အကြည်းတန်
ဒွေးရောယှက်တင်မနေပါနဲ့
ကြိမ်ဖန်များလျှင် အကြည်းတန်ခဲ့။
ကာလကြာရှည် မတွယ်တာနဲ့
ချိန်ကြာခဲ့လျှင် အကြည်းတန်ခဲ့။
လူတိုင်းကူညီ မရယူနဲ့
ယူပါများလျှင် အကြည်းတန်ခဲ့။
မသိတတ်သူ ကျေးဇူးရှိခဲ့
ရှိပါများလျှင် အကြည်းတန်ခဲ့။
အယူအဆမှားလျှင် သတိထားသင့်
ရှေ့တိုးလာလျှင် အကြည်းတန်ခဲ့။
ရခဲလှတဲ့ လူ့ဘ၀ကို
သင့်ကြောင့် အကြည်းမတန်ပါစေနဲ့။
မင်းသုတ
၂၂-၁၁-၂၀၀၉
အကယ်၍ အကျည်းတန်ခဲ့လျှင်လည်း
ဆေးကြောနိုင်အောင် ကြိုးစား ..
ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်သေးတာပဲ ….။
Was this answer helpful?
LikeDislikeကိုအန်စာတုံးကြီးရေ ဆေးကြောနိုင်အောင်ကြိုးစား ဆိုတော့ ဒီလိုလေးများလား
ဆေးကြောနိုင်အောင်ကြိုးစားပြီးရင်တော့ ထမင်းဆိုင်မှာ သွားပြီးပန်ကန်ဆေး
တစ်လကို သုံးသောင်းခွဲးဆိုလားဗျ။
Was this answer helpful?
LikeDislikeကဗျာလေးက မှတ်လောက်ပါပေတယ်ဗျာ
သဘောကျလွန်းလို့ ကူးယူထားလိုက်ပါတယ်
အိမ်မှာ လူအများမြင်သာမယ့် နေရာမှာ ပရင့်ထုတ်ပြီး ချိတ်ထားလိုက်တော့မယ် . . . . .
ရခဲလှတဲ့ လူ့ဘ၀ကို
သင့်ကြောင့် အကြည်းမတန်ပါစေနဲ့ ဒီတစ်ကြောင်းကို အကြိုတ်ဆုံးပဲဗျာ . . . . . .
Was this answer helpful?
LikeDislikeအကျည်းတန် အရုပ်ဆိုး တဲ့အကောင်ကို
ကြည်းတပ် ပို့ပြီး
ငါးအကြေးခွံလှန်သလိုလှန်လိုက်။
ကျေးငှက်တွေကြော်သလိုကြော်စားပြီးရင် ကျော်ခွပြီးမှ အိမ်ပြန်မယ်ဗျာ။
Was this answer helpful?
LikeDislikeစိတ်ကူးလေးက ကောင်းလှချည်လားဗျ။
ဓာတ်ပုံတွေ လျှောက်ရိုက်ရင်နဲ့ အတွေးအခေါ်အသစ်အဆန်းလေးတွေ
ရနေတယ်ထင်ပါ့။ ကင်မရာ တစ်လုံးတောင်ဝယ်ရမယ့် သဘောဖြစ်နေပြီ။
Was this answer helpful?
LikeDislikeMobile ရေ
ကိုပေါက်အကြောင်းစုံအောင်လေ့လာလိုက်ပါအုံး။
Was this answer helpful?
LikeDislike