***ဒီမိုးကရေစီးတာ အငြိုးအတေးပါတယ်***

 

မိစ ၦာဒိ႒ိ မ်ားလက္မွာ
ဒီမိုးက ရေစီးမသွက်ဘူး ၊
ရတနာသုံးပါး ကို ဦးထိပ်ရွက်တယ်
မဟာဗျူဟာအရ  သာသနာ ကိုအငြှိုးအတေး များတယ်
ကိုယ်တော်တို့  အရေပြားပေါ်မှ သမိုင်းစာမျက်နှာများ
အိုဘားမား ရဲ့ ခရီးစဉ်အပြီး
တောင်းပန်တိုင်း ကိစ္စပြီးပေး လိုက်ရတာက  ခဏ ပြီး ခဏ …၊

အချက်အချာကျကျ ပထ၀ီနိုင်ငံရေး
ညှိနှိုင်းဈေး ခရိုနီ မျိုးစိတ်များ  စိတ်သွားတိုင်း ကိုယ်ပါ လို့ 
လိုရာဆန္ဒ တစ်လုံးတစ်ဝပြည့်ကြ
ဒီနေ့  လည်း မနေ့ က လိုလို ၊ ဘာလိုလို …
တယ်ကယ်ပါပဲ  …………….
ဘာလိုနေမှန်း မသိတဲ့    ဟင်းတစ်ခွက်လို
အမျိုးသားရင်ကြားစေ့ရေး  ….
အရေး / အရေး  / အရေး  …..    /
ပန်းတွေ ပွင့်ဖို့ ထက်ပို အရေးကြီးတာ ဘာရှိသေးလဲ  ……….၊

လက်ပံတောင်းတောင် သပိတ်မှောက်
မီးတောက် မီးလျှံ ၊
သံဃံသရဏံ  ဂစ ၦာမိ
ဟော / ….. ထိပြီ
ရွှေဝါရောင် ၊ ကြေးနီတောင်
မိစ္ဆာကောင်  တွေရဲ့   အပြုသဘောဆောင်မှု သီဝရီ
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား
ယဉ်ပါးနေတဲ့  လက်ဆ လက်နများ
မျက်ရည်ယိုဗုံး   ကတစ်ဆင့် မီးလောင်ခြင်း
ကျွန်တော်တို့   ……
ထိုအထိ ရှင်းခဲ့ ပါ၏ ၊
ထိုအထိ လင်းခဲ့ ပါ၏ ၊
ထိုအထိ ပျင်းခဲ့ပါ၏ ။

သပိတ်သံ တွေ နေရာအနှံ့ ကပျံ့ လွင့်
ကွက်လပ်များ စွာ ရဲ့ လိုအပ်မှု
အလှည့်အပတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲခြင်း
ဒီမိုးက ရေစီးပြီလားးးး
အကုသိုလ် သွေးအေးအေးမှာ
အနာဂတ်ကို ချကျွေး
လုံးချာလိုက် မျှော်လင့်ခြင်းပုပ်သိုးဆ တိုးပွါး
အနာတရနဲ့  သာသနာ့မြေ
ထေရ်ရအမွေ ရွှေဝါရောင်များ
ကြေးနီတောင် မှာ သွေးနီရောင်လွှမ်း
ဒီမိုးက ရေစီးခပ်ကြမ်းကြမ်း ရယ် ….။

ဥပဒေရဲ့ အထက်မှာ  …
ဒေ၀ဒက် လမ်းစဉ်  အသင်ဘယ်လမ်းသွားသွား
ဒီမိုးက ရေစီးတာ  မခမ်းမနားနဲ့ 
တစ်လမ်းသွား  ဂငယ်ကွေ့ သံသရာ
ရတနာသုံးပါးစလုံး  ချကျွေး  အားမရသေးတဲ့  ဒိဌိမိစ္ဆာဝါဒီများ
တစ်သွေးတစ်မွေး  ဖောင်းကားစွာ
ရောင်းစားခံ  ရွှေပြည်တော်ကြီးမှာလေ
သံယံဇာတ ဗလာ  ရင်ဘတ်ကြီးဖွင့်
ခရိုနီ  ကြီးကြီးသေးသေး တို့ လက်အောက်
အမျိုးသား ရင်ကြားစေ့ အက်ကွဲရာကြီးနဲ့  ….
ဒီမိုး က ရေစီးကမ်းပြို လိုက်လာခဲ့ပေါ့ ။။

လရောင်ရွှေ

၁၃.၁၂.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..