆိုင်နာမည်တွေပါ။ မြန်မာဟင်းဆီပြန်၊ ချဉ်ရည်ဟင်းလေး၊ ငပိရည်နဲ့ အတို့စုံတာနဲ့ကို ဘယ်ဆိုင်သွားရသွားရတန်ပါတယ်ဗျာ။တူးတူးဆိုင်က ၂ရလမ်း၊ ၇၄လမ်းနဲ့၇၅လမ်းကြားမှာပါ။ အေးမတ္တာကတော့ ၈၂လမ်း၊ ၃၆နဲ့၃ရလမ်းကြားမှာရှိပါတယ်။ နောက်ပိုင်း ဈေးသက်သာပြီးလက်ရာကောင်းတဲ့ဇလုံကြီးထမင်းဆိုင်ခွဲတွေမှာ အစားများတယ်လို့ကြားပါတယ်။ ကျွန်တော်မစားဖြစ်သေးလို့သေချာမသိသေးပါ။ ၃၁လမ်း၊ ၇၆လမ်း နဲ့ ၇ရလမ်းမှာ တစ်ဆိုင် ရှိတယ်လို့ သိရပါတယ်။

ကြက်ဆီထမင်းလေး များအာရုံရပြီဆိုရင်တော့ ၂၈လမ်း၊ လမ်း ၈ဝနဲ့၈၁လမ်းကြားမှာရှိတဲ့ ကုံးထက်ဆိုင်ကိုပဲ ညွှန်ချင်ပါတယ်။ စင်ကာပူက ကြက်ဆီထမင်းဟာ ကုံးထက်ကြက်ဆီထမင်းကို လုံးဝမမှီပါ။ အဲဒီက ပင်လယ်ကြော်ဆိုတာ စားပြီးရင်လည်း စလုံးမှာ ကော်ရည်ဆန်ပြားလိုဟာမျိုးမမှာကြပါနဲ့လို့။ ကြက်ကင်၊ ကောက်ညှင်းရေခဲမုန့်လည်း အဲဒီမှာပဲကောင်းတယ်။

ဝက်သားတုတ်ထိုး ကတော့ လမ်း ၃၀၊ ၈၁ & ၈၂လမ်းကြားက တစ်ဆိုင်ပဲ စွဲစွဲမြဲမြဲစားဘူးပါတယ်။ စားသူများပါတယ်။ညီမလေး ပု ကတော့ ၃၁လမ်း၊ ၇၉လမ်း နဲ့ လမ်း ၈ဝ ကြားက တုတ်ထိုးဆိုင်ကို သွားလေ့ရှိပါတယ်တဲ့။ အ.ထ.က ၁၆ ကျောင်းနားက မြင့်လွင်ဆိုင်ကို လည်းကြိုက်သူများပါတယ်။ ဒါပေမဲ့ ဈေးကြီးသလိုပဲ။

ဖက်ထုတ်ပေါင်း ဟု ဆိုတာနဲ့ စန္ဒာမေကိုပဲ ပြေးမြင်မိပါတယ်။ ဘယ်တုန်းက စားမိတယ်မသိ၊ သိလိုက်တဲ့ အချိန်မှာကြိုက်သွားပြီဆိုတာမျိုးပါ။ ဝက်သားလိပ်တို့၊ဖက်ထုတ်ကြော်တို့လည်းရတယ်။ ၇၈လမ်းနဲ့ ၃ရလမ်းထောင့်မှာရှိပါတယ်။ ၂ရလမ်း၊ ၈ဝနဲ့၈၁လမ်းကြားက မတင့်ဆိုင်ကတော့ ဖက်ထုတ်ပြုတ်စားလို့ကောင်းပါတယ်။ နာမည်လည်းကြီးတယ်။ ညနေဘက်မှဖွင့်တာပါ။

အာပူလျှာပူဆိုရင် ၂၄လမ်း၊ ၆၂နဲ့၆၃လမ်းကြား၊ ရှေ့နေရုံးနားက အာပူလျှာပူဆိုင်ကိုပဲ ညွှန်ချင်ပါတယ်။ သူ့ဆိုင်က ပဲသီးနဲ့ငါးဖယ်သုပ် စပ်စပ်လေးကိုပါတွဲရောင်းတယ်။

သူများနိုင်ငံမှာ သစ်သီးလက်ဖျော်ကို ဈေးကြီးကြီးပေးရတဲ့ အချိန်မျိုးဆိုရင် မန်းလေးက ဖောင်တော်သီတို့၊Breezeတို့ကိုလွမ်းမိတယ်။ တွန်းလှည်းလေးပေါ်မှာ ရာသီပေါ်သစ်သီးတွေကြိုက်ရာပြော၊ ဖျော်ထားတာကို အနားမှာရှိတဲ့ ဆိုင်လေးတွေက ကြာဇံကြော်တို့၊ ဆန်ပြားသုပ်တို့နဲ့ စားရတာကို ဘယ်တော့မှ မမေ့နိုင်ဘူး။ဖောင်တော်သီက လမ်း ၈၀၊ ၃၄နဲ့၃၅လမ်းကြား၊ ဖားသားလဖုန်းကျောင်းရှေ့မှာရှိတယ်။ Breezeက ၆ရလမ်းနဲ့၆၈လမ်း၊ ၃၂လမ်းနဲ့၃၃လမ်းကြားက လမ်းသွယ်လေးမှာ ရှိတယ်။

အကင်ဆိုင်၊ မာလာဟင်း ကိုညွှန်ရမယ်ဆိုရင်တော့ သူငယ်ချင်းတစ်စုလုံးစုံပြီဆို သောက်တတ်သောကိုကိုများနဲ့ စားတတ်သောမမများ အဆင်ပြေအောင် ၂ရလမ်း၊ ၇၃နဲ့၇၄လမ်းကြားက ဝင်းဝင်းကိုပဲသွားလေ့ရှိပါတယ်။ မာလာဟင်းလည်းကောင်းတယ်။ ဝင်းဝင်းက ၇ရလမ်း၊ ၃၄နဲ့၃၅လမ်းကြားမှာတစ်ဆိုင်ရှိပါတယ်။ နောက်တစ်ဆိုင်ကတော့ ယုံရှင်း ပါ။ ၁၉လမ်းနဲ့၈၂လမ်း ထောင့်က။ ဂဏန်းချဉ်စပ်၊ မာလာဟင်း၊ အကင်စုံ နဲ့ လမ်းဘေးထိုင်ငေးရလို့ကြိုက်တယ်။ (ခုံပုလေးတွေနဲ့ ထိုင်မိလို့ စောစော ဗိုက်အင့်တာကလွဲလို့ပေါ့။)

ဟော့ပေါ့ ဆိုရင်တော့ ၃၅လမ်းနဲ့ ၆၁နဲ့၆၂လမ်းကြားက အင်ကြင်းဟော့ပေါ့တစ်ဆိုင်ပဲစားဘူးတယ်။ မှာနိုင်တဲ့အမယ်တွေကတော့ အစုံပဲ၊ မိုးလေးအေးပြီဆိုရင်တော့ ရာသီဥတုကိုယ့်ဘက်ပါပြီပေါ့။ ကိုယ်ကြိုက်ရာ သွားမှာစားကြတော့နော်။

ကြေးအိုး ဆို ရွှေတောင်တန်းပေါ့။ ခုတော့၆၆လမ်း၊ ၂၆လမ်း နဲ့ ၂ရလမ်းကြားရောက်သွားပြီပြောတယ်။ နောက်တစ်ဆိုင်က ၈၂လမ်းနဲ့၃၃လမ်းထောင့်က ပတ္တမြားကြေးအိုးဆိုင်ရှိတယ်။ ကျွန်တော်က ရွှေတောင်တန်းကို ပိုကြိုက်တယ်။ မန်းလေးမှာ ရန်ကုန်ကြေးအိုးအရသာစားချင်ရင်တော့ မကြာမီက လမ်း ၃၀၊ ၆၅လမ်း နဲ့ ၆၄လမ်း ကြား မှာ YKKO ရန်ကုန်ဆိုင်ခွဲလာဖွင့်ထားပြီး၊ ကြေးအိုးနဲ့ အခြားအစားအစာတွေရပါတယ်။

စားသောက်ဆိုင် သန့်သန့်လေးစားချင်ရင်ဖြစ်ဖြစ်၊ လေကောင်းလေသန့်နဲ့ ရှုခင်းကောင်းကောင်းလေးနဲ့ နားနားနေနေစားချင်တာပဲဖြစ်ဖြစ်၊ ယိုးဒယားစာ၊ တရုတ်စာလက်ရာကောင်းကောင်းလေးတွေစားချင်တာပဲဖြစ်ဖြစ် မန်းလေးကန်တော်ကြီးပတ်လမ်းကိုသာသွားလိုက်ပါ။ ကုက္ကိုကျွန်း၊ ကောင်းကောင်း၊ သီရိသုခ၊ Royal lake၊ Smart Garden စတဲ့ ဆိုင်လေးတွေ လက်ရာသန့်ပါတယ်။ ကျနော်ကတော့ သူဌေးစာ တွေလို့သတ်မှတ်ထားတဲ့ အတွက် ဒကာရှိမှသွားပါတယ်။ သိပ္ပံလမ်းဘက်မှာလည်း သူငယ်ချင်းတွေ စုံရင်သွားတတ်တဲ့ ခိုင်လိ တို့ Jasmine Garden တို့ရှိသေးတယ်။ အဲ့ဘက်တော့ လိပ်စာကို လိပ်ပတ်လည်အောင်မပြောတတ်လို့ ပြောတော့ဘူး။

ကဲ နောက်ဆုံးမှာမှ ကြော်ငြာတကယ်ဝင်မှာပါ။ ၂၉လမ်း၊ ၇၂နဲ့၇၃လမ်းကြားက “Life Cafe” က သူငယ်ချင်းလင်မယားဖွင့်ထားတဲ့ဆိုင်ပါ။ လက်ရာကတော့ မစားဘူးသေးတဲ့ အတွက်မညွှန်းနိုင်သေးပါဘူး။ (ဒီတစ်ခေါက်လာရင်ခေါ်ကျွေးရင် စကားခေါ်ခြင်းဖြစ်၏။) ညဘက်လည်တတ်တဲ့ ကိုကို တွေအတွက်တော့ ၈၄လမ်းနဲ့၄၁လမ်းထောင့်မှာ ဒီည ဆိုတဲ့ဆိုင်ရှိပါတယ်။ သွားဖြစ်ရင် ကျနော့ နာမည်ပြောလိုက်ပါ။ ဆိုင်ထဲကို ဝင်လို့ရမည်မဟုတ်။ (ဟီး၊ ရန်ဖြစ်ထားသကိုး)။

ရေးရင်းနဲ့ အစားအစာတွေရော၊ သူငယ်ချင်းတွေပါလွမ်းလာလို့ ရပ်ပါရစေတော့။

(ရေးတာတော်တော်များနေပြီ။ ရပ်သင့်တာကြာပေါ့။)   :mrgreen:

ကျန်တာတွေကတော့ မကြိုက်တာတွေရော၊ မစားဖူးတာရောတွေကြောင့်မညွှန်ရဲပါ။ လက်ဖက်ရည်ဆိုင်တွေမှာလည်း စားလို့ရတာအများကြီးဖြစ်နေတာလည်းပါတာပေါ့။

မရောက်တာကြာလို့ ကိုယ်သိထားတာတွေခေတ်မမှီတော့ဘူးဆိုရင်တော့ ဆိုင် အသစ်လေးတွေသိသူများ လိပ်စာနဲ့တကွ တစ်ခါတည်း လမ်းညွှန်ပေးသွားပါ။ ဒီတစ်ခေါက်ပြန်ရင် သွားစားပါမယ်။

:harr:  :harr:

 

 

92 comments

  • ကိုခင်ခ

    October 19, 2012 at 10:11 am

    ဝက်သားတုတ်ထိုး – မြင့်လွင် ဆိုတဲ့ အထက(၁၆)ကျောင်းနားက ၂၈ လမ်း ( ၆၈ လမ်း နဲ့ ၈ရ လမ်း ကြား ) က ဆိုင်လည်းကောင်းပါကြောင်း။ မန်းအခေါ် လမ်းအနောက်ဖက်မှာရှိ၏။

    ကြေးအိုး – မကြာသေးမှီက လမ်း ၃ဝ ( ၆၅ လမ်း နဲ့ ၆၄ လမ်း ကြား ) မှာ YKKO ရန်ကုန်ဆိုင်ခွဲလာဖွင့်
    ထားပြီး၊ ကြေးအိုးနဲ့ အခြားအစား အစာတွေရပါတယ်။ မန်းအခေါ် လမ်းအနောက်ဖက်မှာရှိ၏။

    ရှမ်းခေါက်ဆွဲ – ဂျာဝါ ၈၃ လမ်း ( ၃ဝ လမ်း နဲ့ ၃၁ လမ်း ကြား) ကဆိုင် လည်းကောင်းပါတယ်၊ ကြက်ပေါင်း၊ နံရိုးပေါင်းနဲ့ ကို အစားများကြတယ်။ မန်းအခေါ် လမ်းအနောက်ဖက်မှာရှိ၏။

    မနက်ခင်းစာ – အဲဒီဆိုင်လေးက မနက် ၆ နာရီကနေ နေ့လည် ၁ နာရီထိဘဲရပါတယ်၊ သန့်သန့်ပြန့်ပြန့် လေး စားချင်စာဖွယ် စီမံရောင်းတာရယ်၊ အိမ်ခြံလေးထဲ နဲ့ ပတ်ဝန်းကျင် တိတ်ဆိတ်တာကြောင့် ထိုင်လို့ကောင်းတဲ့နေရာလေးပါ။

    D & J – ဆိုင်ဖွင့်တာ ၃ နှစ်လောက်ရှိပါပြီ၊ ဈေးနှုန်းလည်း သင့်ပြီး အအေးခန်းလေးနဲ့ အေးအေးဆေးဆေး စားလို့ရတာပါ၊ ဒူရင်သီးရေခဲမုန့် အလွန်ကောင်းပါတယ်၊ တရုတ်၊ ယိုဒယား အစာရနိုင်ပြီး အရက်ဘီယာ ရောင်းခြင်း သောက်ခြင်း မပြုတာမို့ အေးဆေးစားလိုသူတွေ အတွက်အဆင်ပြေပါတယ်၊ လိပ်စာက ၈၄ လမ်း ( ၃၂ လမ်း နဲ့ ၃၃ လမ်း ကြား ) မှာပါ။ မန်းအခေါ် လမ်းအနောက်ဖက်မှာရှိပါတယ်။

    စားဖြစ်နေတဲ့ ဆိုင်လေးတွေမို့ ရေးပေးမိတာပါ။

    • Khaing Zar Win

      October 19, 2012 at 10:21 am

      အမ်မလေး။ ကိုခ၊ မှတ်သားစရာတွေချည်းပါပဲလား။
      အရမ်းကျေးဇူးတင်ပါတယ်။
      ဒီတစ်ခေါက်ပြန်ရင် သွားမယ်။ ကူးထားလိုက်ပြီ။ 😀

      • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

        October 19, 2012 at 2:10 pm

        အပေါ်က အစ်မပို့စ်ရော … အန်ကယ် ခင်ခကော့မန့်ရောက .. အချိန်သင့်အခါသင့် .. ပနံသင့်လိုက်တာ .. အဟီးးးးးး ပရင့်ထုတ်ပြီး သွားစားမယ် .. ရှလွှတ် … ရှလွွှတ် … :kwi:

        မန်းလေးကပြန်လျှင်တော့ …. ဘယ်နှစ်ပေါင် တက်လာမလဲ မသိ :eee:

  • ကိုခင်ခ

    October 19, 2012 at 10:45 am

    းD ဆိုတာပုံလေးတွေထဲ့ရိုက်တာလားဗျ။ မြန်မာစာနောက်မှာဆို space ၃-၄ ချက်လောက်ခြားပြီးမှ 😀 ကို ရိုက်ရတယ်လို့တော့ သိရပါတယ်။

    • Khaing Zar Win

      October 19, 2012 at 11:31 am

      ဟင်။ ဟုတ်သလား။ ဒုက္ခပါပဲတော်။
      ဖေ့ဘုတ်လိုပဲမှတ်မှတ်နေတာ။
      သည်းခံကြပါရှင်။..

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 19, 2012 at 11:01 am

    ဟတ်ကဲ့ ကူးပရဇီ။ ဒီလကုန်မန်းလေးရောက်ရင် အိမ်ကအကိုနဲ့ မြို့ပတ်မုန့်စားဖို့ ချိန်းထားပီးဖစ်နေလို့ပါ။
    ဗထူးကွင်းနားက မီးရှေဆိုင်ကတော့ ကျမတို့ အိမ်လမ်းထိပ်ကမို့ အထူးတလည်သွားစရာမလိုဘဲ အမြဲစားဖြစ်တဲ့ဆိုင်ပါချင့်။ :mrgreen: ကျန်ဆိုင်တေနဲ့ လေးခထပ်ထဲ့ပေးထားတဲ့ ဆိုင်တေတော့ ကျမအကိုသိတာလဲပါ မသိတာလဲချိနိုင်တာမို့ မန်းဒလေးစားညွန်ကို ကော်ပီကူးသွားပါဂျောင်း။

    • Khaing Zar Win

      October 19, 2012 at 11:34 am

      မကြည်ပြာ၊ ကျန်တာလေးတွေလည်းရှိပါသေးတယ်။ နှံ့အောင်စားခဲ့ပြီး ကောင်းတဲ့ဆိုင်လေးတွေလည်း လာညွှန်ပါဦးနော်။

    • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

      October 19, 2012 at 2:01 pm

      မြို့ပတ်မုန့်စားမယ့် အစီအစဉ်ကိုတော့ စိတ်ဝင်စားသဗျ၊ ကျွန်တော်က ဆိုင်တွေလိုက်ပြပေးမယ် အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာက ကျွေးပေါ့နော်။
      သဘောတူရင် မန်းရောက်တဲ့အခါ ဆက်သွယ်လိုက်ပါဗျာ။

      • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

        October 19, 2012 at 2:54 pm

        အန်ကယ်ရေ …သမီးသတင်းပေးထားတယ် … မန်းလေးရောက်လျှင် မဖြစ်မနေ ဆုံမတဲ့လေ … ။
        မကြည်ပြာကို ဒီတပတ်အတူသွားမယ်ပြောတာ … ဘွဲ့တွေ များတော့ သွေးကြီးသွားတယ်ထင်ပါ့ …. သူက သမီးနဲ့ အတူမသွားချင်ဘူးတဲ့လေ … … ကြည်ပြာစိတ်ပုတ် :kwi:

  • Shwe Tike Soe

    October 19, 2012 at 11:19 am

    အောင်မြလေး မန်းလေးသူား ပီသပါပေ့…. ဒါတွေအားလုံး အဝေးမှာထားခဲ့ရတာ ကြာပါပေါ့အေ…
    ဒီတစ်ခေါက်ပြန်ရင် ညွှန်သူတာဝန် နော်……… ဟေဟေဟေ့ :hee:

  • Shwe Tike Soe

    October 19, 2012 at 11:22 am

    အော်မေ့လို. တစ်ခုကျန်သွားတယ်.. အကင်ဆိုရင် မိန်းထဲက ဖရန်.လက်ဖက်ရည်ဆိုင်ရှေ.မှာ ဈေးသက်သာကောင်းလဲကောင်း…အကင်မှ အစုံ တော်..
    ဂဏန်းချက်တောင်ရသေး……ဆိုင်တန်းတွေမှ အများကြီး လမ်းဘေးထိုင်စားရုံပဲ… အဲအဲ ဆိုင်ကယ် အရှိန်လွန်ဝင်လာရင်တော့ ထပြေးဖို.တော့ပြင်ထားပေါ့အေ………. ခိခိခိ

    • Khaing Zar Win

      October 19, 2012 at 11:37 am

      အင်း။ စားနေရမယ်ဆို ဆိုင်ကယ်ဝင်လာတာမပြောနဲ့ ဆိုင်ထဲကားဝင်လာတာကို သိပါ့မလားပဲ။ 😆

  • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

    October 19, 2012 at 11:25 am

    အမှန်အတိုင်းပြောရရင် သူကြီးရေ ဒီပိုစ့်က ဖျက်ပစ်သင့်တဲ့ပိုစ့်ပါပဲ…
    အစကနေအဆုံး စားစရာတွေချည်းပြောထားတာကတစ်ကြောင်း…
    စားချင်စရာတွေချည်းဖြစ်နေတာကတစ်ကြောင်း…
    စားချင်ပြန်သော်လည်း ရန်ကုန်မှာမဟုတ်လို့ စားမရသည်ကတစ်ကြောင်း…
    ထိုသု့ိသောအကြောင်းများကြောင်း ဖျက်ပစ်သင့်သည်ဟုပြောရမည်ဖြစ်ပါသည်…ဟိဟိ
    အဲဒီတော့ ဒီပိုစ့်ကို ဝင်မဖတ်တော့ပါ…
    ထပ်ဖတ်လျှင် အရှေ့တွင်ရှိတော့ ကွန်ပျူတာအားကိုက်စားမိမည်စိုးသောကြောင့်ဖြစ်ပါသည်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်… ဂွီ..ဂွီ…ဂွီ
    (ဗိုက်ဆာသံ)

    • Khaing Zar Win

      October 19, 2012 at 11:45 am

      ရန်ကုန်မှာလည်းအစားအစာကောင်းတွေရှိပါတယ်ဗျ။
      ကျနော် မသိလို့မရေးနိုင်လို့ပါ။ 🙂

      • ဩီဝတ္တဏပါဠီဇမ္ဗူ့လောကပါလမဟာအဂ္ဂကြောင်ဝတုတ်

        October 19, 2012 at 12:04 pm

        စကားပြောရင် ကျွန်တော်ကျွန်တော်နဲ့ သိပ်ဝတဲ့ကောင်မလေးပဲဖြစ်ရမယ်…ဟိဟိ

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • Khaing Zar Win

          October 19, 2012 at 12:19 pm

          ကြောင်ဝတုတ်လောက် မဝနိုင်တာတော့ သေချာတယ်။ 😆

        • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

          October 19, 2012 at 12:28 pm

          လူ့ ခန္ဒာကိုယ် အဆီပြင်ကနေ အီစတိုဂျင် ထုတ်သတဲ့ အဲ့ဒါ မိန်းမဟော်မုန်း
          အဆီများတဲ့လူများ အီစတိုဂျင် များတယ် ပြောနိုင်တယ်

          ဆိုတော့ …
          မိန်းမဟော်မုန်း ရဲ့ သဘာဝတွေဖြစ်တဲ့ အသံကီးမြင့်မယ် အမွေးအမင် ကျဲပါးမယ်…
          ဒီအချက်ကို ယောက်ျား အော်ပရာအဆိုတော် ထိပ်ပြောင်ရီးတေ သက်သေပြခဲ့ပြီးဖြစ်တယ်…

          ဆိုတော့ .. ကကြောင်ဝတုတ်ဟာလည်း .. ကကြောင်ဝတုတ်ဟာလည်း ..
          နည်းနည်းတော့ နွဲ့ချင် နွဲ့မပေါ့နော်….

          ဟီဟိ..

  • အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z

    October 19, 2012 at 11:36 am

    ဟေဟေ့ … ကောင်းသကွာ ….
    စား-ညွှန် စာရင်း သိရလို့ ..ကျေးကျေးပါဗျ….

    စကားမစပ် အာပျိုရီး ပီသတယ်နော်… အစားအသောက်ပိုင်း ကျွမ်းလို့
    ခိခိ

    :harr:

    :kwi:

    ပုံ
    အဂ္ဂမဟာ သီရိ သုဓမ္မ သရေစည်သူ ဝဏ္ဍကျော်ထင် အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် (နှူးဘာဂိုဏ်းချုပ်) လယ်ထွန်Z

    • Khaing Zar Win

      October 19, 2012 at 11:48 am

      အပျိုကြီးမှ အစားအသောက်ပိုင်းတွေ ကျွမ်းတာဟုတ်ပါဘူးဗျာ။
      ပြီးတော့ အစားအသောက်ကျွမ်းတိုင်းလည်း အပျိုကြီးမဟုတ်ဘူးဗျ။ 😆

  • Ma Ei

    October 19, 2012 at 12:45 pm

    ခိုင်ဇာ ရဲ့ မန္တလေး စားညွှန် ကို
    ထမင်းစားပြီးမှ ဖတ်မိလို့ တော်ပါသေးရဲ့
    နို့မို့ဆို မလွယ်….
    :hee:

    • Khaing Zar Win

      October 19, 2012 at 12:48 pm

      မအိရေ၊ ဒါတွေက ဆိုင်ကို ညွှန်ရုံတင်ပါနော်။ ဘယ်လိုစားကောင်းကြောင်း ပြောရင် များသွားမှာဆိုးလို့။ 🙂

  • pooch

    October 19, 2012 at 12:49 pm

    ကျောင်းတက်စဉ်တလျှောက် မနက်စာကို ရွှေမူစယ်နဲ့ပဲအသက်ဆက်ခဲ့ရတာ အမရေ ။ မိန်းနားက ရွှေရွက်လှ ဒိန်ချဉ်လည်း ရှိသေးလား မသိဘူး။
    တော်တော်များများ အကြိုက်တွေချည်းပဲ။

    မြည်းရှည်ကတော့ ၁၆ လမ်းကို ပိုစားဖြစ်တယ်။ ဒုတ်ထိုးက ၃၁ လမ်း ၇၉ နဲ့ ၈ဝ ကြားက ဆိုင်မှာ ပိုစားဖြစ်တယ်။ ရေစစ်ကန်နားက ဆိုင်နာမည်က ဝင်းစံပယ် တဲ့။ မကြာမကြာ စားဖြစ်တယ်။
    ဟိုနေ့ကတောင် ဧည့်သည်လာတာနဲ့ ၁၉ လမ်းထောင့်က အကင်ဆိုင် ရောက်ဖြစ်ခဲ့သေးတယ်။

    မဆွိပြောတဲ့ အာပူဆိုင်ကလည်း အရင်က အသဲစွဲပေါ့ ။ ခု ခဏခွဲထားတယ်။ နောက်ပြန်စားမယ် 😀

    • Khaing Zar Win

      October 19, 2012 at 12:58 pm

      အေး ဟုတ်တယ် ပုရေ။ ရွှေရွက်လှကို မရေးလိုက်ရဘူး။ (စိတ်နာစရာတွေရှိလို့၊ ဟိဟိ)
      အစ်မတော့ အကုန်လုံးနဲ့ ခွဲနေရတာ။
      မန်းလေးကို အရမ်းလွမ်းတာပဲ။ 😆

  • မိုချို

    October 19, 2012 at 1:04 pm

    ညီမ ရေ
    ဟိုတနေ့ ဟင်းစပ်တွဲ တဲ့ ပိုစ့် ထဲက မန့် မလို့ ဟာ ခုမှ ပဲ ပေါင်း မန့် ရတော့ မယ်။ ရွာ ထဲကို အစားအသောက် တွေ ယူလာပြီး မိတ်ဆက် ဝင်လာခဲ့ တဲ့ အတွက် ကျေးဇူး တင် နွေးထွေးစွာ ကြို ဆို ပါတယ် လို့။

    ပထမ ပိုစ့် ကတော့ အမ အတွက် ချက်ဖို့ မေ့ နေ တာလေးတွေ သတိ ရ စေတဲ့ အတွက် ကူးမှတ် ထား လိုက် သလို ဒီနေ့ ပိုစ့် ကတော့ ဒီ တခေါက် မြန်မာ ပြည် ပြန် လို့ မန်းတလေးသာ လည် ဖို့ အလှည့် ကျခဲ့ ရင်သွား စား ရမဲ့ စာရင်း ပေါ့ လေ။
    အဲဒီ ထဲက စန္ဒာမေ ဖက်ထုတ်ပေါင်း က ရန်ကုန် ကုက္ကိုင်း က စန္ဒာမေ နဲ့ တူတူ ပဲလား မသိ။ ရန်ကုန် မှာ ပြီးခဲ့ တဲ့ တခေါက် ပြန်တော့မှ စား ဖူး တယ်။ ဖက်ထုတ် မကြိုက် တဲ့ သူတောင် ကြိုက်သွားတယ်။ အမ အတွက်တော့ ဒီက ကြက်ဆီ ထမင်း အနံ့ ကြီး ကို တစက်မှ ခံ လို့ မရဘူး။ ဒီ မရောက် ဖူး ခင် ကတော့ စင်ကာပူ ကြက်ဆီ ထမင်း နာမည် ကြီးလွန်း လို့ စားဖူးချင် လိုက် တာ။
    နောက် လာမဲ့ စားစရာတွေ အပါ ဝင် ရေး လာမယ့် အကြောင်း အရာ စုံ ကို ဖတ်ဖို့ အဆင်သင့် ပဲနော်။

    • Khaing Zar Win

      October 19, 2012 at 1:18 pm

      မချို၊ ရန်ကုန်က စန္ဒာမေကို ကျနော်မရောက်ဖူးဘူး။
      ဒီက ကြက်ဆီထမင်း အထင်နဲ့ အမြင်လွဲတာတော့ တူတူပဲဗျို့။ 🙂

  • မောင်ပေ

    October 19, 2012 at 1:06 pm

    လွဲတာမှ အများကြီးပဲ
    နောက်ပြီး နေရာမမှတ်မိတို့ အတိအကျ မသိတို့ကပါသေး
    ဆိုတော့ ဒီပိုစ့်လိုမျိုးထပ်ရေးမယ်ဆိုရင် ခေါင်းစဉ်ကို ဒီလိုပြောင်းဗျာ…
    ကျွန်မ ကြိုက်သော စားသောက်ဆိုင်များ လို့
    :kwi:

    • Khaing Zar Win

      October 19, 2012 at 1:15 pm

      ဟယ်။ စာဖတ်သူတွေ ဒုက္ခများတော့မယ်။
      ကိုပေရေ ပြင်ပေးသွားပါဗျို့။
      ဟိုနေ့က ကိုပေ တီချယ် ပို့(စ) မှာ မုန့်ဆိုင်ညွှန်ထားတာတွေတွေ့လို့ ဒီဟာရေးနေတုန်း ကိုပေ့ကို မေးရင်ကောင်းမလား စဉ်းစားလိုက်သေးတယ်။
      ဘယ်လို ဆက်သွယ်ရမတုန်းမသိလို့ပါ။ ကူညီပါဗျာ။ :mrgreen:

  • ကထူးဆန်း

    October 19, 2012 at 1:06 pm

    တဖြေးဖြေး နဲ့ ဘုတ်မတ်က် တွေ များလာတာ ဘယ်လို သိုလှောင်ထားရမလဲပါလိုလာပြီ။
    ဟိုနေ့ က ဟင်းစပ် ။ ဒီနေ့ စားညွှန်း ။ နောက် ဆို အဆီကျ အလေးချိန် ဘယ်လိုချရမလဲပါ တွဲတင်ပေးရမယ်နော် … :hee:

    • Khaing Zar Win

      October 19, 2012 at 1:20 pm

      ကထူးဆန်း၊ အဆီချ ပိန်နည်းလေးသိရင် ကျနော့ ကို လာရှယ်ပါဦးနော်။ :mrgreen:

  • မခိုင်ဇာရေ
    1။(၂၈လမ်းက ဒေါ်ဆင်းယုံ)က 29လမ်း 93-84ကြား 84နဲ့ပိုနီးပါတယ်။
    ထူးခြားတာ အဲဒီဆိုင်က ဆန်ပြုတ် ကောင်းတယ် ။
    ခေါင်းမာစွာနဲ့ရှမ်းခေါက်ဆွဲလုံးဝမရောင်းဘူး။
    ရှမ်းခေါက်ဆွဲကတော့ ကျနော်ကြိုက်တဲ့ဆိုင်က ဘုရားကြီး42လမ်း 81လမ်းပေါ် လမ်းအရှေ့ဘက်က ဆိုင်ပါ။
    သတ်သတ်လွတ်ရှမ်းခေါက်ဆွဲစားချင်သူအတွက်ကတော့ 29လမ်း 80-81လမ်းကြားမှာ ရှိပါတယ်။
    2။(နန်းရှေ့ ၁၉ လမ်းက ရွှေလက်ရာမုန့်ဟင်းခါးကို ကြိုက်ပါတယ်)
    အဲဒီဆိုင်လေးက ဆိုင်ခွဲကို 30-31 ကြား 84လမ်းလမ်းအနောက်ဘက်မှာဆိုင်ခွဲလာဖွင့်ထားပါတယ်။
    3 မြန်မာ ထမင်း၊ ဟင်း ကတော့ အခု ဈေးသက်သားပြီးစားကောင်းသော ဇလုံကြီးဆိုင်ခွဲများမှာ
    အစားများကြပါတယ်။
    နောက်ညနေပိုင်းမှာ 31-32ကြား 77လမ်းပေါ်မှာ ထမင်းဟင်း တစ်ခါပြင်ဆိုင်လေးတွေ
    (ဥပမာ အာဆင်နယ်) က ဈေးသက်သာပြီးစားကောင်းတော့ လူစည်ကားပါ၏။
    အသားကြော် ထမင်းဆီဆမ်းတစ်ပွဲ အတိုအ့မြုတ် ဟင်းရည် ပါချပေးထားတာမှ 600ကျပ်ဆိုတော့ အများစားနိုင်သောဆိုင်လေးဖြစ်ပါတယ်။
    4 (ဆယ်လွှာပေါက်စီ စားချင်ရင်တော့ ရုံးရှိန် ကရှိသေးလားမသိဘူး။)
    ရုံးရှိန်က အခု 83လမ်း 30-31ကြား မြို့ဂုဏ်ရောင်ရုပ်ရှင်ရှံအနောက်ဘက်တွင်ဖွင့်ထားပါတယ်။
    5 ဂျုံခေါက်ဆွ ဲစားချင်ရင်တော့ 29လမ်း 80-81ကြားက မူလလက်ဟောင်းဦးစိန်ဆိုင်ရှိပြီး
    ရတနာပုံဈေး ဒိုင်းမွန်းစူပါမတ်ကက်နဲ့နီးသူများကတော့ မိုးကုတ်မြို့ကလာဖွင့်ထားတဲ့ ဒေါ်ရှန်ခေါက်ဆွဲဆိုင်က အတော်လေးစားကောင်းပါတယ်။
    6 ကြေးအိုး နဲ့မန်းလေးမြိုကိုမိတ်ဆက်ပေးသူကတော့ 26ဘီလမ်းနဲ့လမ်း80ဒေါင့်ကမြမာလာ
    အရေးအခင်းပြီး သိပ်မကြာခင် ကားရပ်ရတာခက်လို့ဆိုမဖွင့်တော့ဘူး။
    သူတို့ကရန်ကုန်ရွှေတောင်တန်းကြေးအိုးနဲ့အမျုးိတွေလေ။
    အဲဒီဆိုင်ပိတ်တော့ သူတို့နည်းပညာကိုရသွားတာက 82လမ်း 33လမ်းဒေါင့်မှာဖွင့်တဲ့ ပတ္တမြားကြေးအိုးပါ။
    နောက်မှ မန်းလေးမှာရွှေတောင်တန်း ကြေးအိုးပေါ်လာတာ။
    ထပ်ပွားရရင် ကျွဲကောသီးအစစ်က ပတ္တမြားကြေးအိုးဆိုင်က စရောင်းတာ.။
    သူက လမ်းအရှေ့ဖက် လမ်းအနောက်ဖက်က ကြာဇံဟင်းခါးနဲ့လက်သုတ်ဆိုင်ကလဲနာမယ်ကြီး။
    လူစည်တယ်။
    ဆက်ပြောရမယ်ဆိုရင် ဘော်ဘော်တွေနဲ့အေးအေးလူလူ လေပေါရင်းလက်သုတ်စားချင်ရင်
    ကန်တော်ကြိးနားမှာ မိုးကောင်းအသုတ်ဆိုင်ရှိတယ်။
    အစကလူသိပ်မသိ ဝတ္တုတစ်ပုဒ်ထဲမှာအဲဒီဆိုင်အကြောင်းပါတာကနေလူသိများသွားတာ။.
    စားကောင်းပါ၏။

    တော်ပြီ သူများပိုစ်မှာ ဒီလောက်ဝင်ပွားရရင်
    မန်းလေးမြို့က စားသောက်ဆိုင်တွေအကြောင်း 2010ကတော့ မလွမ်းစကောင်းထဲမှာတစ်ခါရေးဘူးတယ်
    နောက်အားတဲ့ရက်မှာ လူအများစားနိုင် စားသင့်တဲ့ဆိုင်လေးတွေအကြောင်း ရေးပေးပါအုံးမယ်နော်၊

    • Khaing Zar Win

      October 19, 2012 at 1:24 pm

      အို။ မန်းလေး ဆရာကြီးတွေပါလား။
      ကိုပေါက် ကျနော်ပြန်ရင် စားရမဲ့ ဆိုင် စာရင်းတွေ အများကြီးပါလားနော်။
      ပျော်စရာကြီး။ 🙂

      • ရီစရာပြောရင် မနေ့က ရန်ကုန်ကရွာသူတစ်ယောက်မန်းလေးကိုရောက်လာတာ
        ကားဂိတ်မဆင်းခင်ထမင်းစားချင်တယ် သူက ကျွေးချင်လို့ဆိုပြောတာနဲ့
        ဘယ်မှာစားမလဲ စဉ်းစားလိုက်ရတာပေါ်ကိုမလာဘူးဗျာ။
        နောက်အဲဒါနဲ့ သူ မန်းလေးပုရစ်တွေဆင်းဝယ်ပြီးမှ အစက တက္ကသို်လ်နားက ဆိုင်သွားမယ်စဉ်းစားထားတာ
        38လမ်းဖြတ်မှ ဆာဝါဒီကိုသွားသတိရလို့လိုက်ပို့လိုက်ရတယ်။
        ကျနော်ရယ် ကိုခရယ် ရန်ကုန်က ရောက်နေတဲ့ ရွာသားတစ်ယောက်ရယ် ဆုံဖြစ်တယ်။
        ရန်ကုန်ကလာတဲရွာသူ ဘယ်သူဖြစ်မလဲမှန်အောင်ပြောနိုင်ရင် ဆုချပါမည်။

        (အို။ မန်းလေး ဆရာကြီးတွေပါလား။)
        ဆရာကြီးမဟုတ်ပါမခိုင်ဇာရေ
        ကြားဘူးနားဝလေးပြန်ပြောပြတာပါ။.
        မန်းးလေးမွေးမန်းလေးကြီး မန်းလေးမှာသေမယ်လို့ထင်ရတဲ့ မန်းလေးသားကြးီးပါဗျာ။

        • Khaing Zar Win

          October 19, 2012 at 2:10 pm

          ဟင်။ အဲ့ ဆုတော့ ရနိုင်တော့ပါဘူးဟယ်။
          ဘယ်သူက ရန်ကုန်က မန်းလေးကမှန်းတွေ အကုန် မနှံ့စပ်သေးဘူးတော့။
          ကိုယ့်ထက်သိရင်တော့ ကိုယ့်ဆရာကြီးလို့ သတ်မှတ်ထားတာပဲ။ :mrgreen:

        • Foreign Resident

          October 19, 2012 at 2:35 pm

          ” ရန်ကုန်ကလာတဲ့ရွာသူ ဘယ်သူဖြစ်မလဲမှန်အောင်ပြောနိုင်ရင် ဆုချပါမည် ”

          ရန်ကုန်ကလာတဲ့ရွာသူ = Etone

          ” အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone says:
          အပေါ်က အစ်မပို့စ်ရော … အန်ကယ် ခင်ခကော့မန့်ရောက ..
          အချိန်သင့်အခါသင့် .. ပနံသင့်လိုက်တာ ..
          အဟီးးးးးး ပရင့်ထုတ်ပြီး သွားစားမယ် .. ရှလွှတ် … ရှလွွှတ် … :kwi:
          မန်းလေးကပြန်လျှင်တော့ …. ဘယ်နှစ်ပေါင် တက်လာမလဲ မသိ :eee: “

  • မှားပြန်ပြီ
    (29လမ်း 93-84ကြား 84နဲ့ပိုနီးပါတယ်။)
    ဒေါ်စင်းယုံ 29လမ်း 83-84ကြားလို့ပြင်ဖတ်ပေးပါနော်.

    • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

      October 19, 2012 at 2:50 pm

      ပြန်လည်ရောက်လာတဲ့ အဘဖောခင်ဗျ မင်္ဂလာပါနော်။
      ကိုပေါက် မေးထားတဲ့ ရန်ကုန်ကလာတဲရွာသူဆိုတာ အဘဖောဖြေတဲ့ Etone မဟုတ်ကြောင်းပါ။
      အခြားတစ်ယောက်ဖြစ်ပါတယ်ဗျ။ ထိုနေ့ အမှတ်မထင်ဆုံခဲ့သူက —————- ? ။

  • Abcdefghijklm nozomi

    October 19, 2012 at 2:01 pm

    မန်းလေးသူ မန်းလေးသားတွေ စကားပြောကောင်းရုံတင် မဟုတ်
    စာရေးလဲ တကယ်ကောင်းကြတာကိုး
    ဒါ့ကြောင့် တီချယ်ကြီးက ညွှန်းတာဖြစ်မယ်

  • kai

    October 19, 2012 at 2:24 pm

    ကြည့်ရတာ.. “မန္တလေး စားညွှန်”.. သတင်းစာထဲ ပုံနှိပ်ထည့်ရမယ့်ပုံပေါက်နေပါတယ်..
    ကိုပေါက်ရေးတာတွေ.. (ပုံစံတမျိုးနဲ့).. သတင်းစာထဲပါဖူးတယ်..
    ဒါပေမယ့်.. အခုလို.. ယူအက်စ်ကလူတွေ မြန်မာပြည် အသွားများတော့မယ့်ရာသီ ရောက်လာတော့မှာမို့.. ခါတော်မှီ ရွေးလိုက်ချင်ပါတယ်..

    အပေါ်ကစာမူလေးကို.. သတင်းစာထဲ ထည့်နိုင်တဲ့အရေးအသားနဲ့… ပြန်စိစစ်ပြီး .. ကော်မန့်ထဲက.. ဆိုင်တွေပါထည့်ပြီး.. editor@myanmargazette.net ပို့ပေးစေလိုပါတယ်ခင်ဗျား..
    သတင်းစာမူခအဖြစ်.. ပွိုင့် ၈၀၀ဝ ပွိုင့် အနေနဲ့ပဲ ပေးပါမယ်နော.. ။ :harr:

    • Khaing Zar Win

      October 19, 2012 at 2:50 pm

      အယ်။ အဲလိုတော့မဖြစ်နိုင်ဘူးထင်တယ်။
      ကျနော့ ထက်သိတဲ့ သူတွေ အများကြီးပဲဟာကို။

      ကျနော် ကြိုးစားကြည့်မယ် နော်….။ :mrgreen:
      အရပ်ကူပါ လူဝိုင်းပါ။

      • kai

        October 19, 2012 at 3:05 pm

        အဲ.. ဆွိမမခင်ဗျ..
        တပါတ်အချိန်ရပါတယ်..။ ဇော်ဂျီဖေါင့်.. ပွိုင့် ၈ A4 စာရွက်နဲ့.. ၂ရွက်စာ လောက်နေရာရပါတယ်..။
        ကလောင်နာမယ်လေးပါ.. ထည့်ပေးလိုက်စေချင်ပါကြောင်း..။
        တကယ်လို့..အညွှန်းအတိုင်း.. သွားစားတဲ့သူတွေ.. အဆင်မပြေဘူးဆို.. အဆင်ပြေအောင်.. သီဟပူရပြည်ဆက်သွားဖို့.. ပြောပေးလိုက်မယ်နော… :harr:

        • Khaing Zar Win

          October 19, 2012 at 3:20 pm

          ဟမ်။ ကျနော့ နာမည် ဘယ်လိုလုပ်သိ။ 😯
          ဟုတ်။ ကျနော် ဒီ Weekend ကို ပို့ဖြစ်အောင်ကြိုးစားပါ့မယ်။
          တခြားဆိုင်တွေ အတွက် သူတို့ကို Credit ပေးလိုက်မယ်နော်…

      • မပူနဲ့ မခိုင်ဇာ သိချင်တာမေး ကူပေးမယ်
        ကျနော့်မေးလိပ်စာကို မယ်ပု နဲ့ မာမီဆီမေးပြီး အက်လိုက်
        ကျနော်ပြောပြပေးမယ်

  • Hnin Hnin

    October 19, 2012 at 3:01 pm

    ဆိုင်တွေက လိုက်စားဖို့ဆိုရင် မန့်ပါပေါင်းရင် ၅ဝ လောက်ဖြစ်နေလို့…မန္တလေးသွားရင်
    တစ်နေ့ ၂ဆိုင်နှုန်းနဲ့ ၁လလောက် နေပြီး စားဖို့တော့ လိုမယ်နော်…ပြန်လာရင်တော့
    ဝလို့လှလို့တော့ ဖြစ်နေအုံးမှာ မြင်ယောင်မိသေးတယ်… း)…အဲ့တော့ မန္တလေးရောက်ရင်
    ခေါ်ကျွေးမယ့်သူများရှိရင်တော့ ၁လလောက်နေပြီး ဆိုင်ကုန် လိုက်စားပေးပါ့မယ်(တစ်ဆိုင်
    စတိ..စတိ.. စီပါ.. :mrgreen: )

  • Khaing Zar Win

    October 19, 2012 at 3:14 pm

    ဟုတ်ပါ့။ နောက်ဆုံးပေါ်ဆိုင်တွေရောပါဆို အတော်များနေပြီ။
    ကျနော် ပြန်သလောက်အချိန်နဲ့ ဘယ်လိုခွဲဝေရမှန်းမသိတော့ဘူး။
    🙂

  • pyopyo may

    October 19, 2012 at 3:48 pm

    မန္တလေး တက္ကသိုလ် မှာ ကျောင်းတက်တုန်းက တော့ ၇၈လမ်း နဲ့၃၅ လမ်း ထောင့် လက္ဘက်ရည်ဆိုင်က
    အီကြာကွေး နဲ့ မလိုင် ကို မကြာခဏ သွားသွားစားဖြစ်တယ် ၊ စားလို့ ကောင်းတယ် ၊ ဆိုင်နာမည် တော့ မသိတော့ဘူး ၊ ပြီးတော့ ကိန်ကြည် ကြက်ဥခေါက်ဆွဲ ကိုလည်း ကြိုက်တယ် ၊ အဲဒါလည်း လမ်း နာမည်
    မသိတော့ ပြန်ဘူး ၊ ကိုပေါက်ပြောတဲ့ မြမာလာ ကြေးအိုးဆိုင်ကတော့ အမြဲ သွားစားနေကျ ပေါ့၊ နောက်ပြီး
    ၃၅ လမ်း ၇၈ လမ်း ထောင့် က ပြည်ထောင်စု ခေါက်ဆွဲ ကိုလည်း ကြိုက်တယ် ၊
    မန္တလေး စားညွှန်းကို ကြည့်ပြီး တချိန်တုန်းက တက္ကသိုလ် ကို ပြန် သတိရတယ် ဇာလေးရေ ၊
    ဇာလေး ညွှန်းထားတဲ့ ဆိုင်တချို့ က တချိန်က သွားနေကျ ဆိုင်လေးတွေ ဖြစ်ခဲ့လို့လေ

    • Khaing Zar Win

      October 20, 2012 at 10:30 am

      ပျိုမေ – ပျိုမေ ပြောတဲ့ဆိုင်တွေပါမှတ်ထားလိုက်မယ်နော်။ မလိုင်ဆိုင်ကမရှိတော့ဘူးလို့ပြောကြတယ်။ 🙂

  • သစ် တည်

    October 19, 2012 at 5:49 pm

    ခိုုတောင်မုုန် ့တီလဲစားလိုု ့ကောင်ပါတယ်ဗျ…..
    ၃၁လမ်း ပြည်ကျော်ဈေ း မျက်စောင်းထိုုးမှာရှိတယ်လေ….
    မဝင်းမုုန် ့တီလေ……..

    • Khaing Zar Win

      October 20, 2012 at 10:31 am

      သစ်တည် – အစ်မ က ခိုတောင်မုန့်တီကို ခေါင်းရွက်သည်ပဲ စားဖူးတာ။
      🙂

  • padonmar

    October 19, 2012 at 8:20 pm

    မန်းသူမန်းသားတွေနော် တစ်ခါတည်းမှတ်ထားလိုက်မယ်။
    ရောက်လာလို့မှ လိုက်မကျွေးရင် တော့ ချိတ်ချိုးမှာပဲ။

    • Khaing Zar Win

      October 20, 2012 at 10:31 am

      ပဒုမ္မာ – မ၊ ကျနော်နဲ့ မန်းလေးမှာ ကြုံရင် ကျွေးပါ့မယ်။ 🙂

  • surmi

    October 20, 2012 at 12:07 am

    ဪ …………. ဘသူလဲလို့
    အင်း………..တွေ ့ဖူးသလိုတော့ရှိသားးးးးး
    ဟုတ်ပြီ …..ဟုတ်ပြီ မှတ်မိပြီ …..

    ကျုပ်ဟိုတလောက ပျောက်နေတုန်း ရွာထဲရောက်လာတဲ့ တီချယ်ကြီးရဲ ့တပည် ့ကျော်ပဲ
    ခြင်္သေ ့ ကျွန်းကဆိုလား..?
    ကဲ ကဲ စားဖိုမှုးအဖွဲ့ထဲ မှာမှတ်သားထားလိုက်ပြီ ။
    ကျုပ်က မန်းစာဆို အားလုံးကြိုက် .။ ကြိုက်လွန်းလို့ ရန်ကုန်မှာ မန်းစာတွေပဲလိုက်ရှာစားတာ
    ရန်ကုန်မှာလာဖွင် ့တဲ ့ စန္ဒမေ ကတော့ ဖွတ်ကျားဖြစ်သွားပြီ ။
    ကျု့ပ်တို့လည်း မန်းစာလွမ်းတိုင်း ရန်ကုန်မှာ လာဖွင် ့တဲ့ မောနင်းစတားကိုပဲ သွားနေရတာ ..။
    ဒီပို ့စ်လေး မှတ်ထားပြီး မန်းလေးသွားရင် အပီဆွဲပလိုက်မယ် ကျေးကျေး …….။

    • Khaing Zar Win

      October 20, 2012 at 10:32 am

      ဦးဆာမိ၊ တွေ့ရတာ ဝမ်းသာပါတယ်။ ကျနော်လည်း ရန်ကုန်မှာ မနက်စာဆို မောနင်းစတားမှာပဲ စားဖြစ်တယ်။ 🙂

  • အားလုံးတော်တန်တိတ်... သဂျီးသမက် ကိုရင်ကြောင်ကြီး

    October 20, 2012 at 9:39 am

    ဆွိနဲ့ဦးကြောင် နှစ်ဦးသား ခေါင်းခြင်းဆိုင်ပြီး ဆိုင်ထောင့်စွန်း ဂျောင်အကျဆုံးခုံမှာ ဝိုင်အရက်ချို အတူတူသောက်ခဲ့ဖူးတဲ့ ဆိုင်လေးနံမည် ရေးပါအုံး။
    ချိုမြိန်ဖွယ် ပျော်စရာနေ့ရက်များကို ပြန်လည်တမ်းတရင်း
    တချိန်က ဆွိကြောင် :harr:

    • Khaing Zar Win

      October 20, 2012 at 10:33 am

      ဦးကြောင် – ဘွဲ့တွေနဲ့ ဆိုတော့ ရုတ်တရက်မမှတ်မိဘူး။ သဂျီးသမက်နဲ့ ဇာတ်လမ်းရှိတယ် ဆို သဂျီးမကြည်ပဲနေမယ်။ ရှူး တိုးတိုး။

      😆

    • Khaing Zar Win

      October 20, 2012 at 10:30 am

      ကိုကြီးပေါက် – ကူညီမှာ အတွက်ရော ရီပလိုင်းတွေ အတွက်ရော ကျေးဇူးအရမ်းတင်။ 🙂

  • Crystalline

    October 20, 2012 at 9:59 am

    ဆွိမမနဲ့တော့ခက်နေပါပြီး…တီချယ်ကြီးပို့စ်စတင်ကတည်းကဒုတ်ခစရောက်တာ..

    • Khaing Zar Win

      October 20, 2012 at 10:33 am

      ဘာလို့ ဒုက္ခရောက်တာလဲဟင်။ ကျနော် ဘယ်သူကို မှ ဒုက္ခပေးဖို့မရည်ရွယ်ပါဘူးဗျာ။
      🙂

  • လွမ်းအောင်လုပ်လို့……………………………………………..
    ဗိုက်ဆာအောင်လုပ်လို့……………………………………………………………..
    အဲဒီအပြစ်က အတော်လေးကြီးတယ်

    • Khaing Zar Win

      October 20, 2012 at 12:26 pm

      မန်းလေးကို အချိန်မရွေးပြန်လို့ရတဲ့ ကိုကြီးပေါက်က လွမ်းသေးတာလား။
      ကျနော်လွမ်းဖို့များတော့ ထားပါဦးတော့။ 🙂

  • ကိုရင်စည်သူ

    October 20, 2012 at 11:44 am

    ကျနော့် စားညွှန်းတွေ စားစပ်တွေကြောင့် အူးစည်တော့… ကျနော့်တို့…
    မန်းလေးကို အရမ်းသွားချင်လာပီ…. အူးစည်နှလုံးသားက အစားနဲ့မျှားရင်
    နူးညံ့တွားတတ်လို့ဘာ… 😳
    ဇာလေး ခြင်္သေ့ကျွန်းမှာ အကြာကြီးမနေနဲ့ နော်… တော်တော် အဲ့က အစားအသောက်တွေက
    ဇာလေးကို အရမ်းဝတွားမှာ စိုးလို့ပါ။ …. စိုးမိလို့ပါ။…. 🙄 ဇာလေးကျွေးမယ်ဆိုရင်
    မန်းလေးက ပဲကြမ်းစေ့တောင် စည့်အတွက် အားဖြစ်ပီးသား… အဲ့ဟင်းစားတွေ လိုပါဖူး…။ ဒါနဲ့..
    တောင်သမန်းအင်းနားမှာ ဂယောင်ဂနင်းနဲ့ အဖြေတောင်းထားတာလဲ … မေ့မနေနဲ့ဦနော်.. :gee: ဟီးး
    မန်းလေးသားတစ်ပိုင်းဖြစ်ချင်မိသူ.. အူးစည်သူ… 😎

    • Khaing Zar Win

      October 20, 2012 at 12:32 pm

      ဦးစည်၊ ကျနော် ဝတာမှ ခြင်္သေကျွန်းက ခြင်္သေရုပ်ကြီးလောက်ဖြစ်နေကြောင်းပါ။
      😆

      • ကိုရင်စည်သူ

        October 20, 2012 at 6:44 pm

        ဆွိလေး.. ဝတာ ခြင်္သေ့ကျွန်းက ခြင်္သေ့လောက်ရှိရင်
        ရေထဲက အူးစည်က ငါးတစ်ပိုင်းလောက် ဖြစ်ချင်မိပါ့… 😆
        ရုပ်ထုက ခြင်္သေ့တပိုင်း ငါးတစ်ပိုင်း… ပညတ်သွားရာ ဓါတ်သက်ပါ… ဟီး..
        အူးကြောင်၊ မိဂီ့၊ ကိုအံ့စာတို့ လက်ရှောင်တော့..
        စည်နဲ့ ဆွိတို့က ပဌာန်းဆက်ပါလားပီးသား… 😳 😳

        • Khaing Zar Win

          October 20, 2012 at 7:37 pm

          အယ်။ ဦးစည်ကို နိုင်အောင်မပြောနိုင်တော့ဘူး။ 🙂

        • ကိုစည်
          ခြင်္သေ့ကျွန်းက ခြင်္သေ့မနဲ့အဆင်မပြေရင်
          မန်းလေးတောင်က ခြင်္သေ့နဲ့ စပ်ပေးမယ်လေ
          မပူနဲ့ရအောင်ပြောပေးမယ် စိတ်ဝင်စားခဲ့ရင်

  • ကိုကိုအံ လည်း မန်းလေးသွားဖို့ စဉ်းစားနေဒါ ..
    ခုဒေါ့ ..
    အရမ်းအရမ်းဘဲ သွားချင်၊ စားချင်မိတွားဗီ ..
    ဇာလေးဂျောင့်ပေါ့ဂွယ် … :mrgreen:
    မန်းလေးရောက်ရင် ဇာလေး ညွှန်ဒဲ့ ဆိုင်ဒွေဂို တွားစားပစ်လိုက်မယ်နော် ..

  • Khaing Zar Win

    October 20, 2012 at 3:58 pm

    ဟုုတ်ကဲ့ရှင့်။ 🙂

  • ရွာစားကျော်

    October 20, 2012 at 4:44 pm

    ဆိုင်တွေမှတ်ထားမနေတော့ပါဘူး
    မန်းလေးရောက်ရင် ခိုင်ဇာ၊ ကိုခင်ခ၊ လေးပေါက်၊ ဦးပေး တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး လိုက်ကျွေးခိုင်းတော့မယ်.. အပီပဲ

  • Mobile

    October 20, 2012 at 6:40 pm

    မန္တလေးရောက်ရင် ၂၆ လမ်းကနေအရှေဖက်တည့်တည့်တက်ခဲ့ ၅ရ လမ်းမှာညာဖက်ကွေ့
    ပြီးရင် ရတနာပုံတက္ကသိုလ် ဖက်ကိုသွား ပြီးမှ မန်းတောင်ခြေကိုလာခဲ့ မန်းတောင်ခြေကနေ
    စစ်ကိုင်းကိုလာခဲ့ စစ်ကိုင်း ဆွမ်းဦးပုညရှင်စေတီ မုခ်ဝမှာ ဖိနပ်ချွတ်ပြီး ဘုရားကန့်တော့လိုက်ပါ
    တစ်နေတာအပျင်းပြေတဲ့ လျှောက်သွားနည်း အစားအသောက်ကတော့ အလျှူတွေ့ရင်ဝင်ဆွဲ
    မင်္ဂလာဆောင်တွေ့ရင် ဝင်ဆွဲ ဒါအကောင်းဆုံးပဲ

    • Khaing Zar Win

      October 20, 2012 at 7:26 pm

      ဟုတ်။ ပိုက်ဆံမကုန်တဲ့ နည်းပေါ့။ 🙂

  • သစ် တည်

    October 20, 2012 at 8:28 pm

    အတ်ဒီထက် မကုုန်ချင်ရင် ကျုပ်အိမ်လာစား…..
    ဂယ်ပြောတာဟုုပ်ဘူး….
    ဆဒါ…..

  • MaMa

    October 20, 2012 at 10:32 pm

    ရန်ကုန်သားအကြွား
    မန်းလေးသားစကား
    မော်လမြိုင်သားအစား ဆိုတဲ့…
    စကားပုံတောင် သူနဲ့တွေ့မှပဲ ပြောင်းရမလိုဖြစ်နေပြီ။ :kwi:

    • မမရယ် မန်းလေးသားတွေက အရင်လိုစကားမတတ်တော့ပါဘူးဗျာ။
      မန်းလေးသားအတုတွေများများလာလို့လေ။

  • Swal Taw Ywet

    October 21, 2012 at 9:02 pm

    ဝေး…ဟေးဟေး ကော်တာဘဲ။ ဒီရက်ထဲ မန္တလေးရောက်မှာကွ။
    Post ထဲမှာComment တွေထဲမှာ ပါတဲ့ ဆိုင်တွေအားလုံးရောက်အောင်သွားပလိုက်မယ်။
    ( ဆိုင်းဘုတ်ဖတ်ယုံလေးပါခင်မျာ ၊ ဒီရက်တွေထဲ အပူတွေကများ၊ အိတ်ကပ်လဲပြားနေလို့၊ အာသာပြေလေးပေါ့)
    မန္တလေးနဲ့ဝေးနေရတဲ့ ရွှေမန်းသားလေး ( အစစ်ဖြစ်ကြောင်းသက်သေပြပြီး )
    With Respect,
    Swal Taw Ywet.
    (ကိုပေါက်ရေ….ဆုံကြရအောင်ဗျို့… )

  • padonmar

    March 10, 2013 at 12:42 am

    ရန်ကုန် စားညွှန်လေး ဖွဘုတ်က ရလို့ မြန်မာပြည်ပြန်တွေတွက် တစ်ဆက်တည်း ဖတ်ကြရအောင် ပေါင်းပေးလိုက်ပါတယ်။
    သူညွှန်းတဲ့ထဲ မပါတဲ့ အကောင်းတွေ ကျန်သေးတယ်။
    ဥပမာ-၁ရလမ်းနဲ့ လမ်းမတော်ကြားက ဖက်တီးမ အော်ကေ့ကြည်၊ဝက်သားကောက်ညှင်းထုပ်၊
    ဗိုလ်မြတ်ထွန်းလမ်းက ဘိန်းမုန့်
    သိမ်ဖြူစိတ်တိုင်းကျက ပဲလိပ်သုတ်
    အရင် ၁၆ လမ်းထိပ် အခု ၁၈ လမ်းထိပ်မှာ ညနေရောင်းတဲ့ ပလာတာ
    လသာမှာ မနက်အစောကြီးရောင်းတဲ့ သက်သတ်လွတ်ပေါက်စီ
    ၅၀-၅၁ လမ်းကြား အရင် ဦးပိုင်ရုံးနားက ပဲခူးလက်ဖက်ရည်ဆိုင်က ပဲမုန့်နဲ့ puff အစုံ
    စဉ့်အိုးတန်းက လွန်းစိန် နဲ့ ပန်းတစ်ရာ လမုန့်…..
    စဉ့်အိုးတန်းအောက်လမ်းထိပ်က အန်တောင်၊
    လသာလမ်းထိပ်က ပဲပေါင်းအချိုရည်
    ဆေးခါးကြီး။….

    မဟာရန်ကုန် ရွှေမြို့တော်ကြီးက အကောင်းဆုံး အစားအသောက် စာရင်း ၁၀၁”

    ၁. တရုတ်တန်း ကိုကိုညီညီ ထမင်းကြော်ဆိုင်က ဝက်သားကြော်နဲ့ ချဉ်ပေါင်ကြော်
    ၂. ၁၅လမ်းထိပ် ကိုဆယ်သန်း…ဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို
    ၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော်
    ၄. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော်
    ၅. ဝက်လယ်သမားဟင်း သဘောင်္သီးထောင်း@ ပန်းစွယ်တော် Thai Express
    ၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်….
    ၇. မြေနီကုန်း ရှမ်းကုန်းလမ်း သီရိဝဏ်းတား က ယိုးဒယားဝက်သားသုပ်
    ၈. ဆာ့ခုမ် အမဲလျှာနဲ့အမဲခြောက်ထောင်း
    ၉. Green Curry Seafood Spaghetti @ Coffee Circle
    ၁၀. တောင်ဥက္ကလာ အောင်ရတနာဆေးခန်းနားက လရောင် အသုပ်စုံ
    ၁၁. Signature သီးစုံပျားရည် ဒိန်ချဉ်
    ၁၂. အင်းယားလမ်း KKS အသားကင်
    ၁၃. 369 က ပြည်လုံးချမ်းသာ ဝက်နံရိုးကြော်
    ၁၄. ရွှေဂုံတိုင် မအင်ဟုန် ကတ်ကြေးကိုက်
    ၁၅. ၁၂ လမ်း မောင်မြင့် အူပေါင်း
    ၁၆. ဗန်မော်ငါးမျှစ်ချဉ်ခေါက်ဆွဲကောင်းမှကောင်း @ မလိခူး
    ၁၇. ကန်လမ်း လျှာဂျွမ်းပြန် ကော်ရည် ဆီချက် ငါးပိထောင်း
    ၁၈. Sushi @ Samurai
    ၁၉. ယူဂျီးနီးယား ရေခဲမုန့်ကြော်
    ၂၀. Keco ပုစွန်ဟွာ ဟော့ပေါ့
    ၂၁. နှစ်ယောက်တစ်ပွဲမှ ပိုအရသာရှိတဲ့ ရွှေထူးမိုးပျံခေါက်ဆွဲ
    ၂၂. မြေနီကုန်း ဒေါ်တင်ရီ ဘဲဥမွှေကြော်
    ၂၃. Tokyo Fried chicken
    ၂၄. လမ်း၂ဝ ဆန်ပြုတ် ဘဲခြေသုပ် အသဲမြစ်သုပ်
    ၂၅. ဗိုလ်မြတ်ထွန်းလမ်း မြစ်ကြီးနား ဆန်စီးခေါက်ဆွဲ
    ၂၆. Pepper Beef steak
    ၂၇. ရွှေမန်းရုံ အောက် အဘိုးကြီးဝက်သားတုတ်ထိုး
    ၂၈. Shake လက်ဖက်ကြက်ဥ ကော်ရည်
    ၂၉. ၅၁လမ်း မော်တော်ပီကယ်ရုံးဘေးက အမဲနှပ်နဲ့ ထမင်းကြော်
    ၃၀. သံဈေးငွေသိန်းက နက်စ်အော်စွန်း
    ၃၁. အိမ်ကြီးလမ်းရေကျော်ဈေးက အစ်ကိုကြီးချက်တဲ့ ရွှေလက်ရာမုန့်ဟင်းခါး
    ၃၂. ကျောက်မြောင်းက ….မန္တလေး….. ရှောက်သီးသုပ်နဲ့ကြာဇံချက်
    ၃၃. ဗိုလ်ရာညွန့်လမ်း စကော့ဈေးကုန်းတံတားအဆင်းက သာခွေယိုင်
    ၃၄. နှီးခွက်လေးနဲ့ငါးပေါင်း အရမ်းကောင်းတဲ့ the ritz
    ၃၅. ပုစွန်ပေါင်မုန့်ကပ်ကြော် ဝက်ကချင်ချက် @ space bar
    ၃၆. စကော့ဈေးကုန်းတံတားအောက် အကျိဆိုင်က ဝက်အူစုံ ဘဲဥ ခေါက်ဆွဲ
    ၃၇. စကော့ဈေး စားသောက်တန်း ဦးကြွိဆီချက် နဲ့သံပုရာရည်
    ၃၈. စကားဝါ ကြေးအိုး
    ၃၉. ရွှေတောင်တန်းလမ်း ဒေါ်ချွန်း ကော်ပြန့်စိမ်း
    ၄၀. မနက် ၉းဝဝ နာရီအပြောင်ရှင်းတဲ့ ယုဇနပလာဇာနားက အဘွားကြီးအစုံသုပ်
    ၄၁. ကျိုက်ထီးရိုးဘုရားလေးလမ်း ဘဲသားမုန့် ကော်ပြန် ့
    ၄၂. ၁၂းဝဝ နဲ့ ၄းဝဝ နာရီအတွင်းပဲရတဲ့ ၁၆၅ လမ်းထိပ်က အသုပ်စုံ အာပူလျှာပူ ကြာဇံချက်
    ၄၃. ရန်ကင်း ဝဆန်းသီး ချစ်တီးထမင်းဆိုင်ကြက်ကြော်
    ၄၄.လေးထောင့်ကန်လမ်း ILBC နားက ဟင်းရည် ကပ်စီးနည်းတဲ့ မုန့်ဟင်းခါး
    ၄၅. သီရိမင်္ဂလာဈေး အီကြာကွေး ပဲပြုတ်အစာသွပ်
    ၄၆. ရေကျော်မောင်အေး စမူဆာ
    ၄၇. စိတ်တိုင်းကျ ဆိတ်စွပ်
    ၄၈. လပ်ကီးဆဲဗင်း နံရိုးပေါင်းမန်ထို
    ၄၉. ချယ်ရီမန်း ဆိတ်ကင်
    ၅၀. လမ်း၂ဝ ဂဏန်းကော်ကြော်
    ၅၁.စိန့်ဩဂတ်စတင်းကျောင်း ေ့ရှ စစ်တပ်ဝင်း အကြော်ဆိုင်က အာလူးကတ်တလိပ်ကြော်
    ၅၂. တောင်လုံးပြန် ကမ်းနားက ပဲကြော်
    ၅၃. TTC ကျောင်းဆင်းရောင်းတဲ့ ဖက်ထုပ်ကြော်
    ၅၄. မြေနီကုန်း ကြက်တန်း ဒီဇင်ဘာ ကုလားလက်ဖက်ရည်ဆိုင်က ပဲဟင်းအာလူးပူရီ
    ၅၅. Sport Bar ပုစွန်အစိမ်းသုပ်
    ၅၆. မေးလို့မသိရင် ရေကျော်သားမစစ်တဲ့ ဒေါ်မြလေးမုန့်ဟင်းခါး
    ၅၇. တာမွေ ဦးချစ်မောင်လမ်းက ရှီမို ဝက်အူစုံ
    ၅၈. စပါးရှားလမ်း အာလူး ဇကာကွက်ကြော်
    ၅၉. ရွှေမြို့တော်က ဆိတ်ဦးနှောက်
    ၆၀. ကန်တော်ကြီးက ပုံးလေးနဲ့ရောင်းတဲ့ ယိုးဒယားရေခဲချောင်း
    ၆၁. ရွှေလီ မာလာငါး
    ၆၂. ကြက်လျှာစွန်း ဒံပေါက်
    ၆၃. ယူနန်အသားကင်ဆိုင်က ငါးခဲပတ်ကင်
    ၆၄. ဝင်္ကဘာလမ်း မိုးကုတ်ဒေါ်ရှန် နန်းပြားသုပ် ငါးထမင်းနယ်
    ၆၅. Legacy ယိုးဒယားဂဏန်းချက်
    ၆၆. ကန်ရိပ်သာလမ်း ချစ်တီးထမင်းဆိုင်
    ၆၇. ကြည့်မြင်တိုင် ကျောင်းကြီးလမ်းထောင့် ဝက်သားကြော် ရခိုင်မုန့်တီ
    ၆၈. အနော်ရထာနဲ့ပန်းဆိုးတန်းထောင့်ကငါးဖယ်အစာသွပ်
    ၆၉. ၁၀ဝတန် ဆူးလေကျောက်ကျော
    ၇၀. တိုကျိုဒိုးနပ်မျက်နှာချင်းဆိုင်က အသုပ်စုံ
    ၇၁. ပုစွန်တောင် ကာဆင်ဘိုင်ကြက်သားသုပ်
    ၇၂. ရွှေဘဲ ခေါက်ဆွဲကြော်
    ၇၃. western park ဂျုံပြားနဲ့ဘဲကင် ကြာညို့ငရုပ်ချဉ် ကြက်သွန်မိတ်
    ၇၄. မေတ္တာညွန့်ဇာတိဂုဏ်လမ်းက အရမ်းညစ်ပတ်တဲ့ အပျိုကြီး ရခိုင်မုန့်တီငါးဖယ်အစာသွပ်
    ၇၅. စမ်းချောင်းသူဌေးမင်း ပဲပလာတာ
    ၇၆. ၄၉လမ်း အပေါ်လမ်းထိပ်က သကြားပလာတာ
    ၇၇. ၁၃လမ်းထိပ်က သီးစုံUSA
    ၇၈. မိန်းထဲက ဦးငယ်လေး ပဲပြုတ်ထမင်းကြော် ငရံ့ခြောက်ဖုတ် ဆတ်သားခြောက်ဖုတ် FOC ချဉ်စပ်ဟင်းရည်
    ၇၉. ၃၆လမ်း မွန်မွန် မုန့်ဟင်းခါး
    ၈၀. အင်းယားလမ်းထိပ် friendship က ဂုံးသုပ် ဆိတ်ပေါင်းစပ်ပေါင်မုန့်
    ၈၁. ရွှေမြို့တော် ကူဖီးရေခဲချောင်း
    ၈၂. မနက်အစောကြီးရောင်းတဲ့ ရွှေပလောင် လက်ဖက်ရည်ဆိုင်ဘေးက အရမ်းသဘောကောင်းတဲ့ အဘွားကြီးရောင်း ကောက်ညင်းပေါင်း ငချိပ်ပေါင်း ဆီထမင်း
    ၈၃. သိမ်တော်ကြီးဓမ္မာရုံမျက်စောင်းထိုး က မနက် ၃း၃ဝ စရောင်းတဲ့ တရုတ်ကြီးထမင်းကြော်ဆိုင် ဝက်သားဟင်း
    ၈၄. လှည်းတန်းဈေးက ကြက်ကင်
    ၈၅. signature က စက်နဲ့ရောင်းတဲ့ ရေခဲမုန့်
    ၈၆. မြေနီကုန်း မူလလက်ဟောင်း ဦးကျော်ထမင်းပေါင်း
    ၈၇. ဖျာပုံလမ်းအောက်ဘက်ထိပ်က အခေါက်ကင်သုပ်
    ၈၈.frolick ဒိန်ချဉ် ရေခဲမုန့်
    ၈၉. အင်းယားလမ်း Sakura Residence က the best burger in town
    ၉၀. YKKO အာလူးထောင်း
    ၉၁. မြောက်ဥက္ကလာ မယ်လမုဘုရားနားက ရွှေအိမ်စည် အခေါက်ကင် နံကင် ဆေးဘဲဥသုပ်
    ၉၂. တရုတ်တန်း ၁၈လမ်းထိပ်က ဆွေသဟာခေါက်ဆွဲပြုတ်ကြော်
    ၉၃. သိမ်ဖြူလမ်းနဲ့အနော်ရထာလမ်းထောင့်က ဆလပ်ရွက်တွေတောင်လိုပုံထားတဲ့ ဘူးသီးကြော်ဆိုင်
    ၉၄. 77cheese cake
    ၉၅. လမ်း၂ဝ ထိပ် ဝက်သားပေါင်း
    ၉၆. Sharky အမဲသားကင်
    ၉၇.Thai Kitchen တုံယမ်းနို ့စိမ်းဟင်းချို သင်္ဘောသီးကြော်သုပ်
    ၉၈. ၃ရ အောက်လမ်းက မောင်ငွေ ထမင်းပေါင်း
    ၉၉. Oriental House Dim Sum နံရိုးဟင်း နိုင်လွန်ပုစွန် ဘဲဥငံ ဝက်သားပေါင်း
    ၁၀၀. ၁၉လမ်း နို့ဆီခွက်ကြက်ဥပေါင်း
    ၁၀၁. ၃၈ လမ်းထိပ် အနော်ရထာလမ်းမက ဝက်အူစုံကြာဇံ

    ____________________________________
    Reference and Credit to -Luis Sandy
    Posted By Admin Team[NOM]
    (email:newsofburma.myanmar@gmail.com)

    Posted From News of MyanmarSee More

    • kai

      March 10, 2013 at 4:53 am

      အဲဒါ.. ရွာသူားတယောက်ယောက်က.. ပြုစုရေးရင်.. သတင်းစာထဲထည့်ချင်တာပါ..။
      ယူအက်စ်က မြန်မာပြည်ပြန်သူတွေများလှသမို့..( လေယဉ်တွေအမြဲပြည့်နေတာမို့..) အဲဒီသူတွေအတွက်.. အကျိုးရှိတာမို့ပါ..။
      သူတို့ခမြာ.. လွမ်းလွန်းလို့.. စားချင်လှတာပဲရှိတာ.. ဘယ်သွား..ဘာစားရမယ်မှန်း သိပ်သိတာမဟုတ်..။

      စာရင်းသစ်..ပို့စ်အသစ်နဲ့.. ဘယ်သူပြုစုပေးမလည်းဟင်င်..
      စားသောက်ကုန်ကျစရိတ်.. ၅ရာခိုင်နှုန်းကျခံပေးမယ်ဖြစ်ပါကြောင်း.. :kwi:

      • ခိုင်ဇာ

        March 10, 2013 at 9:46 am

        ကဲကဲ။ ဧပလယ် ရန်ကုန်ပြန်မဲ့ ကျွန်းသားများ ဒီ ဆိုင်တရာကျော်ကို သွားစားပြီး အညွှန်းရေးနိုင်ရင် စားသောက်စားရိတ် ၅၀% သူကြီး က ပြန်ပေးမယ်ဆိုပဲ။
        :kwi: ကျနော် ဘာသာပြန်တာ မှန်လားဟင်။

        အဲဒါ သွားစားပြီး ရန်ကုန်စားညွှန်းလေးအတွက် ကြိုးစားရေးကြပါ။

        (((တဂျီးမင်း။ အေပလယ်ဖူး လုပ်တာတော့ မဟုတ်ဘူးမဟုတ်လားဟင်))) :mrgreen:

    • ခိုင်ဇာ

      March 10, 2013 at 9:43 am

      ဟုတ်ပါ့ အာတီဒုံ။
      ကျနော် ဖဘမှာ ဖတ်ပြီး ဒီမှာပေါင်းဖို့ သတိရလိုက်သေးတယ်။
      အခုလို သတိတရ လာပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
      :hee:

      ကျနော်က ရန်ကုန်ကို လုံးဝမသိတာမို့ ခု ညွှန်းတဲ့ဆိုင်တွေမသိတာနဲ့ …… :mrgreen:

  • KZ

    March 19, 2013 at 8:15 pm

    ၁။ အချဉ်ပေါင်း မှာ အ.ထ.က(၈)နားက “မစီမာ”

    ၂။ သင်္ဘောသီးထောင်း မှာ “နန်းနောင့်”

    ၃။ အကြော်နဲ့အချဉ် မှာ ၆၈လမ်းအနီးက “Breeze”

    ၄။ ငါးသချဉ်နှင့်ဝက်သချဉ် မှာ ရေစစ်ကန်အနီးက “ဝင်းစံပယ်”

    ၅။ ငါးသံပုရာနှင့်ကြက်ခြေထောက်ဟင်းရည် မှာ ၂ရလမ်းပေါ်က “ဝင်းဝင်း”

    ၆။ ရှမ်းခေါက်ဆွဲ မှာ ၇၄လမ်းက “ရွှေမူဆယ်”

    ၇။ ဂျုံခေါက်ဆွဲ မှာ ၁၅လမ်းအနီးက “ရွှေနဂါး”

    ၈။ မြေအိုးမြီးရှည် မှာ ၇၆လမ်းက “ညဈေးတန်း”

    ၉။ ပလာတာချဉ်စပ် မှာ ၃၂လမ်းက “Top Choice”

    ၁၀။ မုန့်ပြားသလပ် မှာ ရွှေဖြူပလာဇာအနီးက “မင်းသီဟ”

    ၁၁။ မုန့်လင်မယား မှာ ညောင်ပင်ဈေးအနီးက “မဟာမိတ်”

    ၁၂။ ငါးပေါင်း မှာ ဗဟိုအမျိုးသမီးဆေးရုံအနောက်က “ခိုခိုရို့”

    ၁၃။ မော်ဒန်အီကြာကွေးနဲ့ဒိန်ချဉ် မှာ မိန်းနားက “ရွှေရွက်လှ”

    ၁၄။ မာလာဟင်း မှာ ညောင်ပင်ဈေးအနီး ၁၈လမ်းက “ဆန်းလိုက်” (OR) “စီးချွမ်း”

    ၁၅။ လက်ဖက် မှာ “ရီမွန်”

    ၁၆။ ကီးမားပလာတာ မှာ “တင်ဝင်း”

    ၁၇။ ကြက်ဆီထမင်း မှာ “ကုံးထက်”

    ၁၈။ ဒံပေါက်မှာ ၂၂လမ်း ခြင်္သေ့ကြီးနှစ်ကောင်နားက “ကေမီမွန်” (OR) ဆေးရုံကြီးရှေ့က “အင်ဒိုနီးရှား”

    ၁၉။ ရေခဲမုန့်မှာ “နိုင်လွန်”

    ၂၀။ ဘဲကင်နှင့်ခေါက်ဆွဲကြော် မှာ “ရွှေဘဲ”

    ၂၁။ မြန်မာထမင်းနဲ့ဟင်း မှာ “အေးမေတ္တာ”

    ၂၂။ ထမင်းနှဲ မှာ “ဒေါ်ရှိ”

    ၂၃။ ဝက်ခေါက်ကြော် မှာ “စိုင်းစိုင်း”

    ၂၄။ ဖက်ထုပ် မှာ “စန္ဒာမေ” (For Man)

    ၂၅။ ထိုးမုန့် မှာ “ရွှေနှင်းဆီ”

    ၂၆။ ဇလုံကြီးထမင်း မှာ ဆေးကျောင်းနားက “ကြံတိုင်းအောင်”

    ၂၇။ ရှမ်းထမင်း မှာ ၇၃လမ်းပေါ်က “အေးချမ်းမြေ”

    ၂၈။ ဆိတ်စွတ်ပြုတ် မှာ “လက်ရွေးစင်”

    ၂၉။ ကုလားထမင်းနဲ့ဟင်း မှာ “လပ်ချမီး”

    ၃၀။ မုန့်ဟင်းခါး မှာ နန်းရှေ့က “ရွှေလက်ရာ” (OR) “ဆရာဂျီး”

    ၃၁။ စတော်ဗယ်ရီဒိန်ချဉ် မှာ ၁၄လမ်းနားက “ရွှေအိုး”

    ၃၂။ BE မှာ “ဘိုးငြိမ်း”

    ၃၃။ ငချိတ်ခေါင်ရည် မှာ “တိုင်းရင်းသားရိုးရာ”

    ၃၄။ ရှမ်းဆန်အရက် မှာ “အောင်ဟိန်း”

    ၃၅။ ထန်းရည် မှာ သခင်မတောင်အနီးက “အိမ်ရှေ့မင်းထန်းတော”

    ၃၆။ ဆန်ပြုတ် မှာ ဆေးရုံးကြီးအနီးက “ရွှေမန်း”

    ၃၇။ မုန့်တီ မှာ “ဒေါ်တော”

    ၃၈။ ငဖယ်ကျော်သုပ် မှာ အောင်တော်မူဘုရားနားက

    ၃၉။ ပေါက်စီ မှာ “မန်းမြို့တော်”

    ၄၀။ ကြက်ပေါင်းနှင့်နရိုးပေါင်း မှာ လမ်း၈ဝပေါ်က “ဒေါ်ရွှေ”

    ၄၁။ ကိတ်ခြောက် မှာ “ရွှေကျီး”

    ၄၂။ ပဲကိတ် မှာ “မင်းသီဟ”

    ၄၃။ ကြေးအိုး မှာ ဆီဒိုးနားအနီးက “ရွှေတောင်တန်း”

    ၄၄။ ခေါမုန့် မှာ ရွှေကျီးမြင်ဘုရားအနီးက လက်တွန်းလှည်းနဲ့ဈေးသည်

    ၄၅။ တုတ်ထိုး မှာ အ.ထ.က(၁၆)နားက “ကိုမြင့်လွင်”

    ၄၆။ အသုပ်စုံ မှာ နန်းရှေ့က “ဗထူး”

    ၄၇။ ပရစ်ကြော် မှာ အောင်ဆန်းအဆောင်ရှေ့က လမ်းဘေးဆိုင်

    ၄၈။ မြီးရှည် မှာ ၁၆လမ်းက “အောင်မြင့်ကြည်” (OR) ဗထူးကွင်းနားက “နှာခေါင်းကြီး”

    ဘော်ဘော်တို့၏ နောက်တိုးအဆိုပြုချက်များ 🙂

    ၄၉။ ငချိတ်ပေါင်းနဲ့ပဲပြုတ်မှာ ၂၂လမ်းနှင့်၈၃လမ်းဒေါင့်နားက ခေါင်းရွတ်သည်များ (နံနက်ပိုင်း)

    ၅၀။ ဖက်ထုပ် မှာ ၂၁x၂၂လမ်း ၈၃လမ်းပေါ်က “ဝါလင်း ” (For Girl)

    ၅၁။ ထန်းသီးမုန့်မှာ ၈၁လမ်းတလျှောက် ဘုန်းတော်တိုးကလာရောင်းတဲ့ ခေါင်းရွတ်သည် (ညနေပိုင်း)

    ၅၂။ ရှမ်းတိုဟူးကြော်နဲ ့ တိုဟူးသုပ် မှာ ဘုရားကြီးမြောက်မုဒ်က

    ၅၃။ အကြော်စုံမှာ ဦးပိန်တံတားအနီးက

    ၅၄။ တုန်ယမ်းဟင်းရည် မှာ ကန်တော်ကြီးက “ကုက္ကိကျွန်း”

    ၅၅။ အသားသုပ် မှာ လမ်း၈ဝပေါ်က “ရုံစိန်”

    ၅၆။ ကြိတ်မုန်နှင့်မုန့်စိမ်းပေါင်းတို့မှာ ၈၁လမ်းတလျှောက်ရွှေစာရံကလာရောင်းတဲ့ ခေါင်းရွတ်သည် (ညနေပိုင်း)

    ၅၇။ ဂျယ်လီထိုးမုန့် မှာ “မြင့်မြင့်ခင်”

    ၅၈။ ဝက်စတူး မှာ ၃၅လမ်းက “လွိုင်ဆမ်ဆစ်”

    ၅၉။ မှိုပွင့်ကင်မှာ ၃၁လမ်းက “MR.BarBQ”

    ၆၀။ မလိုင်ဖာလူဒါ မှာ လမ်း၃ဝ တရုတ်ဘုံကျောင်းနဲ့မျက်နှာချင်းဆိုင်က

    ၆၁။ ရှမ်းခေါက်ဆွဲ မှာ ၂၈လမ်း၊ ၇၇x၇၈လမ်းကြားက “ဝမ်ရွှေ”

    ၆၂။ ဆန်အရက် မှာ “သျှမ်းသျှမ်းတောက်”

    ၆၃။ ခေါင်ရည် မှာ “ဒို့ရိုးရာ”

    ၆၄။ ဖက်ဖေ့ထမင်းပေါင်း မှာ “ထိုင်းမယ်အောင်”

    ၆၅။ ရွှေရင်အေး မှာ ၃၅ လမ်းဂေါ်ရာဆီဆိုင်ရှေ့က ကားနဲ့ရောင်းတဲ့ဆိုင်

    ၆၆။ နံကင်သုပ် မှာ ၃၆x၈ဝလမ်းဒေါင့်နားက “တိုင်းကျော်”

    ၆၇။ မုန့်ဦးနှောက်၊ကောက်ညှင်းနှင့်ငှက်ပျော်ထုပ်တို့မှာ၁ရလမ်းဆီဒိုးနားထမင်းဆိုင်အနီးကပတ္တမြားဝင်းထဲမှာ (ညပိုင်း)

    ၆၈။ ကျပါတီ မှာ ၂၇x၈၂လမ်းဒေါင့်နားက “နေ”

    ၆၉။ ကြက်ဥမွေကြော်နှင့်အပေါင်း မှာ ၂၆x၂ရလမ်းကြား၊ ၇၉လမ်း၊ လမ်းအနောက်ဖက်က

    ၇၀။ အာပူလျှာပူ မှာ ၂၅လမ်း နန်းရှေ့က

    ၇၁။ လက်ဖျော်အအေးဆိုင် မှာ ၃၄x၈၃လမ်းဒေါင့်ကဆိုင်

    ၇၂။ နို့ဟင်းမလိုင် မှာ ၂၆x၇၉လမ်းဒေါင့်နားက

    Credit: Nay Lay
    ———————————–

    • KZ

      March 19, 2013 at 8:16 pm

      သူများ ဖဘ မှာတွေ့လိုု့ လာထားတာ။ :mrgreen:

      MDY Food…
      :mrgreen:

  • ဆက်ရေးပေးရအုံးမလား ဗျို့
    မုန့်ပစ်စလက်မှာ 25လမ်းနဲ့84မှာတစ်ဆိုင်
    25လမ်းနဲ့82ဒေါင့်မှာတစ်ဆိုင်

  • Ma Ma

    February 27, 2014 at 7:57 am

    မမချွိ
    ဖေ့စ်ဘုတ်မှာ ရှယ်နေကြပြီနောာာာာာာာာ ……. 🙂

  • မမချွိ

    February 27, 2014 at 9:46 am

    နာမည်တော့ ကြီးနေပြီ။
    ဘယ် အချိန် ထမင်းငတ်မယ် မသိ
    😀

  • TNA

    February 27, 2014 at 12:14 pm

    မန်းလေးဆိုင်တွေကတော့ သိဘူးရယ်။ လိုက်ပို့ရင် ပို့တဲ့နေရာစားလိုက်တာပဲ။ စိတ်ထဲစွဲနေတဲ့ဆိုင်ကတော့ နန်းရှေ့ ရေနီမြောင်းနားက ဝင်းစံပါယ် ရှမ်းထမင်းဆိုင်ကလေးပါ။ အဲဒါတော့ အကြိုက်ဆုံးပဲ။ ကျန်တာတော့ ဒလိုပဲစားလိုက်တာပါပဲ။ အာတီဒုံရေးတဲ့ ရန်ကုန်ကဆိုင်တွေကတော့ တဆိုင်မှ သွားမစားဖူးဘူးတော့။ တချို့ဆိုခုတောင်ရှိလောက်တော့ဘူးရယ်။ မှတ်တော့ထားလိုက်တယ်။ ကြုံရင်စားမို့ :mrgreen:

    • မမချွိ

      February 27, 2014 at 12:25 pm

      ယောက်ခမွ
      အနော်နဲ့ မန်းလေး လိုက်ခဲ့လိုက်။
      နှံ့သွားစေရမယ်။
      အစားအသောက်ပြောတာ။
      ကျန်တာတော့ ကွကိုယ် လည်နော်။
      ဦးပိန်တံတားရောက်ရင်တောင် တံတားပေါ်ကို လမ်းမလျှောက်ဖူးဘူးးး
      အကြော်ဆိုင်မှာ မြဲနေလို့။

      :mrgreen:

Leave a Reply