ကျတော်နှင့် ကျတော့ ဆရာကြီးများ————

တခါက ရွာတရွာမှာ ဘုန်းကြီးပျံ တခုရှိတော့ ဘုန်းကြီး ဈာပနအတွက် ယိမ်းတိုက်တာပေါ့။ လှေလှော်ယိမ်း ဆိုတော့ သီချင်းလေးလည်း ပါတယ် ဆိုပါတော့ဗျာ

” ရီး လှေ ့ လှေ လှော် — ————- နတ်ပြည်သို ့ ကြွသွား ကြွ သွား ——”

အဲ ပွဲထဲမှာ လူတွေက အများကြီးဆိုတော့ လူတွေ ကြားထဲ ရောက်နေတဲ ့ အရူး တစ်ယောက်ကလည်း ပျော်တာပေါ့ ဗျာ။ လူကြားထဲ ဟို လျှောက် ဒီလျှောက် ကွေးနေအောင်ကို ကလို ့

လူကြီး လူကောင်းတွေကိုပါ ဖိတ်ထားတာ ဆိုတော့ ဒီအရူး ကြောင့် ပွဲ က ရှုပ်နေတာပေါ့ ။ ဒါကြောင့် ဈာပန ကော်မတီဝင်တစ်ဦးက

” ဟေ ့ အရူး သွားစမ်းကွာ ။ ပွဲ ထဲလာရှုပ်နေ ။ ဒီမှာ လာရှုပ်နေ ဝေးဝေးသွား ။ ငါ ကန်ထည့် လိုက်ရလို ့ ။ တောက် –”

သိတဲ ့အတိုင်း လူကြီးဆိုတော့လည်း အလကားနေရင်း အော်လား ငေါက်လားနဲ ့ပေါ့ဗျာ ။ အဲ့ဒီမှာ အရူးက တစခန်း ထတော့တာပဲ ။

” အောင်မာ ဘာအရူးတုံး ။ ခဗျားတို ့ သာရူးတာ ။ ”

” ငါလုပ်လိုက်ရ ။ ငါတို ့က ဘာရူးရမှာတုံး ။ မင်းကသာရူးနေတာ ။ ငါ စိတ်ကောင်းဝင်နေတုံး အမြန်သွားနော် ။ ဟင်းး ။ ”

” ဘာလို ့ရူးတာတုံး ဟုတ်စ ။ ခဗျားတို ့ရူးနေလို ့ပဲ ကုန် းပေါ်မှာ လှေလှော်နေတာပေါ့ ဗျ ”

ဒီလိုနဲ ့စကား အချေအတင်တွေက ဖြစ်လာပါလေရော။ ကြာလာရင် ဒီပြ သနာ ကြီးလာတော့မှာ လေ။ အဲ့ဒီတော့ လူအုပ်ထဲက လူ တယောက်က ထွက်လာပြီး အရူးကို

“ဆရာ။ အခု ကျင်းပတဲ ့ဘုန်းကြီးပျံ ကလည်း ဆရာ ့ရဲ ့ဆရာပဲ မဟုတ်လား ဆရာ။ ဒီတော့ ဆရာရယ် ——– ဆရာ ့ရဲ ့ဆရာကို ပူဇော်ရာရောက်အောင် ဆရာက ဘေးလေးနည်းနည်းတိုးပြီးတော့ အဝေးကနေ သာ သွားနေလိုက်ရင် ဆရာ ့ဆရာလည်း ဆရာ ့ကို နတ်ပြည် ခေါ်သွားမှာပေါ့ ဆရာရယ်၊”

လို ့ ပြောလိုက်တယ်။ အဲ အရူုး တော့ ဘယ်နေမလဲ ဗျာ သဘောတွေ ကို ခွေ ့လို ့

‘ အစကတည်းက ပြေပြေလည်လည်ပြောပေါ့ ။ ဟွင်း။ ဒီခုရှိတဲ ့လူတွေ အားလုံးမှာ ခဗျား အတော်ဆုံး”

လို ့ပြောပီး ထွက်သွားပါလေရော—————။

ဂေဇက်မှာတော့ ကျတော့ဆရာတွေ အများသားဗျ-ဟဲဟဲ————– ဆရာခိုင် တို ့ ဆရာမ နန်းတော်ရာသူ တို ့ ဆရာတီရိတုဒမတို ့——– ——–အနော ့ဆရာတွေ ပါ——— အနော်က ရွာထဲ သိပ် မရောက်ဖြစ်တော့ အမြင်မတော်တာရှိရင် သင်ပြပေးကြပါလို ့—-ဟီးဟီး——
( နောက်တာ————)

One comment

  • Mobile

    December 11, 2012 at 8:21 pm

    ဆရာ မိုးကျရွေကိုယ် ရဲ့ရေးသားထားမှုလေးကလဲ
    ဆရာ တစ်ယောက်ရဲ့ ရေးဟန်တွေ အပြည့်ပါပါတယ်လို့
    မန်းစရာမရှိ မန်းစရာရှာ လက်ကမြင်းထားခဲ့ပါကြောင်း . . . . . . .

Leave a Reply