Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှတ်မှတ်သားသား စားဖွယ်များ – မန်းလေး

ဇီဇီFebruary 9, 20151min148141

 

မန်းလေး မှာ ဘာစားချင်လည်း အမေးခံရတော့  ကျနော် က ဒေါင်းလန်းကြီးမှာ စားချင်တယ် ပြောမိတယ်။
ဒါပေမဲ့ ကျနော့ သူငယ်ချင်းတွေက ဇကောထမင်းက ပိုကောင်းတယ် ပြောပြီး ဒီကိုပဲ လိုက်ပို့တယ်။

ဆိုင် – ယမုံနာ

 

4
လိပ်စာ – နန်းရှေ့
၂၆ လမ်းကနေ နန်းရှေ့ဘက်ကို သွားတယ်။ ၆၂ လမ်းမှာ ဘယ်ဘက်ချိုးတာ မှတ်မိတယ်။ အဲ။ ရထားသံလမ်း အတိုင်း မောင်းသွားရင် ညာဘက်ခြမ်းမှာ ရေနီမြောင်းကို ခွပြီး ဆိုင်ဖွင့်ထားတာ။
တဲလေးတွေ အများကြီးပဲ။ (ဟိ၊ ဒီ လမ်းညွှန်နည်းကို တဂျားမြင်ရင် ဆူပြီ။)

သေချာလိပ်စာက သူ့မေးထားတယ်။ သူလာပြောလိမ့်မယ်။ခိ။

2
ရရှိနိုင်တဲ့ အစားအသောက် – ကချင်စကောထမင်း၊ဟင်း၊ တိုင်းရင်းသားရိုးရာဟင်း တစ်ချို့

 

မန်းလေးမှာ ကျနော် ဒီ တစ်ခေါက်ရောက်ဖြစ်တဲ့ထဲ အကြိုက်ဆုံး ဆိုင်ပါ။
ကချင် ဇကောထမင်းလို့ ပြောပါတယ်။
ဇကောထဲ ပါတဲ့ ထမင်းဟင်းတွေကို ကြိုက်ရာ ကြိုက်သလောက် ကိုယ့်ပန်းကန်ထဲ ထည့်စားရတာပါ။
ပါတာက မျိုးစုံပါပဲ။
စကောထမင်းတစ်ဝိုင်းမှာ ပါဝင်တဲ့ ဟင်းတွေက တစ်ရက်တစ်ရက် နည်းနည်းစီကွဲပြားသွားတာပါ။

ဆိုင်က သူ့ ပွဲနဲ့သူပြင်ပေးတာမျိုးပါ။
အချဉ်အစပ် နည်းနည်း ကဲ တာမို့ အမျိုးသမီးတွေ ပိုကြိုက်ကြပါတယ်။
ဒါပေမဲ့ ဟင်းတိုင်း ဟင်းတိုင်း အရသာက အထူးကောင်းမွန်တာရယ် …
ဆန်/ထမင်းအနေအထား စိတ်ကြိုက်ကောင်းမွန်တာရယ်…
တခြား အရသာရှိတဲ့ ရိုးရာဟင်းတွေ ရနိုင်တာရယ်…
ရိုးရာ ဆန်တဲ့ ဆိုင်ရဲ့ အပြင်အဆင်ရယ်ကြောင့် သွားသင့်တဲ့ စားသင့်တဲ့ မန်းလေးက နေရာတစ်ခုပါ။

3

ဇကောထမင်းတစ်ဝိုင်းကို ၂၅၀၀ဝ ကျပ် ရှိပါတယ်။
ထပ်မှာတဲ့ ဟင်းတွေက သပ်သပ်ထပ်ပေးရတာပါ။
ကျန်တဲ့ သီးစုံဖျော်ရည်ကြိုက်ရာမှာလို့လည်း ရတာမို့ တစ်နပ်စာလောက်တော့ ကြိုးစားပြီး သွားစားသင့်တယ်လို့ ပြောပါရစေ။

 

IMG_4071
ဇကောထမင်း (ဆန် အရမ်းကောင်းတယ်၊ ကစော့သီးထောင်း အရမ်းကောင်းတယ်။ အဲဒါတော့ မှတ်မှတ်ရရ ကြိုက်တယ်)

 

ဝက်နားရွက်နဲ့ တို့ဟူးသုတ် (ခုတလော မန်းလေးမှာ ခေတ်စားနေလို့)
ဝက်နားရွက်နဲ့ တို့ဟူးသုတ် (ခုတလော မန်းလေးမှာ ခေတ်စားနေလို့)

 

မုံညင်းစော
မုံညင်းစော

 

ကျန်တဲ့ ဆိုင်တွေက တော့ သတင်းစာ ဆောင်းပါးမှရေးမှာမို့ ချန်ခဲ့ပြီ။
ဒါလေးက ညွှန်းချင်လို့ ဓာတ်ပုံနဲ့ တကွ ညွှန်းလိုက်တာ။

:sar:

41 comments

  • Ma Ei

    February 9, 2015 at 3:24 pm

    .အာ့ ပုံမှန်စားဆို ဘယ်နှစ်ယောက်လောက်စားလို့ရလဲဟင်..
    .ဘာဟင်းတွေပါလဲပြောဦးလေ…
    .သရေကျရအောင်…
    🙂

    • ခင်ဇော်

      February 9, 2015 at 3:32 pm

      မွအိ။
      ပုံမှန်ဆို ၅ ယောက်ကနေ ရ ယောက်လောက်ထိစားလို့ရတယ်။

      ကျနော်တို့ ဝိုင်းထဲပါတာတွေက
      – ငါးသလဲထိုးကြော်
      – ကြက်သွန်ဖူးကြော်
      – အာလူးထောင်း
      – မှိုသေးသေးလေးတွေ အစပ်ကြော်
      – ပဲလုံးစိမ်းနဲ့ အသားကြော်
      – ဝက်သားကင်
      – ကြက်သား နှပ်
      – မြင်းခွါရွက်သုပ်
      – ကစော့သီးထောင်း
      – အချဉ်ရည်

      :sar:

      • Ma Ei

        February 9, 2015 at 3:44 pm

        .ဝက်ကလွဲ အကုန်ကြိုက်
        .မန်းလေး၊မေမြို့ သွားဦးမို့
        .အရောက်သွားမှာ
        :chit:

        • ခင်ဇော်

          February 9, 2015 at 3:45 pm

          နောက်တစ်ပတ်မှ မေမြို့ က ၂ ဆိုင် ကို ရေးမယ်နော်။
          ခိခိ။

          :chit:

  • အလင်းဆက်

    February 9, 2015 at 3:27 pm

    စဂေါ ထမင်းဝိုင်းကြီး ကြည့်ပြီး သွားရည်ကျ….
    မန်းလေး သွားဖြစ်ရင် စားမယ်…

    😆

    • ခင်ဇော်

      February 9, 2015 at 3:35 pm

      သွားဖြစ်အောင် သွားးး
      ခု တဂျား က လိပ်စာ လိုက်မေးနေပြီ။

      ဆက်ဆက်လာရင် လိုက်ကျွေးမို့တဲ့။

      :mrgreen:

  • Kaung Kin Pyar

    February 9, 2015 at 3:35 pm

    ဇဂေါထမင်းဝိုင်းတဲ့လား….ဒေါင်းလန်းကြီးကိုတော့ ကြားဖူးတယ်….။ အစားအစာတွေကလဲ ပုံထားတာ အစုံပဲ….။ စားကောင်းမယ့် ပုံတွေချည့်…
    မတရားဘူး…မတရားဘူး….
    ရန်ကုန်မှာကျတော့ ဒါမိုးတွေ ဘာလို့မရှိရတာလဲ…
    :byee:
    😥
    😥

    • ခင်ဇော်

      February 9, 2015 at 3:43 pm

      ကင်းကောင်လေး ဝ လာမှာ စိုးလို့တဲ့.။

      :k:

    • pooch

      February 10, 2015 at 1:46 pm

      တော်ဝင်စင်တာက Moon Bakery ဆိုင် ဘေး ကပ်ရပ်ဆိုင်မှာ( မဟုတ်ရင် တဆိုင်ကျော်လောက်ပဲ ) ရောင်းနေပြီလေ ဝိုင်းတော့ သေးတယ် သူများတွေ စားနေတာ တွေ့ခဲ့တယ် ပြောတောင် ပြောမိသေး ဒီတောင် ရောက်လာပြီလို့
      ဟင်း စုံမစုံတော့ မသိဘူး
      ရန်ကုန်ကို ရက်ပိုင်းပဲ ရောက်တာ ဟိုသွားဒီသွားနဲ့ အကုန်မွှေလာတာ ဟီး

      အဲ့မှာ တနေ့ကမှဖွင့်တဲ့ Hand made candy လေးတွေ သဘောကျလာလို့ စားလို့ကောင်းတယ်

      ဒေါင်းလန်းကြီးက ဈေးသက်သာတယ် ( နည်းနည်း )
      ယမုံနာက ဈေးကြီးတယ် ဒါပေမဲ့ အရသာကလည်း တမျိုးစီပေါ့
      ကြိုက်ရာကောင်းကြတာပါပဲ

      ပထမဆုံးစားမိတာ ခံတွင်းလိုက်ရင် အဲ့ဆိုင်ကောင်းသွားရော

      လောလောဆယ်တော့ အာသီးယောင် နှာစေး နေလို့ နေ့လည်စာတောင် ကန်တင်း မဆင်းဖြစ်ဖူး
      ရေသောက်နေရတယ် :cryy:

      • ခင်ဇော်

        February 10, 2015 at 1:51 pm

        တနားလိုက်တာ။ ဒီမှာဖြင့် ဘာမှ မကောင်းတော့တာ ကို ကြိုးစားစားနေတာ။
        ဟိ

        :k:

  • kai

    February 9, 2015 at 3:53 pm

    အောင်မြလေး..
    သေပြီဆရာမ…

    အပြင်ကပြန်လာပြီး.. ဗိုက်ဆာဆာနဲ့ကွန်ပြူတာရှေ့ထိုင်နေတာ…။ :i:

    • ခင်ဇော်

      February 9, 2015 at 4:36 pm

      ငင်။ ဆောဒီးးး
      ခိခိ။
      သများမှ မသိပဲဟာ။
      နောက်လဲ ဒီ အချိန်ပဲ တင်မယ်နော်။

      :mrgreen:

  • မွသဲ ( 17082011 )

    February 9, 2015 at 4:03 pm

    စားချင်လိုက်တာ။ ဟင်းကသူပေးတာပဲယူရတာလား။ ကိုယ်စားချင်တာရွေးလို့ရလား။ အင်းဒီတခါမန်းလေးသွားလည်ရင်တော့ မဖြစ်မနေသွားရမယ့်ထဲထည့်လိုက်ပီ

    • ခင်ဇော်

      February 9, 2015 at 4:41 pm

      မွသဲ။
      သများတို့ကတော့ အမဲသားမစားတော့ ကျန်တာ ဘာလာလာ မှာလိုက်တာပဲ။
      ဟိ။
      ဆိုင်ရောက်မှ မှာရင် ကြာသတဲ့။
      ရွေးမှာလို့ ရပါတယ်။ (ထင်တာပဲ)

      :k:

  • Mike

    February 9, 2015 at 4:05 pm

    .ဇဂေါထမင်းဝိုင်းတဲ့…မကြားဖူးသေး..မစားဖူးသေး
    .ဟင်းတွေကျိရတာတော့ တော်တော်စားကောင်းမဲ့ပုံ
    .မန့်နေရင်းတောင် စားချင်လာပီဗျာ :sar:

    • ခင်ဇော်

      February 9, 2015 at 4:44 pm

      နောက်ခါ လိုက်ခဲ့။
      သများ နဲ့။ မန်းလေးကို။

      :mrgreenn:

  • ဖားသက်ပြင်း

    February 9, 2015 at 4:24 pm

    လမ်​း​ဘေးမှာ ​ကော်​ဗဂံ သံဇွန်​းတပ်​စားရတဲ့ဘွမို့ မဖတ်​ရဲတဲ့ပိုစ်​့ပါ​ညော်​

    • ခင်ဇော်

      February 9, 2015 at 4:45 pm

      သနားထာနော်။
      နာ့ မောင်ဂလေးး

      😥

  • Ma Ma

    February 9, 2015 at 7:11 pm

    ဆိုင်ပုံပဲ အကြီးကြီးမြင်ရပြီး ဟင်းပွဲပုံတွေကျတော့ သေးသေးလေးတွေ မမြင်ရဘူး။ 😥
    အင်းးးး ကောင်းကင်ပြာလေးကို ဝိတ်တက်မှာစိုးလို့ ဆိုသလို ဖြစ်ပါလိမ့်မယ်လို့ ကိုယ့်ကိုကိုယ်ပဲ ဖြေတွေး တွေးလိုက်ပါတယ်။ :p:

    • ခင်ဇော်

      February 10, 2015 at 6:17 am

      ချစ်မမ
      မြင်ရဘူးးးလားးးး
      ပြင်လိုက်မယ်နော်
      😆

  • weiwei

    February 9, 2015 at 7:58 pm

    ​ဘေးမှာ အရိုးနွှင်​​ပေးတဲ့ စားပွဲထိုး ရှိလားဟင်​ 🙂 🙂 🙂

    • ခင်ဇော်

      February 10, 2015 at 6:15 am

      အရိုးးနွှင်နိုင် တဲ့ လူ က ရန်ကုန်မှာကျန်ခဲ့တယ်…
      ဟဲ့ ပလုတ်တုတ်..!!!
      နောက်ကရောက်လာပြီ..!!!
      :mrgreenn:

  • ကူမားရ်

    February 9, 2015 at 9:36 pm

    ပန်းကန်ပါဆေးပါတယ်ဆို
    အိမ်လည်းဆေးသုတ်တယ်
    ထမင်းဟင်းလည်း ချက်တယ်
    ပြသနာက ပဌာန်းအကျယ် ခုထိမရတာ ဆိုးပါ့

    • ခင်ဇော်

      February 10, 2015 at 6:19 am

      အာ့ဆို ပရိတ်ကြီးးး ၁၁ သုတ် အရင်ကျက်ထားးးး တဲ့..!!
      :k:

      • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

        February 10, 2015 at 7:06 am

        ​ခေါက်​ဆွဲသုတ်​
        ကြာဇံသုတ်​
        မုန်​့တီသုတ်​
        နန်​းကြီးသုတ်​
        သင်​း​ဘောသီးသုတ်​
        တို့ဖူးသုတ်​
        ​ရှောက်​သီးသုတ်​
        ဝက်​​ခေါင်​းသုတ်​
        ကြက်​သားသုတ်​
        စမူဆာသုတ်​
        မျှစ်​ချဉ်​သုတ်​

        အာ့​တေက​တော့ သများရတဲ့ ဆယ်​့တစ်​သုတ်​ပဲ
        ငိငိ

        • ခင်ဇော်

          February 10, 2015 at 8:08 am

          နိ က နာ့ ပါပါ ရဲ့ စားခွက် အဲလေ စားကျက်ကို လုစားမို့ ကြံနေသလား အနှစ်ကျန် ရဲ့။
          နာမည်ကိုက။

          :k:

  • Mr. MarGa

    February 10, 2015 at 9:59 am

    လိပ်စာ – ၂၆-၂၂ ကြား၊ ၅၈လမ်း(သံလမ်း)
    Lat/Long : 21.983334,96.121621
    မြေပြင်ရှာဖွေချက်အရ ပြောရရင်
    ၂၆ အတိုင်း တက်လာပြီး သံလမ်းအတိုင်းသာ လိုက်သွား အဝင်လမ်းက နည်းနည်းတော့ကြမ်းတယ် (စိတ်မပူပါနဲ့ လမ်းပြင်နေပါဘီ :mrgreenn: )

    ဒီဂျီးဒေါ်ရဲ့ တိကျလှတဲ့ navigation ကြောင့်
    ညနေ ရုံးအဆင်းမှာ စက်မှုကနေ နန်းရှေ့အထိပြေးပြီး ရှာလိုက်ရတယ်

    အစားနဲ့မျှားလိုက်တာ
    အစားပဲငမ်းပြီး လမ်းမသိဘဲ ခေါ်ရာလိုက်သွားတဲ့ နာ့ဂျီးဒေါ်
    မန်းမှာ သူ့ကိုပြန်ရောင်းစားလို့ရနေပြီ
    ငိငိ

    • ခင်ဇော်

      February 10, 2015 at 10:43 am

      အာ့တေ ချစ်ရတာ
      :chit:

  • Wow

    February 10, 2015 at 2:52 pm

    ဆားချင်သီ … :mrgreen:

    • ခင်ဇော်

      February 10, 2015 at 3:18 pm

      ကြောင် ဝါး လာဘီ

      :mrgreen:

  • အောင် မိုးသူ

    February 10, 2015 at 4:40 pm

    နှစ်သောင်းခွဲဆို သုံးယောက်လေးယောက်လောက် စားလို့ရမှာပေါ့နော် တစ်ယောက်တည်းဆိုရင်တော့ မစားနိုင်ဘူး နှစ်သောင်းခွဲဆိုတော့ ကြည့်ရတာတော့ ကိုယ့်အကြိုက်တွေချည်းပဲ။

    • ခင်ဇော်

      February 10, 2015 at 4:44 pm

      မကဘူးး၊
      အမတို့လို့ ဝေသာလီ ဘီလူးတွေတောင် ၅ ယောက် အေးဆေးစားလို့ရတယ်။
      အစားနည်းတဲ့သူတွေ ဆို ရ ယောက်လောက် အေးဆေးလောက်တယ်။

      :k:

  • black chaw

    February 10, 2015 at 6:38 pm

    နောက်တစ်ခါ မန္တလေး ရောက်ရင် သွားရ..စားရ မယ့်
    လမ်းညွှန်လေးတစ်ခုအဖြစ် မှတ်သားသွားပါကြောင်း…။
    :k:

    • ခင်ဇော်

      February 10, 2015 at 7:24 pm

      နောက်ခါ မန်းလေးက ဘယ်တော့ သွားမှာလဲငင်??
      :mrgreenn:

  • black chaw

    February 10, 2015 at 7:49 pm

    မန္တလေး က အိမ်ဦးနဲ့ ကြမ်းပြင်ပဲ…။
    မန်းရောက်ရင် ညည်းလို လူချစ်လူခင် မများလို့
    လိုက်ကျွေးမယ့်သူ ဧည့်ခံမယ့်သူ ရှိဝူးရယ်…။
    အဲ့ဒါကြောင့်…လမ်းညွှန်လိုတယ် ပြောတာ…။
    :k:

  • ဦးကြောင်ကြီး

    February 12, 2015 at 12:41 pm

    ဗိဂေါ ဘယ်ဗိကောင်းရဲ..

    • ခင်ဇော်

      February 12, 2015 at 12:43 pm

      ဥကြောင် လာမှ သွားဂျမယ်။

      :chit:

  • မြစပဲရိုး

    February 12, 2015 at 7:21 pm

    သဘောကတော့ ၂ယောက် ၃ယောက် ဆို ဇကောဝိုင်း ကို မှာ လို့ မရတဲ့ သဘောပေါ့။
    ဟင်းတွေ က ဆီ တွေ နင့်နေအောင် မပါဘဲ ချက်ထားတာ နဲ့ တင် အမှတ် ရသွားပြီ။
    စားချင်စရာဘဲ။
    တစ်ခြား သွားရည်ကျဖို့ ဆက်ပါဦး ဇီကလေး။

    • ခင်ဇော်

      February 13, 2015 at 6:25 am

      တခြားးးဟင်းးတွေ ရှိတယ် အရီးးးရေ
      ခေါပုတ် အဖြူနဲ့ အသားးးကြော်တို့
      ကြက်ချဉ်စပ်တို့ လည်းးးးကောင်းးးသတဲ့
      ဆန် အရမ်းးးကောင်းးးတော့ ထမင်းးးသမားးးး သများးးအတွက် ဘာစားးးစားးး ဝင်တာပေါ့
      :k:

  • padonmar

    February 13, 2015 at 9:15 pm

    တီဒုံကို ခေါ်သွားရင် ၁ဝ ယောက်စားလို့ရမယ်။
    (မအိရဲ့ ဆင်းဒဝစ်သာ ကြိုက်လွန်းလို့ များများစားမိတာပါ ချာချာရယ်…..ကြိုရှင်းထားရတယ်)
    …အာလူးထောင်း လုပ်နည်းလေး ပြောကြပါ။ ကြိုက်လို့။

    • ခင်ဇော်

      February 14, 2015 at 1:20 pm

      ဒါလေးက တော့ ကယားလူမျိုးတွေရဲ့အစားအစာပါ အာလူးရဲ့ အစိမ့်အရသာ ကို မအီစေပဲ ခပ်စပ်စပ်လေး ပြန်ထိန်းထားတဲ့တိုင်းရင်းသားအစားအစာ တခုပါရှင်။ ကယားလူမျိုးတွေ ရဲ့ မက်ခါးသီး ဆိုတာကို မြင်ဖူးအောင် ပြထားပါတယ်နော်။ မက်ခါးသီး ဓာတ်ပုံ ပိုင်ရှင်ကတော့ ဒီနည်းလေးကို ပေးတဲ့ မလေးရှားက Sukhita Chaw မချောစုရဲ့ပုံလေးပါ။ အများကြီး စားရင် ဝက်ခြံ ပေါက်တတ် ပါသတဲ့။ မထဲ့လဲ ရပါတယ်။ ကယားလူမျိုးတွေကတော့ အမဲခြောက်ကြော်နဲ့ တွဲဖက်စားကြတယ် ။ အလွန်လွယ်ပြီး အရသာရှိတဲ့ အာလူး ထောင်းလေးကို လုပ်စားဖြစ်အောင် လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေရှင်။
      ပါဝင်ပစ္စည်းများ
      -အာလူး ၆ လုံးခန့်
      – ကြက်သွန်နီ ၁လုံး
      – ကြက်သွန်ဖြူ ၃-၄ မှာ
      – ငရုတ်သီးစိမ်း ရ တောင့်
      – ဂျင်းထောင်းပြီးသား ၁ဇွန်းခန့် (အချိုဇွန်း)
      -ဆား ၁ဇွန်း(အချိုဇွန်း)
      -အသားမှုန့် ၂ဇွန်း (အချိုဇွန်း)
      အာလူးကို ရေဆေးပြီးပြုတ်ပါတယ်။ နူးပြီးဆိုရင် အေးလောက်တဲ့အချိန်မှာ အခွံခွာပြီးထောင်းပါတယ်။ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ၊ ဂျင်း ခပ်ညက်ညက် ရောထောင်းပါတယ်။

      ဒယ်အိုးမှာ ဆီများများနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီ ၊ ငြုတ်သီးစိမ်း ကို ဆီသတ်ပေးပါတယ် .. ကျွတ်လာပြီးရင်ထောင်းထားတဲ့ အာလူးထည့်မွှေ ကာ ဆား နဲ့ ကြက်သားမှုန့်ထည့်ပြီး မွှေကြော်ပေးပါတယ်
      ဆီပြန်ပြန် အိအိလေးဖြစ်ရင် ရပါပြီ .. ဂျင်းနဲ့ မက်ခါသီးက optional ပါ ထည့်လည်း ကောင်းတယ် မထည့်လည်း ရပါတယ် ..
      စပ်စပ်ဆိမ့်ဆိမ့်လေးမို့ အတော်စားကောင်းတဲ့ ကယား အာလူးထောင်းလေးပါရှင်။

      http://htetfamily.com/2014/09/13/%E1%80%80%E1%80%9A%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%9C%E1%80%B0%E1%80%B8%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/

Leave a Reply