ကိုတိုးကြီးရဲ့ နောက်ဆုံးခရီးစဉ်…

ဤဓါတ်ပုံများကို …ဒေါင်းမာန်ဟုန် မှ ပြန်လည်ရယူဖေါ်ပြခြင်းဖြစ်ပါသည်…။

အခုတော့…ကျနော်တို့ ပန်းခရမ်းပြာဟာ…ကျနော်တို့ကိုကျော်ခိုင်းသွားခဲ့ပြီပေါ့နော်…

ကိုတိုးကြီး ဂီတလောကကြီးကို ကျော်ခိုင်းစွန့်ခွါသွားခဲ့ပေမယ်…ကိုတိုးကြီး ရဲ့ အေးမျှလှတဲ့ ဂီတ သံစဉ်တွေကတော့ ဟော် ဒီ ကမ္ဘာလာကြီးထဲမှာ ဆက်လက်ရှင်သန်နေအုံးမှာပါပဲ…

ကျနော်တို့ လူပျိုပေါက်အရွယ်မှာ ကိုတိုးကြီး ဂီတသံတွေနဲ့ရှုးသွပ်ခဲ့ရသူတွေပါ…ကျနော်နဲ့ ရင်းနှီးခဲ့တဲ့ ကိုမျိုးခင်ကတော့ ကိုတိုးကြီးတို့ကို အရင်ဆုံးကျော်ခိုင်းခဲ့သူပေါ့…

ကိုတိုးရဲ့နောက်ဆုံးဖျော်ဖြေပေးခဲ့တဲ့ (၈၈)ကျောင်းသားများဂီတရန်ပုံငွေပွဲမှာ သီဆိုခဲ့တဲ့ ကြိုးကြာသံ ဟာ ကျနော်တို့အားလုံးကို နှတ်ဆက်ခဲ့လေတာလား…

ဝေး..ခဲ့ပြီပန်းခရမ်းပြာ…

ဟိုတုံးက ညနေခင်းများ….ကြည်ပြာကန် နဘေးမှာ..သံစဉ်လှိုင်းခတ်…

တေးဖွဲ့လွန့်ပျံ့နေတတ်စဉ်…ရေပြင်ပေါ်မှာ မှီရာတည်ရာ…စွန့်ခဲ့မျောလို့နေတော့တယ်…

ကြွေသွားတဲ့ နုပျိုခြင်းများ…လှောင်ရယ်သံကြားမှာ မတည်ငြိမ်သေးခဲ့…

ငြီးငွေ့စိတ်ပျက်နေရစဉ်…အပြစ်မဲ့အလွမ်းခြေရာများ…

နာကျင်စေသူရင်မှာထင်ကျန်…တယုတယ ထွေးပိုက်နေခဲ့တယ်…

ဝေး..ခဲ့ပြီပန်းခရမ်းပြာရေ..တခါတစ်ရံမှာ အိမ်မက်လို…

ပင်ညှိညှိရိပ်တွေ..မြမျက်စိမ်းစိမ်းတွေ ဘယ်ဆီမှာလည်းမသိတော့ပါ…

မျှော်လင့်ချက် မနက်ဖန်ရက်များ…အစဉ်မပြေနိုင်သေးခင် ယုံကြည်တမ်းတ…

အသိစိတ် လမ်းလျှောက်ရယ်ဖြစ်စဉ်…စခန်းမဲ့နားခိုရာလည်း…ဘယ်ဆီဘယ်မှာ …ရည်ရွယ်ရာကို အခုထိ လက်မလျှော့နိုင်ဘူးကွယ်…

ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ…တစ်ခါတစ်ရံမှာ အိမ်မက်လို…ပင်ညှိညှိရိပ်တွေ…မြမျက်စိမ်းစိမ်းတွေ..ဘယ်ဆီမှာလဲ မသိတော့ပါ….

ဝေးခဲ့ပြီ….ဝေးခဲ့ပြီ….ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ..

ဝေးခဲ့ပြီ…ဝေးခဲ့ပြီ…ဝေးခဲ့ပြီ  ပန်းခရမ်းပြာရေ…

ဝေးခဲ့ပြီး..ဝေးခဲ့ပြီ…ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ….

ဩော်….ထာဝရ ခွဲခွါခြင်းပေါ့ ပန်းခရမ်းပြာရေ…………………………………….

ကိုတိုးကြီး ကောင်းရာသုဂတိ ဘုံသို့ရောက်ပါစေ…..

ကိုတိုးကြီး မိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်းကျေကွဲရပါသည်…..။။။။။။။။။။။။

 

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..