ဥုံး တီး ဝမ်း

+++++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++++

 

ရာသီက တယ်လည်း ပူလှတယ် …

ဒါကို အပြစ်တော့ မဆိုချင်ပါဘူးကွယ် …

သူ့ဟာသူ …

ပူချင် ပူမယ်၊ အေးချင် အေးမယ် …

ဒါ ဘယ်လိုများ ပြောလို့ရနိုင်မှာလဲကွယ် …

အင်း …. ဒီတော့ ….

ပူတဲ့ အခါလည်း ပူသင့်ပါတယ်ပေါ့ ……။

 

ခွေးတစ်ကောင် …

လ ကို ထိုးထိုးပြီး ဟောင်နေတယ် ..

အတော် ကြောင်တောင်တောင် နိုင်တာပဲ …

ပြီးတော့ … အဲ့ဒီ ခွေးပေါ့ ..

ငါ ရေကူးတတ်တယ် ဆိုပြီးတော့ …

သမုဒ္ဒရာရဲ့ အလယ်

သူ့ကိုယ်သူ ပစ်ချလိုက်တယ် ….

အစ ကတော့ ဟုတ်သလိုလိုနဲ့

နောက်တော့ နစ် သေတာပဲ …

ဒီလောက် ရူးမိုက်တဲ့ကောင် နည်းတောင်နည်းသေး ….။

 

ကော်ဖီက တစ်ထုပ်တည်း

ရေနွေးက ဓာတ်ဗူးတစ်ဗူးစာ

ဒါ … အရသာ ရှိအောင် ဖျော်ပါတဲ့ ….

ဘယ်ရမလဲ …

ဒီကလည်း ဖျော်ပေးလိုက်တာပေါ့ …

ကော်ဖီရောင် ပေါက်ပေမယ့်

အရသာ က ချိုရဲရဲ နဲ့ …

ဘယ်လို သောက်လို့တော့ ကောင်းမှာတဲ့လဲ …

ဘဝမှာလည်း တစ်ခါတစ်ခါ ဒီလိုပဲ …..။

 

ဇာတ်လမ်းကောင်းတုန်းတော့ မဟုတ်ဘူး …

စာရေးလို့ ကောင်းနေတုန်း မီးပြတ်သွားတာ …

ရေလည် တင်းဖို့ ကောင်းသဗျာ …

ဒါနဲ့ မရေးတော့ဘူးဆိုပြီး ထိုးအိပ် …

မနက်ရောက်လို့ ပြန်ဆက်ရေးဖို့ လုပ်တော့

ညက ဖီလင်မျိုး ပြန်မရတော့ …

ဒီလိုနဲ့ပေါ့ …

တို့လို့တန်းလန်း စာတစ်ပုဒ် ဖြစ်ခဲ့ရပြန်ပေါ့ …..။

 

မွေးလာတော့လည်း တစ်ယောက်တည်း

သေတော့လည်း တစ်ယောက်တည်း

အချို့များ ပြောကြသေးတယ် …

ရှေ့ကြည့် ရင်ဘတ် ..

နောက်ကြည့် ကျောပဲ … တဲ့ …

ကိုင်း .. ကိုင်း … ရှိစေတော့ ..

ကျုပ် ဘာမှ ထပ်ပြီး မပြောလိုတော့ဘူး …

ခင်ဗျားတို့ကို မေး မငေါ့ပါဘူး …

ကျုပ်လည်း ဘာမှ မထူးဘူး …

ခု တစ်ယောက်တည်းပဲ ……..။

 

+++++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++++

16 comments

  • ခိုင်ဇာ

    March 1, 2013 at 8:13 am

    ဘဝ ဆိုတာ ဂလို ပါပဲလေ။
    :buu:

    တစ်ယောက်တည်းလည်း ဘာဖြစ်တုန်း။
    တစ်ယောက်တည်းပဲ နေ။
    သူများပေးတဲ့ ဒုက္ခ ယူစရာလိုဘူး။
    ကိုယ်ပိုင် ဒုက္ခပဲရှိမှာရယ်။
    ဒါကတော့ ရှောင်လို့မရ။
    :harr:

    • ရွှေတင်မောင်

      March 1, 2013 at 9:08 am

      ဟုတ်တားဘဲ …
      နာ့ မမဂျီးတောင်
      တီယောက်ထဲ နေနေဒါဘဲ .. ဟီးဟီး .. :mrgreen:
      ပထမဆုံး အားပေးသွားတဲ့ နာ့ မမဂျီး မခိုင်ဇာ ကို ကျေးကျေး အားဂျီးဘာ ..

  • kyeemite

    March 1, 2013 at 8:33 am

    အော်..အော်..ရွှေတင်မောင် ဖြစ်ပြန်ပလား…
    ရှိပါစေလေ..ဖြစ်ချင်ရာဖြစ်ပေါ့…..ဘာတွေရေးမှန်းမသိလို့
    ဘာမှမန့်မသွားဘူးကွာ..
    မကြေနပ်ရင် ရွာထိပ်က ထန်းတောလိုက်ခဲ့..ဒါဗျဲ :harr:

    • ရွှေတင်မောင်

      March 1, 2013 at 9:09 am

      ဟက်လူဂျီးးး
      ခညား စောစောစီးစီးဂျာ ..
      လူကျားလို့မှ မကောင်း ..
      ထန်းတော လိုက်ခဲ့ …… ဒဲ့ …
      လိုက်ဝူးးဂျာ .. ညနေမှပေါ့လို့ .. :mrgreen:

  • ခင်ခ

    March 1, 2013 at 11:21 am

    ( ခွေးတစ်ကောင် …
    လ ကို ထိုးထိုးပြီး ဟောင်နေတယ် ..
    အတော် ကြောင်တောင်တောင် နိုင်တာပဲ …)
    ဇတ်အတော်ညောင်းမယ့်ခွေးပါသကား ………
    ဒါဘဲပြောချင်တယ်။

  • Wow

    March 1, 2013 at 12:11 pm

    မိုက်ဒလယ်ကွာ.. ဒါမျိုး ဘာမှန်းမသိတာမှ ခံဇားလို့ရတာ… :mrgreen:

  • ဗုံဗုံ

    March 1, 2013 at 12:29 pm

    ဟယ် ကိုရွှေတင်မောင်ရယ် ကြုံတုန်းအတင်းပြောရအုံးမယ် သိလား ဒီရွာထဲကလေ အံချာတုံးဆိုတဲ့လူကလည်း မိန်းမမရရှာလို့ လူတွေနားမလည်တဲ့ ကဗျာတွေ ရေးတတ်တယ်သိလား အိုက်လူကြီးအခုတောထွက်တာလိုလို တောခိုသွားတာလိုလိုနဲ့ ပျောက်သွားတယ်တော့ ကွမ်းဖိုးအကြွေးတွေလည်း ပေးမသွားဘူးဆိုလား သူနဲ့များတွေ့ရင် ယောင်ပြီးမခေါ်လိုက်နဲ့နော် ပိုက်ဆံချေးရင်ချေး မချေးရင် ညီမရှိသလား အမရှိသလားနဲ့ အငမ်းမရမေးတော့တာ သိလား စေတနာနဲ့ပြောတာပါ ကိုရွှေတင်မောင်လည်းမန်းလေးလာရင် အလည်ဝင်ခဲ့ပါနော မိဗုံကပြောတယ်လို့ ပြန်မပြောနဲ့နော် သူနဲ့တည့်ဘူးရယ် :harr: :harr:

  • ကြည်ဆောင်း

    March 1, 2013 at 2:58 pm

    တစ်ယောက်ထဲလို့ထပ်ကြေငြာပြန်ပြီလား?????????????
    :harr:

  • Mr. MarGa

    March 1, 2013 at 7:43 pm

    အုန်းတီးဝမ်း ဆိုတော့
    နည်းနည်းတော့ သနားမိသား
    နတ်ပြည်တက်ခဲ့ပါလေ
    နတ်သမီးလေးတွေ ရှာပေးပါ့မယ်
    ပူဇော်ပစ္စည်းအနေနဲ့
    လူ့ပြည်က မန်းလေးမြို့လယ်က မြေတစ်ကွက်လောက်တော့ ဆွဲခဲ့ပါ။ :mrgreen:

  • မောင် ပေ

    March 1, 2013 at 8:33 pm

    ဗိုက်ဆာနေပုံ မှတ်တယ်
    ရော့ယူစေ
    အုံးတီးဝမ်း ( အုံးတီး ကို ဗြောင်းဗြန်လှန်ယူ)

  • koaung

    March 1, 2013 at 8:59 pm

    ဪတယောက်ထဲဖြစ်ကြောင်းကြော်ငြာဝင်နေတာကိုး ရွာထဲမှာကလဲ အကြိုဂျီးတွေကလဲများတယ်ဆိုဒေါ့လဲ မောင်အံရေ မန်ဂလာဆောင်ရင်ဖိတ်လိုက်ကွယ် :mrgreen:

  • နေဝန်းနီ

    March 1, 2013 at 9:37 pm

    အော်……. ဒွတ်ခ ဒွတ်ခ ကဗျာ မှာ မော်ဒန် ဟာနားလည်ရစကောင်းတဲ့အရာမဟုတ်သလို လောကမှာ ဘဝဆိုတာလဲ နားမည်ရ စကောင်းတဲ့အရာ မဟုတ်ပေဘူးပဲလို့ ဘယ်သူလဲမသိပြောသွားတာ မှတ်ထားခဲ့ခူးပါရဲ့ သူများပြောတာတွေချည့်လိုက်မှတ်နေရတာဆိုတော့ ဘယ်သူဘယ်ဝါရယ် မမှတ်မိတာခွေးလွတ်ပါ ရွှေမန်းတင်မောင်ရေ………..

  • ရွှေတင်မောင်

    March 1, 2013 at 10:17 pm

    အားပေး ဖတ်ရှုသွားကြသူ အပေါင်းကို
    ဘေးဘယာတွေ ရှောင်းစေဂျောင်း ဆုတောင်းလျှက် …
    မေတ္တာ အသင်္ချာ ပို့သပါဂျောင်းးးး

    ချစ်ခြင်းများနှင့် …
    မောင်အံစာ .. အဲ .. အဲလေ … ရွှေတင်မောင် လို့ ကြောဒါဘာရို့ …
    :mrgreen: :mrgreen:

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 2, 2013 at 3:22 am

    မွေးလာတော့လည်း တစ်ယောက်တည်း

    သေတော့လည်း တစ်ယောက်တည်း

    အမွှာမွေးတဲ့အခါများမှာကျ တစ်ယောက်ထည်းပါလားခီည။။။။။။။။။
    ဂီဂျာလေးထဲမှာ အဲ့ဂီစာသားလေးဒွေ မရှင်းလို့ဗါ… ဘကြီးရွှေတင်မောင်…………..
    ရွှေတင်မောင်ဒဲ့နံမယ်ဂိုဂ ခေါ်ရတာတန်ဖိုးရှိလိုက်တာ နောက်တစ်ခါဆိုရင်
    ရွှေလို့မတပ်ပဲ ကြေးလို့တပ်ခေါ်မယ်………………

  • ညလေး

    March 5, 2013 at 5:34 pm

    ကြော်ငြာကောင်းတယ်….အေ့
    အံ.ချာ ဒုန်းရဲ….

  • surmi

    March 6, 2013 at 12:19 am

    တစ်ယောက်တည် း
    လျှောက် ဆဲ နေတာ
    မိုက်လို့တော့မဟုတ်ဖူး
    တစ်ခုခုများ ထူးမလား ..လို့…

Leave a Reply