1 ကလောမြို့အ၀င်

 

2 အဝေးက စိမ်းမြမြ

3 တောင်တန်းစိမ်းမှောင် တိမ်ပြာရောင်

4 ကောက်ကွေ့ကွေ့ မြို့အ၀င်လမ်းကလေး

5 မြေနီလမ်းကလေးဘယ်ထိပေါက်မယ်မသိဘူး

6 ကောက်ကွေ့သောလမ်းကလေး နှစ်

7 တောင်စိမ့်မိုင်းမိုင်း ကောင်းကင်ပြာပြာ

8 တောင်ပေါ်က တိမ်အရိပ်

9 အုံ့မိုင်းညိုပြာ

10 တောင်ပေါ်က အုပ်မိုးနေတဲ့တိမ်

11 တူသလိုလို ပေမယ့် ကျနော့်အဘို့လက်ဆော့လို့မ၀နိုင်အောင်

12 ကလောဈေးနားက ဘုရားနဲ့တိမ်

 

13 ကလောကိုသွားတဲ့လမ်းအကွေ့

15ကလောအ၀င်လမ်း အကွေ့ 2

“လျပ်တစ်ပြက်ကလော ”

ကလောကိုရောက်သွားတဲ့တစ်ရက် ထွက်စက မိုးတွေကျနေပါတယ်။

အဲတော့ မိုးကာ တွေဝတ်ထားရတာပေါ့။

မိုးရွာတော့ အသွား ဓါတ်ပုံရိုက်ဘို့အဆင်မပြေတော့ဘူးလေ။

လာရင်းတန်းလန်းနဲ့ နေတွေက ပူလာပါတယ်၊

သွားနေရင်းဆိုင်ကယ်က စီးရတာ တမျိုးကြီးဖြစ်နေလို့ ငုံ့ကြည့်တော့ ရှေ့ဘီးကလေလျော့နေပါတယ်။

ဆိုင်ကယ်က အောင်ပန်းက မိတ်ဆွေက ပေးငှားလိုက်တဲ့ ဆိုင်ကယ်ပါ။

အဲတော့ ဘီးဖာတဲ့ဆိုင်ရှာရပါတယ်။

ဟိုမေးဒီမေးနဲ့ ညွန်လိုက်တဲ့နေရာကတော့ အောင်ပန်းဈေး အနောက်ဘက် လမ်းမှာရှိတဲ့

ဘုရားရဲ့               အနောက်ဘက်လမ်းမှာ ဆိုင်ကယ်ဘီးဖာတဲ့ဆိုင်ရှိတယ်ပြောတာနဲ့

ဆိုင်ကယ်ကို တွန်းသွားပါတယ်။

18နှစ်လောက်ရှိတဲ့ကလေးလေးတစ်ယောက်က ဆိုင်ကယ် ကို ၀ါယာရိန်းလုပ်နေပါတယ်။

အသက်50ကျော်လောက်ရှိတဲ့ ယောက်ျားကြီးက အင်ဂျင်နို်က်နေပြီး အသက်ကြီးကြီး

မိန်းမကြီးက ဆိုင်ကယ်ဘီးဖြတ်ပေးပါတယ်။

လေစမ်းတော့ အသစ်လဲရမယ်တဲ့။

အဲဒါနဲ့လမ်းတောင်ဘက်က ဆိုင်လေးမှာ ကျွတ်အသစ်ဝယ်ထည့်ပါတယ်။

ပြီးတော့ဘယ်လောက်ကျလဲမေးတော့ 800တဲ့ ။

မိန်းမကြီးက တော့ အမ်းစရာမရှိလို့ 1000ဘဲယူလိုက်တယ်တဲ့။

နေရာအတော်များများ မှာဆိုင်ကယ် ဘီးဖာဖာ ဖြုတ်ဖြုတ် 500ကျပ်ပါဘဲ။

မတန်မှန်းသိပေမယ့် ကျနော်ပေးလိုက်ပါတယ် သူ့ဆီကိုနောက်ဘယ်တော့မှ

မပြင်သလို ကျနော်မိတ်ဆွေတွေကို လဲ ဒီလို မတရားယူလိုက်တာကို ပြောပြမှာမို့လို့ပါ။

အခုတောင်ပြောပြီးသွား ပြီ။

ရှောင်ကြနော်………………….ဒီဆိုင်လေးကို။

အဲတော့ လျပ်တစ်ပြက်ဘဲ ခဏဆိုခဏလေးရောက်တဲ့ ကလောမြို့ကို နည်းနည်းလေးဘဲလက်ဆော့ခဲရပါတယ်။

ရသလောက်လေးတော့ တင်ပေးလိုက်ပါတယ်နော်။

 

ကိုပေါက်လမ်းသလားနေသည်

အောင်ပန်းအောက်တိုဘာ 2012 17

(20-10-2012)

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။