တစ်ရက်က ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့အဆက်အသွယ်ရလို့ အင်တာနက်အကြောင်းပြောမိရာက သူဖေ့စ်ဘွတ်ပေါ်မှာ ရှိနေတယ်ဆိုတာသိလိုက်လို့ သူ့အကောင့်တောင်းပြီး ဂျီတော့ပေါ်မှာ စကားပြောဖို့ ခေါ်လိုက်ပါတယ်….။ ကျောင်းတုန်းကသူငယ်ချင်းဆိုတာက 88 ကျောင်းပိတ်တော့ကွဲကွာသွားတဲ့သူငယ်ချင်း နောက်တွေ့ဖြစ်တော့လည်းခဏတစ်ဖြုတ်ရယ်…။ စကားစမြည်ဆိုလို့ အားရပါးရ ပြောဖြစ်ချိန်ရယ်နဲတယ်…။ သူကလည်းသူ့အလုပ်နဲ့ ကိုယ်ကလည်းကိုယ့်ကိစ္စနဲ့ကိုဆိုတော့ တွေ့ရရင်လည်းခဏတဖြုတ် အေးအေးဆေးဆေးရယ်လို့မရှိခဲ့တာ….။ ဒါနဲ့ ခုတော့ဂျီတော့မှာအားရပါးရစကားပြောရပြီဟဲ့လို့ စိတ်ကူးလိုက်ပါတယ် …။ သတောင့်သားက တော်တော်နဲ့ ဂျီတော့ကနေအက်ထားတာ လက်မခံပြန်ဘူး….။ သေချာအောင်ဖုန်းနဲ့ဆက်ပြီးတော့ သူ့အကောင့်ပြန်မေးရင်း မင်းအင်တာနက်သုံးနေတာကြာပြီလားလို့ ပြန်မေးရသေးတယ်…။ မကြာသေးဘူးတဲ့ သူကဖေ့စ်ဘွတ်ပဲ သုံးတာတဲ့ ဟိုက်ရော…………။ အဲဒါနဲ့ဖုန်းထဲကနေဆဲလိုက်ရတယ်….။ နင့် xxxကလွှား လို့ ဟုတ်တယ် အင်တာနက်ပေါ်မှာ ဖေ့စ်ဘွတ်တစ်ခုထဲရှိတာကျနေတာပဲ….။ ဟုတ်တယ်…။ ဒါနဲ့ဂျီတော့ကိုလာခဲ့ အဲဒိရောက်မှ ဆက်ပြီး ဆဲမယ်လို့ပြောလိုက်တယ်…။ ညရောက်တော့ ဂျီတော့ပေါ်ကိုတက်လာပါတယ်…။ အဲဒိတော့မှာ သူကြည့်သင့်ဝင်သင့်တဲ့လင့်တွေ ပေးလိုက်တော့ ဘယ်လိုဖွင့်ရမှာလဲတဲ့……။ ခက်ဖူးလား….။ အဲဒိတော့ ငယ်သူငယ်ချင်းမို့ ပြောလိုက်ပါတယ် လင့်ပေါ် မျှားတင်ပြီး ကလစ်လိုက်လို့…….။ ခက်တာကအဲဒါတွေပဲ….။ အဲနောက် တော်တော်နဲ့စကားပြန်တက်မလာပြန်ဘူး….။ ဘာလုပ်နေလဲ ဟ လို့သုံးခါလောက်ရိုက်ပြောမှ “fb use nay tar” တဲ့….။ မိုးမွှန်အောင် ကိုင်တုပ်လိုက်ပါတယ်…။ ငယ်သူငယ်ချင်းဆိုတော့ အရင်ကတည်းကပြောမနာဆိုမနာ လည်ပင်းဖက်ပေါင်းလာတဲ့ကောင် …။ နေ၀န်းနီရဲ့ မဆုံးတဲ့သီချင်းမှာထည့်ရေးဖူးတယ် …။ ဘကြီးသန်းတဲ့…။ အဲဒိကောင်….။ “ မင်း ဖေ့စ်ဘွတ် သုံးနေတယ်ဆိုတာက သူများစာမျက်နှာတွေသွား တင်ထားတဲ့အရုပ်လေးကြည့် အောက်က ရေးထားတာလေးလိုက်ဖတ် ကြိုက်ရင် like လေး နှိပ်လိုက် ဒါပဲမဟုတ်လား ဒီထက်ပိုပြီးမင်းဘာသိသေးလဲ” ဆိုတော့ “ဟင့်အင်း” တဲ့ ကောင်းကြသေးရဲ့လား …။ အရပ်ကတို့ရေ………။ ကိုယ့်ရှေ့မှာနည်းပညာ တော့ရှိနေပါရဲ့ ဘယ်လို အကျိုးရှိအောင်သုံးရမှန်းမသိဘူး…။ အင်တာနက် ဆိုတာတော့ချိတ်ထားပါရဲ့ တစ်နေ့တစ်နေ့ ဂျီတော့နဲ့အချိန်ကုန် …။ ဂျီမေးလ်တောင်မဖွင့်တတ်တဲ့သူရှိတယ်…။ နေ၀န်းနီအပိုမပြောဘူး …။ အဲဒိတော့ဒီလိုတွေဘာကြောင့်ဖြစ်လာသလဲဆိုတာ ခြေရာခံလိုက်ကြည့်လိုက်တော့ အဓိက တရားခံက အဲဒိနည်းပညာသင်တန်းတွေ ဖြစ်နေတယ်….။ ကွန်ပြူတာသင်တန်းတွေက တတ်သင့်တတ်အပ်တာ ကုန်အောင်သင်မပေးလိုက်တာရယ် သင်မဲ့သူတွေစိတ်ဝင်စားလာအောင်အင်တာနက်ပါတွဲသင်ပေးမယ်ဆိုပြီး ဆွဲဆောင်လိုက်တာရယ် အဲဒိကနေဒီပြဿနာကရောက်လာတာပဲ…။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းကဆင်းလာတဲ့သူတွေမေးကြည့်ဖြစ်လို့ပါ….။ သူတို့သင်တန်းက မြန်မာစာဖွန့်တွေ လက်ကွက်တွေသင်တဲ့အခါမှာ အသုံးများတဲ့ ၀င်း ဖွန့်ကိုပဲ အဓိက သင်ပါတယ်…။ ဇော်ဂျီဆိုတာမသိဘူး …။ ယူနီကုတ် ဆိုရင် ဘာလဲလို့တောင်ပြန်မေးတဲ့သူရှိသေးတယ်…။ သင်တန်းက သင်ပေးလိုက်တဲ့ မြန်မာစာလက်ကွက်က အင်တာနက်ပေါ်မှာသုံးမရဘူး…။ အင်္ဂလိပ်စာလက်ကွက် ကဘယ်နေရာမှာဖြစ်ဖြစ်အသုံးဝင်တယ်…။ ဒီတော့ အလွယ်တစ်ကူ သုံးလို့ရတဲ့ (ဂျီတော့နဲ့ဖေ့စ်ဘွတ်အကောင့် ကို သင်တန်းကလုပ်ပေးလိုက်တာများတယ်…။ သူတို့ကိုဘယ်လိုလုပ်ရသလဲနောက်အသစ်တစ်ခုလုပ်ခိုင်းမသိတော့ဘူး မလုပ်တတ်ဘူး ဒါဟာသူတို့ အတွက်အခက်အခဲကြီးတစ်ခု ) ဂျီတော့နဲ့ဖေ့စ်ဘွတ်မှာ မြန်မာစကားသံအတိုင်း အင်္ဂလိပ်စားလုံးနဲ့ လှိုင်လှိုင်ကြီးရိုက်သုံးနေတော့တာပဲ….။ “nay kaung la” “ sleep chin p” တဲ့ နေကောင်းလားဆိုတာကတော့ဟုတ်ပါပြီ…။ ဘာတဲ့ sleep ချင်ပြီ ။ ခေါင်းမွှေးဖြူအောင်စဉ်းစားလိုက်ရတယ်…။ အသံထွက်အတိုင်း “စလိ(ပ်)ချင်ပြီ” ဆိုတော့ကာ ဘာကို စလိ(ပ်)ချင်တာလဲ …။ အော် …. အိပ်ချင်ပြီလို့ပြောတာ သေဟဲ့နန္ဒိယ…။ စောစောကလည်း “fb use nay tar” ဆိုတော့ မြန်မာလိုအသံထွက်အတိုင်းလဲသူရို့မသုံးကြပါလား ပေါ့လေ…….။ ကောင်းလိုက်တာ စိတ်ပျက်ဖို့….။ ၀က်ဆိုဒ်တော်တော်များများမှာ အဲဒိလို မြန်းဂလိ (ဘားဂလိလို့လည်းသုံးတယ်) နဲ့ ရေးတာလက်မခံပါဘူး…။ အားလုံးလောက်ပါပဲ…။ အဲဒိတော့ သူတို့အနေနဲ့ဘယ်ဝက်ဆိုဒ်ထဲမှာမှ အံဝင်ဂွင်ကျနေမရပါဘူး…။ သုံးလို့ရတဲ့ ဂျီတော့နဲ့ ဖေ့စ်ဘွတ်ပေါ်မှာပဲ နေကြတာများတယ်..။ အဲဒိတော့ အင်တာနက်ဆိုင်လာပြီး ထိုင်နေတဲ့သူတွေကိုလည်း သိပ်ပြီးထင်ထားလို့မရဘူး…။ ဖုန်းနဲ့သုံးနေသူတွေကော ပိုတောင်ဆိုးသေးတယ်…။ တစ်ခါက နေ၀န်းနီထက်တော့ငယ်ပါတယ်…။ ဒါပေမဲ့လေ့လာမှု ရှိတယ် ။ နေ၀န်းနီတုန်းက သူ့ဆီက ပြန်လေ့လာရတာတွေရှိဖူးတယ်…။ သူနဲ့တစ်ခါတစ်လေ လ္ဘက်ရည်ဆိုင်မှာ ဆုံတော့ ရယ်စရာမောစရာအနေနဲ့ ပြောသွားတာလေးဖောက်သည်ချလိုက်ချင်သေးရဲ့ …..။ အဲဒိလိုလူတွေ ဂဇက်တက်ထဲမှာများရှိနေရင်တော့စောင်းပြောတာမဟုတ်ပါဘူး …။တည့်တည့်ပြောတယ်လို့ပဲမှတ်လိုက်ပါ…။ ဆဲလည်းမတတ်နိုင်ဘူး ..။ပြောစရာရှိတာတော့ စကားကုန်အောင်ပြောလိုက်ရမှ………..။ သူနဲ့ အင်တာနက်ဆိုင်ထိုင်ရင်ရင်းနှီးခဲ့တာပါ…။ နေ၀န်းနီထက်တော့ ငယ်ပါတယ်…။ အဲဒါနဲ့လိုင်းမကောင်းတဲ့တစ်ရက် လ္ဘက်ရည်ဆိုင်အတူထိုင်ဖြစ်တယ်ဆိုပါတော့ ….။ အဲဒိမှာ စကားစပ်မိရင်း စောစောက ကိစ္စ ဘက်ကိုရောက်သွားတယ်လေ………။ အဲဒိမှာ သူပြောတာက
“ မြန်မာစာ အသံထွက်ကို အင်္ဂလိပ်လိုရိုက်ပြောတာက အင်တာနက်ပေါ်ကာစ က မြန်မာစာလုံး ဖောင့်ကို သုံးမရခင်က ရှိခဲ့တယ် ….။ ဒါပေမဲ့ ခုဟာက ကိုယ့်ဘာသာစကားရှိပြီပဲဗျာ ဘာလို့ အင်္ဂလိပ်စာလုံးတွေနဲ့ ဇွတ်အသံထွက် ရအောင်ရျုက်နေကြမလဲ…။ ဒါပေမဲ့ ဖြစ်ပုံက ဒီလိုဗျ…။ ကျုပ်တို့လူမျိုးက ဘယ်တုန်းက ကိုယ့်ဘာသာစကား ကိုအထင်ကြီးတဲ့သူ ဘယ်နျစ်ယောက်ရှိလို့လဲ…..။ အင်္ဂလိပ်စာ လုံးတွေနဲ့ရိုက်ထားမှ အထင်ကြီးချင်ကြတာ….။ အင်္ဂလိပ်စာလုံးနဲ့ မရိုက်ရဘူး မပြောပါဘူးဗျာ ….။ ရိုက်ပါ …။ အင်္ဂလိပ်စာကို ဌာန်းကရိုင်းကျကျ သဒ္ဒါနည်းမှန်မှန် ရိုက်ပါ …..။ အားပေးပါတယ်…။ ကိုယ်မတတ်ကျွမ်းပေမဲ့ လိုက်ပြီးဖတ်နိုင်သလောက် ဖတ်မှာပဲ…။နားမလည်ရင်ပြန်မေးမှာပေါ့ မဟုတ်ဘူးလား ။ ခုတော့ အဲဒိလိုမဟုတ်ဘူးဗျ… ကိုနေ၀န်းနီရ….။ မြန်မာအသံထွက်စစ်စစ်နဲ့ စာလုံးပေါင်းရိုက်သလားဆိုတော့လည်းမရိုက်တတ်ဘူး…။ တွေ့ချင်တယ်ဆိုတာကို “ see chin tal” တဲ့ဗျာ ဘာဆီးချင်တာလဲ …။ ဆီးသွားချင်တာလား မေးတော့ မိုက်ရိုင်းတယ်ဖြစ်ကုန်ရော……..။ တစ်ချို့ရှိသေးတယ်…။ ကိုယ်တင် စကားပျက်နဲ့ရိုက်တာမဟုတ်ဘူး ….။ ကိုယ်နဲ့ပြောနေတဲ့သူကိုလည်း သူခိုးဖော်ညှိသေးတယ်…။ သူ့ဘက်က မြန်မာဖွန်းမမြင်ရဘူးတဲ့…။ သူသုံးနေတဲ့နေရာက မြန်မာပြည်ထဲက အင်တာနက်ဆိုင်မှာ ….။ ဖြစ်နိုင်ပါ့မလား …။ တစ်ရက်က အမြင်ကပ်ကပ်နဲ့မြန်မာဖောင့် မမြင်ရပါဘူးဆိုတဲ့ အကောင့် မြန်မာ စာလုံးနဲ့ပဲ ငါနဲ့ ကိုင်တုပ်လိုက်တယ်…။”
တဲ့… ကဲ မှတ်ကရော……။
“နောက်ရှိသေးတယ် ကိုနေ၀န်းနီရဲ့ ခင်ဗျားက ဖေ့စ်ဘွတ်ကို သိပ်သုံးတာမဟုတ်ဘူး ဒါပေမဲ့ သူ့အကြောင်းတော်တော်များများသိပြီးလုပ်တတ်တယ်..။ ထားပါတော့ သုံးတတ်သလောက်နဲ့ တွင်ကျယ်အောင်သုံးနိုင်တယ် ….။ ဟိုဟိုဒီဒီ ကလိနိုင်တယ် ဒါကပြဿနာမရှိသေးဘူး ….။ တစ်ရက်ကဗျာ အင်တာနက်ဆိုင်မှာကောင်မလေးတစ်ယောက် သူ့ဖေ့စ်ဘွတ်စာမျက်နှာဖွင့်ပြီး ထိုင်ကြည့်နေတယ် ဘာမှလည်းမလုပ်ဘူး ဘာမှလည်းမရှိဘူး…။ အဲ တစ်နာရီလောက်ကြာတော့မှပြန်ထသွားတယ်….။ ဖေ့စ်ဘွတ်ထဲမှာရှိတယ်ပြောလို့လာကြည့်တာ ဘာမှလည်းမတွေ့ပါဘူးတဲ့ ပြောသွားသေးတယ်….။ အဲဒါမျိုးတွေလည်းတွေ့တတ်သေးရဲ့”
ကောင်းကြသေးရဲ့လားအရပ်ကတို့ရဲ့ လို့သာအော်လိုက်ရ …….ဟင်းဟင်း
အပိုင်း(၂)ကို ……….နေ၀န်းနီနှင့် မဟာဖေ့စဘုတ်တော်ကြီး
မှာဆက်လက်ရှုစားကြပါ …………။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010