သေဘာၤသား၊ ပညာရေး၊ လေကျင့်ရေး၊ စာမေးပွဲ၊ လက်မှတ်၊ White List
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သဘောင်္သည်..ရွေ့လျားသွားလာနေသော..ရေပေါ်စက်ရုံတစ်ခုဖြစ်ပါသည်..။ တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းချီပြီးတန်ပါသည်..။ နောက်ဆုံးပေါ် ရေနံတင်သဘောင်္ကြီးများ.. ကွန်တိန်နာ တင် သဘောင်္ကြီးများ၏ တန်ဘိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ကျော်ပါသည်..။
သဘောင်္ပေါ်တွင် တပ်ဆင်ထားသော ဆက်သွယ်ရေးစက်များ မှာ ခေတ်မီသကဲ့သို့ ရေကြောင်းလမ်း ညွှန် အထောက်အကူပြု အီလက်ထရွန်းနစ်ပစ္စည်းများမှာ.လည်း..နည်းပညာ..အဆင်မြင့်ပါသည်..။
အဆိုပါအဆင့်မြင့်ကိရိယာများကို..ကိုင်တွယ်တတ်ရန်အတွက်..သင်တန်းများတက်ရပါသည်..။ ပြင်ဆင်နိုင်ရန်အတွက်လည်း..အင်္ဂလိပ်စာကောင်းယုံသာမက..နည်းပညာကောင်းဘို့ပါလိုသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုလွှမ်းမိုးကြီးဆိုခဲ့..သလို..သဘောင်္တက်တဲ့အခါ..သူလေကုန်းပတ်တိုက်ရတယ်.. ဆိုတဲ့.. စာသားက…မမှန်ပါ..။ အကြောင်းအရာတစ်ခု..Field တစ်ခုကို..ဂဃနဏ နားလည်ခြင်းမရှိသူ တစ်ဦး ၏ အဝေးမြင်..အမှန်း..အတွေး..ဖြစ်ပါသည်..။
ကုန်းပတ်တိုက်သည်ဆိုသည်မှာ..ရှေးအခါက..သဘောင်္၏ Main Deck ကို သစ်သားခင်းပါသည်..။ သစ်သားများကြားတွင်..အုန်းဆံကြိုးထည့်ပါသည်..။ ကုန်းပတ်ကိုလည်း..ပြောချောသန့်ရှင်းနေရန်..တိုက်ရပါသည်..။ ဒါက..တော်တော်ကြာလှပါပြီ..။ ကျွန်တော်တို့..မမွေးမီကာလ.ကဖြစ်မည်..။ ကိုလွှမ်းမိုးကြီး..အသံကောင်းပေမဲ့..ဗဟုသုတ..မကောင်းတာကိုတော့..ထားပါတော့..။
ကိုလွှမ်းမိုး..တို့ထက်..ငယ်သော..၊ခေတ်မီသည်ဟု..မိမိကိုယ်ကို..ထင်နေသော.၊.အနုပညာသမား..ဇတ်ညွှန်းဆရာ..အချို့ နှင့် ဒါရိုက်တာအချို့သည်..မဲပြာပုဆိုး..ဇတ်လမ်းထဲက..မထွက်နိုင်..ဗီလိန်ဆိုတာနှင့်.. သဘောင်္သား..ကို သတိရ..။ သင်္ဘောသားဆိုတဲ့ဇတ်ရုပ်..ကို..ပညာမဲ့..ပညာမတတ်..ဟု..ဖော်ညွှန်းချင်သလိုလို..။ သူတို့၏တင်ပြချက်များကို..ဖတ်မိတိုင်း..ကြည့်မိတိုင်း..၊ ကိုယ်တိုင်က..ဗဟုသုတအားနည်းခေါင်းပါးပြီး .သူများကို..ဆရာလုပ်ချင်..တင်ပြချင်သည့်.ခပ်ညံ့ညံ့.စိတ်ဓါတ် ကိုပိုင်ဆိုင်ထားသည့်.. အနုပညာ သမားမျိုး..မို့..သနားပြီး..ပြုံးမိတတ်သည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သဘောင်္ရေကြောင်းလမ်းညွှန်အလုပ်လည်း..မလုပ်ခိုင်းပါ..။ သဘောင်္စက်ခန်းထဲမှာ.အင်ဂျင်နီယာလည်း မလုပ်ခိုင်းပါ..။ အနှီပုဂ္ဂိုလ်..ကို..
သဘောင်္စက်ခန်းထဲကို..ပို့ထားပြီး..အပေါ်က..အရာရှိ..ထမင်းစားခန်းရောက်အောင်..ဆယ့်ငါးမိနစ်အတွင်း..လာပါဆိုလျှင်ပင်..လမ်းမှာ..မျက်စိလည်..လမ်းမှားပြီး..တော်တော်နှင့်ရောက်လာမည်မဟုတ်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သဘောင်္စက်ခန်းက..၅ထပ်..၆ထပ်..ထိ..ရှိပါသည်..။ သဘောင်္တစ်စီးလုံး အမြင့်က..ဆယ်ထပ်..ဆယ့်နှစ်ထပ်..တိုက်တစ်လုံးလောက်..အမြင့်ရှိသည်..။သဘောင်္မောင်းသည့်..ပင်မစက်ကြီး..Main Engine က..ပင်လျှင်..၃ထပ်တိုက်..တစ်လုံးခန့်မြင့်ပါသည်..။ ပင်မစက်ကြီးများ၏ မြင်းကောင်ရေမှာ သောင်းနှင့်ချီပြီးရှိပါသည်..။ ယနေ့နောက်ဆုံးပေါ်..အကြီးဆုံးအင်ဂျင်၏ မြင်းကောင်ရေမှာ..တစ်သိန်း ကျော်ပါသည်..။
စက်ကို..ထိန်းချုပ်သည်မှာ..Automation Control ဖြစ်ပါသည်..။ လေအားအသုံးပြု Pneumatic Control, အရည်အားအသုံးပြု Hydraulic Control, ပရိုဂရမ်အသုံးပြု Programmable Logic Control (PLC control), အီလက်ထရွန်းနစ်နည်းပညာအသုံးပြု.Micro Controller..စသည့် စသည့် အဆင့်မြင့်နည်းပညာများကို..အသုံးပြုပြီး..စက်များကို ထိန်းချုပ်မောင်းနှင်ရပါသည်..။
ဆိုလိုခ်င္သည္မွာ..သေဘာၤသားမ်ား..သေဘာၤအရာရွိမ်ား..သည်..အဆင့်မြင့်နည်း..ပညာများကို..အသုံးပြုပြီး..လုပ်ငန်းခွင်ဝင်နေကြသည့်ခေတ်ရောက်နေသည် မြန်မာပြည်တွင်း ထက်စောသည်….။ စာမတတ်လျှင်စာဖတ်ကြပါဦး..ဟု. သေးနုတ်သော..အမြင်ရှိသည့်..အနုပညာသမားအချို့ကို..မေတ္တာရပ်ခံချင်ပါသည်..အင်တာနက်တွင် ၀င်ရောက်လေ့လာလျှင်ပင်..သိနိုင်ပါသည်..။
(မှတ်ချက်..။ အနုပညာသမားအားလုံးကို..ပြောချင်းမဟုတ်ပါ.၊ စစ်မှန်သော..အနုပညာသမားများ ကို..အစဉ်..လေးစားပါသည်…။)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော့်ကို..ဒီလူ..အဲဒီဒါရိုက်တာတွေ..စာရေးသူတွေကို..တော်တော်စိတ်ဆိုးနေတယ်နဲ့..တူတယ်..ဟု..ထင်နိုင်ပါသည်..။ ကျွန်တော်စိတ်မဆိုး..ပါ..။ စိတ်မကောင်းတော့..ဖြစ်ရပါသည်..။
ရှင်းပြပါမည်..။
သူတို့၏..နှစ်ရှည်လများ..၊ မဲပြာပုဆိုး..ဇတ်လမ်းအစုတ်..အပြတ်..များဖြင့်..တင်ဆက်..ခဲ့မှုကြောင့်..၊ ရေကြောင်းလောကထဲ..သို့..၀င်ရောက်လာသော..လူငယ်အချို့..တွင်..အထက်က..ဖော်ပြခဲ့သော..ခပ်ညံ့ညံ့..အတွေးများ..ပါလာပါသည်..။ အဆိုးဆုံးကတော့..စာသိပ်..မတတ်လည်း..ရသည်..ဆိုသည့်..အတွေး..ရှိနေခဲ့ခြင်းဖြစ်သည်..။
အဆိုပါစိတ်ဓါတ်မျိုးရှိသော..လူငယ်အချို့သည်..၊ကုန်းပတ်ဘက်တွင်ဖြစ်စေ၊ စက်ခန်းဘက်တွင် ဖြစ်စေ.. အလုပ်လုပ်ရာတွင်..လေ့လာလိုစိတ်.၊ စူးစမ်းလိုစိတ်၊ မှတ်သားလိုစိတ်၊ နည်းပါး..ပါသည်..။ အားစိုက်ထုတ်မှုလည်း..၊၀ီရိယ၊ ဇွဲ..နည်းပါသည်..။
သို့ရာတွင်..အရာရှိ..ဖြစ်လိုစိတ်မှာမူ..မနည်းပါ..။ သူများထက်တောင်..သာပါဦးမည်..။
စာမတတ်ဘဲ..၊ အခြေခံမကောင်းဘဲ.၊ အလုပ်ခွင်တွင်..လေ့လာမှုမရှိခဲဘဲ.စာမေးပွဲအောင်ခြင်ပါသည်..။
လေ့လာခြင်းမရှိဘဲ..၊အရည်အချင်းပြည့်ဝခြင်းမရှိဘဲ..၊ သူအရင်.နေခဲ့သည့်…ကျောင်းများ..တွင် အောင်ခဲ့သလို…လွယ်လွယ်နှင့် အအောင်ပေးဘို့..တောင်းဆိုလာပါသည်..။
သိထားဘို့လိုသည်က..ကျွန်တော်တို့..ရေကြောင်းလောကမှ..လက်မှတ်များမှာ..ဘွဲ..ဒီဂရီ..ဒစ်ပလိုမာ..မဟုတ်ပါ..။ မည်သည့်အဆင့်..၊ မည်သည့်..အတန်းအထိ..စာပေသင်ကြားခဲ့သည်..။ပြီးဆုံးအောင်မြင် ခဲ့သည်..ဆိုသည့်..လက်မှတ်မျိုးမဟုတ်ပါ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
COC (Certificate of Competency)ကျွမ်းကျင်မှုလက်မှတ်ဖြစ်ပါသည်..။ မကျွမ်းကျင်ဟု..သတ်မှတ်ခံရလျှင်..လက်မှတ်ထုတ်ပေးမည် မဟုတ်ပါ..။
ကျွန်တော်တို့..Engineer ဘက်တွင်..ရေးဖြေအောင်မှတ်မှာ (၅၀%)၊ နှုတ်ဖြေအောင်မှတ်မှာ (၉၀%) ဖြစ်ပါသည်..။ (၉) ပုဒ်မေးသည်ထဲမှ.(၆) ပုဒ်ရွေးချယ်..ဖြေဆိုနိုင်သည်..။
သို့သော်..(၆) ပုဒ်လုံးမှာ..ဘဲဥတော့ကွဲရမည်..။ အနည်းဆုံးတစ်မှတ်တော့..ရရမည်..။ ဘဲဥကွဲအောင်မဖြေနိုင်ခြင်း သို့မဟုတ် လွှတ်ထားခဲ့ခြင်းသည်..အဆိုပါမေးခွန်းတွင်မေးထားသော အကြောင်းအရာသည် ဥပမာ Steering Gear အကြောင်းဖြစ်သည်ဆိုပါက..စာဖြေသူသည်..Steering Gear နှင့်ပါတ်သက်လျှင် Knowledge Level – 0 ဖြစ်သည်..။ သည်သို့ဆိုလျှင်..Watch Keeping Engineer ဖြစ်ထိုက်ပါသလား..။ သည်သို့ ယူဆပါသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လူငယ်များဖြတ်သန်းခဲ့သည့်..ကျောင်းများလို..၄၀% မဟုတ်ပါ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာတစ်နိုင်ငံထည်း..ထူးဆန်းတီထွင်ထားခြင်းမဟုတ်ပါ..။ ကမ္ဘာ့ရေကြောင်းလောကတစ်ခုလုံး သည် ..ကမ္ဘာ့ရေကြောင်းအဖွဲ့ချုပ် (IMO) မှအဖွဲ့ဝင်နိုင်ငံများစုပေါင်းသဘောတူရေးဆွဲထားသည့် နိုင်ငံတကာကွန်ဗင်းရှင်းတစ်ခုဖြစ်သည့်..(STCW: The International Conventions of Standards of Training, Certification and Watchkeeping for Seafarers) ပါ..သတ်မှတ်ချက်များကို.. လိုက်နာ ရပါသည်..။ လိုက်နာခြင်းရှိမရှိကိုလည်း..International Audit အဖွဲ့များမှ..လာရောက် စစ်ဆေး ပါသည်..။
ငါ့အရပ်နဲ့..ငါ့ဇတ်..ငါကချင်သလို..ကမယ်..လုပ်လို့မရပါ.။ သည် Audit အကြောင်းကို..
အကျဉ်းနှင့်..သိသမျှလေး..မျှဝေခြင်ပါသည်..။ အမှားပါလျှင်လည်း..ထောက်ပြကြစေချင်ပါသည်..။

International Audit မှာ.(၂) ပိုင်းရှိပါသည်..။
(၁) IMO Audit ဖြစ်ပါသည်..။
(၂) Flag State (Administration ) Audit ဖြစ်ပါသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Audit အကြောင်းမသွားခင်..COC နှင့် Flag State ဆက်စပ်မှုလေး..ပြောပြချင်ပါသည်..။ .သည်စာစုသည် လူငယ်များအတွက် ရည်ရွယ်သည်ဖြစ်သဖြင့်..လူငယ်များကို..သိစေချင်ပါသည်..။
ငါတို့..လျှောက်နေတဲ့..လမ်းက..ဘာလမ်းလဲ..ဆိုတာ..မီးခွက်လေးထွန်းပြချင်ပါသည်..။ ချော်လဲတာမျိုး..နည်းစေလိုသော..စေတနာ..သာပါပါသည်..။ ဆရာလုပ်သည်ဟု..မမြင်စေလို..။
မြန်မာသဘောင်္သားတစ်ယောက်..Singapore Flag (စကာၤပူတြင္မွတ္ပံုတင္ထားၿပီး၊ စကာၤပူ အလံလွှင့်ထူထားသော သဘောင်္) သဘောင်္တစင်းပေါ်တွင် အလုပ်လုပ်မည်ဆိုလျှင် စကာင်္ပူ ရေကြောင်းဘက်ဆိုင်ရာဌာနဖြစ်သည့် (MPA) မှ ထုတ်ပေးထားသည့် CoC ရှိရပါမည်.။ မရှိလျှင် တာဝန်ထမ်းဆောင်ခွင့်မရှိပါ..။ အလုပ်မခန့်ပါ..။
ဥပမာ..CE တစ်ယောက်ဆိုပါတော့..။ သူက..မြန်မာ CE , CoC ကိုင်ထားသည်..။ စကာၤပူလက္မွတ္မရွိ..။ သူက..စကၤာပူသေဘာၤမွာ..အလုပ်လျှောက်သည်..။ ကုမ္ပဏီကလည်း..သူ့ကို သဘောကျသည်..ခန့်ချင်သည်..။
သူ့လျှောက်လွှာမှာပါသော..မြန်မာ CE , CoC သည် အစစ်ဟုတ်မဟုတ်.. စကာင်္ပူ MPA မှ မြန်မာ DMA ကို Fax (or) Email ဖြင့်လှမ်းမေးသည်.။
DMA မှ သက်ဆိုင်ရာတာဝန်ရှိသူများက..စစ်ဆေးပြိး..လက်မှတ်အမှန်ဆိုပါက..၊မှန်ကန်ကြောင်း၊ လက်မှတ်အတုဆိုပါက..အတုဖြစ်ကြောင်း..အကြောင်းပြန်ကြားပေးရသည်..။
မြန်မာနိုင်ငံမှ..လက်မှတ်အစစ်ဖြစ်ကြောင်း..ပြန်ကြားခဲ့လျှင်..၊ လက်မှတ်ကလည်း..အစစ်ဖြစ်သည်..။ မြန်မာနိုင်ငံကလည်း..White List အတွင်းပါနေသဖြင့်..၊ စကာင်္ပူ MPA မှ အဆင့်တူ..CE လက်မှတ် CoE ထုတ်ပေးလိုက်သည်..။
အဆိုပါ..မြန်မာ CE သည် စင်္ကာပူသဘောင်္တွင်..တာဝန်ထမ်းဆောင်ခြင်းသည်..ဥပဒေနှင့် အညီဖြစ် သွားသည်..။တာဝန်ထမ်းဆောင်ခွင့်လည်း..ရသွားသည်..။
မြန်မာနိုင်ငံက.(၁).White List ထဲမပါလျှင်..သို့တည်းမဟုတ်.. (၂)လက်မှတ်က..အတုဖြစ်နေလျှင်.. Singapore MPA မှ လက်မှတ်လည်းထုတ်မပေး..တာဝန်ထမ်းဆောင်ခွင့်လည်းရမည်..မဟုတ်..။
PANAMA လက်မှတ်မှာလည်း..ထိုနည်းတူဖြစ်သည်..။
IMO အဖွဲ့ဝင်နိုင်ငံတိုင်းလိုက်နာ ဆောင်ရွက်ကြသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သင်္ဘောတစ်စီးပေါ်တွင် ရာထူး အဆင့် ဖွဲ့စည်းပုံ...

သင်္ဘောတစ်စီးပေါ်တွင် ရာထူး အဆင့် ဖွဲ့စည်းပုံ…

သို့ရာတွင်..စကားစပ်လို့..တင်ပြချင်တာ..တစ်ခုရှိပါသည်..။
IMO အဖွဲ့ဝင်..နိုင်ငံအချို့သည်..လုပ်ငန်းအဆင်ပြေစေရန်၊ ကုမ္ပဏီနှင့် သဘောင်္သားအတွက်.. မနစ်နာ စေရန်.. လက်မှတ်မှန်ကန်မှုရှိမရှိ..စစ်ဆေး နေစဉ်ကာလအတွင်း..(၃)လ..သက်တန်းရှိ..ယာယီ လက်မှတ် ထုတ်ပေး တတ်ပါသည်..။ အဆိုပါ..သဘောထားကြီးစွာ..လူကြီးလူကောင်းဆန်စွာ..ပေးထားသော..အချက်ကို..သိသော လက်မှတ်တုသမားများနှင့်..အေးဂျင့်အချို့က..အဆိုပါနိုင်ငံများတွင်..အလုပ်လျှောက်ပါသည်..။ လက်မှတ်တုဖြစ်ကြောင်း..သက်ဆိုင်ရာနိုင်ငံ၏ Marine Department မှ..စာမရမခြင်း..လုပ်စားလို့ ရပါသည်..။ တစ်လလျှင် ၇၀၀ သာရမည့်..Oiler က..CE အဖြစ် တစ်လ..၇၀၀၀ ဒေါ်လာရပြီး..(၃) လ..လုပ်ခွင့်ရနိုင်သည်..။
ကာယကံရှင်များအတွက်..၀မ်းသာပါသည်..။ နိုင်ငံအတွက်တော့..၀မ်းနည်းရပါသည်..။
ကမ္ဘာပေါ်တွင်..သဘောင်္သားလောက..တွင်..လက်မှတ်အတုအများဆုံး..ထိပ်တန်းနိုင်ငံအဖြစ်.
.မြန်မာနိုင်ငံရပ်တည်နေပါသည်..။ အချို့ နိုင်ငံများမှ..မြန်မာနိုင်ငံအနေဖြင့် သည်ကိစ္စကို..စနစ်တကျ ကိုင်တွယ်သင့်ကြောင်း.. တောင်းဆိုမည်ဟုပင်..ကြားသိ..နေရပါသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာတစ်ယောက်ခန့်လိုက်.၂လ…၃လနေရင်..လက်မှတ်အတုမှန်းသိလို့..လူလဲလိုက်ရနှင့်..လုပ်ငန်းတွင်များစွာ..အနှောက်အယှက်ဖြစ်ကြရပါသည်..။ အဆိုပါ အနေအထား ထက်ဆိုးသောပြသနာ တစ်ခုနှင့် လည်း. အခြားနိုင်ငံများ နှင့် သဘောင်္လုပ်ငန်းငန်းရှင်များ..ရင်ဆိုင်နေကြရပါသည်..။
၎င်းမှာ..Port State Control မှ..တက်ရောက်စစ်ဆေးရာတွင်.မြန်မာ.အရာရှိလက်မှတ်တု. ကိုင် ဆောင်သူ များနေသဖြင့်..၊ သဘောင်္၏အနည်းဆုံးလိုအပ်သောကျွမ်းကျင်မှုလက်မှတ်ကိုင်ဆောင်သူ အရေအတွက်..မပြည့်သဖြင့်..(Minimum Safe Manning) ၊ သဘောင်္သည်. ပင်လယ်ပြင်ထွက်ခွာ ရန် Safety မရှိတော့.သဖြင့်..၊သဘောင်္အားဖမ်းထားလိုက်ရခြင်း မျိုးဖြစ်ပါသည်..။
အဆိုပါဖြစ်ရပ်၏ နောက်ဆက်တွဲ အဖြစ်.. မြန်မာလက်မှတ်..မြန်မာလူမျိုးကို..ခန့်ရန်စဉ်းစားနေကြသည်အထိ..နိုင်ငံအချို့တွင်ဖြစ်ပေါ်နေ ရာ..အလုပ်အကိုင်ရှားပါးလာစေမှု၏ အကြောင်းရင်းတစ်ခုထဲတွင်..ပါဝင်လာပါသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မူလ..အကြောင်းအရာကို..ပြန်သွားပါမည်..။
(၁) IMO အဖွဲ့ဝင်နိုင်ငံများအတွင်း..သဘောင်္သားနှင့် သဘောင်္အရာရှိများ..လေ့ကျင့်သင်ကြား ပေးခြင်းကို အပြန်အလှန် စစ်ဆေးခွင့်ပေးထားပါသည်..။
မလေးရှား၊ အင်္ဂလန်၊ ဂျာမဏီတို့မှ..မြန်မာ နိုင်ငံ၏စနစ်ကို..လာစစ်ဆေးခဲ့ဘူးသည်ဟု..သိရပါသည်..။ ၂၀၁၂ အတွင်း EU မှ လာရောက်စစ်ဆေး ခဲ့ပါသည်..။ အဆိုပါစစ်ဆေးမှုရလာဒ်များ..ကောင်းမွန်သော်လည်း..စင်းလုံးချောမဟုတ်ပါ..၊ ဆက်လက် လုပ်ဆောင်သွားရမည့်..လုပ်ငန်းစဉ်များရှိပါသေးသည်..။
အဆိုပါ..အဖွဲ့ဝင်နိုင်ငံများက လာရောက်စစ်ဆေးပြီး..ကြေနပ်မှုရှိလျှင်..မြန်မာလက်မှတ် (COC ) ကို သူတို့နိုင်ငံမှ ဆက်လက်အသိအမှတ်ပြုပြီး..သူတို့နိုင်ငံမှ သဘောင်္များပေါ်တွင် ထမ်းဆောင်ခွင့်ပြုမည်ဖြစ်ပါသည်..။ လိုအပ်ချက်ရှိသည်ဟုထင်မြင်လျှင်တော့..ငြင်းပယ်မည်ဖြစ်ပါသည်..။ စစ်ဆေးသောနှစ် အကန့်အသတ်မရှိပါ..။ တနှစ်တစ်ခါလာစစ်သည်လည်းဖြစ်နိုင်သည်..။ သူ့နိုင်၏ ဘတ်ဂျက်နှင့် ပေါ်လစီပေါ်တွင်လည်းမူတည်မည်..။ ကျွန်တော်တို့..မြန်မာများ၏ ကောင်းသတင်း..ဆိုးသတင်း ပေါ် တွင်လည်းမူတည်မည်ဖြစ်သည်..။
မြန်မာနိုင်ငံအနေဖြင့်လည်း..သွားရောက်စစ်ဆေးလိုလျှင်..အခြားနိုင်ငံများက..ခွင့်ပြုမည်ဖြစ်ပါသည်..။ ကျွန်တော်တို့က..သွားမစစ်နိုင်ခြင်းသာဖြစ်ပါသည်..။

(၂) IMO ၏စစ်ဆေးမှုမှာ..လွတ်လပ်သော..ပညာရှင်အဖွဲ့မှ..လာရောက်စစ်ဆေးပြီး..IMO ကို ..အစီရင်ခံစာ တင်ပါသည်..။ IMO အဖွဲ့ဝင်များပါဝင်သည့် အစည်းအဝေးကြီးတွင် အဆိုပါ..အစီရင်ခံစာကို..သုံးသပ်ပြီး..White List တွင်ပါခြင်း မပါခြင်းရလာဒ်ကို သိရှိရမည်.ဖြစ်ပါမည်.။ Black List ဟုမရှိပါ..။ အဆိုပါစစ်ဆေးမှုသည်..(၅) နှစ်တစ်ကြိမ်ဖြစ်ပါသည်..။ White List သက်တန်းမှာ..၅ နှစ်သာရှိပါသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
White List တွင်မပါလျှင် မြန်မာလက်မှတ်များကို..IMO အဖွဲ့ဝင်နိုင်ငံများမှ အသိအမှတ်မပြုပါ..။
အခြားနိုင်ငံသင်္ဘောများပေါ်တွင်..တာဝန်ထမ်းဆောင်နေသူအားလုံး..အလုပ်လက်မဲ့ဖြစ်နိုင်ပါသည်..။
White List တွင်ပါသော နိုင်ငံများမှ ထုတ်ပေးထားသည့် သေဘာၤသားမ်ား၊ သေဘာၤအရာရွိမ်ား၏ လက္မွတ္ကို.သာ..ကျန်အဖွဲ့ဝင်နိုင်ငံများမှ..အသိအမှတ်ပြုပါသည်..။ အဆင့်တူလက်မှတ်ထုတ်ပေး ပါသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
White List သည် အရေးကြီးပါသည်..။
ယခင်က..ရေကြောင်းဘက်ဆိုင်ရာ..လေ့ကျင့်သင်ကြားမှု ကိုပြုသည်မှာ..နိုင်ငံပိုင်ကျောင်းများသာ ရှိသည်..။
ယခု..ပုဂ္ဂိက..များလည်း..ပူးတွဲ..ဆောင်ရွက်ခွင့်ပေးလိုက်သည်..။ ၀မ်းသာရပါသည်..။
သို့ရာတွင်.. DMA၏ Internal Audit ကိုသာမက..IMO နှင့် အခြား Flag State (Administration) များ၏ External Audit ကိုပါ..ခံယူရမည်ဖြစ်ကြောင်း..၊ သင်ကြားမှု၊ အဖြေလွှာ၊ ဆရာဦးရေ၊ ဆရာအရည်အချင်းက..အစ..အစစ်ဆေးခံရမည်ဖြစ်သည့်အတွက်..၊တန်း..သိပ်လျှော့လို့.. မရပါ..။
စာမေးပွဲက..လျှောပေးလို့အောင်သည်..ထားဦး..၊
အဆင့်မမှီလို့..White List ထဲမပါလျှင်..သဘောင်္လိုက်လို့မရဖြစ်သွားနိုင်သည်..ဘာလုပ်ကြမည်နည်း..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စနစ်သစ်ပြောင်းလိုက်သည့်အတွက်..Flag State များမှ..Audit များ..သည်နှစ်နှင့်လာမည့်နှစ်မှာ လာနိုင်သည်..။ ငါးနှစ်ပြည့်မှ..လာမည်ဟု..စာချုပ်ထားသည်မဟုတ်..။
စဉ်းစားကြပါလို့..
လူငယ်များကို..မေတ္တာရပ်လိုပါသည်..။ ကြိုစားကြလို့လည်း..တိုက်တွန်းလိုပါသည်..။
အတုလေးတွေ..လုပ်စားတာ..လုပ်စားပါစေ..။ သူ့ကံနဲ့သူ..လုပ်နေကြတာ..ဟု..ဆိုသော..လူကြီးများ လည်း..စဉ်းစားကြည့်စေချင်ပါသည်..။
လူမျိးနှင့်နိုင်ငံ၏ အမည်နှင့်သိက္ခာကို..ထိခိုက်သည့်..ကိစ္စမျိုးဖြစ်သည်..။
ရေကြောင်းဌာနတစ်ခုထည်း..လုပ်နိုင်သည့်ကိစ္စမဟုတ်..၊ နိုင်ငံတော်အဆင့်က..လုပ်မှ..ပြီးမည့်ကိစ္စဖြစ် သည်..ဟုထင်သည်..။
အမှားပါလျှင်ခွင့်လွှတ်ပါ..။ စေတနာဖြင့်ရေးသော..စာစုဖြစ်ပါသည်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဝင်းအောင်
B.Sc, A.G.T.I, H.G.P, MIMarEST (UK)
Chief Engineer Officer (MOT)
Cert. of International Maritime Conventions & Ship Safety Inspection (MLIT) (Japan).

About အူးစည်

has written 140 post in this Website..