သတ္တိခဲ သူရဲကောင်းဆရာဝန်….

cobraJuly 19, 20101min881

၁၉၆၁ ခုနှစ်ရဲ ့ဧပြီလ ၂၉ ရက်နေ ့မှာ အန ္တာတိတ်ဒေသကို လေ လာရေးခရီးရောက်ရှိနေတဲ ့ဆိုဗီယက်နိုင်ငံ (ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စု ပေါ ့ ယခုတော ့ရုရှား ပါ….) မှ လေ့လာရေးအဖွဲ ့တစ်ခုရဲ ့အဖွဲ ့ဝင်တစ်ဦးဖြစ်တဲ ့အသက် ၂ရ နှစ်အရွယ်ရှိ လီယိုနစ်ရိုဂိုဇော့ဗ် တစ်ယောက် ၎င်းရဲ့ ညာဖက် ဝမ်းဗိုက်
အောက်ပိုင်းနာကျင်ကိုက်ခဲတဲ ့ဝေဒနာ ခံစားခဲ ့ရပြီး အဖျားလဲ တက်လာခဲ
့ရပါတယ်… နောက်တစ်နေ ့မှာတော ့သူ ့ရဲ ့အခြေအနေဟာ ပိုမိုဆိုးရွားလာခဲ
့ပါတယ်…ဆေးရုံ၊ ဆေးခန်းသို ့ပို ့ပေး မည် ့လေယာဉ်၊ ရဟတ်ယာဉ်လည်း ခေါ်နိုင်မည် ့အခြေအနေမရှိသည် ့အပြင် ၎င်းကိုယ်တိုင်ကပင် ထို နိုဗိုလာရက်ဆကာယာ လေ ့လာရေးစခန်း ရဲ ့တစ်ဦးတည်းသောဆရာဝန်ဖြစ်နေခဲ ့တာမို ့သူဟာ ရနိုင်တဲ့ ့ထုံဆေးများကိုသာ အသုံးပြုပြီး သူ ့ကိုယ်သူ ကိုယ်တိုင်ပဲ ပြန်လည်ခွဲစိတ်ကာ အူအတက်ပေါက်တာ ကိုဖယ်ရှားခဲ ့ရပါတော ့တယ်…

သူ ့ကို စခန်းရဲ ့အင်ဂျင်နီယာတစ်ယောက်နှင် ့မိုးလေဝသ ပညာရှင်တစ်ဦးတို ့က
ခွဲစိတ်ရာမှာ ကူညီပေးခဲ ့ကြပါတယ်… လီယိုနစ်ရိုဂိုဇော ့ဗ်ဟာ ၁၉၅၉ ခုနှစ်မှာ ရုရှား ဆေးသိပ္ပံမှ ဘွဲ ့ရခဲ
့ပြီးနောက် ခွဲစိတ်ကုသမှုဆိုင်ရာ နေရာကို ချက်ချင်းပဲ ပြောင်းရွေ ့ခဲ ့ရပါတယ်… သို ့သော် သူ ့ရဲ
့တာဝန်ထမ်းဆောင်ရင်း ဆက်လက်သင်ယူမှု ဟာ ၁၉၆ဝ ခုနှစ်မှာ အန ္တာတိတ်ဒေသရဲ ့နိုဗိုလာဇာရေ ့ဗ်စကာယာ စခန်းကို ဆိုဗီယက်ပြည်ထောင်စု ရဲ ့ ၆ ကြိမ်မြောက် လေ ့လာရေးခရီးမှာ ဆရာဝန်အဖြစ်လိုက်ပါခဲ ့ရလို ရပ်ဆိုင်းသွားခဲ ့ရပါတယ်….။

အဆိုပါစခန်းမှာ လေ ့လာရေးခရီးစဉ် ကာလအတွင်းဖြစ်ပွားခဲ ့တဲ ့( သူကိုယ်သူပြန်လည်ခွဲ စိတ်ခဲ ့ရတဲ ့) အဖြစ်အပျက်ကြောင် ့အသက် ၂ရ နှစ်အရွယ်ရှိ ခွဲစိတ်ဆရာဝန်လေးဟာ ကမာ္ဘကျော်ခဲ
့ရပါတော့တယ်…။

၁၉၆၁ ခုနှစ် ဆောင်းရာသီ ဧပြီလ ၂၉ ရက်နေ ့မှာ လီယိုနစ်အတွက် စိတ်မသက်မသာဖြစ်စရာ လက္ခဏာ တွေ စတင်ပြသလာခဲ ့ပါတယ်…
သူ ့မှာ အားနည်းခြင်း၊ ရင်ပြည် ့ရင်ကယ်ဖြစ်ကာ ပျိူ ့အန်ခြင်း၊ အဖျားတက်ခြင်းနှင့် ဝမ်းဗိုက်ညာဖက် အောက်ပိုင်း နာကျင်ခြင်းတို ့ဖြစ်လာခဲ ့ပါတယ်…။

နောက်တစ်နေ ့မှာတော ့သူ ့ရဲ ့ကိုယ်ပူချိန်ဟာ ပိုပြီးမြင် ့တက်လာခဲ ပါတယ်…လူ ၁၃ ဦးပါဝင်တဲ ့အဖွဲ ့မှာ တစ်ဦးတည်းသောဆရာဝန်ဖြစ်တာမို ့လီယိုနစ်ဟာသူ ့ကိုယ်သူပဲ ရောဂါကို
အဖြေရှာခဲ ့ရပါတော ့တယ်..
ရောဂါရဲ ့အဖြေကတော ့ရုတ်တရက်ဖြစ်ပေါ်လာတဲ ့အူအတက်ပေါက်ခြင်းပါပဲ….
အနီးစပ်ဆုံးစခန်းတွေမှာလည်း လေယာဉ်ပျံမရှိသည် ့အပြင် ပြင်းထန်လှသည်
့ရာသီဥတုအခြေအနေက လည်း မည်သည် ့လေယာဉ်ကိုမျှ နိုဗိုလာဇာရေ ့ဗ်ကာယာ စခန်းကိုဘယ်လိုနည်းနှင် မျှပျံသန်းခွင် ့မပေးခဲ ့ပါဘူး….ရေခဲပြင်လေ ့လာရေးအဖွဲ ့သားများ အရေးပေါ်နာမကျန်းဖြစ်ပါက အသက်ကယ်နိုင်ဖို ့ကတော့ စခန်းမှာပဲ ဖြစ်သလို ခွဲစိတ်ကုသရမှာဖြစ်ပါတယ်…။

ဒါကြောင် ့အဲဒီအတွက်တစ်ခုတည်းသောနည်းလမ်းကလည်း သူကိုယ်သ ူပြန်လည်ခွဲစိတ်ရမှာ ဖြစ်ပါတော့တယ်….။

၁၉၆၁ ခုနှစ်၊ ဧပြီလ ၃ဝ ရက်နေ ့ညမှာတော ့ကိုယ်တိုင်လူနာလည်းဖြစ်၊ ခွဲစိတ်ဆရာဝန်လည်း ဖြစ်တဲ ့သူ ့ကို စက်မှုအင်ဂျင်နီယာတစ်ဦးနှင့် မိုးလေဝသပညာရှင် တစ်ဦးတို ့က ကူညီခဲ
့ကြပါတယ်… ထိုနှစ်ဦးက သူ ့ကိုခွဲစိတ်ကိရိယာများ အသင် ့ယူဆောင်ပေးပြီး သူ ့ရဲ
့ဝမ်းဗိုက်ကိုလည်းမှန်လေးတစ်ချပ် ထိုးပြခဲ ့ပေးကြပါတယ်…။

သူဟာခန္ဓာကိုယ် ကိုတစ်ဝက်ထိုင်၊ တစ်ဝက်လှဲနေပြီး ဘယ်ဖက်ကို စောင်းကာစခန်းရှိ နိုဗိုကိန်း ထုံဆေး ထိုးပြီး သူ ့ရဲ ့ဝမ်းဗိုက် ညာဖက်ပိုင်းကို ၁၂ စင်တီမီတာလောက်အထိ ဓါးချွန်ခဲ ့ခွဲခဲ ့ရပါတယ်…ပြီးတော ့သူဟာ မှန်ထဲမှာလည်းကြည် ့၊ ကိုယ်တိုင်လည်းလက်နှင့်စမ်းပြီး
ယောင်ကိုင်းနေတဲ ့အူအတက် ကိုဖြတ်ထုတ်ပြစ်ခဲ ့ကာ ဝမ်းဗိုက်မှာ ပဋိဇီဝဆေးတွေ ထိုးခဲ ့ပါတယ်… စတင်ခွဲစိတ်ပြီး မိနစ် ၃ဝ ကနေ ၄ဝ လောက်အကြာမှာတော ့ သူဟာ မူးမေ ့သွားခဲ
့ရပြီး တစ်ခါမှာတော့ သူဟာခွဲစိတ်မှုကို ရပ်ပြီး အနားယူခဲ ့ရပါသေးတယ်…
သိုသော် စုစုပေါင်း ၁ နာရီနှင် ့၄၅ မိနစ်ကြာအပြီး သန်းခေါင်ယံမှာတော
့ခွဲစိတ်မှုဟာ အောင်မြင်စွာပြီးဆုံးခဲ ့ပါတယ်….
ငါးရက်အတွင်းသူ ့ရဲ ့ကိုယ်အပူချိန် ပုံမှန်ပြန်ဖြစ်လာခဲ ့ပြီး နောက်ထပ်နှစ်ရက်အကြာမှာတော ့ချူပ်ရိုးတွေ ဖြည်နိုင်ခဲ ့ပါတယ်…

စိန် ့ပီတာစဘတ် အာတိတ်နှင် ့အန ္တာတိတ်ဆိုင်ရာ ပြခန်းမှာ ထိုသူရဲကောင်းခွဲစိတ်ဆရာဝန် လီယိုနစ် ရို ဂိုဇော ့ဗ် ရဲ ့ခက်ခဲတဲ ့ခွဲစိတ်မှုမှာ အသုံးပြုခဲ ့တဲ့ ခွဲခန်းသုံးကိရိယာများကို ပြသထားပါတယ်…

ဆိုဗီယက်ပြည်ထောင်စုရဲ ့သူရဲကောင်းတစ်ဦးဖြစ်တဲ ့ အာကာသယာဉ်မှူး ဂျာမာန်တီတော ့ဗ် က ၎င်းရဲ ့ ” ကျွန်ုပ်ရဲ ့အပြာရောင်ဂြိုလ်ကမာ္ဘ ” ဆိုတဲ ့စာအုပ်မှာ…

” ကျွန်တော်တို့တိုင်းပြည်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်တယ်ဆိုတာ မိမိဘဝကို မိမိကိုယ်ကို ိုပြန်လည်အ သုံးချပြီး နိုင်ငံနှင် ့လူမျိူးအတွက် ) ပဲပြန်ပြီးတန်ဖိုးရှိအောင် လုပ်ခဲ
့ကြတာပါ…။ပုလိပ်ရောဂါကာကွယ်ဆေးကို လူနာတွေကို အသုံးပြု၊ မကုသခင် ကိုယ် ့ကိုယ်ကို
ဦးစွာ ပြန်လည်ထိုးနှံ (စမ်းသပ်ပြ) ခဲ ့တဲ ့ ဒေါက်တာဘောရစ်ပါစတုခေါ ့ဗ် ကိုကျွန်တော်တို
့လေးစားကြည်ညိုပါတယ်…။

အန ္တာတိတ်ဒေသရဲ ့ခက်ခဲဆိုးရွားတဲ့ အခြေအနေအတွင်းမှာပင် ကိုယ် ့ကိုယ်ကိုပြန်လည်ခွဲစိတ်ပြီး အူအ တက်ဖြတ်ထုတ်ရဲတဲ ့ဒေါက်တာ လီယိုနစ်ရိုဂိုဇော ့ဗ် ရဲ ့သတ္တိကိုလည်း အားကျမိပါတယ်…။

တစ်ခါတစ်ရံ အဲဒီအကြောင်းတွေပြန်လည်စဉ်းစားပြီး ” ငါရောအဲဒီလိုမျိူးလုပ်နိုင်ပါ ့မလား ” လို ့ကျွန်တော့် ကိုယ်ကျွန်တော် တစ်ယောက်တည်း တိတ်ဆိတ်စွာပြန်မေးလေ ့ရှိပါတယ်…
အဖြေကတော ့ အင်း…အဲဒီလိုဆိုယင် အကောင်းဆုံးတော့ကြိုးစားလုပ်သွားမှာပါလို့ ့သာဖြစ်ပါတယ်…” လို ့ရေးသားခဲ ့ပါတယ်…။

One comment

  • kopauk mandalay

    July 19, 2010 at 3:12 pm

    ကျနော်သာဆူိုရင်တော့ ဟင့်အင်းလို့ဖြေမိမှာသေချာပါတယ်။
    ဘာလို့လဲဆိုတော့ကျနော်က ဆရာဝန်မှမဟုတ်တာရယ်ဒ

Leave a Reply