အမှတ်တရနေ့ လေး

ဇွန်လ-၉ ရက်နေ့ 

ဒီနေ့ ဟာ ကျနော်နဲ့ သူရဲ့ အမှတ်တရနေ့ လေးပါ…

ဒီနေ့ (၉-၆-၂၀၀၉)နေ့ ညမှာ ရွှေတိဂုံဘုရား စေတီတော်ကြီးတစ်ဆူလုံးကို မီးမောင်းအပါ လျှပ်စစ်မီးပူဇော်ဖို့ 

ကျနော်တို့ နှစ်ယောက်နံမည်နဲ့  လှူထားပါတယ်….

…………………………………………………………………………………………………………

ကျနော်ဟာ ကျနော့်ချစ်သူပြန်အလာကို မျှော်နေတဲ့သူပါ…

မျှော်နေတဲ့သူမလာပဲ ကျနော့်ဆီကို ရောက်လာတဲ့သူတွေကတော့-

ပထမဆုံးရောက်လာတဲ့သူက သူတက်သွားတဲ့ သင်္ဘောကုမ္ပဏီက ကိုယ်စားလှယ်အန်ကယ်ပါ…

သမီးရယ်…အန်ကယ်ပြောရမှာစိတ်မကောင်းပါဘူး…သူတို့ သင်္ဘော Panama Canal မရောက်ခင် Caribbean Sea မှာ ပေါက်ကွဲနစ်မြုပ်သွားတယ်…သူက Engine Room မှာတာဝန်ကျနေတော့ သူအပါအဝင် ငါးယောက် သင်္ဘောနစ်မြုပ်တဲ့အထဲ ပါသွားခဲ့တယ်…သတင်းကြားကြားချင်း သမီးကို လာပြောပြတာ…

သမီး မယုံဘူး အန်ကယ်…

တကယ်ဖြစ်သွားခဲ့တာပါ…သမီး ယုံပါကွယ်…

သမီး မကြားပါရစေနဲ့  အန်ကယ်…သူပြန်လာမယ်လို့  သမီးကို ပြောသွားခဲ့တာ…

အန်ကယ် တကယ်စိတ်မကောင်းပါဘူး သမီးရယ်…

………………………………………………………………………………………………………….

ဒုတိယ ရောက်လာတဲ့သူက သူရဲ့သူငယ်ချင်း တစ်စီးတည်းအတူလိုက်သွားတဲ့ Second Mate ကိုဇော်ကြီးပါ…

အမရာ…သတင်းကြားပြီးရောပေါ့…ကျွန်တော့်ဘဝမှာမမေ့နိုင်တဲ့ဖြစ်ရပ်ပါ…ကျွန်တော်တို့ သင်္ဘော Venezuela မှာ DRI (Direct Reduced Iron) တင်ပြီး မောင်းလာခဲ့ကြတာ…Panama Canal ရောက်ခါနီးတော့ ကားဘီးပေါက်လို့ ထွက်လာတဲ့အသံမျိုးကြားလိုက်ရတယ်…သင်္ဘောမှာက Hatch ငါးပေါက်ပါတာလေ… ကပ္ပတိန်က ဘာဖြစ်တာလဲဆိုပြီး ဆင်းကြည့်တယ်… Hatch No.1 Cover က ကြွတက်သွားတဲ့ အသံလေ…အဲဒီအချိန်မှာ Hatch No.3 က စပြီး ပေါက်ကွဲတော့တာပဲ…အဲဒီ့ ပေါက်ကွဲ လွင့်စင်လာတဲ့ Hatch Cover က ကပ္ပတိန်ပေါ်ကို ပိကျသွားခဲ့တယ်…ကျွန်တော်တို့ တွေအားလုံး လဲ Lifeboat ချပြီး သင်္ဘောကို စွန့် ခွာဖို့  ကြိုးစားခဲ့တယ်… ဖြစ်ချင်တော့ Lifeboat က Auto ချလို့  မရတော့ဘူး …အဲဒီ့အချိန်မှာ Hatch No.5 က ထပေါက်ကွဲတယ်…Hatch No.5 နဲ့ ကပ်ရက်က Engine Room လေ… First E (သူ့ ရဲ့ရာထူးပါ… သင်္ဘောမှာက ရာထူးအလိုက်ခေါ်ပါတယ်…သူက First Engineer ပါ) က Engine Room မှာ တာဝန်ကျနေတာ…ကျနော်လက်ထဲမှာ Walking Talking ကရိယာလေးကိုင်ပြီး Cadet တစ်ယောက်နဲ့ အတူ Satellite တပ်ထားတဲ့ အပေါ်ဆုံးထပ်ကို ပြေးတက်ခဲ့တယ်…ကျွန်တော်တို့ သင်္ဘောအတွက် အကူအညီပေးဖို့  သတင်းလှမ်းပို့ ဖို့ ပါ…ဒါပေမဲ့ Hatch No.4 ပါ ဆက်တိုက်ပေါက်ကွဲ လွင့်စင်မှုတွေ ကြောင့် ဘာ Satellite တိုင်မှ မရှိတော့တာ…R/O က Lifeboat ကို Manual နဲ့ အပေါ် ကနေ ချပေးတယ်…Lifeboat ပေါ်အားလုံးတက်နေတဲ့အချိန်မှာ သင်္ဘောကြီးက စပြီး မြုပ်နေပြီလေ… Lifeboat က ဝဲမိမှာစိုးလို့  သင်္ဘောကခွာတဲ့အချိန်မှာ ကျွန်တော်ရယ်၊ Cadet နဲ့  R/O သုံးယောက် သင်္ဘောပေါ်မှာ ကျန်ခဲ့တာ… ဘယ်လှိုမှ မတတ်နိုင်ဘူး… Life Jacket ဝတ်ပြီး ရေထဲကို ခုန်ချရတော့တာ… နောက် ကျွန်တော်တို့ သုံးယောက် ရေထဲမှာ အတူပြန်တွဲထားကြရတယ်… ကျွန်တော်လက်ထဲမှာ ဆက်သွယ်ရေးကရိယာ ပါလာတဲ့အတွက် အရေးပေါ်ကယ်ဆယ်ဖို့ သတင်းပို့ နေ ခဲ့တယ်…ရာသီဥတုက ကောင်းလို့ ပေါ့ အမရာ… ရေထဲမှာ ၁၀-နာရီကြာ ကယ်မဲ့သူမရှိပဲ မျောနေခဲ့တာ… နောက် ကုန်တင်သင်္ဘော တစ်စီးက Lifeboat ကို မြင်ပြီးကယ်သွားခဲ့တယ်… ကျွန်တော်တို့ သုံးယောက် ကို ကယ်မဲ့သူမမြင်ဖြစ်နေတာလေ… Life Jacket မှာပါတဲ့ Light ကို တစ်ယောက်တစ်လှည့်စီ ထွန်းနေရတယ်… ဘုရားကိုပဲ အာရုံပြုရင်း ကယ်ဖို့ သတင်း ဆက်တိုက်ပို့ နေ ခဲ့တယ်…စဖြစ်တာ နံနက်-၁၀ နာရီလေ…ရေထဲမှာ ၁၀-နာရီကြာမျောနေတော့ ည ၈-နာရီဖြစ်နေပြီ… အဲဒီ့အချိန်မှာ ရုရှားကုန်တင် သင်္ဘောတစ်စီးက ကျွန်တော်တို့ သုံးယောက်အပေါ်ကို ဆလိုက်မီးရောင် လင်းလာပြီး ဆလိုက်မီးအောက်မှာ ကျွန်တော်တို့ ကို မြင်သွားကြတယ်…ကျွန်တော်တို့ ကို အနီးဆုံး Colombia နိုင်ငံမှာ ချထားပေးခဲ့တယ်…အရင်ရောက်နှင့်ပြီး လူတွေနဲ့ ပြန်ဆုံကြတယ်… လူတွေစစ်တော့ Engine Room မှာတာဝန်ကျနေတဲ့သူ ငါးယောက်ပါမလာတော့တာ…

ကျနော်ကြားရတာ ကိုဇော်ကြီးပြောတဲ့ဇာတ်လမ်းလေးက သည်းထိပ်ရင်ဖိုပါပဲ…ကျနော် ကိုဇော်ကြီးကို မေးမယ်…ကျနော့်ချစ်သူ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မြင်ခဲ့လား…

ကျွန်တော်တို့ တွေရဲ့ အဖြစ်အပျက်ဟာ မိနစ်ပိုင်းအတွင်း တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်သွားတာလေ… ကျွန်တော်ဘယ်လိုသိနိုင်မလဲ…

ဒါဆိုရှင်းနေတာပဲ…ကိုဇော်ကြီးရာ…ကျနော့်မျက်စိရှေ့ မှာလဲဖြစ်သွားခဲ့တာ မဟုတ်ဖူးလေ…ကျနော် လုံးဝမယုံဘူး…တစ်ချိန်ချိန်မှာ သူကျနော့်ဆီ ပြန်လာမှာပဲလေ…

ပြန်လာဖို့ ဆိုတာ ဖြစ်နိုင်ခြေအရမ်းနည်းတယ် အမ…အမသိအောင် ကျွန်တော်လာပြောပြတာပါ…

ကျွန်တော် ဒီထက်ပိုပြီးလဲ အမကို ဘယ်လိုပြောရမှန်း မသိတော့တာအမှန်ပဲ…

ကျနော့်ကို ခုလိုလာပြောပြလို့  ကျေးဇူးတင်ပါတယ်…ကျနော် မယုံနိုင်ဘူး…

………………………………………………………………………………………………………..

တတိယရောက်လာတာ သူနဲ့ အတူတစ်စီးတည်းလိုက်သွားတဲ့ Junior Engineer  ကိုဝေလင်းပါ…

အမရာ…ကျနော်တို့ အသက်ကို အကိုက ကယ်လိုက်တာပဲ…အမှန်က ကျနော်တို့ Duty ထွက်ဖို့  အချိန်လိုသေးတယ်…အကိုက Engine Room ထဲဆင်းလာပြီး မင်းတို့ တက်ကြတော့ တဲ့…ကျနော်နဲ့ ကျနော့် သူငယ်ချင်းနှစ်ယောက် Engine Room ကအတက် ပေါက်ကွဲသံကြားပြီး ကျနော်တို့ တက်ခဲ့တဲ့ လှေကားပြုတ်ကျသွားတယ်…Engine Room တစ်ခုလုံးလဲ မှောင်မဲသွားတာ…First E ဆိုပြီး ကျနော် အကြိမ်ကြိမ်ခေါ်ကြည့်ပါသေးတယ်…ဘာသံမှ မကြားရဘူး…နောက် ပေါက်ကွဲလွင့်စင်နေတဲ့ကြားက ကျနော်တို့ လဲ Lifeboat နဲ့  သင်္ဘောကို စွန့် ခွာခဲ့ကြရတာ…

ကိုဝေလင်းရယ်…ကျနော် ဘာမှမကြားပါရစေနဲ့ တော့…သူလဲ ကိုဝေလင်းတို့ လို ထွက်ပြေးလွတ်မြောက်သွားမှာပါ…ခု ဝေးတဲ့တစ်နေရာရောက်နေလို့  ပြန်မလာသေးတာပါ…

ကျနော့်မျက်စိရှေ့ မှာ ဖြစ်ပျက်တာမဟုတ်လို့  မယုံနိုင်ဘူးဗျာ…

……………………………………………………………………………………………………………

ကျနော်မယုံနိုင်လို့  အင်တာနက်ကနေ သင်္ဘောနစ်မြုပ်တဲ့သတင်းကို ရှာမိတယ်…

အင်တာနက်မှာရေးထားတာက-

Carrying a flag from the Marshall Islands sank near Colombia last March because of an explosion. It was carrying an iron cargo that is known to self-combust when it comes into contact with water. Six crewmen disappeared.

ကပ္ပတိန်နဲ့ အင်ဂျင်ခန်းက ၅-ယောက် စုစုပေါင်း ၆-ယောက် ပျောက်ဆုံးနေတယ်လို့ ရေးထားတာ…

ဟုတ်တယ်…ပျောက်သွားတာ…တစ်နေ့ ကျနော့်ဆီ ပြန်လာမှာပါ…

ကျနော်မပြောပြချင်ခဲ့တဲ့အကြောင်းတွေကို သူငယ်ချင်းတို့ ကို ပြောပြတာပါ…

ကျနော့်ကိုလာပြောတာတွေကို သူငယ်ချင်းတို့ ရော ယုံလား…

ကျနော်တော့ မယုံဘူးဗျာ…ကျနော့်ချစ်သူပြန်အလာကို ကျနော်စောင့်နေပါတယ်…

ဒီနေ့ ဆို သူ့ ကို အရမ်းသတိရတယ်ဗျာ…ကျနော်တို့ နှစ်ယောက်ရဲ့ အမှတ်တရနေ့ လေးပါ…

ကျနော်တို့ နှစ်ယောက်အလှူအဖြစ် ရွှေတိဂုံဘုရားမှာ မီးပူဇော်တယ်…

ကျနော်ကတော့ ကျနော်တို့ နှစ်ယောက်ရဲ့အမှတ်တရနေ့ လေးတွေကို တမ်းတရင်းနဲ့  သူပြန်လာတာကို စောင့်နေမှာပါ…

ကျနော့်နှလုံးခုန်တာရပ်သွားချိန်ထိ စောင့်နေမှာပါဗျာ…

———-လွမ်း

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!