ခဏလေးဘဲ ဆုံမိခဲ့တယ်

ငါ့နှလုံးသားကို မြန်နှုန်းမြှင့်ပေးခဲ့တယ်နော်

တစ်ဘ၀လုံးအတွက် ရင်းနှီးတော့မယ့်

မင်းလေးရဲ့ အချစ်နန်းတော်ထဲကို

ဝင်လာဖို့ ငါ့နှလုံးသားတွန်းအားပေးမှုကို

မလွန်ဆန် နိုင်တော့ဘူးကွယ်

ငြို့သွားတဲ့ မျက်ဝန်းတစ်စုံက

ငါ့အတွက်တော့

ညအိပ်ရာဝင် ပုံပြင်လေးဖြစ်တည်နေပြီလေ

မျက်လွှာလေး ပိတ်လိုက်တိုင်း

မင်းလေးရဲ့ အရိပ်ကို ခွာမရအောင်

ဘယ်တန်ခိုးနဲ့များ ဖန်းစားလိုက်တာလဲကွယ်

တစ်ခဏလေးအတွင်းမှာ အချစ်ဆိုတာကို

မွေးဖွားလာအောင် ဖန်တီးပေးခဲ့တဲ့

မင်းလေးကိုတော့ ငါရဲ့အိပ်မက်ထဲမှာ

တိတ်တခိုးနမ်းမိခဲ့တယ် ချစ်သူရယ်…..

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..