မင်္ဂလာပါခင်ဗျာ .. ကျနော် တခါမှမတင်ဖူးသေးပါဘူး .. ဒီတခါ ပထမဦးဆုံးဖြစ်ပါတယ် … ဒါကြောင့် .. အမှားတွေပါခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပြီး … လမ်းညွှန်ပေးပါလို့ ..တောင်းဆိုပရစေ

လွန်ခဲ့သော အောက်တိုဘာလ (၂၆) ရက်နေ့ ညနေပိုင်းက .. ကျိုက္ခမီမြို့မှ မောင်းနှင်လာသော ယာဉ်မောင်း – မောင်အောင်မျိုးမင်း အသက် (၃၂)နှစ် ရန်ကုန်မြို့နေသူ

မောင်းနှင်လာသော ယာဉ်အမှတ် – ၉ဃ/၉၂၇၁ မော်တော်ယာဉ်သည် မြို့လယ်တွင်မဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်လို့

သံဖြူဇရပ်မြို့ ၊ အောင်ဆန်းလမ်း နတ်စင်ရှေ့ဘက်လမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ပဲ ယာဉ်ရှောင်တိမ်းရာမှလမ်းလယ်ကျွန်းပေါ်သို့

တက်ရောက်ပြီး လမ်းလယ်ကျွန်းတလျှောက် (၁၂၁) ပေအကွာအဝေးထိ ရောက်ရှိကာ လမ်းလယ်ကျွန်းပေါ်ရှိပန်းခုံ(၄)ခုပျက်စီးသွားပြီး အဆိုပါ

လမ်းလယ်ကျွန်းတွင်ဆေးသုတ်နေသော..မြို့နယ်စည်ပင်သာယာ မှ နေ့စားလုပ်သား မောင်ဆောင်းဦးလှိုင် (၁၅) နှစ်

အောင်ကုသိုလ်ရပ်ကွက်နေသူကလေးငယ်ကိုပါ ၀င်တိုက်မိသဖြင့် … မောင်ဆောင်းဦးလှိုင်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားပါသည်။

ယာဉ်ပေါ်ပါလာသူ တစ်ဦးတစ်ယောက်မှ ဒဏ်ရာရရှိခြင်းမရှိခဲ့ပါ။

မောင်ဆောင်းဦးလှိုင်၏ ဒဏ်ရာမှာ ပြင်းထန်သဖြင့် သံဖြူဇရပ်ဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ တင်ဆောင်သွားရာ အောက်တိုဘာလ (၂ရ) ရက်နေ.

နံနက်(၃း၀၀)အချိန်ခန့်တွင် အဆိုယာဉ်တိုက်ခံရသောဒဏ်ရာဖြင့်ပင်သေဆုံးသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သံဖြူဇရပ်ရဲစခန်းမှ ပုဒ်မ – ၃၀၄-က၊ ပ-၉၆/၂၀၁၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါသည်။

မောင်ဆောင်းဦးလှိုင် ၏ မိသားစုမှာ အတော်ပင် ဆင်းရဲနွမ်းပါးပြီး သံဖြူဇရပ်မြို့ ၊ အောင်ကုသိုလ်ရပ်ကွက်တွင်နေထိုင်ပါသည်။

ယာဉ်ပိုင်ရှင်မှ ကျန်ရစ်သူမိသားစုနှင့်လျှော်ကြေးပေးရန်အတွက်လက်ရှိညှိနှိုင်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲသတင်းများကို

စိတ်ဝင်တစား နားစွင့်လျက်ရှိကြောင်း သိရှိရပါသည်။

About Myat Min

Myat Min has written 2 post in this Website..