တကယ်တော. ရွှေလောင်းဆိုသော မြို.လေးသည် တစ်ချိန်က ၀ါးခယ်မ ထက်ပင် အခရာ ကျ တဲ့ မြို. တစ်မြို.ဖြစ်ခဲ့ဖူး ပါတယ်.

ဝါးခယ်မ ဟူ၍ ပီပီပြင်ပြင် ဖြစ်မလာသေးမီကပင် ဤ နေရာတွင် ကျေးရွာအကြီး တစ်ခုအသွင်ဖြင်. ကူးသန်းရောင်းဝယ်ရာ အချက်အခြာ ဒေသ တစ်ခုဖြစ်ခဲ့ဖူးပြီး

နောက်ပိုင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း ကမ်းပါးမြေပြိုခြင်းတို.ကြောင်. ၀ါးခယ်မ တည်ရာသို.ပြောင်းရွှေ. မြို.တည်ခဲ့ခြင်းဖြစ်တယ် လို. ပီနန်ဆရာတော်ကြီးရဲ. စာတစ်ပုဒ်မှာ ဖတ်ခဲ့ရဖူးပါ တယ်…

အောက်မြန်မာပြည်ရဲ. နာမည်ကျော် ပုဂ္ဂိုလ် တစ်ဦးဖြစ် တဲ့ ရေငန်ပိုင် ဦးရှင်ကြီး အတ္ထုပ္ပတ္တိ. မှာလည်း ပါဝင်နေတဲ့ မြို.လေးတစ်မြို.ဖြစ်ပါတယ်…

ဒါ.အပြင် မြို.ကလူတွေရန်ကုန်ပြန်ရင် ကြာစေ့အစို..ကြာစေ့အခြောက်တို.(ရာသီချိန်တွင်) ၀ယ်လို.ရတဲ့ နေရာလေးတစ်ခုလည်းဖြစ်ပါတယ်…တံတားအဆင်းတွင်တော. ယာဉ်တန်း ခေတ္တ ရပ်တန်.ပြီး ဆက်လက်ထွက်ခွာလာကြပါ တယ်…

တကယ်တော. ရွှေလောင်းနဲ. ၀ါးခယ်မ ကြားက ၁၅ မိုင် ၁ ဖာလုံပဲ ရှိတဲ့လမ်းလေးပါ….

ဒါပေမယ်.လည်း မိုးများတဲ့ ရာသီဆိုရင်တော. ကြည်းကြောင်းတစ်သွယ် ရေကြောင်းတစ်လှည်. ချီတက်ရတတ်တဲ့နေရာလေးလည်းဖြစ်ပါတယ်…

ပုံမှန် ဆိုရင်တော. ၁နာရီ ၀န်းကျင်မောင်းရင် ရောက်တဲ့နေရာပါ…..လမ်းလေးကတော. ဆောင်းဦးပေါက်မို. ထင်ပါရဲ. မဆိုးရှာပါဘူး……တစ်ခုပဲသွားတွေးမိလိုက်ပါတယ်…

.”လှည်းလမ်းကြောင်း တစ်လျှောက် ဖုန်လုံးကြီးတွေ တရိပ်ရိပ် တက်ကာ မြင်ယောင်မိတော.သည် အညာဌာနီ “ ဆိုတဲ့

သီချင်းရေးဆရာသာ သက်ရှိထင်ရှားရှိနေသေးရင်တော. ဒီလမ်းလေးဆီ အလည်ခေါ်လိုက်ချင်ပါတယ်….အဲ့ဒီထက် ပီပြင်တဲ့ သီချင်းတစ်ပုဒ်များ ပေါ်လာလေမလား ပါပဲ

ဝါးခယ်မ လမ်းခွဲနဲ. ရွှေလောင်းကြား အခြေအနေထက် ပိုသက်တောင်. သက်သာဖြစ်လာတာရယ်…တစ်ရေးတစ်မော လည်းရပြီဖြစ်လာတာရယ်

..ဘေးပတ်ဝန်းကျင်ရဲ. ရေရိပ် မကင်းတဲ့ မြင်ကွင်းလေးတွေလည်း တွေ.လာရပြီ ဖြစ်လာတာရယ်…မြို.နဲ.နီးလာပြီဆိုတဲ့ အသိတွေရယ်ကြောင်.

ဆရာကြီး..ဆရာမကြီးတွေ အတော်များများလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြပြီး ဘေးပတ်ဝန်းကျင်ကပိုငေးမောလို. …အချင်းချင်းစကားတွေပြောလို. …

အဲဒီအချိန်မှာတော. ထုံးစံအတိုင်း အရှေ.နှင်. မတူလေသော အနောက်ရပ်ဝန်းက အမတော်များကတော. ခြေကုန်လက်ပန်းကျ…

အင်းဒီလိုတော. မဟုတ်သေးဘူး…စကားပြောတာဆိုတော. လျှာကုန် ပါးစပ်ပန်းကျပြီး အားလုံးနီးပါး ငြိမ်သက်သလောက်ဖြစ်သွားကြပါပြီ

တစ်နေရာ အရောက်မှာတော. ကားကိုခဏ ရပ်လိုက်ရပြီး အမအေးအေးမြင်.နဲ. အဖော် တစ်ယောက် ကားပေါ် တက်လာပါတယ်.

.လက်ထဲမှာလည်း အထုပ်နှစ်ထုပ်နဲ.ပါ…ဆရာကန်တော.ပွဲ အထိမ်းအမှတ် T-Shirt နဲ. ဆရာကန်တော.ပွဲချည်ထိုးထားတဲ့မျက်နှာသုတ်ပ၀ါ အကြီးတွေကို

ကျောင်းသားများလည်း အမှတ်တရဖြစ်စေ..ဆရာကန်တော.ပွဲအတွက်လည်း ၇န်ပုံငွေ ရစေဆိုတဲ့ ရည်ရွယ်ချက်နဲ. ကျောင်းသားဟောင်းတွေကို ရောင်းပေးပါတယ်….

မျက်နှာသုတ်ပ၀ါအကြီးတွေကတော. ဆေးကျောင်းပူဇော်ပွဲတွေက တစ်ဆင်. ရတဲ့ Idea ပါတဲ့.. အဲဒီမှာတော. အမတော်အားလုံး ပြန်လည် အသက်ဝင် နိုးထလာကြပါပြီ…

..မိန်းကလေးတို.၏ ဗီဇ များဖြစ်သော ၀ယ်ဝယ်မ၀ယ်ဝယ် ကိုင်ကြည်.ခြင်း…ရရ မရရ ဈေးဆစ်ခြင်း… လှတယ်မလှဘူး ငြင်းခုံခြင်း…

တစ်ခြားသူအတွက် လိုလိုမလိုလို ၀င်ရောက်ရွေးချယ်ပေးခြင်းတွေနဲ. အနောက်ပိုင်းရပ်ကွက် တစ်ခုလုံး ပြန်လည် ဆူညံလာပါတော.တယ်….

အဲဒီအချိန်မှာတော. ကြိုဆိုရေး အဖွဲ.တွေဆီက ဖုန်းတွေကတော. တောက်လျှောက် ၀င်လာနေပါပြီ….ရောက်ညွှန်းတွေ မေးနေကြပါပြီ

…အဲဒီလို ဧရာဝတီတိုင်းရဲ. ဟိုမြို.မရောက်..ဒီမြို.မရောက်ကြားနေရာတွေမှာတော. G တွေ က C တွေကို မော်ကြည်.လို.တောင်မရသေးပါဘူး..

(ဒိနေရာမှာ ဂုဏ်ယူစရာ တစ်ခုတွေးမိပါသေးတယ်…ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံလောက် Phone System စုံတဲ့နိုင်ငံ ရှိမှ ရှိပါလေစလို. ….အာရှရဲ.နာမည်ကျော် CDMA ဆို အရင် ၇၂ တွေ 400-450-800 အပြင် ဧရာဝတီတိုင်းထဲမှာ သပ်သပ်ရှိပါသေးတယ်

…အနောက်ရဲ.နာမည်ကျော် Cell Phone-Gsm-WCDMA စတာတွေအပြင် ဒေသအလိုက်သုံးနေတဲ့ IP Star.Sky Net..Red Link-DTTH

လူပုဂ္ဂိုလ် အလိုက်သုံးနေတဲ့ Satellite Phone ဆိုပြီး ကိုယ်တွေနိုင်ငံလောက်အချိန်တိုအတွင်း သုံးဖြစ်တဲ့ System စုံတဲ့နိုင်ငံရှိမှရှိပါ.မလားလို.)

အဲဒီမှာပဲ ယာဉ်တန်းထဲက ကားတစ်စီးဘီးပေါက်ပါလေရောဗျာ….ဒါနဲ့ပဲအညောင်းပြေ အညာပြေ လမ်းလေးဆင်းလျှောက်.

.ရေနံ. နဲ. သစ်ရွက်စိမ်းနဲ. ရောယှက်နေတဲ့ လေလေးဆင်းရှု…အချင်းချင်းစကားလေးဘာလေးပြောပေါ.

…စကားပြောကြရင်းမှာပဲ ကားဘီးပေါက်တာကောင်းတောင်ကောင်းသေးတယ်လို. တွေးမိစေတာလေးတစ်ခုဖြစ်ပါတယ်…..

ဒီိနေ.ခေတ် ဖြစ်လေ.ရှိတဲ့ အရာလေးပါပဲ…On Line မှာ ရင်းနှီးကြ… ခင်မင်ကြ..လူချင်းမသိပေမယ်. စာချင်းနီးစပ်နေကြ သူတွေချင်းဆုံမိကြတာပါပဲ…

. အဲဒီမှာ Mandalay Gazette မှာဆရာတွေရဲ. ကျေးဇူးတရား ချီးကျုးဖွယ် စိတ်ဓါတ်နဲ. ဘ၀တွေကို ပီပြင်အောင် ရေးလေ.ရှိတဲ့ ပဒုမ္မာဆိုတဲ့ အမနဲ. စကားပြောဖြစ်ကြပါတယ်…

ပြောရင်းနဲ. Mandalay Gazette မှာပဲရေးနေတဲ့ ကိုကောင်းမြတ်သူလည်း လာမယ်ဆိုတာပြောနေခိုက်

အဲဒီ အကိုကိုယ်တိုင်ပါ အရှင်လတ်လတ် ကြီးရောက်လာပြီး ကျွန်တော် ကောင်းမြတ်သူပါတဲ့ ..သူကဘေးမှာရှိနှင်.ပြီး နားထောင်နေတာဖြစ်ပါလိမ်.မယ်…

.(တော်ပါသေးရဲ. ဘာမှမပြောဖြစ်လို. :kwi: )

ဒါနဲ.ပဲ ရေးကြတဲ့အကြောင်းလေးတွေ အနည်းငယ်ပြောအပြီး ကားဘီးလဲလို.ပြီးတာမို. ကိုယ်.ကားဆိ ကိုယ်ပြန်ပြေးရင်း…………..ရှေ.သို. ………………….

မြို.ရောက်ကာနီးမှာတော. ရှေ.မှာ လူအုပ်က ပိတ်ထားတာမို. ကားကိုရပ်ပစ်လိုက်ရပါတယ်…

.ဦးကြီးတော် ကျေးရွာ ရှေ.မှာပါ….၀ါးခယ်မကနေ လာကြိုနေကြတဲ့ ကျောင်းသား/ကျောင်းသူဟောင်းတွေ ရဲ. ဆိုင်ကယ်တွေ…

မြို.ကိုကြိုတင်ရောက်ရှိနေကြသူတွေရဲ.ကားတွေ…အကအဖွဲ. စတာတွေဟာ လမ်းပေါ်မှာ ပိတ်လောက်အောင် ၇ှိနေတာပါ…

..ကားဝင်လာပြိဆိုတာနဲ. အကအဖွဲ့က က… လူတွေက ကားပေါ်တက်လာ ကိုယ်တွေ.ချင်တဲ့ ဆရာ..ဆရာမတွေ ပါလာ/မပါလာ မေး..လိုက်ရှာ..တွေ.တော. အားရ၀မ်းသာနှုတ်ဆက်…

.ကားပေါ်က ဆရာတွေ..ဆရာမတွေကလည်း ကိုယ်.တပည်. ဘယ်သူပါလည်း..မပါလည်း သိချင်တော. ကားပြတင်းပေါက်တွေဖွင်.

..အချို.ကဖွင်.မရတော. ဖွင်.ခိုင်း….ကားဆရာက Air-Con ဖွင်.ထားတာမို. မဖွင်.ဖို.ပြောပေမယ်. သူ.အသံက အခြားအသံတွေကိုမကျော်နိုင်…

အောက်ကကျောင်းသားဟောင်းတွေကလည်း ပြတင်းတစ်ပေါက်ချင်း ဆရာ..ဆရာမတွေကိုလိုက်ကြည်. …တွေ.လိုက်တာနဲ. လက်ညှိုးလေးထိုးပြီး

ဆ၇ာ..ဆရာ…..ဆရာမ..ဆရာမ နဲ. အသံလေးတွေတုန်နေတဲ့အထိ အော်ရင်းနှုတ်ဆက် တကယ်တော. ဒါအသည်းပွက်သံစစ်စစ်တွေပါ…..

ဦးကြိးတော် ရွာမှ ဆက်လက်ထွက်ခွာ

ဒီလိုနဲ့ပဲ အားရလောက်အောင်နှုတ်ဆက်ကြ မေးမြန်းကြ နဲ.ပဲ ယာဉ်တန်းကို ဆက်ထွက်ခဲ့ကြပါတယ်…

ရှေ.ဆုံးက လမ်းကြောင်းပြ ဆိုင်ကယ်တွေ…နောက်ကအကအဖွဲ့ပါတဲ့ကား..အဲ့ဒီနောက်က လာကြိုကြတဲ့ ကားတွေနဲ. ဆိုင်ကယ်တွေ..အချို.ဆိုင်ကယ်တွေက ကားဘေးနောက် ၀ဲယာကမောင်းးးးးးးးးးးးး လို. ……

ခဏလေးမောင်းပြီးတာနဲ. ၀ါးခယ်မကြိုးတံတားပေါ်ရောက်လာပါပြီ…

အားလုံးလည်း မတ်တတ်ရပ်သူရပ်နဲ. အတော်လေးတော. စိတ်လှုပ်ရှားနေကြပါပြီ…

မြို.ကိုမရောက်တာကြာပြီဖြစ်တဲ့ ဆရာ..ဆရာမတွေ..ကျောင်းသားကျောင်းသူဟောင်းတွေကတော. ဘေးပတ်ဝန်းကျင်ကိုကြည်.ဖို. မျက်လုံးနှစ်လုံးနဲ.တောင် လောက်ဟန်မတူတော.ပါဘူး

မြသိန်းတန် ဘုရားလည်း လှမ်းဖူးချင်…ဟိုးးးးးးး ကျောက်တိုင်ဘက်လည်း လှမ်းကြည်.ချင်..သင်္ဘောဆိပ်တွေလည်းတွေ.ချင်..တံတားအောက်မြစ်ထဲက လှေ..သင်္ဘော တွေရဲ. ပုံ၇ိပ်တွေလည်းမြင်ချင်နဲ့ပေါ.

…တံတားပေါ်ဖြတ်ရင်း တစ်ငြိမ်.ငြိမ်.ဖြစ်စေတဲ့ ကြိုးတံတားရဲ. Suspension Feeling လေးကလည်း နှစ်လိုစရာ ကောင်းလိုက်တာ………….

တံတားအဆင်းက ဒုံးယိမ်းအဖွဲ.

ဟော….တံတားအဆင်းမှာတော. တွေ.ပြန်ပါပြီ…လမ်းပေါ်မှာ ကနေတဲ့ ကရင်ဒုံးယိမ်းအကအဖွဲ…

ကရင်နှစ်ကူးကလည်း သိပ်မလို…နောက်ဖက်မှာလည်း ကရင်နှစ်ကူးပွဲ ဆိုင်းဘုတ်ကရှိနေတော. အော်သူတို.ကတာနဲ. ဆရာကန်တော.ပွဲချိန် လာတိုက်ဆိုင်နေတာကိုးလို. ထင်လိုက်ပေမယ်.

မဟုတ်ပါဘူး…..ဒါကြိုဆိုရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းပါ…..အဲဒိနောက်မှာ ရပ်နေကြတဲ့ ရာဂဏန်းလောက်ရှိမယ်.

ဆရာကန်တော.ပွဲအထိမ်းအမှတ် Sport-Shirt ၀တ်ထားတဲ့ ကျောင်းသားကျောင်းသူတွေ…

.အခြားမြို.ခံလူတွေ ဟာ ခေါင်းလေးတွေမော. ခြေဖျားလေးတွေထောက်ရင်း သူတို.မြင်ချင်တဲ့ ဆရာ..ဆရာမတွေကို ရှာနေ..ကြည်.နေကြလေရဲ.

….ဒုံးယိမ်းအဖွဲ.ကလည်း စိတ်ပါလက်ပါကနေလိုက်ကြတာ…..

ဒါတွေကို ကြည်.ရင်း ဆရာမကြီး တစ်ယောက်ပြောလိုက်တဲ့

..” ၀ါးခယ်မကလေ အခြားမြို.တွေနဲ. မတူဘူး …ကျွန်မ မြို.တော်တော်များများ တာဝန်ထမ်းဆောင်ဖူးပေမယ်. ဒီမြို.လို ဆရာတွေကို အလေးထားတဲ့မြို.မျိုး မရှိလှဘူး

“ ဆိုတဲ့စကား စီစဉ်သူတွေသာကြားရင် ဘယ်လောက်အမောပြေ လိုက်ကြမလဲ….

မြို.အ၀င်ထိပ်က ကြိုနေသူများ

မြို.အ၀င်လမ်း (ယခင်ရွာလည်ဖြတ်လမ်း) အတိုင်း မောင်းဝင်လာကြပါတယ်….မရတော.ပါဘူး…

ကားပေါ်မှာပါတဲ့ ဆရာကြီး..ဆရာမကြီးတွေရော..အမတော်တွေရော သူတို.နေဖူးတဲ့မြို. …သူတို. မြို.လေးကို ကားပြတင်းမှန်တွေကနေ အတိုင်းသားမြင်နေရပေမယ်.

အဲဒီမြို.လေးနဲ.သူတို.တိုက်ရိုက်ထိတွေ.ချင်နေပါပြီ…ဒါနဲ.ပဲ ကားဆရာကို Air-Con ပိတ်ခိုင်းလိုက်ပြီး တံခါးတွေ အကုန်လုံး လိုက်ဖွင်.ပစ်လိုက်ပါတယ်…

..ကားထဲကိုတိုးဝင်လာတဲ့ မြို.လေးရဲ. ပထမဆုံးလေပြည်ညှင်းကို အားရအောင်ရှုသွင်းလိုက်ကြရင်း သူတို.မျက်နှာပေါ်မှာ ပိတီအ၇ိပ်အရောင်တွေ..စိတ်ကျေနပ်မှုတွေ ထင်ထင်ကြီး ကိုပေါ်လာပါတယ်

မြို.အ၀င်လမ်းကနေ မြူ၇ုံးလမ်းမကြီးအတိုင်း ဆက်ထွက်လာကြပါတယ်

…ကျယ်ပြန်.လာတဲ့လမ်း..တိုးတက်လာတဲ့ အဆောက်အဦးး…ပိုလှပနေသလိုထင်၇တဲ့ ပတ်ဝန်းကျင်

ဒါတွေအားလုံး ကိုတစ်ခုမကျန် ငေးမောခံစားနေကြပါတယ်…..

အဲဒါတွေအားလုံးထက်ပိုပြီး အိမ်ရှေ.တွေကို ကားသံကြောင်. ကမန်းကတန်း ပြေးထွက်လာပြီး ဘယ်ဆရာတွေများပါလာမလဲဆိုပြီးထွက်ကြည်.ကြတဲ့ သူတွေ…

အဲ.ဒီလိုထွက်ကြည်.သူတွေကြား ဘယ်ငါ.တပည်.များပါလာမလဲဆိုတဲ့ ဆရာတွေရဲ. မျက်ဝန်းတွေ ကူးလူးစပ်ယှက် ဖလှယ်နေလိုက်ကြတာ

ဒီလိုအိမ်တွေရှေ. လမ်းတွေရဲ.ဘေးတွေကနေ ကိုယ်.အသိစိတ်နဲ. ကိုယ် ထွက်ကြိုနေကြသူတွေကြား

အချို.ဆိုရင်လေ ကားကိုကြည်.ပြီး လက်အုပ်လေးတွေချီလို.

…သူတို.ဆရာ..ဆရာမတွေ တွေ.လို.ရင်လည်းဖြစ်မယ်…ဒါမှမဟုတ်လည်း ဆရာတို.ရဲ. ဂုဏ်ကျေးဇူုးတွေကို သတိတရ ဖြစ်လို.ရင်လည်းဖြစ်မယ်..

လက်အုပ်လေးတွေချီ..ဥိးလေးတွေညွတ်လို…အချို.ဆို အသက်၄၀ လောက်တွေ….

.ဒါတွေကိုကြည်.ပြီး ဆရာကြီး..ဆရာမကြီးတွေ မျက်ဝန်းမှာ မျက်ရည်ကြည်တွေ ဝေ.သီလို. …

..တန်လိုက်တာ….အပင်ပန်းခံရကျိုးနပ်လိုက်ကြတာ…တကယ်ကို ဒီတစ်ကွက်တည်းနဲ. အကယ်ဒမီ တန်းပေးလိုရတဲ့ ခံစားချက် သရုပ်ဖော်တွေပါ…

…ဘာသာရေး အလေးပေးဖို.ပါးစပ်ကတော.ကြွေးကျော်နေပြီး ရွှေတိဂုံကို ကားပေါ်က ဖြတ်သွားရင်း လက်အုပ်ချီ၇တာကို တောကလူတွေအလုပ်သာသာသတ်မှတ်နေကြတဲ့ ..

..အလကား လူအထင်ကြီးအောင်လုပ်တာလို. ယူဆနေကြတဲ့ခေတ်….

….သာသနာတော်ကို ဘယ်လိုစောင်.ရှောက်ရမယ်ဆိုပြီး ပြောနေပေမယ်. လိုင်းကားတွေပေါ် ကိုယ်ထိုင်ခုံရနေတုန်း သံဃာတစ်ပါးလောက် ကိုယ်.ရှေ.လာရပ်ရင် ချက်ခြင်းအိပ်ပျော်သွားသလို..နေပဲမကောင်းသလို..လေပဲဖြတ်သွားသလိုနဲ.ထမပေးကြတဲ့ခေတ်…

နယ်လိုနေရာတွေမှာတောင် တန်းဆွမ်းကြွလာရင် ဆိုင်ကယ်ပေါ်..ဆိုက်ကားပေါ်..စက်ဘီးပေါ်က ဆင်းပေးဖို.နေနေသာသာ သံဃာတွေက ရှောင်ပေးနေ၇တဲ့ခေတ်

ဒီလိုခေတ်ကြီးမှာ ဒီလိုလူမျိုးတွေ ကိုယ်.မြို.လေးမှာ ရှိနေပေးတာ ကျေနပ်လိုက်တာ…..ပီတိဖြစ်လိုက်တာ…အားရလိုက်တာ…..

ကျောက်တိုင်ရှေ. ကမ်းနားလမ်း သို.အကွေ.

ယာဉ်တန်းက ဘုရားကြီးရှေ.ရောက်တော. လမ်းမကြီးအတိုင်းမသွားပဲ ဘုရားကြီးလမ်းကနေ ကမ်းနားဖက်ချိုးဆင်လိုက်ပါတယ်…

..တစ်ချိန်က ပတ္တမြား တန်းလျားတွေအကြောင်း…ရုပ်ရှင်ရုံအကြောင်းတွေ ပြောနေကြရင်း

ဆရာမကြီးတစ်ယောက်က ခုဒိမှာမိန်းကလေးတွေ ဆိုင်ကယ်စီးနေကြပြီနော်..ကျွန်မ ဒီမှာ တာဝန်ကျတုန်းက စက်ဘီးနဲ. ကျောင်းတက်တာကို

ဒီဆရာမက စက်ဘီးစီးတယ်တော. လို.၀ိုင်းပြောကြလွန်းလို. နောက်တော. မစီး၇ဲတော.ဘူးဆိုတဲ့ စကားထဲကနေ အဲဒိခေတ်က မြို.လေးကို ဖျတ်ကနဲတော. လှမ်းမြင်လိုက်ရပါတယ်

…အကြိုဆိုင်ကယ် ၃၀ အထက်ရှိမယ်. ယာဉ်တန်းဟာ စာတိုက်ထောင်.ကမချိုးပဲ ရဲစခန်းရှေ.ကနေ အနောက်ပိုင်းဘက်ဆက်သွားပြီး အလင်းရောင်ကျောင်းလမ်းကျမှ လမ်းမကြီးဘက် ပြန်ချိုးတက်လိုက်ပါတယ်

….လမ်းတစ်လျှောက် နှစ်ကျိပ်ရှစ်ဆူ လှည်.ပွဲအတွက် ပြုလုပ်ထားတဲ့ မဏ္ဍ္ဌပ်လေးတွေကြည်.ရင်း အရင်ကတော. ဒါမျိုးလေးတွေမ၇ှိဘူးနော်.

.မြို.ကတော.တော်တော်လေး တိုးတက်လာတာပဲ…

ရှစ်မျက်နှာ ဘုရား နားက ဗိမာန်ကလည်း အသစ်နော်

…အင်းပေါ.လေ တရားနာလို.ပိုကောင်းတာပေါ…နင်.မို.ဆိုအရမ်းအေးတာ

….အော်သင်္ဘောဆိပ်က ဒီလိုဖြစ်သွားတာလား…

.ဟော..ဒိကောင်ဘယ်သူပါလိမ်. နာမည်မေ.နေတယ် အသက်တောင်အတော်ကြီးနေပြီပဲ..အေးလေငါတောင်အဖိုးကြီးဖြစ်မှပဲ…

..အဲ့အဲဒါ ဘယ်သူ..ငါမေ.နေလို.

….ဟဲ့ဟဲ့ ဟိုမှာ လက်ပြလိုက်လေ သူလည်းအသက်အတော်ကြီးနေပြီ..လက်တော.ပြန်ပြပေမယ်. ငါ.ကိုဘယ်သူမှန်းသိရဲ.လားလည်းမသိဘူး…

ဒီနားက အိမ်လေးက ဘယ်ရောက်သွားတာလဲ….

ဟင်ဒါဆိုရုပ်ရှင်ရုံ တစ်ရုံမှ မရှိတော.ဘူးပေါ.

…ဒါတောဈေးတန်းနေရာလေးလား….ငါဈေးလေးတော. လာကြည်.အုံးမယ်

…ဆိုသော စကားများက ဆရာ..ဆရာမများအား အတန်ငယ်တော. ငယ်သွားစေသလိုထင်နေရပါတယ်..

လမ်းမကြီးပေါ်ကမ်းနားဖက်ကနေချိုးအတက်

အိမ်ရှေ.တံတား လေးပေါ်ကကြည်.နေတဲ့ အမျိုးသမီးတစ်ဦးကို ကားပေါ်ကနေ နာမည်နဲ. ခေါ်နှုတ်ဆက်လိုက်တဲ့ ဆရာမ တစ်ဦးရဲ. အသံကြားကြားချင်း

ဟာ……ဆရာမ လို.ပြန်အော်နှုတ်ဆက်ရင်း ချက်ခြင်း လက်အုပ်ချီ..မျက်ရည်တွေကျလာရင်း ကျွန်မ ခုလိုက်လာခဲ့မယ်ဆိုပြီး စက်ဘီးလေး ပြေးဆွဲလိုက်တဲ့ မြင်ကွင်းက ကိုယ်တွေလို စိတ်ခပ်နုနု သမားတွေအတွက်တော. ………………..

ဟံသာဝတီထောင်.ကတက်ပြီး ကျောင်းကြီးဘက် ပြန်ချိုးကွေ.ခိုက် စည်တော်အကအဖွဲ.က ယာဉ်တန်းကိုလမ်းမကြီးပေါ်မှ စောင်.ကြိုခေါ်ငင်လာပါတယ်…

ကျောင်းကြီး ရှေ.နားအရောက်မှာ ယာဉ်တန်း ခဏရပ်တန်.ပြီး ဆက်ထွက်လာတော. ကျောင်းကြီးရှေ.မှာ နောက်ထပ် ဒုံးယိမ်း အကအဖွဲ. တစ်ခုက ထပ်မံကြိုဆိုနေပြန်ပါတယ်…..

ဆရာကြီး…ဆရာမကြီးတွေကို အနားယူစေမယ်. ၀ါးခယ်မအသင်းရုံးခွဲကို ရောက်ရှိချိန်မှာတော.

ကြိုဆိုနေကြတဲ့ ကော်မတီဝင်တွေ..ကျောင်းသား..ကျောင်းသူဟောင်းတွေ…

.ကိုယ်.ဆရာ..ဆရာမတွေကို မြင်လိုက်လို.မြို.ထဲက လိုက်လာကြသူတွေ….သူငယ်ချင်းတွေကို လာစောင်းနေကြသူတွေ..

လုပ်ဖော်ကိုင်ဖက်ချင်း လာရောက်နှုတ်ဆက်ဖို.စောင်.ကြိုနေတဲ့ မြို.ခံ ဆရာ..ဆရာမတွေ ဟာ ၀င်းတစ်ခုလုံးပြည်.နှက်ရုံမကပဲ လမ်းမပေါ်တောင်လျှံထွက်လို.နေပါတယ်

အသင်းတိုက်ရှေ.

ပါလာတဲ့ ပစ္စည်းတွေထက် ကြိုနေတဲ. တပည်.တွေ..လုပ်ဖော်ကိုင်ဖက်တွေကို တွေ.ချင်လွန်းနေကြတဲ့

ဆရာကြီး..ဆရာမကြီးတွေဟာ ကားရပ်တာနဲ.ချက်ခြင်းဆင်း နှုတ်ဆက်ကြ..ပွေ.ဖက်ကြ…သူငယ်ချင်းအချင်းချင်းလည်း လှမ်းခေါ်နှုတ်ဆက်ကြ နဲ. တကယ်. ပီတိရပ်ဝန်းတစ်ခုပါ………

ရောက်လာတဲ့ ဆရာကြိး..ဆရာမကြီးတွေရော ပါလာတဲ့ကျောင်းသားဟောင်းတွေကိုပါ အအေးဗူးတွေနဲ. အမောပြေ ဧည်.ခံ…

နေရာချထား..ညနေ ၆နာရီဆရာကြီး..ဆရာမကြီးများကို ကျောင်းကြီး ခန်းမအတွင်း ညနေစာ ဖြင်.ဧည်.ခံမယ်.အကြောင်း

Hand Speaker ကကြေငြာသူကကြေငြာ..မှတ်တမ်းတင်သူတွေက မှတ်တမ်းတင်နဲ.ပဲ ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက် ညနေ ၄နာရိခွဲ တိတိ

Posted by zawminlwin at 9:54 AM Email ThisBlogThis!Share to TwitterShare to Facebook

padonmar

About padonmar

has written 222 post in this Website..

THAKHIN CJ #12112010 (5/2/16)