အမှတ်တရနေ ့လေး (written by လွမ်း)

etoneJuly 14, 20104min1285

အမှတ်တရနေ ့လေး

ဇွန်လ-၉ ရက်နေ ့

ဒီနေ ့ဟာ ကျနော်နဲ ့သူရဲ့ အမှတ်တရနေ ့လေးပါ…

ဒီနေ ့(၉-၆-၂၀၀၉)နေ ့ညမှာ ရွှေတိဂုံဘုရား စေတီတော်ကြီးတစ်ဆူလုံးကို မီးမောင်းအပါ လျှပ်စစ်မီးပူဇော်ဖို ့

ကျနော်တို ့နှစ်ယောက်နံမည်နဲ ့ လှူထားပါတယ်….

…………………………………………………………………………………………………………

ကျနော်ဟာ ကျနော့်ချစ်သူပြန်အလာကို မျှော်နေတဲ့သူပါ…

မျှော်နေတဲ့သူမလာပဲ ကျနော့်ဆီကို ရောက်လာတဲ့သူတွေကတော့-

ပထမဆုံးရောက်လာတဲ့သူက သူတက်သွားတဲ့ သင်္ဘောကုမ္ပဏီက ကိုယ်စားလှယ်အန်ကယ်ပါ…

သမီးရယ်…အန်ကယ်ပြောရမှာစိတ်မကောင်းပါဘူး…သူတို ့သင်္ဘော Panama Canal မရောက်ခင် Caribbean Sea မှာ ပေါက်ကွဲနစ်မြုပ်သွားတယ်…သူက Engine Room မှာတာဝန်ကျနေတော့ သူအပါအဝင် ငါးယောက် သင်္ဘောနစ်မြုပ်တဲ့အထဲ ပါသွားခဲ့တယ်…သတင်းကြားကြားချင်း သမီးကို လာပြောပြတာ…

သမီး မယုံဘူး အန်ကယ်…

တကယ်ဖြစ်သွားခဲ့တာပါ…သမီး ယုံပါကွယ်…

သမီး မကြားပါရစေနဲ ့ အန်ကယ်…သူပြန်လာမယ်လို ့ သမီးကို ပြောသွားခဲ့တာ…

အန်ကယ် တကယ်စိတ်မကောင်းပါဘူး သမီးရယ်…

………………………………………………………………………………………………………….

ဒုတိယ ရောက်လာတဲ့သူက သူရဲ့သူငယ်ချင်း တစ်စီးတည်းအတူလိုက်သွားတဲ့ Second Mate ကိုဇော်ကြီးပါ…

အမရာ…သတင်းကြားပြီးရောပေါ့…ကျွန်တော့်ဘဝမှာမမေ့နိုင်တဲ့ဖြစ်ရပ်ပါ…ကျွန်တော်တို ့သင်္ဘော Venezuela မှာ DRI (Direct Reduced Iron) တင်ပြီး မောင်းလာခဲ့ကြတာ…Panama Canal ရောက်ခါနီးတော့ ကားဘီးပေါက်လို ့ထွက်လာတဲ့အသံမျိုးကြားလိုက်ရတယ်…သင်္ဘောမှာက Hatch ငါးပေါက်ပါတာလေ… ကပ္ပတိန်က ဘာဖြစ်တာလဲဆိုပြီး ဆင်းကြည့်တယ်… Hatch No.1 Cover က ကြွတက်သွားတဲ့ အသံလေ…အဲဒီအချိန်မှာ Hatch No.3 က စပြီး ပေါက်ကွဲတော့တာပဲ…အဲဒီ့ ပေါက်ကွဲ လွင့်စင်လာတဲ့ Hatch Cover က ကပ္ပတိန်ပေါ်ကို ပိကျသွားခဲ့တယ်…ကျွန်တော်တို ့တွေအားလုံး လဲ Lifeboat ချပြီး သင်္ဘောကို စွန် ့ခွာဖို ့ ကြိုးစားခဲ့တယ်… ဖြစ်ချင်တော့ Lifeboat က Auto ချလို ့ မရတော့ဘူး …အဲဒီ့အချိန်မှာ Hatch No.5 က ထပေါက်ကွဲတယ်…Hatch No.5 နဲ ့ကပ်ရက်က Engine Room လေ… First E (သူ ့ရဲ့ရာထူးပါ… သင်္ဘောမှာက ရာထူးအလိုက်ခေါ်ပါတယ်…သူက First Engineer ပါ) က Engine Room မှာ တာဝန်ကျနေတာ…ကျနော်လက်ထဲမှာ Walking Talking ကရိယာလေးကိုင်ပြီး Cadet တစ်ယောက်နဲ ့အတူ Satellite တပ်ထားတဲ့ အပေါ်ဆုံးထပ်ကို ပြေးတက်ခဲ့တယ်…ကျွန်တော်တို ့သင်္ဘောအတွက် အကူအညီပေးဖို ့ သတင်းလှမ်းပို ့ဖို ့ပါ…ဒါပေမဲ့ Hatch No.4 ပါ ဆက်တိုက်ပေါက်ကွဲ လွင့်စင်မှုတွေ ကြောင့် ဘာ Satellite တိုင်မှ မရှိတော့တာ…R/O က Lifeboat ကို Manual နဲ ့အပေါ် ကနေ ချပေးတယ်…Lifeboat ပေါ်အားလုံးတက်နေတဲ့အချိန်မှာ သင်္ဘောကြီးက စပြီး မြုပ်နေပြီလေ… Lifeboat က ဝဲမိမှာစိုးလို ့ သင်္ဘောကခွာတဲ့အချိန်မှာ ကျွန်တော်ရယ်၊ Cadet နဲ ့ R/O သုံးယောက် သင်္ဘောပေါ်မှာ ကျန်ခဲ့တာ… ဘယ်လိုှမှ မတတ်နိုင်ဘူး… Life Jacket ဝတ်ပြီး ရေထဲကို ခုန်ချရတော့တာ… နောက် ကျွန်တော်တို ့သုံးယောက် ရေထဲမှာ အတူပြန်တွဲထားကြရတယ်… ကျွန်တော်လက်ထဲမှာ ဆက်သွယ်ရေးကရိယာ ပါလာတဲ့အတွက် အရေးပေါ်ကယ်ဆယ်ဖို ့သတင်းပို ့နေ ခဲ့တယ်…ရာသီဥတုက ကောင်းလို ့ပေါ့ အမရာ… ရေထဲမှာ ၁၀-နာရီကြာ ကယ်မဲ့သူမရှိပဲ မျောနေခဲ့တာ… နောက် ကုန်တင်သင်္ဘော တစ်စီးက Lifeboat ကို မြင်ပြီးကယ်သွားခဲ့တယ်… ကျွန်တော်တို ့သုံးယောက် ကို ကယ်မဲ့သူမမြင်ဖြစ်နေတာလေ… Life Jacket မှာပါတဲ့ Light ကို တစ်ယောက်တစ်လှည့်စီ ထွန်းနေရတယ်… ဘုရားကိုပဲ အာရုံပြုရင်း ကယ်ဖို ့သတင်း ဆက်တိုက်ပို ့နေ ခဲ့တယ်…စဖြစ်တာ နံနက်-၁ဝ နာရီလေ…ရေထဲမှာ ၁၀-နာရီကြာမျောနေတော့ ည ၈-နာရီဖြစ်နေပြီ… အဲဒီ့အချိန်မှာ ရုရှားကုန်တင် သင်္ဘောတစ်စီးက ကျွန်တော်တို ့သုံးယောက်အပေါ်ကို ဆလိုက်မီးရောင် လင်းလာပြီး ဆလိုက်မီးအောက်မှာ ကျွန်တော်တို ့ကို မြင်သွားကြတယ်…ကျွန်တော်တို ့ကို အနီးဆုံး Colombia နိုင်ငံမှာ ချထားပေးခဲ့တယ်…အရင်ရောက်နှင့်ပြီး လူတွေနဲ ့ပြန်ဆုံကြတယ်… လူတွေစစ်တော့ Engine Room မှာတာဝန်ကျနေတဲ့သူ ငါးယောက်ပါမလာတော့တာ…

ကျနော်ကြားရတာ ကိုဇော်ကြီးပြောတဲ့ဇာတ်လမ်းလေးက သည်းထိပ်ရင်ဖိုပါပဲ…ကျနော် ကိုဇော်ကြီးကို မေးမယ်…ကျနော့်ချစ်သူ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မြင်ခဲ့လား…

ကျွန်တော်တို ့တွေရဲ့ အဖြစ်အပျက်ဟာ မိနစ်ပိုင်းအတွင်း တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်သွားတာလေ… ကျွန်တော်ဘယ်လိုသိနိုင်မလဲ…

ဒါဆိုရှင်းနေတာပဲ…ကိုဇော်ကြီးရာ…ကျနော့်မျက်စိရှေ ့မှာလဲဖြစ်သွားခဲ့တာ မဟုတ်ဖူးလေ…ကျနော် လုံးဝမယုံဘူး…တစ်ချိန်ချိန်မှာ သူကျနော့်ဆီ ပြန်လာမှာပဲလေ…

ပြန်လာဖို ့ဆိုတာ ဖြစ်နိုင်ခြေအရမ်းနည်းတယ် အမ…အမသိအောင် ကျွန်တော်လာပြောပြတာပါ…

ကျွန်တော် ဒီထက်ပိုပြီးလဲ အမကို ဘယ်လိုပြောရမှန်း မသိတော့တာအမှန်ပဲ…

ကျနော့်ကို ခုလိုလာပြောပြလို ့ ကျေးဇူးတင်ပါတယ်…ကျနော် မယုံနိုင်ဘူး…

………………………………………………………………………………………………………..

တတိယရောက်လာတာ သူနဲ ့အတူတစ်စီးတည်းလိုက်သွားတဲ့ Junior Engineer  ကိုဝေလင်းပါ…

အမရာ…ကျနော်တို ့အသက်ကို အကိုက ကယ်လိုက်တာပဲ…အမှန်က ကျနော်တို ့Duty ထွက်ဖို ့ အချိန်လိုသေးတယ်…အကိုက Engine Room ထဲဆင်းလာပြီး မင်းတို ့တက်ကြတော့ တဲ့…ကျနော်နဲ ့ကျနော့် သူငယ်ချင်းနှစ်ယောက် Engine Room ကအတက် ပေါက်ကွဲသံကြားပြီး ကျနော်တို ့တက်ခဲ့တဲ့ လှေကားပြုတ်ကျသွားတယ်…Engine Room တစ်ခုလုံးလဲ မှောင်မဲသွားတာ…First E ဆိုပြီး ကျနော် အကြိမ်ကြိမ်ခေါ်ကြည့်ပါသေးတယ်…ဘာသံမှ မကြားရဘူး…နောက် ပေါက်ကွဲလွင့်စင်နေတဲ့ကြားက ကျနော်တို ့လဲ Lifeboat နဲ ့ သင်္ဘောကို စွန် ့ခွာခဲ့ကြရတာ…

ကိုဝေလင်းရယ်…ကျနော် ဘာမှမကြားပါရစေနဲ ့တော့…သူလဲ ကိုဝေလင်းတို ့လို ထွက်ပြေးလွတ်မြောက်သွားမှာပါ…ခု ဝေးတဲ့တစ်နေရာရောက်နေလို ့ ပြန်မလာသေးတာပါ…

ကျနော့်မျက်စိရှေ ့မှာ ဖြစ်ပျက်တာမဟုတ်လို ့ မယုံနိုင်ဘူးဗျာ…

……………………………………………………………………………………………………………

ကျနော်မယုံနိုင်လို ့ အင်တာနက်ကနေ သင်္ဘောနစ်မြုပ်တဲ့သတင်းကို ရှာမိတယ်…

အင်တာနက်မှာရေးထားတာက-

Carrying a flag from the Marshall Islands sank near Colombia last March because of an explosion. It was carrying an iron cargo that is known to self-combust when it comes into contact with water. Six crewmen disappeared.

ကပ္ပတိန်နဲ ့အင်ဂျင်ခန်းက ၅-ယောက် စုစုပေါင်း ၆-ယောက် ပျောက်ဆုံးနေတယ်လို ့ရေးထားတာ…

ဟုတ်တယ်…ပျောက်သွားတာ…တစ်နေ ့ကျနော့်ဆီ ပြန်လာမှာပါ…

ကျနော်မပြောပြချင်ခဲ့တဲ့အကြောင်းတွေကို သူငယ်ချင်းတို ့ကို ပြောပြတာပါ…

ကျနော့်ကိုလာပြောတာတွေကို သူငယ်ချင်းတို ့ရော ယုံလား…

ကျနော်တော့ မယုံဘူးဗျာ…ကျနော့်ချစ်သူပြန်အလာကို ကျနော်စောင့်နေပါတယ်…

ဒီနေ ့ဆို သူ ့ကို အရမ်းသတိရတယ်ဗျာ…ကျနော်တို ့နှစ်ယောက်ရဲ့ အမှတ်တရနေ ့လေးပါ…

ကျနော်တို ့နှစ်ယောက်အလှူအဖြစ် ရွှေတိဂုံဘုရားမှာ မီးပူဇော်တယ်…

ကျနော်ကတော့ ကျနော်တို ့နှစ်ယောက်ရဲ့အမှတ်တရနေ ့လေးတွေကို တမ်းတရင်းနဲ ့ သူပြန်လာတာကို စောင့်နေမှာပါ…

ကျနော့်နှလုံးခုန်တာရပ်သွားချိန်ထိ စောင့်နေမှာပါဗျာ…

———-လွမ်း

5 comments

  • kopauk mandalay

    July 14, 2010 at 11:38 am

    သေသွားတဲ့သူရဲ့ကောင်မလေးက မန်းလေးသူလား ကျနော်ကျနော်လို့ပြောလု့ိပါ။
    ဒါမှမဟုတ်………………………………………..

  • A Lin Phyu

    July 14, 2010 at 2:23 pm

    မင်းအတွက်တော့ မယုံနိုင်စရာအဖြစ်ပေါ့။သူလောကမှာမရှိတော့ဘူးဆိုတာသိပေမယ့်မင်းလက်မခံနိုင်ဘူးလေ။ မရှိတော့ဘူးဆိုတာသိလျှက်နဲ့ မင်းမျှော်လင့်နေသေးရင်၊ အသက်ရှင်လျှက်ရှိနေတဲ့ သူတစ်ယောက်ကို ငါ ( ၈ ) နှစ်ကြာအောင်စောင့်မျှော်ခဲ့တာ ငါရူးတာတော့မဖြစ်နိုင်ပါဘူးနော်

  • shattermoon

    July 17, 2010 at 4:23 pm

    အစွဲ အလမ်းဆိုတာ မကြီးသင့်ဘူးလေ။

  • narziparty2009

    July 22, 2010 at 2:08 pm

    ကိုယ်ချင်းစာပါတယ်ဗျာတော်တော်လည်းစိတ်မကောင်းဖြစ်မိပါတယ်။ပြန်လာပါစေလို.ကျွန်တော်ဆုတောင်းပေးပါတယ်
    တကယ်လို.ပြန်မလာနိုင်တော.ဘူးဆိုလည်းအစ်မစိတ်ဓာတ်မကျပါနဲ.။

  • onlinezz

    July 22, 2010 at 3:29 pm

    ဖတ်ပြီးစိတ်မကောင်းလိုက်တာနော်… အစွဲအလမ်းတော့ အရမ်းကြီးမထားပါနဲ ့…

Leave a Reply