အခိုးအငွေ့တွေအောက်မှာ မင်းလေးတစ်ယောက်ရောက်နေပြီပေါ့

နစ်မွန်းသွားမယ့် မင်းတို့ရဲ့ဘ၀လေးကို ခဏလောက်တော့စာနာပေးကြည့်ပါ

နားလည်လာမယ့်တစ်နေ့ နောင်တတွေတစ်ပွေ့တစ်ပိုက် မရချင်စမ်းပါနဲ့

ဘာများအရသာရှိလို့လဲ တားမြစ်နေတာမဟုတ်ပါဘူးလေ တောင်းဆိုတာလေးပါ

စိမ်းလန်းပြီးအေးချမ်းတဲ့ ပတ်ဝန်းကျင်ကို မင်းလေး အရောင်တွေဖုန်းလွှမ်းမပြစ်လိုက်ပါနဲ့

အပြစ်မဲ့တဲ့ ကလေးငယ်တွေရဲ့ ရင်မှာ အမှတ်မှားမိမှာစိုးရိမ်လို့ပါကွာ

ကြိုက်လို့ဘဲ ရှိုက်ရှိုက် စိတ်ညစ်လို့ဘဲ ဖွာဖွာ ပျော်လို့ဘဲ ရှုရှု ဘယ်အရာမှ

အတည်မြဲတဲ့ အရာတွေကြားမှာ မင်းလေးတစ်ယောက် ဒုက္ခတွေကို ဈေးကြီးပေးမ၀ယ်ချင်စမ်းပါနဲ့ကွာ

ပိုနေရင်လဲ လိုအပ်နေတဲ့ နေရာလေးတွေကို မင်းလေးဖြည့်ဆည်းပေးနိုင်မယ်ဆိုရင်

အားလုံးအကျိုးရှိမယ့် ဒါနလေးတစ်ခုပါ များများလှူမှ ကြီးမြတ်တာမဟုတ်ပါဘူး

မသိခြင်းသော အလှူတွေက မင်းတို့ငါတို့ရဲ့ရင်ခွင်ကို အစဉ်နွေးထွေးစေမှာ အသေအချာဘဲပေါ့

နောင်တအစဉ်

အလင်းရောင်အောက်

မရောက်သရွှေ့

လျှောက်လေခရီး

ပင်ပန်းသည့်ဒဏ်

ခံနိုင်မည်လား

အသင်လူသား………………

နောင်တအစဉ်

ဆုံးသည့်တစ်နေ့

ငွေနှင်းမြူဆိုင်း

အပြုံးပန်ဝေ

မိုးစက်တို့ခြွေ

ရွှေရင်လောင်မီး

ငြိမ်းတော့မယ်လေ………..

နောင်တအစဉ်

မရှိသရွှေ့

ငြိမ်းချမ်းသောစိတ်

တည်ငြိမ်သောရေ

ပွက်သည့်ပမာ

နားခိုရာသို့

ပို့ဆောင်မှုတွေ

ပေးတော့မှာသည် မှန်ပါစေလေ ချစ်ရပါသော သူငယ်ချင်းတစ်တွေ

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..