မင်္ဂလာပါ ပိတ်သတ်ကြီးရေ …။ ဒီတခါ Branding ဘက်နည်းနည်း သွားချင်လို့ပါဗျာ…။

Theory တွေ Strategy တွေ မရေးချင်လို့ Brand တွေရဲ့ Physical image ဖြစ်တဲ့

Logo တွေ ၊ Packaging တွေမှာ သုံးတဲ့ အရောင်တွေက ပြောတဲ့ စကားတွေကို

ဘာသာပြန်ချရေးရင်း ကိုယ်ထင်တာ ကိုယ် ပေါင်းစပ်ရေးသားလိုက်ပါတယ်ဗျို့…။

 

 

  • Brands တွေဟာ သူတို့ဟာ သန်မာသော စွန့်စားသော ပြင်းပြသော အသွင် ကိုဆောင်ချင်ရင် အနီရောင် ကို အသုံးပြုကြပါတယ်။

1

 

What it means: တကယ်တော့ အနီရောင်ဆိုတာ စွမ်းရည် နဲ့ ပြင်းပြမှု ကို အဓိပ္ပါယ် ဆောင်ပါတယ်။

သည်တော့ စိတ်လှုပ်ရှားမှု ၊ စွမ်းဆောင်ရည် မြင့်မားမှု နဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကို

ကိုယ်စားပြုပြန်ပါတယ်…။

Which brands use it:

ဗြိတိသျှ လုပ်ငန်းစု Virgin Group ဟာ အနီရောင်သုံးတဲ့ brands တွေထဲမှာ အကြီးဆုံးနဲ့ အင်အားအကောင်းဆုံး

ထဲက တစ်ခုဖြစ်ပါတယ်။ တည်ထောင်သူ Sir. Richard Branson ဟာ အနီရောင်ရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု

စွမ်းအင်ပြည့်ဝမှု တွေကို ဘယ်လိုသုံးရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့ သိပ်ကို smart ဖြစ်တဲ့ လူပေါ့ဗျာ။

Coca-Cola ကလည်း အနီရောင်နဲ့ ပါတ်သတ်လာရင် မေ့ထားလို့ မဖြစ်တဲ့ တခြားသော big brand

ဖြစ်နေပါတယ်။ မကြာသေးခင်ကတော့ ပြင်သစ် ဖိနပ်brand Christian Louboutin SA ဟာ ဖိနပ်အောက်ခံပြား

တွေပေါ်မှာ အနီရောင် ခြယ်သမှု trademark ကို Yves Saint Laurent ကို တရားစွဲဆိုပြီး အနိုင်ရရှိခဲ့တဲ့အထိ

အနီရောင်အတွက် ပြိုင်ဆိုင်မှု က ပြင်းထန်ခဲ့ပါတယ်။

ကျနော့် ကိုယ်ပိုင်အမြင်ကို ပြောပါ ဆိုရင်တော့ အနီရောင်နဲ့ ပါတ်သတ်လို့ ၃ခု မြင်သဗျ…။

ပထမတခုက Ferrari ပါ။ Ferrari ဟာ အ၀ါ အနက် နဲ့ ငွေမင်ရောင်ကားတွေလည်း ထုတ်ပေမယ့်

Ferrari ဆို နီမှ လို့ ပြောရလောက်အောင် .. Ferrari Red ဟာ နာမည်ကျော်လှပါတယ်။

ဒီထက် ဖျော့ရင် Pink-red ဖြစ်သွားမှာဖြစ်ပြီး ဒီထက် oxydated ဖြစ်လွန်းရင်လည်း ကြက်သွေးဘက်

ပါသွားမှာဖြစ်လို့ ..လက်ရှိ အနီကပဲ သူတို့ရဲ့ trademark အနေနဲ့ သီးသန့် ဖြစ်တည်မှု

ဖြစ်နေပါတော့တယ်။

 

ဒုတိယတခုကတော့ ကျနော်တို့ရဲ့ ချစ်လှစွာသော အိမ်နီးချင်း ချီးနား က အကြောင်းပါ။

သူတို့လူမျိုးက အနီရောင်ကို ကျက်သရေ မင်္ဂလာ အရောင်အဖြစ် သတ်မှတ်လက်ခံထားကြတာကလား။

ဆိုတော့ သူတို့ လက်ရှိ အလံကို လုပ်တော့ ဒီဇိုင်နာတွေ အပ်ကြသပေါ့ဗျာ …။ ထိုစဉ်က သူတို့ရဲ့

ကွန်မြူနစ်ပါတီ ဥက္ကဌ ဂီးဆောင်ဂျောင်း ကို အနီရောင် (အနုအရင့်ပေါ့လေ ဘိုလို ဆိုရင်တော့ hue

ခေါ်မလားမဆိုနိုင်)၃၂ရောင် ဆက်သပြီး တခု ရွေးစေပါသတဲ့…။

ဂီးဆောင်ဂျောင်းက အနီရောင်နံပါတ်-၂၁ ကို ရွေးချယ်ပါသတဲ့ ..။

 

နောက်ဆုံးတခု ပြောချင်တာကတော့ အားကစားနယ်ပယ်မှာ ခင်ဗျ…။

အပူရောင်လို့ ခေါ်တဲ့ အရောင်တွေ ၀တ်ဆင်တဲ့ အားကစားသမားတွေက

အအေးရောင်တွေ ၀တ်တဲ့ အားကစားသမားတွေထက် ပိုမို ပေါက်ကွဲအား

ကောင်းတတ်ကြပါသတဲ့ …။ ကမ္ဘာ့ဘောလုံးလောက ကိုဥပမာထားကြည့်ရင်ဖြင့်…

လက်ရှိ ကမ္ဘာ့ အဆင့်-၁ စပိန်အသင်း အနီရောင်ဝတ်တာ.. ၊ ကမ္ဘာ့ အဆင့်အမြင့်ဆုံး

ဘောလုံးရပ်ဝန်းဖြစ်တဲ့ ဥရောပ တလွှားက ဆိုင်ရာ ပြည်တွင်းပြိုင်ပွဲအသီးသီးမှာ

အနီဝတ်တဲ့အသင်းတွေ ထိပ်တန်းက ရပ်တည်တတ်တာ တိုက်ဆိုင်မှု သက်သက် လို့ တော့

မထင်မိဘူးဗျ။ (Real Madrid လို ချွင်းချက်အသင်းတွေလည်း ရှိသပေါ့လေ…)

 

  • Brands တွေဟာ ငယ်ရွယ်ပျိုမြစ်မှု နဲ့ မိခင်ကမ္ဘာမြေကို ချစ်မြတ်နိုးမှု ကို ပြသလိုတဲ့ အခါ အစိမ်းရောင် ကို သုံးကြပါတယ်။

 

2

What it means:

အစိမ်းရောင်ဟာ ငွေကြေး ဒါမှမဟုတ် အားကျစရာကောင်းမှု ကို ပြသလို သဘာဝပတ်ဝန်းကျင် နဲ့

မိခင်ကမ္ဘာမြေကိုလည်း ကိုယ်စားပြုပါသတဲ့ ..။ ဆိုတော့ နုနယ်ပျိုမြစ်မှု ထာဝရတည်တံ့မှု နဲ့ ဘ၀ကို

သာယာနာပျော်ဖွယ် ဖြတ်သန်းမှု တို့နဲ့လည်း ဆိုင်ပါသတဲ့ လေ။(သူတို့ဆီက အယူအဆ)

 

Which brands use it:

Starbucks ဟာ အစိမ်းရောင် အဓိက ထားသုံးပြီး အလယ်ခေါင်မှာ ရေသူမ ပုံ သုံးတဲ့ ငယ်ရွယ်ပျိုမြစ်မှု

ကမ္ဘာမြေနဲ့ ရင်းနှီးကျွမ်းဝင်မှု ကို အားပြုထားတဲ့ Brand ဖြစ်ပါတယ်။ Starbucks ဟာ သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းမှုဆိုင်ရာ လုပ်ဆောင်မှုတွေ နဲ့ fair trade တွေအတွက်အမြဲတစေ ဂုဏ်ယူစရာ Brandတခု ဖြစ်

နေပါတယ်။ Garnier Fructis ဟာလည်း နောက်ထပ် အစိမ်းရောင် အားပြုသုံးတဲ့ shampoos တွေကို

ထုတ်လုပ်တဲ့ Brand တခုဖြစ်ပါတယ်။ (The Body Shop ကလည်း အစိမ်းရောင် ဖြစ်ပါရဲ့ဗျာ.)

 

အစိမ်းရောင်နဲ့ ပါတ်သတ်လို့ ကျနော့် ကိုယ်ပိုင်အမြင် (သတိထားမိတာ) ကတော့ ၃ခုရှိပါတယ်။

ပထမတခုကတော့ အနောက်တိုင်း ဒဏ္ဍာရီလာ လေးပစ် အင်မတန်ကောင်းတဲ့ တောတွင်းပျော်

Elf တွေ နဲ့ သူတို့ ကို လူအသွင် ဖန်တီးထားတဲ့ ဇာတ်ကောင် Robin Hood တို့ပါပဲ ။

သစ်တော စိမ်းစိုမှု သဘာဝ ဒါတွေကို ကိုယ်စားပြုထားတာပါပဲ။

 

နောက်ထပ် သတိထားမိတဲ့ တခုကတော့ ပြည်တွင်း က အစိမ်းရောင်နဲ့ ပါတ်သတ်တဲ့ အမြင်ပါ။

ခုနောက်ပိုင်းမှုသာ အစိမ်းရောင်ကို လူတွေက သဘာဝပတ်ဝန်းကျင်တို့ Recycling တို့နဲ့

တွဲပြီး (အကောင်းမြင်) မြင်လာခဲ့တာပါ။ အရင်ကတော့ အစိမ်း ဟေ့ လို့ ဆိုလိုက်ရင်

စိမ်းကားမှု နဲ့ တွဲမြင်နေတတ်ပါတယ်။ သစ်စိမ်းချိုး ၊ သွေးစိမ်းရှင်ရှင် ၊ အစိမ်းလိုက် ၊ အစိမ်းသက်သက်

ဆိုတဲ့ စကားလုံးတွေနဲ့ တွဲလိုက်တဲ့အခါ အစိမ်း ဆိုတာ ရုပ်ချည်းပြောင်းလဲတတ်သော ဆိုတဲ့

အဓိပ္ပါယ် ထွက်နေတတ်ပါတယ်။ သည်တော့ .. ပြည်တွင်း Brand တွေအနေနဲ့ အစိမ်းကို

သုံးမယ် ဆိုရင် သဘာဝပတ်ဝန်းကျင် နဲ့ ပါတ်သတ်တဲ့ ထုတ်ကုန်မဟုတ်ရင်တော့ ရှောင်ရှားသင့်ပါကြောင်း။

 

တတိယ တစ်ခုကတော့ အစိမ်းရောင် နဲ့ ဆေးပညာ ပါ..။ အစိမ်းရောင်ရဲ့ ပင်ကိုယ် သဘောဟာ

မျက်စိအေးစေပါတယ်။ ခွဲစိတ်ခန်းဝင် ၀တ်စုံတွေ ဆေးရုံနံရံတွေနဲ့ ခန်းစီး စတာတွေမှာ အစိမ်းကို

သုံးလေ့ရှိပါတယ်။ မျက်စိအေးတာတကြောင်း၊ သွေးရဲ့ အရောင်ဖြစ်တဲ့ အနီရောင်နဲ့ ဆန့်ကျင်ဘက်

အရောင်ဖြစ်တာ တကြောင်းပေါ့လေ…။

 

Brands တွေဟာ အပြာရောင် ကို သုံးပြီး အေးဆေးတည်ငြိမ်မှု နဲ့ ကျိုးကြောင်းဆီလျော်မှု ၊ ယုတ္တိတန်မှု ကို ပေးပါတယ်

3

What it means:

အပြာရောင်ဟာ ယုံကြည်မှု၊ ရိုးသားဖြောင့်မတ်မှု နဲ့ ဆက်သွယ်မှု ဆက်စပ်မှု တို့ရဲ့ ပြယုဂ် ဖြစ်ပါတယ်။

ဒါပေမယ့် tone မှားယွင်းအသုံးပြုခဲ့မယ် ဆိုရင်တော့ဖြင့် အေးစက်မှု၊ သီးသန့် ဆန်မှု ၊ မာကျောပြီး

မသင့်မလျှော်မှု တခုခု ကို ဖော်ပြသလိုဖြစ်တတ်ပါတယ်။

အပြာရောင်ဟာ ကျယ်ပြောလှတဲ့ ပင်လယ် သမုဒ္ဒရာကြီးရဲ့ ကိုယ်စားပြုအရောင် ဖြစ်တာမို့ ကူးလူးဆက်သွယ်ခြင်း

ဆိုင်ရာ ဂုဏ်သတ္တိလည်း ရှိပြန်ပါသတဲ့ ။

Which brands use it:

ကမ္ဘာ့ လူမှု ကွန်ရက် ကြီးတွေဖြစ်တဲ့ Facebook, Twitter, LinkedIn တို့ဟာ အပြာရောင်ကို အဓိက brand

Color အဖြစ် သုံးကြပါတယ်။ အထူးသဖြင့် Twitter ရဲ့ အပြာရောင် အဖျော့ဟာ လူမှုကွန်ရက်ရဲ့ ပျော်ရွှင်

နှစ်လိုဖွယ် ကောင်းမှု ကို ဖော်ပြနေပါတယ်။ နောက်ထပ် ထင်ရှားတာကတော့ Tiffany & Co. ရဲ့

ကမ္ဘာကျော် Tiffany Blue ဒါမှမဟုတ် teal blue ပါပဲ ။

Tiffany Blue

Color coordinates

Hex triplet #81D8D0

sRGBB (r, g, b) (129, 216, 208)

HSV (h, s, v) (174°, 40%, 85%)

 

(အဲ့အရောင် သိတယ်မလား …ဟိုသာထိန်းဂျီး ပိုင်တဲ့ အဲဇလုံ ဆိုလား ..အဲ့မှာ သုံးတယ်လေ..)

 ibm-logo

အပြာရောင် နဲ့ ပါတ်သတ်ပြီး ကိုယ်ပိုင် အမြင် ကိုပြောပါဆိုရင်တော့ ..

ပထမဆုံး ကျနော် Nokia ကို ပြေးမြင်မိပါတယ်။ သူ့ရဲ့ Brand color ဟာ

အပြာရောင် ဖြစ်ပါတယ်။ ဒါဟာ အပြာရောင်ရဲ့ အပြောကျယ်ပြီး ကူးလူးဆက်ဆံရေး ဂုဏ်သတ္တိကို

အသုံးချထားတာ လို့ မြင်မိပါရဲ့ .. နောက်တခု ထပ်ပြောနိုင်တာကတော့ Samsung ပါ။

nokia-logo-brand-wallpapers

အပြာရောင်ဟာ ယုံကြည်မှု ကိုကိုယ်စားပြုတယ် ဆိုလို့ Business Color အနေနဲ့လည်း သုံးစွဲကြပါတယ်။

ဒီထဲကမှ IBM ဟာ ထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။ Brand တွေမှ မဟုတ်ပါဘူး .. အဖြူမှာ အပြာ ဒါမှမဟုတ် အပြာပေါ်မှာ အဖြူပါတဲ့ ရှပ် အင်္ကျီ တွေဟာ Standard

Business man Shirts တွေလို့

ခေါ်နိုင်ပါရဲ့ ။

 

 

 

အပြာရောင်ကို နောက်တမျိုး Blue for Boy ဆိုပြီး ဆိုတတ်ကြပါသေးတယ်။ အမျိုးသား ကိုယ်စားပြု

အရောင် ဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာက အိမ်သာ ဆိုင်းဘုတ်တွေမှာ အထင်အရှား တွေ့နိုင်ပါရဲ့။

ဒီသဘောတရား နဲ့ Brand color ကို ချိန်ဆ ယူတာကတော့ Nivea ပါပဲ။ မူလ Brand color ဟာ

အပြာရောင် ဖြစ်တဲ့အပြင် Nivea for Men မှာ အပြာရောင်ကို အလွန်အမင်း ကို ထင်ရှားအောင်

သုံးစွဲလေ့ရှိတာ Nivea ရဲ့ ထုံးစံဖြစ်ပါတယ်။

(တခြား ရှော့ရှိတဲ့ အပြာ အကြောင်းကိုတော့ ချန်ထားခဲ့ပါတယ်….အဟိ… ကိုဆာမိရဲ့ အရိန္မာလှံ ကြီးကြောက်လို့)

 

  • Brands တွေဟာ ခရမ်းရောင် ကို ဇိမ်ခံပစ္စည်းဆန်မှု နဲ့ မှော်ဆန်မှုကို ပေးချင်တဲ့အခါ သုံးပါသတဲ့

4

 

What it means:

ခရမ်းရောင်ဟာ အဆင့်အတန်းမြင့်မားမှု ဇိမ်ခံပစ္စည်းဆန်မှု နဲ့ မှော်ဆန်မှု ထူးခြားဆန်းပြားမှု တို့ကို

ပေးပါတယ်။ ဒါကြောင့် တခါတရံမှာ ခရမ်းရောင်သုံးစွဲမှုဟာ သိမ်မွေ့ ရှုပ်ထွေးသွားပြီး reality နဲ့

ကင်းကွာသယောင် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ပေးချင်တဲ့ message ကိုလိုက်ပြီး

သတိနဲ့ သုံးစွဲသင့်တဲ့ အရောင်ဖြစ်ပါတယ်။

 

Which brands use it:

Cadbury’s ရဲ့ trademark ခရမ်းရောင်ဟာ ကြွယ်ဝတဲ့ ချောကလက် ထုတ်ကုန်တွေကို

ကိုယ်စားပြုပါတယ်။ Pop အဆိုကျော် Prince ဟာလည်း ခရမ်းရောင် ကိုနှစ်သက်စွာ အသုံးပြုမှုအတွက်

ကျော်ကြားသူတယောက်ဖြစ်ပါတယ်။

ခရမ်းရောင်နဲ့ ပါတ်သတ်ပြီး မှတ်ဖူးတာတခုကတော့ သူ့မှာ အစာစားလိုစိတ်ကိုဖြစ်စေတဲ့

သတ္တိ ကိန်းပါသတဲ့ သည်တော့ စားသောက်ဆိုင်တွေမှာ စားပွဲခင်းအနေနဲ့ သုံးကြပါတယ်တဲ့ ..။

ခရမ်းရောင် ကို အသုံးများတဲ့ တိုင်းပြည်ကတော့ အိမ်နီးချင်း ယိုးဒယားပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ နေရှင်နယ် ပန်းဆန်ဆန် သုံးနေတဲ့ သစ်ခွကလည်း အနှီ အရောင်ပေပဲကိုး .။

Thai

ယိုးဒယားဆိုလို့ တိုက်ဆိုင်လို့ပါ။ အဲ့သည့်မှာ နေ့တွေမှာ အရောင်တွေ ရှိပါသတဲ့။

လက်ရှိဘုရင်ကတော့ အ၀ါရောင် ကိုယ်စားပြုတဲ့ တနင်္လာသား မို့ သူ့မွေးနေ့ဆိုရင်

တတိုင်းပြည်လုံး ၀ါထိန်ကုန်ပါသတဲ့ဗျာ..။

http://en.wikipedia.org/wiki/Colors_of_the_day_in_Thailand

 

စကားလမ်းကြောင်းချော်ကုန်ပြီ ခရမ်းရောင်အကြောင်းမို့ ခရမ်းရောင်နဲ့ ပြန်ပိတ်ရရင်ဖြင့်

အနုပညာသယ်တွေရဲ့ နှစ်သက်မှုအခံရဆုံး အရောင်ဖြစ်တယ်လို့လည်း သိရပါတယ်ဗျာ။

 

 

  • Brands တွေဟာ သီးသန့်ဖြစ်တည်မှုနဲ့ မက်မောစွဲလမ်းမှု ကိုပေးလိုတဲ့အခါ အမည်းရောင် ကို သုံးကြပါတယ်။

 

5

What it means:

 

ခရမ်းရောင်လိုပါပဲ ။ အမည်းရောင်ဟာလည်း ဇိမ်ခံပစ္စည်းဆန်တဲ့ သွင်ပြင် ရှိပါတယ်။

အမည်းရောင်ကို မှန်ကန်စွာ အသုံးချနိုင်မယ်ဆိုရင် စွဲလမ်းနှစ်ခြိုက်စရာကောင်းတဲ့ သီးသန့်ဆန်တဲ့

အဆင့်အတန်းမြင့်မားပုံရတဲ့ အသွင် ဆောင်ပြန်ပါတယ်။

စူးစူးနစ်နစ် လေ့လာဖို့ကောင်းတဲ့ အရောင်ဖြစ်ပါတယ်။

 

Which brands use it:

Gilt Groupe ကတော့ အမည်းရောင်နဲ့ ရွှေရောင် တွဲဖက် သုံးစွဲမှု ကို အလွန်အင်မတန် သီးသန့်ဖြစ်

တည်မှုလို့ ဆိုပါတယ်။

Chanel နဲ့ Yves Saint Laurent တို့ဟာ အမည်းရောင်ကို ထင်ရှားစွာသုံးတဲ့ Brand

တွေဖြစ်ပါတယ်။

 

ကိုယ်ပိုင်အမြင် အရ ပြည်တွင်းမှာတော့ အမည်းရောင်ကို အမင်္ဂလာအရောင်အဖြစ် ယူဆကြသူများလို့

အမည်းရောင်ဟာလည်း သတိနဲ့ သုံးသင့်တဲ့အရောင်ဖြစ်ပြန်ပါတယ်။ သီးသန့်ဆန်မှုကိုတော့

အလွန်သဘောကျမိပါတယ်။

 

 

Brands တွေဟာ ပျော်ရွှင်မှု နဲ့ ရင်းနှီးကျွမ်းဝင်မှုကို ပေးချင်ရင် အ၀ါရောင်ကို သုံးလေ့ရှိပါတယ်။

 

6

 

What it means:

အ၀ါရောင်ကိုသုံးထားတဲ့ Brands တွေဟာ ပျော်ရွှင်မှု၊ အကောင်းမြင်စိတ် နဲ့ ရင်းနှီးပွင့်လင်းမှု ကို ပေးပါသတဲ့။

နေ့အလင်းရောင်ထဲမှာ ထင်သာမြင်သာအရှိဆုံး အရောင်ဟာ အ၀ါ ဖြစ်ပါတယ်။ သည်တော့ အ၀ါသုံးပြီး

ရေးထားတဲ့ Logo တွေကို မျက်လုံးက ရှောင်ကွင်းသွားဖို့ သိပ်မလွယ်တဲ့ကိစ္စပါ။

Which brands use it:

ဒီအချက်ကို ကောင်းကောင်းသိထားတာကတော့ McDonald’s ပါပဲ။

ဆိုင်ရဲ့ ခေါင်မိုးပေါ်မှာ မြှင့်တင်ထားတဲ့ ‘M’ ဆိုတဲ့ စာလုံးကိုကြည့်ကြည့်ရင် နောက်ခံ အပြာရောင်မိုးသား

ကောင်းကင်နဲ့အတူ ထင်ရှားပေါ်လွင်နေလေ့ ရှိပါတယ်။

IKEA ဟာလည်း နောက်ထပ် အ၀ါရောင်အသုံးပြုမှုရဲ့ ဥပမာကောင်း ဖြစ်ပါတယ်။ သူလည်း ပဏာရတဲ့

အတွဲအစပ်ဖြစ်တဲ့ အ၀ါနဲ့ အပြာကို တွဲသုံးထားပါရဲ့.

ikea_home_products

ဗုဒ္ဓဘာသာ မှာတော့ သာသနာ့ အရောင်အဖြစ် အ၀ါကို လက်ခံထားကြပါတယ်။

သာသနာ့အလံမှာပါတဲ့ အ၀ါ ၀ီကီကတော့ သည်လို ဆိုလေရဲ့…။

Yellow (Pīta): The Middle Path – avoiding extremes, emptiness

450px-Burmese_buddhist_flag.svg

 

နောက်ပြီး ရာဇ အရောင်လို့လည်း ဆိုနိုင်မလား။ လူမျိုးကို ကိုယ်စားပြုတဲ့ ..(ကိုယ်တို့ ရွှေတွေက)

မြန်မာ့ ကိုယ်စားပြု ပန်းလို့ ဆိုနိုင်တဲ့ ပိတောက်ရဲ့ အရောင်လည်း ဖြစ်ပြန်ပါတယ်။

သည်တော့ ပြည်တွင်း အ၀ါရောင် သုံးစွဲမှု နဲ့ ပါတ်သတ်ရင်တော့

အနောက်တိုင်းနဲ့ အရှေ့တိုင်း သတ်မှတ်ပုံစံ ကွာခြားလေတော့ ..

အင်း …. ဂရုစိုက်သုံးမှ တော်ကာကျမယ့် အရောင်ဗျို့ …

 

Brands တွေဟာ ဆော့ကစားမှု နဲ့ ရုပ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာရှိမှုအတွက်

လိမ္မော်ရောင်ကို သုံးကြပါတယ်။

 

7

 

What it means:

လိမ္မော်ရောင်ဟာ အင်အားကောင်းပြီး ပြင်းပြပါတယ်။

ပျော်ရွှင်မှု ၊ ဆော့ကစားမှု နဲ့ လူမှုဆက်ဆံရေးကို ကိုယ်စားပြုတဲ့အရောင်မို့ အ၀ါရောင်နဲ့ အတော်အတန်

ဂုဏ်သတ္တိတူပါတယ်။ing-logo

 

Which brands use it:

ကလေး TV network တခုဖြစ်တဲ့ Nickelodeon ဟာ လိမ္မော်ရောင် ရေစက်ပုံ logo ကိုအသုံးပြုပါတယ်။

ဒါဟာ သူတို့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပြီး ကလေးတွေကို ပျော်ရွှင်မှု တောက်ပမှု ပေးစွမ်းနိုင်တဲ့

ဂုဏ်သတ္တိမျိုး ထင်ဟပ်စေလို့ပါပဲ။

Nickelodeon-old-school-nickelodeon-295339_1024_768

Financial institution တခုဖြစ်တဲ့ ING ကလည်း လိမ္မော်ရောင် ကိုအပြာနဲ့ တွဲသုံးတာ ထင်ရှားပါတယ်။

ရှုပ်ထွေးပွေလီလှတဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းပိုင်းတွေကနေ ပေါ့ပါးမှု သက်သာမှု ပေးတယ် ယူဆပါရဲ့ ။

လိမ္မော်ရောင်ကိုတော့ .ပြည်တွင်း brand တွေအတွက် အ၀ါရောင်အစားထိုး အသုံးချစရာ အရောင်အဖြစ်

မြင်မိပါတယ်။

 

Brands တွေဟာ ချိုမြိန်မှု၊ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှု ပြင်းပြမှု ကို ပြချင်ရင်

ပန်းရောင်ကို သုံးလေ့ ရှိပါတယ်။

 

 

What it means:

ပန်းရောင်ဟာ အရည်အသွေးအချို့ကို ထင်ထင်ရှားရှားပြသတဲ့ အရောင်ဆိုရင်

မမှားပါဘူး။ အမျိုးသမီး ကိုယ်စားပြုတဲ့ အရောင်ဖြစ်ပြီး ချစ်မေတ္တာ ၊ ပြုစုစောင့်ရှောက်မှု နဲ့8

ဂရုစိုက်မှု တွေကို ပိုင်ဆိုင်ထားပါတယ်။ တောက်ပတဲ့ ပန်းရောင်ကို မိန်းကလေးတွေကို

အဓိကထားပြီး marketing လုပ်လေ့ရှိပါတယ်။ sex appeal အားကောင်းလို့ပါ။

 

Which brands use it:

Victoria’s secret ဟာ ပန်းရောင် Brand နဲ့ပါတ်သတ်ရင် အထင်ရှားဆုံးသော

ဥပမာ ဖြစ်ပါတယ်။ သူတို့ဆီမှာ PINK လို့ ရိုးရှင်းစွာ နာမည်ပေးထားတဲ့ Product Line

တောင်ရှိပါသေးတယ်။

VICTORIA'S SECRET PINK

ရင်သားကင်ဆာ အတွက် အလှူပွဲ ရန်ပုံငွေပွဲတွေ လုပ်တဲ့အခါ ပန်းရောင်ကို ကိုယ်စားပြု

အရောင်အဖြစ် Brand တွေက သုံးစွဲလေ့ရှိပါတယ်။

Breast Cancer Awareness month မှာ ပန်းရောင် ခေါင်းစီးကြိုးလေးတွေကို

အထိန်းအမှတ် ပြု လေ့ရှိပါသေးသတဲ့။

ဒါကတော့ Avon ရဲ့ Breast Cancer အတွက် Campaign ပါ။

 

avon-walk

ပန်းရောင်နဲ့ ပါတ်သတ်တဲ့ ကျနော့်အမြင်ကတော့ အမျိုးသမီး ထုတ်ကုန် တိုင်းအတွက်

လုံးဝ ကင်းလို့မရမယ့် အရောင်ဖြစ်ပါတယ်။ ပင်မ logo မှာ မသုံးရင်တောင် Packaging

ပိုင်းမှာ သုံးသင့်တဲ့ အရောင် ဖြစ်ပါရဲ့

Victorias-Secret-Logo

ပုရိသအကြိုက် ဟိုမဂ္ဂဇင်းတွေမှာလည်း ပန်းရောင်ကို လှိုင်လှိုင်သုံးတာ သတိထားမိပြန်ပါသေးတယ်။

အကြောင်းကတော့ ပုရိသ အကြိုက်ဟာ က္ကုထ္ထိယ မို့ ..စာအုပ်ကိုယ်တိုင် ကိုက က္ကုထ္ထိယ ဆန်နေဖို့

လိုအပ်လို့ပါပဲ။ (၀ါသနာရှင် ထင်မှာစိုးလို့ ဒီကိစ္စတော့ တော်သေးဘီ)

ပန်းရောင် ရှိတဲ့ အရာတခုခုနဲ့ ယောက်ျားဘသားတွေကို ဆက်စပ်ပေးထားတဲ့ ထူးခြားတဲ့ နိုင်ငံကတော့

ဂျပန်နိုင်ငံဖြစ်ပါတယ်။ နွေဦးကာလမှာ တပင်လုံးဝေအောင်ပွင့်ပြီး အကုန်လုံး ကြွေကျရတဲ့ ပန်းရောင်

ချယ်ရီ ပန်းတွေနဲ့ စစ်သားတွေကို ဆက်စပ်ပေးထားတာပါ။ ဒါဟာကမ္ဘာစစ် တုန်းက လုပ်ခဲ့တဲ့ စိတ်ဓါတ်

စစ်ဆင်ရေး propaganda ပါ။ စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ မျိုးချစ်စစ်သားတွေအတွက် ဂုဏ်ပြုပြီး ပွင့်တဲ့

ပန်းတွေပါတဲ့ …။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တပင်လုံးပွင့်ပြီး ကြွေသလို တပြုံလုံး သေကြတာကတော့ အနိဌာရုံပါဗျာ။

 

Brands တွေဟာ နွေးထွေးမှု ၊ စားသုံးသူရဲ့ မှီခိုအားထားနိုင်မှု ရရှိကြောင်း

ပြသချင်တဲ့အခါ အညိုရောင် ကို သုံးပါတယ်။

 

9

What it means:

 

 

အညိုရောင်ရယ်လို့ တွေးလိုက်တာနဲ့ ထိပ်ဆုံး ပုံဖော်မိမှာက Chocolate ဖြစ်ပါတယ်။

အနှီ အတွေးကို ပိုမို နက်နက်ရှိုင်းရှိုင်း တွေးရင်တော့ နွေးထွေးမှု ၊ ယုံကြည်စိတ်ချမှုနဲ့ အားကိုးနိုင်ဖွယ်ကောင်းမှု

စတာတွေ တန်းစီထွက်လာမှာဖြစ်ပါရဲ့။

 

Which brands use it:

UPS ဟာ အညိုရောင်သုံးတဲ့ နေရာမှာ ထင်ရှားတဲ့ brand တခုဖြစ်ပါတယ်။ သူတို့ဟာ ဖောက်သည်တွေရဲ့

ချောစာတွေနဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင် ပေးတဲ့နေရာမှာ ယုံကြည်ကိုးစားဖွယ်ရာ ကောင်းမှုကို

အညိုရောင်နဲ့ ပုံဖော်တဲ့ သဘောပါ။ဒါဟာ Service Sector ထဲက Firm တွေအတွက် အလွန်သင့်လျှော်တဲ့

အရောင်ရွေးချယ်မှု ဖြစ်တယ် လို့ ဆိုထားပါတယ်။ နောက်ပြီး ထင်ရှားတဲ့ အညိုရောင် သုံးတဲ့ Brand ကတော့

ချောကလက်လေးတွေ တန်းစီတဲ့ M&Ms ပါပဲ ။ အများနဲ့ မတူ ထူးခြားခြားနားတဲ့ အညိုရောင် ပါကင်နဲ့အတူ

နွေးထွေးချိုမြိန်တဲ့ ချောကလက်ရဲ့ အရသာကို ခံစားရစေတဲ့ အသွင်အပြင်ဖြစ်ပါတယ်။

 

product_milkchocolatemms

အောက်ကတော့ ကျနော့်အမြင် ဖြစ်ပါတယ် ။

တခြား အညိုရောင် များများသုံးတာကတော့ နာမည်ကျော် Louis Vuitton ပဲဖြစ်ပါတယ်။

ကျနော်တို့ ပြည်တွင်းမှာတော့ ညိုတာရဲ့ နောက်မှာ မှိုင်းတာက ပါဝင်လာတဲ့ ခံစားချက်မျိုး

လက်ခံထားကြတာမို့ လုပ်ငန်းတွေဟာ အညိုရောင်ကို အခြားအရောင်တွေနဲ့

ယှဉ်ရင် သိပ်သုံးတာ မတွေ့မိသေးပါ။

 

 

http://www.businessinsider.com/branding-and-the-psychology-of-color-2012-12#

 

အောက်ဆုံးမှာ ပြောခဲ့ချင်တာကတော့ ယောက်ျားလေးနဲ့ မိန်းကလေး အရောင်ကို အလေးထားကြည့်ရှု

မှု နှိုင်းယှဉ်ချက်ကလေးပါဗျို့…

 

288714_700b

တော်သေးဘီ ခင်တဲ့

ဂီ

 

 

colourwheel

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011