သက်ကြီးရွယ်အိုများ သူငယ်ပြန်ခြင်း အတွက် နွားနို့သောက်ခြင်း။

 

သက်ကြီးရွယ်အိုတွေမှာ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေ တစ်စတစ်စ ပျက်စီးတာကို သူငယ်ပြန်တယ်လို့ ခေါ်ဝေါ်ကြတယ်၊ ဒါကိုအင်္ဂလိပ်လိုတော့ Dementia လို့ခေါ်ပါတယ်။ ဒီရောဂါက အသက်အရွယ် ကြီးမြင့်လာ လေ ဖြစ်ပွားနှုန်းများလေပါဘဲ။ အဲဒီလို သူငယ်ပြန်တဲ့ အကြောင်းအရင်းတွေ အမျိုးမျိုးရှိကြတဲ့ထဲက အဖြစ်များ ဆုံးကတော့ အယ်လ်ဇိုင်းမား(ALzheimer’s) ပါ။ အဲဒီရောဂါပြီးရင်တော့ Multi Infarct Dementia လို့ခေါ်တဲ့ ဦးနှောက်ထဲ မှာ သွေးကြောလေးတွေပိတ်တာတို့ ဦးနှောက်ဆဲလ်တွေ ဟိုနေရာပျက်ဖြစ်တဲ့ သူငယ်ပြန်ရောဂါက ဒုတိယလိုက်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါရဲ့ ရောဂါလက္ခဏာက အဆင့်ဆင့်ရှိပါတယ်။

အစောဆုံးအဆင့် early stage မှာတင် ရောဂါဖြစ်ပြီး ၂ နှစ်လောက်ကြာတဲံ အချိန်ဖြစ်ပါပြီ၊ အဲဒီစောတဲ့ အဆင့်တွေမှာ ဘာတွေစဖြစ်လာသလဲဆိုရင် လူနာဟာ အာရုံစူးစိုက်နိုင်တဲ့အစွမ် လျော့နည်းလာတယ်၊ ပျက်ယွင်းလာတယ်၊ memory impairment ဆိုတဲ့ သတိလက်လွှတ်တွေဖြစ်လာတယ် မှတ်မိနိုင်မှု့ နည်းလာ တယ် ပင်ပန်းတာတွေမလုပ်ချင်လာသလို စိုးရိမ်ပူပန်မှု့ တွေများလာတယ်၊ စိတ်ဓာတ်ကျလွယ်လာပါတယ်၊ အဲဒီကနေ ထပ်ပြီးရောဂါအဆင်တိုးလာရင် လူနာရဲ့ ကိုယ်ရည်ကိုယ်သွေး ပုံစံတွေ ပိုလုပ်ဖြစ်လာတတ်ပါတယ်၊ ဥပမာ- စိတ်တိုတတ်သူက ပိုစိတ်တိုလာတယ်၊ ၀မ်းနည်းတတ်သူက ပိုပြီးဝမ်းနည်းလွယ်မယ်၊ စကားများများပြောတတ်သူက ပစိပစပ်များလာမယ်၊ အသန့် အပြန်ကြိုက်သူက ခြေ လက် ခဏခဏ ဆေးဖြစ်တာမျိုး လုပ်လာကြမယ် ဆိုလိုတာက အလိုမကျမှု့တွေ များလာသလိုဖြစ်လို့ စိတ်ခံစားမှု့ပိုလာကြတာပါ။

Intermediate stage အဆင့်ကတော့ ပထမအဆင့်အထက်က လက္ခဏာတွေထက် ပိုဆိုးလာနိုင်တယ်၊ ၅% ကနေ ၁၀% ထိ အတက်ရောဂါရလာတတ်တယ်၊ ၀က်ရူးပြန်သလိုဖြစ်တယ်၊ နောက်တစ်ခုက အ၀တ်အစားဝတ် တဲ့အခါ ခက်လာသလိုဖြစ်လာတယ် ကြယ်သီးပေါက်တွေ တပ်ရခတ်လာတယ်၊ တဖြေးဖြေး အချိန်တို့ နေရာတို့ လွဲပြီးမှတ်ထားသလို လွဲပြီးပြောလာမယ်၊ တစ်ခါတလေ မနက်နဲ့ ညနေမှားလေ့ရှိမယ်၊ မိမိရောက်နေ တဲ့နေရာကိုပင် ဘယ်ရောက်နေ လဲ ပြန်မေးတတ်လာမယ်၊ ပတ်ဝန်းကျင် တွေ့မြင်ဘူးသူတွေ ကိုပင် မျက်စိ လည်ပြီး မှားလာတယ်၊ သူပြောတာတွေကို နားမလည်သလို နားထောင်ရ သူက ဖြစ်လာမယ်၊ စကားလုံးတွေ ဗလုံးဗထွေးဖြစ်လာမယ်၊အခေါ်အဝေါ်တွေမှားပြောလာမယ် အဲဒီလို ဥနှောက်ရဲ့ ထိန်းချုပ်မှု့အားကျလာ တာတွေ ဖြစ် လာပါတယ်။

Final stage ကိုရောက်ရင်တော့ သူ့မိသားစုဝင်တွေကိုတောင် မသိတဲ့အထိဖြစ်တတ်လာတယ်၊ ပါးစပ်ကလည်း ဘာတွေပြောနေမှန်းမသိ ပြောနေတတ်မယ်၊ အစားအသောက်နည်းတာ အချိန်မမှန်တာတွေဖြစ်လာမယ်၊ ဆီးတွေ ၀မ်းတွေတောင် မထိန်းနိုင်ဖြစ်တတ်လာတယ်၊ ခြေလက်တွေ ကလည်း ကွေးကောက်နေ တာတို့ တောင်းတင်းနေတာတို့ ဖြစ်လာတတ်တယ်၊ အဲဒီနောက်ပိုင်းတော့ အဆုတ်ရောင်တာတို့ ဘာတို့ဖြစ်ပြီး အစာကလည်း မစားနိုင်လို့ အိပ်ယာထဲလဲပြီး ဆီးဝမ်းတောင် မိမိကိုယ်တိုင် မလုပ်နိုင်ဘဲ နောက်ဆုံးတော့ သေဆုံးတဲ့အဆင့်ထိ ရောက်သွားတတ်ကြတာပါဘဲလေ။

အဲဒီတော့ ဒီအယ်လ်ဇိုင်းမားရောဂါကိုလေ့လာရင် ဦးနှောက်ကြီးတစ်ခုလုံးက ကျုံသွားတယ်၊ သေးသွားတယ်၊ အထဲမှာရှိနေတဲံ အရည်တွေရှိတဲ့ကန်၊ အခန်းတွေ၊ အကန့်တွေ က ကျယ်လာတယ်၊ ဦးနှောင့်အတွန့် ကြားတွေ လည်း ကျယ်လာတယ်၊ အဲဒီတော့ ဦးနှောင့်ကသေးသွားလို့ အဆန်ချောင်လာတယ်လို့ဆိုရမယ်၊ အဲလိုအဆန် ချောင်တာ ဘယ်အပိုင်းဖြစ်မလဲ လေ့လာတော့ ဦးနှောင့်ရဲ့ နဖူးပိုင်းနဲ့ နထင်ပိုင်းမှာတော့ ပိုပြီးသိသိသာသာ ကျုံသွားပါတယ်၊ ချောင်သွား တယ်ဆိုတာ သုတေသီတွေ CT scan အရ တွေ့ရကြောင်း မှတ်တမ်းပြုထားပါ တယ်၊ အလိုလိုဦးနှောင့်ကျူံခြင်းနဲ့အတူ အာရုံကြောဆဲလ်တွေ လျော့တာ ကိုလည်း သိသိသာသာတွေ့ရပါတယ်၊ အနှစ်ချုပ်ပြောရရင် အယ်လ်ဇိုင်းမားရောဂါမှာ အာရုံကြောမှာရှိတဲ့ ဓာတုပစ္စည်းတွေ လျော့နည်းသွားတာပါ လို့ ပြောနိုင်ပါတယ်။

ဒါဆို အဲဒီ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ရတဲ့ အကြောင်းကိုလေ့လာတဲ့အခါ အယ်လ်ဇိုင်းမားဖြစ်တဲ့သူတွေမှာ Aluminium အလူမီနီယမ် လို့ခေါ်တဲ့ ဒန်သတ္တူနဲ့ပက်သက်တဲ့အလူမီနီယမ်ဒြပ်စင်တွေ၊ ဦးနှောင့်ရဲ့ နေရာ အတော်များများမှာ သွားပြီးတော့စုနေတာ တွေ့ရပါတယ်၊ အဲဒီလိုဘာ လို့ဖြစ် သလဲ လေ့လာကြည့်တော့ သောက်တဲ့ ရေ နဲ့ အရည် တွေမှာ အလူမီနီယမ်တွေ ပါဝင်မှု့များလို့၊ နောက်တစ်ခုက ကျောက်ကပ်မကောင်း လို့ haemodialysis လုပ်တဲ့အခါ သွေးလှယ်ရတယ်၊ အဲဒီလို သွေးလှယ်တဲ့အခါ အဲဒီထဲမှာပါတဲ့ အလူမီနီယမ် ဓာတ်တွေက လာပြိးစုတာမျိုးလည်း တွေ့ရပါတယ်၊  နောက်အယူ အဆတစ်ခုက ကူးစက်ရောဂါပိုးတွေက အထူးသဖြင့် နှာခေါင်းကနေ ၀င်တယ်၊ အဲဒီဗိုင်းရပ်ရောဂါပိုးတွေနဲ့ အယ်လ်ဇိုင်းမားဖြစ်ခြင်းကလည်း စပ်ဆက် နေတယ် လို့ ယူဆခဲ့ကြတယ်၊ အထူးသဖြင့် herpes Simplex Type -1 ရေယုန်ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဟုသတ်မှတ်ထားတာပါ။

အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်ခြင်း အတွက် ကုသမှု့နှင့်နေထိုင်ပုံကို ဆက်ရေးရရင်-

အဲလိုဆို အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ဒန်အိုး၊ ဒန်ခွက်နဲ့ ချက်ပြုတ်စားသောက်မှု့တွေကို ပြောင်းသုံး သင့်တာ သတိပြုမိတယ်၊ နောက်တစ်ခုက အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်သူကို ပြုစုမယ့်သူဟာ စိတ်ရှည် သည်းခံခွင့်လွှတ်တတ်ဖို့လိုပါတယ်၊ လူနာအား ဆက်တိုက်ပြုစုခြင်းထက် အနားပေးဖို့လည်း လိုပါတယ်၊ အိပ်ခြင်း စားခြင်း ကိုယ်ကာယ လုပ်ခြင်းကို ပုံမှန်ဖြစ်အောင်ကျင့်ပေးပါ၊ လူနာကိုပြုစုရာတွင် တဆင့်ချင်းစီ ရှင်းပြပေးဖို့လိုသလို စိတ်ရှုပ်ထွေးစေခြင်း အာရုံနှောက်စေခြင်း ဆူညံခြင်းမျိုးရှောင်ပေးပါ၊ မှတ်ဥာဏ်ကို အထောက်အကူပြုမယ့် ပစ္စည်းလေးတွေချိတ်ပေးပြီး အမှတ်အသားပြုပေးခြင်းဖြင့် မှတ်ဥာဏ်ကို ပြန်လည် ကျင့်ယူရပါမယ်၊ စိတ်ပျော်ရွှင်စေပြီး ပြန်လည်မှတ်မိတဲ့ စကားလေးတွေပြောပေးခြင်းတို့ ပြုသင့်ပါတယ်။

အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အားနည်းမှု့နှင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု့တို့ သဟဇာတ မဖြစ်မှု့ကြောင့်ဟုယူဆသဖြင့် မိမိရုပ်ပိုင်းဆိုင်ရာသည် အသက်အရွယ်အပေါ် လိုက်ပြီးပြောင်းလဲ လာနိုင်မှု့ကို ယေဘူယျကြိုသိထားပြီး ထိုသို့ပြောင်းလဲခြင်းသည် မကျန်းမာမှု့ကြောင့်မဟုတ် အသက်အရွယ် ကြီးရင့်ခြင်းကြောင့် ဇီဝကမ္မဆိုင်ရာပြောင်းလဲမှု့ဘဲလို့ စိတ်ကသိထားဖို့လိုပါတယ်၊ အဲလိုမဟုတ်ရင် မိမိကိုယ မိမိ စွမ်းဆောင်မှု့လျော့ တယ်ထင်ပြီး စိတ်ဓာတ်ကျမှု့ကနေ စိတ်ခံစားမှု့ကနေအခြေပြုကာ အယ်လ်ဇိုင်းမားတို့ သူငယ်ပြန်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

အမြင်အစွမ်း

ပုံမှန်အားဖြင့် အသက်လတ်ပိုင်းလောက်ကစပြီး မျက်စိသူငယ်အိမ်ရဲ့ နောက်ဘက်မှာရှိတဲ့ မျက်တွင်းမှန်ဘီလူး ဟာထူလာပြီး ပုံမှန်စာကြည့်နိုင်စွမ်းလျော့လာပါတယ်၊ အဲဒါကို အသက်အရွယ်ကြီးရင့်မှု့ကြောင့် ဖြစ်တတ်တဲ့ သက်ကြီးမှုန့် ( Presbyopia ) လို့ခေါ်ပါတယ်။

သောတအာရုံ

တစ်ချို့အသက်အရွယ်ကြီးလာသူတွေရဲ့ သောတအာရုံ နားနှစ်ဖက်တွင် အသံဗလံတွေ ဆူလာတတ်တာမျိုး၊ အသံမသဲကွဲတာမျိုးတွေ ဖြစ်တတ်ပါတယ်၊ အဲဒါမိမိ ကြီးပြင်းရာပတ်ဝန်ကျင်အပေါ်မူတည်ပြီးဖြစ်လာတတ်တာ ပါ၊ ဥပမာ- အင်ဂျင်မောင်းစက်ခန်းမှာ နှစ်ပေါင်းကြာစွာလုပ်လာတဲ့သူဟာ အသက်အရွယ်ကြီးလာတဲ့အခါ မိမိအား ပြောသောအသံကို သဲကွဲစွာကြားနိုင်မှု့ အားနည်းလာတတ်ပါတယ်။

နှလုံး

အသက်ကြီးလာခြင်းနှင့်အတူ နှလုံးရဲ့ အသားမျှင်တွေ အနည်းငယ်ပြောင်းလဲလာတတ်လို့ နှလုံးသွေးကြော တွေဟာ မလွှဲမသွေ တောင့်တင်းသွားတတ်ပါတယ်၊

အဆုတ်များ

အဆုတ်တွေဟာ ကြွပ်ဆဆ်နေချိန်မှာ အေဲပာင်းအလဲဖြစ်ခဲ့မယ်ဆိုရင် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှု ဖြစ်သွားစေပါလိမ့်မယ်၊ အဆုတ်တွေရဲ့ ဆွဲဆန့်ကျုံ့ဝင်နိုင်စွမ်းအား လျော့နည်းသွားပြီး အဆုတ်တစ်ခုလုံး ဒါမှ မဟုတ် အစိတ်အပိုင်း ပြိုကွဲသွားနိုင်ပါတယ်၊ ဒါကြောင့်အဆုတ်ရဲ့စွမ်းဆောင်မှု့ ကောင်းမွန်နေစေရန် အသက် အရွယ်ရလာတဲ့အခါ ကိုယ်ကာယလေ့ကျင့်ခန်း တစ်ခုခု ဒါမှမဟုတ် လမ်းလျှောက်ပုံမှန်လျှောက်ခြင်းဘဲ ဖြစ်ဖြစ် လုပ်ပေးရပါ့မယ်။

ကျောက်ကပ်များ

ကျောက်ကပ်ရဲ့စွမ်းဆောင်မှု့ဟာ အသက်အရွယ်ရလာတဲ့အခါ လျော့ပါးလာသလို ခန္ဓာကိုယ်က ပိုလျှံတဲ့ ရေ သတ္တုဓာတ်၊ သွေးမှ အညစ်အကြေးစွန့်ဖို့ ကျောက်ကပ်လုပ်ဆောင်ချက်ဟာလည်း လျော့နည်းမှာဖြစ်ပါ တယ်၊အသက် ၃၀ နောက်ပိုင်းမှာ သွေးကိုစစ်ပေးတဲ့ ကျောက်ကပ်ရဲ့စွမ်းဆောင်ချက်ဟာ ဆယ်နှစ်တစ်ကြိမ် ၁၀% လျော့တတ်တာတွေ့ရပါတယ်၊ ဒါကြောင့်အသက်အရွယ်ကြီးသူတို့ သောက်ရတဲ့ဆေးဝါးများလာပြီး အညစ်အကြေးကို စွန့်ထုတ်တဲ့နေရာမှာ အခက်အခဲဖြစ်လာတတ်ပါတယ်၊ များသောအားဖြင့် ကျောက်ကပ်ဟာ ဦးနှောက်အောက်ခြေမှာရှိတဲ့ ပီကျူထရီဂလင်းက ထုတ်လွှတ်ပေးတဲ့ ဟော်မုန်းကို တုံ့ပြန်လှုပ်ရှားဆောင်ရွက်မှု့ အားနည်းလာလို့ ရေဓာတ် ထိန်းဖို့ခက်လာကာ ဆီးခဏခဏ သွားတတ်ပါတယ်။ အဲဒီကနေ ဆီးမထိန်းနိုင်တဲ့ ရောဂါမျိုးရတတ်ပါတယ်၊ ဒါကြောင့် အသက်အရွယ်ကြီးသူတွေဟာ ရေအေးထက်ရေနွေးကြမ်းကို ပိုသောက် သင့်သလို ရေကိုလည်း ညီမျှအောင်ချိန်ဆ သောက်ပေးသင့်ပါတယ်။

ပြွန်မဲ့ဂလင်းများ

အမျိုးသမီးတွေမှာ အမလိင်ဟော်မုန်းလို့ခေါ်တဲ့ ဥအိမ်တွေက ထုတ်လုပ်တဲ့ Estogen ဟော်မုန်းတွေဟာ အသက်အရွယ်ကြီးရင့်ခြင်းနဲ့အတူ ထူးထူးခြားခြား ယုတ်လျော့လာပြီး နောက်ဆုံးဓမ္မတာမပေါ်တော့ဘဲ သွေးဆုံး ခြင်းတွေအထိ ဖြစ်တတ်ပါတယ်၊ အဲဒီအခါ အသားတွေပူလာတတ်တယ်၊ ယောနိခြောက်သွေ့လာတယ်၊ စိတ်လှုပ်ရှားခြင်းတွေ အိမ်မပျော်ခြင်းတွေဖြစ်တတ်ပါတယ်၊အဲဒီမှာ အရိုးပွခြင်းဖြစ်တတ်ပါတယ်၊ နောက်ပြီး သွေးထဲမှာ ကိုလက်စထရောတွေ နိမ့်ကျပြီး သွေလွှတ်ကြောတွေ ပိတ်ဆို့မှု့နဲ့ ယှဉ်တွဲပြီး နှလုံးရောဂါ ခံစား ရတတ်ပါတယ်၊ အစားအသောက်ပြောင်းလဲစားတတ်သလို သွေးထဲမှာ သကြားဓာတ်နည်းလာတတ်ပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ ရောဂါကြီးဖြစ်လာတာမဟုတ်ဘဲ သဘာဝအရ ဖြစ်တတ်တာလို့သိထားဖို့လိုပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးလာသူ အမျိုးသမီးများ အရိုးပွခြင်းမဖြစ်အောင် နှလုံးရောဂါ မ၀င်အောင် လေ့ကျင့် ခန်းနဲ့ လိုအပ်တဲ့အစားအသောက်တွေ ကြိုတင်လေ့ကျင့် စားပေးကြဖို့လိုပါတယ်။

ရောဂါစနစ်

ရောဂါပြီးတဲ့စနစ်ဖြစ်တဲ့ T-cell တွေဟာ အသက်အရွယ်ကြီးသူတွေမှာ လျော့နည်းလာတတ်ပါတယ်၊ အဲဒီလို ဆဲလ်တွေ ယုတ်လျော့လာလို့ တီဘီလိုမျိုးရောဂါ၊ ရေယုန်နာ၊ တုတ်ကွေးနဲ့ အဆုတ်နာတွေကို တွန်လှန်နိုင်စွမ်း ယုတ်လျော့နိုင်တာမို့ ရာသီဥတုနဲ့ ပတ်ဝန်ကျင်ကိုလိုက်ပြီး နေထိုင်မှု့စနစ် ကိုက်ညီအောင်ပြုသင့်ပါတယ်၊ ဆိုလိုတာက ဆောင်မနက်စောစော ပြင်ပသွားရင် ခေါင်းစွပ်နဲ့ အနွေးထည်ဝတ်သွားတာမျိုး စသည့်ဖြင့်ပါ။

ဦးနှောက်များ

ဦးနှောက်ဟာ အသက်ကြီးလာတာနဲ့ ကျုံသွားတတ်ပါတယ်၊ ဒါဟာမှတ်ဥာဏ်ကျဆင်းနိုင်တဲ့ အကြောင်းပါ၊ ထိုသို့ဖြစ်ခြင်းရဲ့နောက်ဆက်တွဲက အယ်လ်ဇိုင်းမားတို့ သူငယ်ပြန်တာတို့ ဖြစ်စေတာပါဘဲ။ ဒါကြောင့် သုတေသီတွေက ဆိုပါတယ် အသက်အရွယ်ကြီးရင့်လာရင် သင်္ချာတွက်ပါတဲ့။ ဆိုလိုတာက အမှတ်သင်္ညာကို အမြဲလေ့ကျင့်စေတဲ့သဘောပါ။ အခုနောက်ပိုင်းတော့ ကမ္မဌာန်းထိုင်တာတို့၊ တရားထိုင်တာတို့၊ ယောဂ ကျင့်စဉ် တို့နဲ့လည်း လုပ်လာကြတာတွေ့ရပါတယ်၊ ဒါကြောင့် ရုပ်ဇီဝပြောင်းလဲမှု့ကြောင့် မှတ်ဥာဏ်နည်းခြင်းမှ ဖြစ်လာတဲ့ အယ်လ်ဇိုင်းမား ဒါမှမဟုတ် သူငယ်ပြန် ခြင်းတို့မဖြစ်အောင် ဖြစ်လာပြီးမှကုသခြင်းထက် အသက်အရွယ်ကြီးရင့်လာတာနဲ့ ကြိုတင်ပြီး မှတ်ဥာဏ် စွမ်းအားလျော့မသွားအောင် နေထိုင်ခြင်းဖြင့် အယ်လ်ဇိုင်းမားနဲ့ သူငယ်ပြန်ခြင်းကို ကာကွယ်ဖို့သုတေသီတွေ က အကြံပြုထားပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အောက်ပါ အချက် ၄ ချက်ကို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

၁။ မိမိနှင့်သင့်လျော်သော လေ့ကျင်ခန်း ဒါမှမဟုတ် လမ်းလျှောက်ခြင်းပုံမှန်လုပ်ပါ

၂။ မိမိ ဥနှောက်မှတ်ဥာဏ်းကို အမြဲလေ့ကျင့်စေဖို့ သင်္ချာတွက်ခြင်း၊ စာကျက်မှတ်ခြင်းပြုပါ။

၃။ တစ်ဦးတစ်ယောက်တည်း သီခြားနေခြင်းထက် ၀န်းကျင်လေးတစ်ခုတွင်ပါဝင်နေထိုင်ခြင်းပြုပါ

၎။ လိုအပ်တဲ့ အဟာရ ကိုစားသုံးပေးပါ။

အဲဒါတွေကတော့ ကယ်လိုရီစားသုံးမှု့ကို လျော့ချပြီး ဗီတာမင်လုံလောက်အောင်စားပါ၊ ဆိုဒီယမ် အငန်ဓာတ် ကိုလျော့ချစားပြီး ရေကိုချင့်ချိန် လုံလောက်အောင်သောက်ပေးပါ၊ အနည်းဆုံးအလုပ်တစ်ခုဘဲဖြစ်ဖြစ်လုပ်နေပါ၊ ဆေးလိပ်သောက်ခြင်း အရက်သေစာသောက်ခြင်းကို ရှောင်ကျဉ်ပေးပါ အကယ်၍ ရှောင်ကျဉ်ရန်ခက်လျှင် အလွန်အကျွန်ဖြစ်အောင်မသောက်ပါနှင့်၊ အရသာရိဖို့ထက် အဟာရဖြစ်အောင်စားပေးပါလို့ဆိုပါတယ်။ တိုင်းရင်းဆေးမှာတော့ နွားနို့ဟာသက်ကြီးရွယ်အိုတို့အတွက် အသက်ရှည်စေတဲ့အစာဟုညွှန်းထားပါတယ်၊ ကယ်စီယမ်ချို့တဲ့ခြင်းဟာ သက်ကြီးရွယ်အိုများအတွက် ငုပ်လျိုးနေတဲ့ အန္တရာယ်ပါ၊ လူတွေရဲ့ အရိုးတွေဟာ အသက် ၅၀ ကျော်၊ အမျိုးသမီးများအတွက်သွေးဆုံးချိန်မှာ အရိုးတွေရဲ့ အရည်အသွေးလျော့တတ်ပါတယ်၊ အဲဒီအခါ ခါးတွေပေါင်တွေ ခြေထောက်တွေနာကျဉ်တတ်မယ်၊ ခါးကုန်းလာတတ်တယ်၊ ပြီးတော့ သက်ကြီးရွယ် တွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ အားလျော့မှု့၊ ဦးနှောက်သွေးကြောရောဂါနဲ့ အခြားဆက်စပ်တွေဖြစ်လာတတ်တာ မို့ နွားနို့ဟာ အာဟာရကြွယ်ဝတဲ့ အစာအဖြစ် မှီဝဲသင့်ပါတယ်၊ သုတေသီများအဆိုအရ နွားနို့မှာ သွေးရည် ကြည်ဓာတ်ပေါင်းစပ်ပါဝင်တဲ့ အမိုင်နိုအက်ဆစ်ထရစ်ပ်တိုဖန်း(Tryptophan) ရယ်၊ မော်ဖင်းတစ်မျိုးနဲ့တူညီတဲ့ သဘာဝမော်ဖင်းဓာတ်ပါဝင်ပါတယ်၊ပြီးတော့ နွားနို့မှာ အာရုံကြောများ တက်ကြွမှုလှုံဆော်တဲ့ဓာတ်ကို ထိန်းချုပ် ပေးတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး၊ အဟာရများစွာပါဝင်တာကြောင့် အသက်အရွယ်ကြီးရင့်သူများ နွားနို့ကို ပုံမှန် သောက်သုံးခြင်းဖြင့် မှတ်ဥာဏ်လျော့ပါးမှု့ကင်းဝေစွာဖြင့် သက်ရှည်စွာနေထိုင်နိုင်ရေး မျှဝေပေးလိုက်ပါတယ်။

 

ဖတ်ရှု့သူများကျေးဇူးပါ၊

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..