အဲဒီတုန်းက ကြည့်မြင်တိုင်ဘူတာမှ စီးခဲ့သောမြို့ပတ်ရထားပေါ်ဝယ်။

 

( http://myanmargazette.net/159609/creative-writing ) လင့်နဲ့ အဲဒီတုန်းက ကြုံဆုံခဲ့ရာ ကြည့်မြင်တိုင် ဘူတာ။ ခေါင်းစဉ်ဖြင့် ပိုစ့်လေး ခင်ခ ရေးတင်ခဲ့ပါတယ်။ အဲဒီပိုစ့်လေးရဲ့ အဆက်အဖြစ်ရေးဖြစ်လိုက်တာပါ။

 

ရန်ကုန်မြို့ထဲသွားဖို့  ကြည်မြင်တိုင်ဘူတာကနေ ခင်ခ တက်စီးလာတဲ့ မြို့ပတ်ရထားကြီး စတင်ထွက်ပြီး သိပ်မကြာ ခင်မှာဘဲ –

“ ခရီးသွား လူကြီးမင်းများ ခင်ဗျာ ကျွန်တော်အသံကြောင့် စိတ်အနှောင့်ယှက်လေးများ ဖြစ်ခဲ့မယ်ဆိုရင်တော့ အရင်ဦးဆုံးခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရစေ၊ ကျွန်တော်ကို စကားလေး ခဏလောက်ပြောခွင့်ပြုပါ။ ကျွန်တော်က လူကြီးမင်းတို့ သွားတွေ နာနေသလား နဲ့နေသလား ကိုက်နေသလား သွားကျန်းမာရေးအတွက် ဒီ ကျော် တံဆိပ် သွားကိုက်ပျောက်ဆေးလေး ရောင်းပေးတာပါ၊ ဒီ ကျော် တံဆိပ်သွားကိုက်ပျောက်ဆေး အမှုန့်ကို ခုန လူကြီးမင်းတို့ နာနေတဲ့ နဲ့နေတဲ့ သွားများရှိရင် အခုယူပြီးသိပ်လိုက်ပါ သိပ်မကြာခင်သက်သာ သွား ပါလိမ့် မယ် ဟုတ်ကဲ့ ပေးပါမယ်၊ တစ်ချို့က မေးတယ် ငါတူ မင်းရဲ့ ဆေးမှုန့်က သွားကိုက်သွားနာမှ အသုံးတည့်တာ လားတဲ့ မဟုတ်ပါဘူး လူကြီးမင်းတို့ မနက်အိပ်ယာထ ညအိပ်ယာဝင် ဒီဆေးမှုန့်နဲ့ သွားတိုက် ပေးရင် လူကြီးမင်းတို့သွားတွေကို ခိုင်မာစေမယ်၊ သွားပိုးစားခြင်း သွာနာခြင်းကင်းပါလိမ့်မယ်၊ အဲဒီတော့ ငါတူ မင်းသွား တိုက်ဆေးက ဘာတွေနဲ့ဖော်ထားလို့လဲ ဒီလောက်ညွှန်းရအောင်တဲ့ ဟုတ်ကဲ့ ဒီသွားတိုက်ဆေးက လူ ရုပ် ကျောက် ရုပ် ဇာ လေး ဒုတ် ခန္ဓာ ကြွေပြုတ်သွားငုတ်တုတ် လို့ ရှေးတိုင်း ရင်းဆေးဆရာကြီးများရဲ့ နည်း အတိုင်း ဖော်စပ်ထားတာဖြစ်ပါတယ်၊ လူ ဆိုတာ ကန့်ပလူပါ ရုပ်ကတော့ ငရုပ်ကောင်း ကျောက်က ကျောက် ချဉ် ရုပ်က ပရုပ် ဇာက ဇာလိပ္ဖိုလ်သီး လေးက လေးညှင်း ဒုတ်က ဒုတ္ထာ တွေကို အချိုးအဆကျနစွာ စီစဉ်ဖော် စပ်ထားတာပါ။ ဟုတ်ကဲ့ ပြပေးပါမယ့်၊ ကျွန်တော်က ဒီပုလင်းသေးတစ်ပုလင်းကို ၁၀၀ ကျပ်ရောင်းပါ တယ်၊ အခုလို ၂ ပုလင်းကို ၂၀၀ ကျပ်နဲ့ ၀ယ်ရင် နောက် ၁ ပုလင်း လက်ဆောင်ပေးပါတယ်၊ ငါ့ညီ အကိုတို့က မိသားစုများတယ် ပုလင်းကြီးမရှိဘူးလားလို့ မေးကြသူတွေအတွက် ၅ ပုလင်းစာ ဗူးကြီးရှိပါတယ် ၄၀၀ ကျပ် ရောင်းပါတယ်၊ ကျွန်တော်ဆီမှာ အခုလို ဗူးကြီး ၄၀၀ ကျပ်နဲ့ဝယ်ရင် ပုလင်းသေး ၁ ပုလင်း လက်ဆောက်ထပ် ပေးပါမယ်၊ ဟုတ်ပြီး ငါတူ သုံးကြည့်လို့ ကြိုက်ရင် မင်းနဲ့မတွေ့ရင် ဘယ်မှာဝယ်ရမလဲ ဘူတာတွေက ဈေးဆိုင် တွေ၊ မြို့ထဲကမြန်မာတိုင်းရင်းဆေးဆိုင်တွေမှာ ကျော် တံဆိပ်သွားကိုက်ပျောက်ဆေးဆိုပြီး မေးဝယ်ရင်ရပါ တယ်၊ ကျွန်တော်တို့ ပင်ရင်းဆေးဆိုင်က အမှတ် ၁၃၂ ၊ မာလာမြိုင်(၂)လမ်း အုတ်ကျင်းမှာဖြစ်ပြီး ဖုန်းနံပါတ် အနေနဲ့က ၀၁ ၅၃၆၈၈၇၊ ၀၁ ၅၃၆၈၈၉ တို့ဘဲဖြစ်ပါတယ်၊ ကျွန်တော်ရှေ့ဘူတာရပ်ရင် ရှေ့အတွဲပြောင်းမှာမို့ ၀ယ်လိုသော ခရီးသွားလူကြီးမင်းများအားမနာပါနဲ့လှမ်းခေါ်လိုက်ပါ စမ်းသပ်သုံးချင်တဲ့ လူကြီးမင်းလည်း လက်သာထောင်ပြီး လက်ဝါးဖြန့်ထားလိုက်ပါ ဆေးမှုန့်လာထဲ့ပေးပါမယ်၊ အခုလိုနားထောင်ပေးကြတဲ့ ခရီးသွား လူကြီးမင်းများကို ကျေးဇူးပါ၊ လူကြီးမင်းတို့လမ်းခရီးဖြောင့်ဖြူးသာယာပါစေဗျာ´´ ဆိုပြီး မမောတမ်းပြောသွား တဲ့ သွားကိုက်ပျောက်ဆေးရောင်းသူကို ခင်ခ စိတ်ဝင်စားနားထောင်ရင်း သူလည်း ဘ၀ကျောင်းတော်ကြီးက သင်ပေးလိုက်တဲ့ မာကက်တင်းပညာ ပိုမိုးရှင်းဗျုဟာတွေကို ပိုင်နိုင်သူပါလားလို့ တွေးမိလိုက်တယ်၊ ခရီးသွား ရထားစီးလာသူတွေထဲက တစ်ချို့လည်း လက်ဝါးဖြန့်ဆေးနမူ နာယူ၊ တစ်ချို့လည်း ၀ယ်ကြလုပ်ကြရင်း ရထား ကြီး ဟုန်းလမ်းဘူတာရပ်တော့ ခုနသွားကိုက်ပျောက်ဆေး ရောင်းတဲ့သူလည်း ရထာတွဲပေါ်ကဆင်း ရှေ့တွဲကို ပြေးလေရဲ့ပေါ့။

ခဏတာရပ်ပြီး ရထားကြီးဆက်ထွက်တော့ မယ်ဒလင်းလေးတလက်နဲ့ အရှေ့ပုဆိုးကပုံစမှာ ဒန်ထမင်းချိုင့်ကိုင်း ကိုချီပြီး “ မည်သူမဆို xxx ကူညီသည်ဖြစ်xxx မည်သူမဆို မကူညီသည်ဖြစ်စေ xxxx ကိုယ်ထူကိုယ်ထ ကိုယ်ဘ၀ အခြေအနေ ကိုယ့်အားကိုယ်ကိုးမှ xxxxx ကိုယ်တာဘုရင်ဖြစ်လေ ———– ဆိုတဲ့ သီချင်းကို မယ်ဒလင်လေးတီးပြီး မျက်မမြင်အမျိုးသားတစ်ဦး ဖြတ်လာလို့ ခင်ခ လည်းအိတ်ကပ်ထဲက ၅၀၀ တန်တစ်ရွက် ထဲ့ကာ ကုသိုလ်ပြုလိုက်တာပေါ့။ ဒါနဲ့မျက်မမြင်ဘဲ ရထားတွဲကိုဘယ်လိုများ ဆင်းတက်ကူးလည်း စိတ်ဝင်စား သွားတာနဲ့ သူကိုသတိထားနေတုန်း မစ်ရှင်လမ်းဘူတာရပ်တော့ သူရဲ့ညာဘက်ပုခုံးမှာလွယ်ထားတဲ့ တုတ်ကို ဖြုတ်ယူပြီး အဆင်းလေးကားထစ်လေးကို တုတ်နဲ့စမ်းကာစမ်းကာ ဆင်းပြီး ရထားတွဲကို ကျန်လက်တစ်ဖက်နဲ့ စမ်းကာသွားလို့ နောက်တွဲရဲ့ အပေါက်ကိုစမ်းမိတယ်ဆိုရင်ဘဲ ခုန တုတ်လေးနဲ့ စမ်းပြီးရထားတွဲပေါ်တက်သွား ပါရောဗျာ၊ သြော် မျက်စိမမြင်ပေမယ့် ကျွမ်းကျင်ရာလိမ္မာဆိုတဲ့ စကားအတိုင်း လုပ်ကိုင်နေကြပါလားလို့တွေ့ရ တော့ တစ်ချို့ မျက်စိလည်းမြင် ခြေလက်အင်္ဂါလည်း အကောင်းပကာတိရှိရဲ့သားနဲ့ အလုပ်ကိုလက်ကြောတင်း အောင်မလုပ်ချင်ကြဘဲ အချောင်ခိုတတ်သူတွေ အခန့်သင့်တောင်းစားနေကြသူတွေကို စိတ်ထဲရွံ့မိသွားတဲ့ စိတ် ကလေး ခင်ခ ဖြစ်မိလိုက်တယ်ပေါ့။

အဲ မစ်ရှင်လမ်းဘူတာက ရထားကြီးထွက်တော့ ဌက်ပျောသီး၊ လိမ္မော်သီး စတဲ့သစ်သီးအထမ်းသမားနှစ်ဦး ခင်ခ ထိုင်တဲ့ရထားတွဲရှေ့ကိုရောက်လာကြပေါ့၊ ဟော ရထားပြည်လမ်းဘူတာရပ်ပြီးထွက်တော့ မြန်မာမီးရထား ရုံးယူနီဖောင်းနဲ့ လက်မှတ်စစ် ၃ ယောက် ခင်ခ စီးတဲ့တွဲပေါ်ရောက်လာပြီး လက်မှတ်တွေစစ်တော့ ခုန တွဲရဲ့ အလယ်မှာချထားတဲ့ အထမ်းတွေကို လက်ညိုးထိုးကာ ဒါဘယ်သူ့ဟာတွေလည်းဆိုတော့ အထမ်းသမားဈေး သည်တစ်ယောက်က ကျွန်တော်တို့ဟာတွေပါဆိုတယ်၊ တန်ဆာဖြတ်လာလားတဲ့၊ မဖြတ်ခဲ့ဘူးလို့ပြောလိုက် ရင်ဘဲ ဒါဏ်ကြေးဆောင်ရမယ် တစ်တွဲကို ၃၀၀၀ ကျတယ်ဆိုပြီးဖြတ်ပိုင်းဖြတ်မယ်လုပ်တော့ အထမ်းဈေးသည် လေး နှစ်ယောက်ထဲက တစ်ယောက်က ရထားအမှီပြေးတက်ရလို့ တန်ဆာမဖြတ်ခဲ့မိတဲ့အကြောင်း ဒါဏ်တော့ မရိုက်ပါနဲ့ ဂတ်ဗိုလ် ရယ် လို့ တောင်းပန်ကာ ၁၀၀၀ ကျပ်တန်တစ်ရွက်ကို ခုနချလံဖြတ်မယ့် လက်မှတ်စစ် ဘောင်းဘီအိတ်ထဲလှမ်း ထဲ့လိုက်ပြီး၊ ကျန်တစ်ယောက်က လိမ္မော်သီ ၄-၅ လုံးကို ကျွတ်ကျွတ်အိတ်လေး တစ်ခုနဲ့ ထဲ့ပေးလိုက်တော့ လက်မှတ်စစ်ထဲကတစ်ယောက်က လှမ်းယူရင် နောက်တစ်ခါဆို ခွင့်မလွှတ်ဘူး နော် တန်ဆာဆောင်ခဲ့လို့ ပြောရင်း လမ်းမတော်ဘူတာ ရထားရပ်တော့ ဆင်းသွားကြလေရဲ့။ အင်း ဒါမျိုးလေး တွေလည်း ရှိတတ်ပေတာ ဘဲလို့ ခင်ခ သုံးသပ်ချရင်း သမ္မတကြီးပြောတဲ့ ကလင်းနင်းဂါးဗားမဲ့ ဂွတ်ဂါးဗားမဲ့ တည်ဆောက်ကြ ဆိုပြီးမိန့်ခွန်း ခြွေခဲ့ပေမယ့် အောက်ခြေအဆင့်ဆင့်မှာတော့ဖြင့်လို့ တွေးရင်း သက်ပြင်းချ မိလိုက်ကာ ရှေ့ဘုရားလမ်းဘူတာ ရောက်ရင် ခင်ခ ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းဈေး(စကောဈေး) ထဲက ဖြတ်လို့ ဆူလေးဘုရားလမ်းဘက် လျှောက်သွား မှာမို့ ထိုင်နေရာမှထလိုက်ပြီး ဘုရားလမ်းဘူတာ ရထားရပ် တော့ မြို့ပတ်ရထားကြီးပေါ်က ဆင်းခဲ့လိုက်ပြီပေါ့ဗျာ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..