hi

zaylayJuly 13, 20101min610

“ အချစ်“

သန့်ရှင်းဖြူစင်တဲ့အချစ်ဆိုတာ ပိုးသားလေးလိုပါပဲ။ ဖြူစင်တယ် နူးညံ့တယ်
သာယာပျော်ရွှင်မှုကိုဖြစ်ပေါ်စေတတ်တယ်
ဆည်းလည်း သံစဉ် လေး လို ချိုရှ အေးမြတယ်။ ဖြူစင်တဲ့အချစ်မှာ
ဆိုးကျိုးတွေမရှိဘူး။ တန်ပြန်မှုတွေ လိုအပ်မနေဘူး။ မျှော်လင့်
ချက်ရောင်ခြည်တွေ ဖြာထွက်မနေဘူး။
အဆုံးစွန်ပေးဆပ်နိုင်စွမ်းကိုလည်းစွမ်းတယ်။ ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊
လွမ်းဆွတ်ခြင်းတွေ ရှိမနေသလို ဆုံးရှုံးခြင်းတွေကလည်း ကင်းဝေးတယ်။
ဖြူဖြူစင်စင်နဲ့ ချစ်နေမယ့် အချစ်တွေဟာ ပေးဆပ်ခြင်းသက်သက်နဲ့
ကိုယ်ချစ်ရတဲ့သူ အတွက်ပျော်ရွှင်ခြင်းသာ အဓိကဖြစ်ပြီး တန်ပြန်တုန့်ပြန်မှုကို
မျှော်လင့် မထားတဲ့ အတွက် ပြန်လည်ရရှိခြင်းနဲ့မျှော်မှန်းတာတွေ မဖြစ်ရ
လေခြင်းဆိုတဲ့ ဆိုးကျိုးတွေဖြစ်မလာနိုင်ပါဘူး။

အရောင်တွေပါတဲ့ အချစ်တွေကတော့
မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ၊ပိုင်ဆိုင်လိုမှုတွေပါတဲ့
ပူလောင်တဲ့အချစ်ဆိုပါတော့။ သွေးသားမတော်စပ်တဲ့သူ တစ်ဦးနဲ့တစ်ဦး
ချစ်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အရာတစ်ခုဖြစ်ပေမယ့် ပုထုဇဉ်လူသားတွေ
စွဲလမ်းတမ်းတ ရူးသွပ်နေကြခြင်းရဲ့နောက်ကွယ်မှာ အချစ်ရဲ့စွမ်းအင်တွေ
စီးဝင်နေခြင်းဟာ ထင်ရှားလှတဲ့ အချစ်ရဲ့ပါဝါတွေပဲပေါ့။

လူတစ်ယောက်ကိုချစ်မိဖို့ဆိုတာ အထင်ကြီးမိမှုတွေစီးမျောနေခြင်းကြောင့်ဖြစ်နိုင်သလို
ဆွဲဆောင်မှုတို့ရဲ့ခြေရာတွေကြောင့် လည်းဖြစ်နိုင်ပါတယ်။
သနားခြင်းဆိုတဲ့မြစ်ဖျားစီးဆင်းရာက စတင်နိုင်သလို
နီးစပ်မှုတို့ရဲ့နှောင်ကြိုးတွေကြောင့်လည်း ပါနိုင်တာပေါ့

သူတစ်ယောက်ကို စတင်ချစ်လိုက်မိပြီဆိုတာနဲ့ မိမိကိုယ်ကို စတင်ဆုံးရှုံးလိုက်ရပါပြီ။
ချစ်သူနှုတ်ဖျားက
ထွက်ကျလာတဲ့စကားတိုင်း ဟာ အမိန့်သံတစ်သံလေလား
မြေဝယ်မကျနားထောင်မိရက်သားလည်း ဖြစ်သွားတတ်တယ်။ ချစ်သူငြိုငြင်ရင်
မိုးပြိုမှာစိုးသလိုမျိုး
အကြောက်ကြီးကြောက်လို့ပေါ့။ ကိုယ့်ချစ်သူ ဘယ်လောက်ကြီးပဲဆိုးတယ်လို့
ပတ်ဝန်းကျင်က ပြောကြပါစေ
မနာလိုသွေးထိုးစ ကားတွေလို့ တွေးထင်ရလောက်တဲ့ အထိ ချစ်သူဘက်က
မားမားမတ်မတ်ရပ်တည်နေကြတဲ့ အချစ်သူရဲကောင်းကြီးတွေ ဖြစ်သွား တတ်ကြသေးတယ်။
ကိုယ့်ချစ်သူကို လေတိုးရင်တောင်နာကျင်မှာစိုးလို့ ရင်ထဲမှာ မချိအောင်
နာတတ်တဲ့သူတွေလည်းရှိမယ်ပေါ့။

အချစ်စိတ်တက်လာပြီဆိုရင်တော့ သူငယ်ချင်းကိုမေ့၊ ဘဝကိုမေ့၊
အမျိုးကိုမေ့တတ်ကြတယ်။ ချစ်သူရဲ့ကြင်နာယုယမှုကို
အဟုတ်ကြီး
ထင် စိတ်ကြီးဝင်လို့ သူနဲ့သာဆိုရင်….ဆိုတဲ့
စိတ်ရိုင်းတွေလည်းဝင်တတ်သေးတာပေါ့။ ချစ်သူသည်သာ
ကိုးကွယ်ရာ၊ ချစ်သူ စကားမိုးကြိုးသွားလိုပေါ့။ ပါးစပ်လေးပဲ ဟ လိုက်
အားလုံးဖြစ်ပြီးသားဆိုတဲ့ ပါရမီဖြည့်ဖက်တွေကလည်း ရှိသေးတာကိုး။ အချစ်ကို
တကမ္ဘာထင်၊ အချစ်ကိုပဲကိုးစားလို့ အချစ်သည်သာ အမိ၊အချစ်သည်သာ အဖပေါ့။ အချစ်ရှိရင်
အားလုံးပြီးတဲ့
အချစ်ထောင်ထဲက ချစ်သူတွေလည်းရှိတယ်။ အချစ်ရဲ့လှည့်စားမှုအောက်
ပြားပြားမမှောက်သရွေ့ပေါ့။

“ချစ်သူ“ဆိုတဲ့အရာကိုထပ်ခွဲရရင် ယောကျင်္ားသားတို့ရဲ့အချစ်နဲ့
မိန်းမသားတို့ရဲ့အချစ်ဆိုပြီး ၂မျိုး
ကွဲထွက်လာသေးတယ်။

ယောကျင်္ားသားတို့ရဲ့အချစ်မျိုးကျတော့ နှုးညံ့တယ်၊
ကြင်နာတယ်၊ဂရုစိုက်တတ်ကြတယ်။ ကိုယ့်ချစ်သူရဲ့ ကြင်နာယုယမှုတွေကို
တမ်းတမက်မောသလို ငြင်သာတဲ့နွေးထွေးမှုလေးတွေမှာလည်း သာယာတတ်ကြသေးတာပေါ့။
ချွဲ့နွဲ့တဲ့စကားသံလေးတွေမှာ မိန်း မောတတ်ကြသလို
အားကိုးတဲ့အကြည့်လေးတွေကိုလည်းဂုဏ်ယူတတ်ကြသေးတယ်။

မိန်းမသားတို့ရဲ့အချစ်မျိုးကျတော့ မိခင်စိတ်နဲ့နီးစပ်သူတွေဖြစ်နေလေတော့
ကြင်နာတတ်တယ်၊ သနားတတ်တယ်၊ ချစ်သူကို
အရိပ်တကြည့်ကြည့်နေတတ်သလို၊
လိုအပ်ရာတွေကိုလည်းဆောင်ကြည်းနိုင်သူဖြစ်ချင်ကြသေးတယ်။
အစွမ်းကုန်ပေးဆပ်မှုတွေနဲ့ ပါရမီဖြည့်ဖက်လည်း ဖြစ်ချင်လိုက်သေးတာ။
ချစ်သူရဲ့အပြောချိုချိုအောက်မှာ အရှှုံးကြီးရှူံးလို့
ဘဝင်တွေတောင်မြင့်ချင်မြင့်နေတတ် တာလေ။ “ချစ်လိုက်တာ သဲရယ်“ဆိုတဲ့
စကားတွေအောက်မှာအရည်ပျော်လို့ ရဲရဲကြီးလည်း အလိမ်ညာခံဝင့်သူတွေပေါ့။
ထားသွား
ခဲ့ရင်တောင် ကျန်နေရဲတဲ့အထိ မျက်ကန်းချစ်သူတွေ ဖြစ်တတ်တယ်။ ကိုယ့်ချစ်သူက
ရှုပ်ပါတယ်ဆိုတာ သိရင်တောင် မျက်စိမှိတ် လို့ မသိချင်ယောင်ဆောင်နေတတ်တဲ့အထိ
ချစ်တတ်သူတွေကတော့ အချစ်ရဲ့သားကောင်တွေပေါ့။

ထိုချစ်သူ၂ဦးတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ချစ်ရည်ရွှမ်းတဲ့
ချစ်သူ၂ဦးတို့ရဲ့ အပျော်ရွှင်ဆုံးအချိန်တွေနဲ့
တန်ဖိုးအရှိဆုံး အရာ တွေကို ပိုင်ဆိုင်ရလိုက်သလိုမျိုး အပေးအယူတွေမျှလို့
လိုတိုင်းတ ရနေကြသလို အောင်နိုင်သူတွေ အပြုံးမျိုးကို ရင်မှာ ပိုုက်လို့
ရဲရဲကြီးလည်း မိုက်ရဲကြပါတယ်။ သူကကြင်တော့ ကိုယ်ကကြင်၊ သူကယုတော့
ကိုယ်ကနုလို့၊ သူကပြုံးရင် ကိုယ်မှာ နှလုံးသွေးတွေတောင်ခုန်လို့
အသက်ရှုသံတွေတောင် ရပ်ကုန်တော့မယ့်အလားပေါ့။ ချစ်သူဘေးနားမှာ
ရှိတဲ့ခဏတာအချိန်လေး တိုင်းဟာ တန်ဖိုးဖြစ်လို့မရတဲ့
စည်းစိမ်တွေလိုမျိုးပေါ့။ ချစ်စကားတွေ ဖောင်ဖွဲ့လို့
အချစ်လှေလေးနဲ့စီးမျောရင်း အချစ်ပင်လယ် ကြီးထဲလှော်ခတ်လိုက်ကြတာ
ချစ်မုန်တိုင်းတွေ မမိခင်အချိန်အထိဆိုပါတော့။
………………………… ………………………………….

“အချစ်၏နောက်ကွယ်“

အချစ်ပင်လယ်ထဲမှာ ပျော်မြူးလာလိုက်တာ မုန်တိုင်းတစ်စရဲ့
အရိပ်အယောင်တွေကိုတွေ့တော့မှပဲ နယ်ကျွံလာမှန်းသိလိုက်ရ တော့တဲ့
တခဏမှာတော့ချစ်သူ၂ဦးကို ကွဲစေမယ့် လေနီကြမ်းတွေ စတင်တိုက်ခတ်လာတယ်။
မဝေးချင်ပဲဝေးရတော့မယ့် ချစ်သူ၂ဦး
ရဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကျတော့ ကိုယ့်ချစ်သူအပေါ်ထားတဲ့
စစ်မှန်တဲ့အချစ်စစ်ရယ်၊ အချစ်ရဲ့ ဂုဏ်သိက္ခာ
ကိုတန်ဖိုးထားနိုင်စွမ်းတဲ့အားတွေရယ်၊ ခိုင်မာတဲ့သစ္စာတရားတွေကြောင့်သာ
ချစ်သူ၂ဦးပြန်လည်ဆုံတွေ့နိုင်မှာပါ။

မိသားစုအခြေအနေကြောင့်၊ ကိုယ့်ဘဝရဲ့တိုးတက်မှုကြောင့်နဲ့
အခြေအနေအကြောင်းကြောင်းတို့ကြောင့်
မခွဲချင်ပဲ ခွဲလိုက်ရ တဲ့ချစ်သူတွေ ကမ္ဘာမှာရေတွက်လို့ရမယ်မထင်မိဘူး။
ချစ်သူတွေကိုကွဲကွာစေတဲ့ အကြောင်းတွေကိုဘေးချိတ်လို့ တနယ်စီဝေးနေတဲ့
ချစ်သူတွေ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို မြင်ယောင်ကြည့်လိုက်တော့………

ယေဘုယျအားဖြင့်ကြည့်ရင်တော့ တစ်ဦးနဲ့တစ်ဦး လွမ်းဆွေးတမ်းတလို့
အိပ်မရညတွေလည်း ရှိချင်ရှိမယ်။ ချစ်သူမရှိတော့တဲ့
အနာဂတ်နေ့ရက်တိုင်းဟာ ကန္တာရလိုခြောက်ကပ်လို့ ရေငတ်ချင်လည်းငတ်နေမယ်။ ဖော်မပါ
တကိုယ်တည်းလျှောက်လှမ်းနေရတဲ့ ပစ္စုပ္ပန်ရဲ့
ပြင်းခြောက်ခြောက်နေ့ရက်တွေကြောင့် အဖော်တစ်ယောက်လောက်
ကောက်ချင်လည်းကောက်သွားနိုင်တယ်။ သူမှသူ ဆိုသူတွေလည်း ရှိမယ်။
ငါမသေသရွေ့ငါ့သစ္စာတရား ငါ့အနားမှာပဲနေစေရမယ်ဆိုတဲ့
သစ္စာမောင်မယ်တွေလည်းရှိချင်ရှိမယ်။ အနေ ဝေးလို့ သွေးအေးသွားတာတွေကလည်း
ရှိလာနိုင်သေးတယ်။

ဖြစ်နိုင်ခြေတွေကိုကျော်ဖြတ်လို့ အောင်ပန်းဆွတ်နိုင်သူတွေကတော့
ကိုယ့်သစ္စာတရားကိုတန်ဖိုးထားသူတွေနဲ့
အပျော်မရှာ လိုသူတွေပေါ့။ အချစ်စစ်ကိုတန်ဖိုးထားလို့ ချစ်စကားတွေ
တည်နိုင်သူတွေလေ။ သူတို့တွေကတော့ အချစ်သူရဲကောင်းပီသပါပေ
တယ်။
……………………………………

“အချစ်နှင့်သူ၏ဂုဏ်သိက္ခာ“

ချစ်တတ်ပါတယ်ဆိုတဲ့ ချစ်သူတွေမှာ အချစ်အမျိုးအစားတွေ
အများအပြားစီးဝင်နေပါသေးတယ်။ တစ်ချို့က အပျော်ချစ်၊
တစ်
ချို့က အတည်ချစ်နဲ့ တစ်ချို့က မျက်ကန်းချစ်ဆိုပြီး အဓိက
သုံးမျိုးကိုပဲတွေးကြည့်ချင်မိတယ်။(အချစ်မှာခွဲရင်ခွဲနိုင်သေ လာက် အဖွဲ့
ခွဲတွေရှိပါတယ်)

နံပါတ် ၁…..အပျော်ချစ်။…..။ အပျော်ချစ်တဲ့ ချစ်သူတွေကတော့
ချစ်တတ်ကြတဲ့ သူတွေဆိုပါတော့။
မိမိရဲ့သာယာမှုကြောင့်
ပဲဖြစ်ဖြစ်၊ ပျင်းရိဖွယ်အချိန်တွေမှာ ကုစားဖို့ပဲဖြစ်ဖြစ်၊
တစ်စုံတစ်ယောက်ရဲ့ယုယမှုကိုတပ်မက်မောလို့ပဲဖြစ်ဖြစ် ချစ်သူတစ်ယောက် အနားမှာ
ရောက်နေသူတွေပေါ့။ သူတိုု့တွေဟာ
ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်တွေလို့ပြောလို့ရပါတယ်။လူတစ်ယောက်ကိုချစ်လို့ရဖို့
ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုလို့ပြောရင် မှားမယ်မထင်မိဘူး။
သူငယ်ချင်းတစ်ယောက်အဖြစ်လက်ခံလိုက်ဖို့ လွယ်ကူလှပေ
မယ့် သူငယ်ချင်းထက်ကျော်လွန်တဲ့ ရင်းနှီးမှုအတိုင်းအတာမှာ ရှိကြမယ့်
အပျော်ချစ်သူဖြစ်ဖို့ဆိုတာ
ချစ်နိုင်တဲ့စိတ်နှလုံးရယ် သံယောဇဉ်လေးတွေလည်း ပါဦးမှကိုး။

အပျော်ချစ်တဲ့ချစ်သူတွေမှာ အနာဂတ်တွေမရှိဘူး၊ ပိုင်ဆိုင်လိုမှုတွေမပါဘူး၊
ချည်နှောင်မှုတွေနဲ့လည်း ကင်းဝေးတယ်။
တစ်ယောက်ကိုတစ်ယောက်ပျော်အောင်ထားနိုင်သရွေ့ သူတို့၂ယောက်ဟာ အဆင်ပြေကြတယ်။
ကိုယ်လက်ရှိတွဲနေတဲ့ချစ်သူကို ပျော်အောင်ထားနိုင်တယ်ဆိုရင်
အပျော်ချစ်တို့ရဲ့ဘဝဟာ ငြိမ်းချမ်းတယ်။ နားလည်မှုနဲ့တွဲနေကြတယ် ဆိုပါတော့။
တိုးတက်နေတဲ့ ယနေ့လိုခေတ်ကြီးမှာ အသက်ရှင်နေကြတဲ့ ခေတ်ကာလသားသမီးတွေကတော့
ခေတ်နဲ့အညီ ရင်ဘောင်တန်းလို့ ဆိုရှယ်လ် ကျကျ လည်းနေတတ်ကြသေးတယ်။

ဘုရားသွားကျောင်းတက် မလုပ်နိုင်ကြပေမယ့် ကလပ်သွားအရက်သောက်တော့
လုပ်နိုင်ကြတဲ့ခေတ်မီသူတွေကတော့
ကလပ်ကအပြန် အပျော်ကြံကြသေးတယ်။ ပေးတဲ့သူတဲ့ လက်ခံတဲ့သူ အပေးအယူကြည်ဖြူရင်
ပွဲပြီးနေကြတဲ့အထိ မြန်မာတွေ ဆို ရှယ်လ် ကျနေကြပါပြီ။ မူးလို့ကျူးလွန်တာ
မဟုတ်သလို နောက်တစ်နေ့ပြန်တွေ့ကျလို့လည်း မျက်နှာမပူ အပြုံးမပျက် ပါပဲ။
အခုပြောတဲ့အချစ်တွေဟာ တိုင်းတပါးသားတွေမပါတဲ့ ကိုယ့်လူမျိုးအတွင်းက
အရှုပ်ထုတ်သီးသန့်လေးပါ။

နံပါတ်၂…အတည်ချစ်။…..။ တည်တည်တဲ့တဲ့ ချစ်သူတွေကတော့ တစ်သက်သာအတွက်
ရည်ရွယ်ထားသူတွေနဲ့ အနာဂတ်
ဘဝခရီးကို ရိုးမြေကျ လျှောက်လှမ်းကြမယ့် ဘဝခရီးဖော်အဖြစ် လက်တွဲသွားမယ့်

သူတွေပါ။ သူတို့ရဲ့ အချစ်ဟာ စစ်တယ်။ သံသယတွေ မရှိဘူး၊ အနိုင်ယူလိုမှုတွေ
မရှိဘူး၊ တစ်ယောက်ရဲ့အားနည်းချက်တွေကို တစ်ယောက်က စောင့်ကြည့်နေမှာမဟုတ်
သလို နောက်ထက်လှမ်းမယ့် အရန်ခြေလှမ်းတွေလည်း သူတို့မှာ ရှိမနေကြဘူး။
တစ်ဦးနဲ့တစ်ဦးဖေးမလို့ သေအတူ
ရှင်မကွာ တွေလို့ တင်စားထိုက်သူတွေပေါ့။

ကိုယ့်ချစ်သူသာလျှင်ကိုယ့်ဘဝ ဖြစ်သလို အခွင့်အရေးပေးတိုင်းလည်း
အိတ်ထဲကောက်ထည့်မယ့် သူတွေမဟုတ်ကြပါဘူး။
ကိုယ့်ချစ်သူကို သစ္စာဖောက်ဖို့ဝေးလို့ အထင်လွဲမှာကိုတောင်
သေမတတ်ကြောက်တတ်ကြတဲ့သူတွေပေါ့။
ကိုယ့်ချစ်သူမရှိတုန်း
ဘေးကတစ်ယောက်နဲ့ အပျော်နေဖို့ဆိုတာတော့ ဝေးလို့ပေါ့။ သူတို့ရဲ့
အချစ်ဟာ
မြင့်မြတ်တဲ့အချစ်တွေနဲ့တည်ဆောက်ထားတယ်

နံပါတ်၃…မျက်ကန်းချစ်။….။ မျက်စေ့နှစ်ကွင်း အလင်းမရသူတွေဟာ
စမ်းတဝါးဝါး နေသလို၊ လမ်းလျှောက်ရင်လည်း ဟိုတိုးဒီတိုက်နဲ့
ကြည့်ရတာ မျက်စိပသာဓ ကြည်မြမှုမရှိပါဘူး။ မျက်ကန်းနဲ့တူတဲ့အချစ်တွေကလည်း
ရေရာမှုမရှိသလို စဉ်းစား တွေးခေါ်နိုင်စွမ်းလည်း ပျောက် ဆုံးနေတတ်တဲ့
သူတွေပေါ့။ သူတို့တွေဟာ အချစ်တစ်ခုတည်းကိုပဲ ကိုးကွယ်တတ်ကြလို့
ကျန်တာတွေကို လစ်လျူရှုတတ်ကြတယ်။ ပျိုသည် အိုသည် အလေးမထား
ဈေးကစားတဲ့သူတွေလို အိမ်ထောင်သည်ရယ် မှုမအား သွေးသားသည်သာ အရေးများဆိုသလို
လည်း ကန်းတတ်ကြတယ်။ ချစ်မိလို့ကျန်တာတွေကို ပဓာနမထားနိုင်ကြတော့တဲ့
မျက်ကန်းချစ်သူတွေ ဆိုပါတော့။

ဒီအချစ်ဟာ သီးစုံဟင်းတစ်အိုးလို အသီးစုံရောနေတတ်တယ်။ အိမ်ထောင်သည်တွေ၊
လူလွတ်တွေနဲ့တိုင်းတပါးသား တို့ရဲ့
သုံးပင်လိမ်
အချစ်ကွန်ယက်မျိုးလိုပေါ့။ အဲဒီအချစ်မှာ ချိုတယ် ခါးတယ်ဆိုတာတွေ မရှိဘူး။
ဖြစ်နိုင်၏ မဖြစ်နိုင်၏တွေ မသိ ဘူး ။ ကျန်ခဲ့တဲ့ မိသားစုဆိုတာတွေ
သတိရမနေဘူး။ နောင်ခါလာ နောင်ခါဈေးဆိုသလို လက်ရှိအခြေအနေကိုပဲ
ကြိတ်မှိတ်လို့ တိတ်တိတ်လေး ကျေနပ်ကြတယ်။

ဒါ့ထက် ကန်းပြီဆိုရင်တော့ အိမ်ထောင်သည်တွေကို ယူနိုင်လောက်တဲ့အထိ၊
တိုင်းတပါးသားတွေကို
လက်တွဲဖို့အထိတွေ ဖြစ်လာ တတ်တယ်။ အိမ်ထောင်သည်တွေဘက်ကလည်း
အိမ်သူကိုလည်းမပစ်ရက် လက်ရှိကိုလည်းမခွာရက်နိုင်ပဲ ဆုတ်လည်းစူး စားလည်းရူး

အနေအထားတွေထိ ရောက်တတ်ကြတယ်။ တိုင်းတပါးသားကိုလက်ထပ်ဖြစ်လိုက်တဲ့သူတွေကတော့
အရာအားလုံး ဆုံးရှုံးလိုက်ရသလိုပါပဲ။ အားလုံးဟာ ရေစုံမျောကြတော့တာပါပဲ။
ဆိုးသည်ကောင်းသည် အားလုံးသွားပြီပေါ့။
မည်သူတစ်ဦးတစ်ယောက်ရဲ့ အပစ်လို့ မဆိုထိုက်ပေမယ့် အချစ်ကိုပဲဦးထိတ်မှာ
ပန်ဆင်လိုသူတွေဖြစ်တတ်ကြပါတယ်။
အချစ်တစ်ခုတည်းရဲ့ စေစားမှုကြောင့်ပဲ အခြေအနေတွေ ပေးသွားတဲ့အထိလည်း
ဖြစ်နိုင်တာပေါ့။

……………….

ပုထုဇဉ်လူသားတွေ ဖြစ်နေကြတော့ ဆန့်ကျင်ဘက်တွေကို ချစ်တတ်ကြတာ
သဘာဝတရားတစ်ခုပါပဲ။ ချစ်တတ်ခြင်းဟာ သဘာဝတရားရဲ့လှပမှု
တစ်ခုလို့ဆိုနိုင်ပေမယ့် အချစ်ရဲ့ဂုဏ်သိက္ခာကို မြင့်တင့်ပေးဖို့ကျတော့
ချစ်သူတွေနဲ့သက်ဆိုင်နေပါတယ်။
ချစ်ခြင်းတရားရဲ့ ဂုဏ်သိက္ခာဟာ လူတစ်ဦးတစ်ယောက်ရဲ့
ဂုဏ်သိက္ခာနဲ့လည်းတည်မီနေပါသေးတယ်။ ချစ်ကြတယ်ဆိုတာ
ချစ်သူ နှစ်ဦးရဲ့ ဂုဏ်သိက္ခာကို စတေးလိုက်ရသလိုပါပဲ။ တစ်စုံတစ်ယောက်
ခြေလှမ်းမှားလိုက်တာနဲ့ သစ္စာဖောက်လိုက်ပြီဆိုတာနဲ့ တပြိုင်
နက် သူ့အချစ်ဟာ သိက္ခာမရှိနိုင်တော့သလို သူကိုယ်တိုင်ကလည်း
သိက္ခာမရှိနိုင်တော့ပါဘူး။

သစ္စာဖောက်ခြင်းကို တစ်ကြိမ်ထက်မက ခံရဖူးသူပဲဖြစ်ဖြစ်၊
ကိုယ့်သူငယ်ချင်းအပေါင်းအဖော် နဲ့
နီးစပ်ရာတို့ရဲ့
အတွေ့အကြုံ တွေကြောင့်ပဲဖြစ်ဖြစ် အလားတူအဖြစ်အပျက်တွေကြောင့်
အချစ်ကိုအထင်သေးသွားသူတွေရှိသလို နင်တို့ယောကျင်္ား
တွေ…နင်တို့မိန်းမတွေ …ဆိုသလို စုပုံအထင်သေးခြင်းတို့ပါ
ဖြစ်တတ်ပါသေးတယ်။ ကိုယ်ကျင်လည်နေရတဲ့
ပတ်ဝန်းကျင် ပေါ်မူတည်လို့ အချစ်နဲ့ သူ့ရဲ့ဂုဏ်သိက္ခာအရရော
အချစ်ကိုဖန်တီးကြတဲ့ လူသားတွေအတွက်ရော ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုတ်သလိုတွေ ဖြစ်တတ်ပါတယ်။

နေ့စဉ် ကျင်လည်ဖြတ်သန်းနေကြတဲ့ လူ့လောကကြီးမှာ သစ္စာတရားနဲ့ ဂုဏ်သိက္ခာကို
အလေးထားကြသူတွေ ရှိသလို ပျော်ပျော်နေ
ပျော်ပျော်စားသူတွေလည်း
ဒုနဲ့ဒေးရှိနေပါတယ်။

ယောကျင်္ားလေးတွေက မိန်းကလေးတွေအပေါ်ထားတဲ့ မယုံကြည်မှု၊ မိန်းကလေးတွေက
ယောကျင်္ားလေးတွေအပေါ်ထားတဲ့
သံသယတွေဟာ
လက်ရှိချစ်သူတွေရဲ့ လုပ်ဆောင်မှုအကျိုးရလဒ်တွေ ဖြစ်နိုင်ပါတယ်။
အရာရာလွယ်ကူနေတဲ့ လောကကြီးမှာ အချစ်ဟာလည်း ခက်ခဲတဲ့အရာတစ်ခု
မဟုတ်တော့ပါဘူး။ “လွယ်ပါတယ်ကွာ“လို့ လှောင်ရယ်ပြောဆိုသံတွေနဲ့ “ငါ့မာယာကို
ခံနိုင်ရိုး လား“ဆိုတဲ့ အထင်သေးစကားသံတွေဟာ ချစ်သူတွေမွှေးခဲ့ကြတဲ့မီးတွေလို

သိက္ခာတရားတွေလောင်ကျွမ်းကုန်တာ ဖြစ်သလို တစ်ယောက်ရဲ့ အချစ်နဲ့
သူ့ရဲ့ဂုဏ်သိက္ခာကိုပါ အထင်သေးပြီးသားဖြစ်သွားတတ်လို့ပါ။

အရာရာကို ပေါ့ပေါ့လေးတွေး လို့ ပါးပါးလေး လှုပ်ရှားနေကြတဲ့ လူငယ်လေးတွေရဲ့
စိတ်ထဲမှာအချစ်ကို အထင်ကြီးပြီး ကိုယ်ချစ်နိုင်မယ့်လူကိုလေးစားဖို့ဆိုတာ
အချစ်နဲ့သူ့ရဲ့ဂုဏ်သိက္ခာဟာ အများကြီးဆက်စပ်နေတယ်လို့ တွေးမိပါတယ်။

ဒင်နာတစ်ပွဲလောက်ကျွေးလိုက်ရင် ကိစ္စပြီးပါတယ်ကွာ ဆိုတဲ့
ယောကျင်္ားသားတွေရဲ့အထင်သေးမှုတွေက
လွတ်မြောက်ပြီး
ယောကျင်္ားတွေကို ပိုင်ပါတယ် ဆိုတဲ့ မာယာရှင် အမျိုးသမီးတို့ရဲ့
ကျော့ကွင်းကလွတ်ကင်းလို့ မလေးစားခြင်းတွေနဲ့ဝေးရာမှာ
အချစ်ရဲ့ဂုဏ်သိက္ခာပိုင်ရှင်တွေ ဖြစ်နိုင်ကြပါစေလို့ အားလုံးကိုမေတ္တာစကား
ပါးလိုက်ပါရစေ။

……………………………………………

မှတ်ချက်။ ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်သလို တိုက်ဆိုင်မှုတွေ ရှိတိုင်းလည်း
ခွင့်လွှတ်နိုင်ကြပါစေလို့


Urs;