ဇီဇီMarch 25, 20156min42641
  ဒီ တခေါက် ပြန်တော့ အလုပ်က ဘော့(စ) ကပါ ရန်ကုန်ပရော့ဂျက် အတွက်လိုက်ချင်တယ်တဲ့။ ဟိုတယ် ကို စီစဉ်ပေးနိုင်ပေမဲ့…. သူရယ်၊ ကိုယ့် အစစ်စတန့်ကောင်လေး ရောရယ်က အစားအသောက် နည်းနည်း ချေးများတဲ့ထဲ ပါတာမို့ အတော် ခေါင်းခဲပါတယ်။ :b: မြန်မာ စာလည်း မစားချင်တဲ့သူနဲ့ အစားရွေးတဲ့သူနဲ့၊ ဆိုင် အပြင်အဆင်က အစ ကြည့်တတ်တဲ့ သူတွေမို့ ကိုယ့် တိုင်းပြည်ထဲလည်း မျက်နှာမပျက်ချင်တာ ပါတာပေါ့။ 😕 ပထမရက်မှာ ဟိုတယ် သွားတွေ့ပြီး နေ့လည်စာကို ဘယ်မှာကျွေးရမယ်လို့ ခေါင်းခြောက်ပါပြီ။ အဲဒါနဲ့ စဉ်းစားရ အလွယ်ဆုံး နဲ့ ဟိုတယ်နဲ့ အနီးဆုံး ပန်းဘဲတန်း မြို့နယ် FMI (ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး ဘေး)၊ […]


ဇီဇီFebruary 9, 20151min61741
  မန်းလေး မှာ ဘာစားချင်လည်း အမေးခံရတော့  ကျနော် က ဒေါင်းလန်းကြီးမှာ စားချင်တယ် ပြောမိတယ်။ ဒါပေမဲ့ ကျနော့ သူငယ်ချင်းတွေက ဇကောထမင်းက ပိုကောင်းတယ် ပြောပြီး ဒီကိုပဲ လိုက်ပို့တယ်။ ဆိုင် – ယမုံနာ   လိပ်စာ – နန်းရှေ့ ၂၆ လမ်းကနေ နန်းရှေ့ဘက်ကို သွားတယ်။ ၆၂ လမ်းမှာ ဘယ်ဘက်ချိုးတာ မှတ်မိတယ်။ အဲ။ ရထားသံလမ်း အတိုင်း မောင်းသွားရင် ညာဘက်ခြမ်းမှာ ရေနီမြောင်းကို ခွပြီး ဆိုင်ဖွင့်ထားတာ။ တဲလေးတွေ အများကြီးပဲ။ (ဟိ၊ ဒီ လမ်းညွှန်နည်းကို တဂျားမြင်ရင် ဆူပြီ။) သေချာလိပ်စာက သူ့မေးထားတယ်။ သူလာပြောလိမ့်မယ်။ခိ။ ရရှိနိုင်တဲ့ အစားအသောက် – ကချင်စကောထမင်း၊ဟင်း၊ […]


ဇီဇီMarch 13, 20144min54140
 ပြောထားဖူးပါတယ်နော့။ မန်းလေး စားသောက်ဆိုင် လမ်းညွန်ကို တတိယဗားရှင်းထိ တွေ့ထားပြီးပြီ ဆိုတာ။ :mrgreenn: ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပထမ ဗားရှင်း –  ကေဇီ ကိုယ်တိုင်စား (အဲလေ) ကိုယ်တိုင်ရေးက ဒီမှာ   မန္တလေး စားညွှန် by KZ     http://www.myanmargazette.net/152798   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ဒုတိယဗားရှင်း – ကေဇီမောင်လေးရဲ့ သူငယ်ချင်းရေးတာက ဒီမှာ မန္တလေးမြို့ကအစားအသောက်တွေ by Hein Zaw Nyo     http://www.myanmargazette.net/173313   ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ခု တတိယဗားရှင်းကိုတော့ ဆိုက် တော်တော်များများမှာ တွေ့တယ်။ မူရင်းဘယ်သူရေးတုန်းတော့ သေချာ ဂဂနန မသိဘူးဗျ။ အဖြစ်နိုင်ဆုံး ဆိုက် က ယူလာတယ်။ ဒီက  […]


ဇီဇီApril 22, 20132min65638
                      ကျနော့ မန္တလေး စားညွှန် က ဒီမှာ    https://myanmargazette.net/152798/health-fitness/food-drink ခုရေးမှာက ပုံစံနောက်တစ်မျိုးနဲ့။ ကျနော်ရေးမှာ ဟုတ်ဘူး။ မောင်လေးတစ်ယောက် သူ့ ဖဘမှာ ရေးထားတာကို ရှယ်မှာပါ။ ကျနော့ မောင်လေး အရင်းနဲ့လည်း သူငယ်ချင်း၊ ပြီးတော့ ကျနော် ၅ တန်းလောက်ကတည်းက ၂ မိသားစု အတော်ခင်ကြတာမို့ ကျနော့ မောင်လေး အရင်းဆိုလည်း မမှားပါဘူး။ စာဖတ်အား သိပ်ကောင်းတာမို့ တွေ့ရင် ရေပက်မဝင်အောင် စကားပြောဖြစ်တဲ့ သူငယ်ချင်းလည်း ဖြစ်သေးရဲ့။ အတွေးက လည်း တူတူပဲ။ ဇရာ အကြောင်းတုန်းကလည်း အတွေးတူလွန်းလို့ ၂ […]


ဇီဇီOctober 19, 20121min81592
ဟင်? ခေါင်းစဉ်မမှားပါဘူးဗျာ။ လမ်းကိုညွှန်မှာမဟုတ်ပဲ မန်းလေးမှာရှိတဲ့ စားသောက်ဆိုင်တွေကိုညွှန်မှာပါ။ သိသလောက်လမ်းတွေကိုလည်း ပြောပြသွားမှာဖြစ်ပါတယ်။   ဗျာ!!! ကြော်ငြာခ?? မရပါဘူး။ ကြော်ငြာခရလို့တော့မဟုတ်ပါဘူး။ ကိုယ့်လို တစ်မြို့လုံးလည်ပြီး ဆိုင်တကာပေါက်စားကြည့်မဲ့သူတွေ၊ မန်းလေးကိုရောက်လို့ ဘယ်နားဘာကောင်းသလဲ၊ ဘယ်သွားစားရမလည်း မသိတဲ့သူတွေအတွက် ရည်ရွယ်ပြီးရေးခြင်းဖြစ်ပါတယ်။ မန်းလေးမှာရှိစဉ်အခါကရော၊ တစ်နှစ်တစ်ခေါက်ပြန်ဖြစ်တဲ့ အတွေ့အကြုံပေါ်မှာအခြေခံပြီး ရေးမှာဖြစ်တဲ့အတွက် အချို့သောဆိုင်လေးတွေကိုတော့ သူငယ်ချင်းမိတ်ဆွေများရဲ့ အကူအညီယူရပါတယ်ဗျာ။ ဆိုင်အကုန်လုံးလည်းမရေးပါဘူး။ စားဖူး၊ကြိုက်ဖူးမှပဲညွှန်ပါမယ်။ ဥရောပစာကိုတော့ ကိုယ်တိုင်လည်းမကြိုက်တတ်လို့ မညွှန်တော့ပါဘူးဗျာ။ မှန်ခန်းမထဲမှာထိုင်ရတာထက် လမ်းဘေးမှာငေးရင်း ဆိုင်ထိုင်ရတာကို ပိုနှစ်သက်ပါတယ်။ ကဲ စပါပြီ။ မန်းလေးနာမည်ကြီး နန်းကြီးသုပ် (သို့) မုန့်တီသုပ်ကစညွှန်ပါ့မယ်။ မုန့်ဖတ်အကြီးအသေးပဲ ကွာသွားတာပါ။ မုန့်လုပ်နည်းကတော့ တူတူလောက်ပါပဲ။ မန်းလေးစာစစ်စစ်ဖြစ်သောကြောင့် ကြိုက်ရာလက်ဖက်ရည်ဆိုင်(သို့)တွေ့ရာမုန့်တီဆိုင်ဝင်သွားလိုက်ပါ။ ကောင်းသည်ဟုပြော၍ရသော လက်ရာများသာဖြစ်၏။ အခြားနယ်မှလာသောသူများကို အနည်းငယ်ကြွားလုံးလေးများနဲ့ခေါ်ကျွေးလိုပါက ၃၁ လမ်း၊ ၈၄ […]