zaw winMay 26, 20181min4063
မိုးရွာနေရင် လသာတယ်လို့မှတ်ထားလိုက် ပူလောင်နေတဲ့ မင်းရဲ့စိတ်တွေ အေးချမ်းသွားလိမ့်မယ်။ နေပူနေရင် နှင်းကျနေတယ်လို့ မှတ်ထားလိုက် သောကစိတ်တွေ ငြိမ်းအေးသွားလိမ့်မယ်။ အရာရာကိုသည်းခံပြီး ရင်ဆိုင်ကျော်လွှားလိုက် မင်းဟာ အောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းသုတ 25.5.2018 18:15 P.M


zaw winFebruary 16, 20181min3932
ဘဝမှာ မပြည့်စုံခဲ့တာတွေ အဆင်မပြေခဲ့တာတွေ စိတ်ဆင်းရဲခဲ့တာတွေ ဖိအားတွေရဲ့ဒဏ်တွေ အောင်မြင်မှု လွဲချော် ရှုံးနိမ့်ခဲ့တာတွေ မပြေလည်တာတွေ တွေးတွေးပြီး မင်းရဲ့ ဖြစ်ချင်ခဲ့တဲ့စိတ်ချမ်းသာမှုတွေ ငါတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးချင်ပါတယ်။ ငါ့မှာ မပြည့်စုံပေမဲ့ မင်းစိတ်ချမ်းသာမယ်ဆိုရင် ငါတတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းပေးမယ်။ မင်းသုတ 09:15 AM 11.2.2018


zaw winSeptember 18, 20171min2113
မမှန်မကန် လုပ်ကြံစကား မရိုးသားတဲ့ မုသားပုံရိပ်များ ကိုယ်ကျိုးလိုလား နောက်ကွယ်မှ မြှောက်ပင့်စကား လေလာရင် နှင်:ပျောက်သွား ရိုးသားရဲရင့်သူရဲ့သစ္စာစကား မင်းတို့အားလုံးမှတ်လို့ထား နေလိုအမှောင်ခွင်းလို့သွား။ မင်းသုတ 21:50 P.M 16.9.2016


zaw winAugust 17, 20171min2033
ဆောင်ကြာနှင်း အမှောင်တကာခွင်း ဒါပေမဲ့မလင်း ငါ့ရင်မှာမရှင်း အနေကြာလာ လောကအလယ်မှာ မောဟတွေသာ ဆောင်ထားလို့သာ ဒုက္ခဝေဆာ အောင်မြင်မှုမရှည်ကြာ လင်းမလိုလိုနဲ့ နှင်းဖုံးအုပ်ရှာ တဝဲလည်လည်ပါ။ မင်းသုတ 11း00 A.M 17.8.2017


zaw winJuly 3, 20171min2836
စွန့်လွှတ်စွန့်စား မတထောင် တကောင်ဘွား ဇာနည်မျိုးဟေ့ မြန်မာပြည်သား ဒို့မြေမှာ အားလုံးအတွက်အောင်ပွဲဆင်ဖို့ MMA ကမ္ဘာ့ချန်ပီယံဆုကို အရယူသွား မြန်မာတွေ ကမ္ဘာ့ချန်ပီယံဖြစ်ပြီမို့ အောင်လအန်ဆန်းရေ မင်းဟာ ငါတို့ရဲ့ချန်ပီယံ ဂုဏ်ယူဝင့်ကြွား သွေးနဲ့ရင်းပြီး ယှဉ်ပြိုင်လို့ အသက်နဲ့ရင်းပြီး အားပေးကြမယ်။ မင်းသုတ 21း15 P.M 30.6.2017


zaw winMay 7, 20171min2392
ငါတို့ရဲ့အတ္တတွေ ငါမှန်တယ်ထင်ခဲ့တာတွေ ငါတို့ကြောင့် ဘဝတွေပျက်ခဲ့ရတဲ့ပြည်သူတွေ ဘာမှန်းမသိ ဘဝတွေဆုံးရှုံး အနာဂတ်တွေပျက်စီး လူလုံးမလှတဲ့ ကလေးငယ်လေးတွေ ငါတို့တွေညီညွတ်ပြီး ငြိမ်းချမ်းရေးသာတန်ဖိုးထားခဲ့ရင် သူများနိုင်ငံတွေလို ဘဝတွေအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းကြမှာပါ။ မင်းသုတ 15:00 PM 29.4.2017


zaw winAugust 31, 20161min1771
မတည့်ကြတဲ့ ညီအကိုမောင်နှမတွေ ရတက်မအေးနိုင်တဲ့ အမေအို တနေ့နေ့တော့ ချစ်ခင်စည်းလုံးမယ်လို့ ယုံကြည်နေတဲ့ အမေအို၊ ဇရာလည်း ထောက်လာပြီ အသံလည်း ပျော့လာပြီ တခါတခါ စကားမှား အရင်လို မသွက်လက်တော့၊ သားတို့ရယ် အမေ့ကိုချစ်ရင် အမေရဲ့ဆန္ဒ အမေရဲ့ယုံကြည်မှုတွေ လေမှာပျောက်သလို မပျောက်စေချင် သားတို့ရဲ့သားစဉ်မြေးဆက် အနာဂတ်လူငယ်တွေကောင်းစားဖို့အတွက် ကြိုးစားကြစေချင်။ (၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုပါ၏။) မင်းသုတ 17:30 P.M 31.8.2016


zaw winJuly 18, 20161min1883
အချိန်တွေ မဖြုန်းနဲ့ကွယ် အောင်ဆန်းလို တော်စေချင်တယ် ၂ဝ နဲ့ ၃ဝ ကြား အရွယ် ကမ္ဘာကို သူကိုင်လှုပ်တယ် လူငယ်တွေ စံထားလောက်တယ် ကြိုးစားကြပါကွယ်။ မင်းသုတ 19း00 P.M 16.7.2016


zaw winApril 28, 20161min2434
အဟောင်းတွေဆုတ် ခေါင်းတွေပြုတ် အတ္တတွေမောင်းထုတ် စိတ်ဓာတ်ကအမျိုးယုတ် အမှားကိုအမှန်လုပ် ရေခဲတွေဖုံးအုပ် အမှန်ခေတ်ရောက်ပြီ ကံသစ်ထပြီ ငါတို့ရဲ့လက်ညီ အောင်မြင်ရမည်။ မင်းသုတ 16း45 p.m 27.4.2016


zaw winNovember 10, 20151min2213
ကျေပါတယ် မအေးစိန်ရယ် ကျေပါတယ် ကိုသိန်းဖေရယ် အမုန်းတွေ သင်ပုန်းချေပြီး ပျော်ပျော်ရွှင်ရွှင် နေကြမယ် အားလုံးဟာ တို့နိုင်ငံသားတွေမို့ နိုင်ငံကောင်းဖို့ လုပ်ကြကွယ် မင်းသုတ 06း30 A.M 10.11.2015