ကျမ ချစ်သော တောင်ပေါ် မြို့လေး ရဲ့ မွေးနေ့ပွဲ

ထင်းရူး တောတန်း တောင်းတန်းကြီး တွေနဲ့ ၀ိုင်းလို့ကာဆီးထားတဲ့ မောမြေမြင့် မှာမြူနှင်းများကရီဝေကာ  အုံ့ဆိုင်းလို့နေတယ် စမ်းချောင်းများ ကဘော်ငွေရောင် ပမာ စီးဆင်း လို့နေတယ် တောင်ယာစိုက်ခြင်းနဲ့အသက်ကိုမွေးတယ်သွေးချင်းတို့မြေတို့ရဲဓနုဌာနေ၀ဲတဲ့စကားသံတစ်မျိုးလေးချစ်စရာပေခလောက်သံကြီးဟီးတဲ့မြေအိုးစည်ကြီးတီးလို့ပျော်နေ……………………

ခုတလော ရန်ကုန်ဆောင်းက နည်းနည်းအေးနေသည်လေ….ကျမ.. ကလည်းဒီ အေးတဲ့ အရသာလေး ကို တမင်ရချင်လို .၀ရန်တာမှာ ..လေညင်းခံနေတာပါ…ခပ်လှမ်းလှမ်းကထီသည် ဖွင့်တဲ့ ဘိုဖြု သီချင်းသံကြားရ တော ကျမ..လွမ်းလိုက်တာ….တောင် ပေါ်သူမို့လား မသိ ဒီသီချင်းသံကြားရင်.ပျော်သလိုလို ငိုချင်သလို.. အမြဲဖြစ်တတ်သည်.ကျမ..တို့မြို့လေးကို  အရမ်းလွမ်းပါသည်..။

ကျမ ကအိမ်မှာသိပ် မနေရပါ 10 တန်းအောင်ပြီးတော့ မန္တလေးမှာကျောင်းတက်ရသည်..ခုကျောင်းပြီး သွားတော့လည်း..အဝေးမှာပဲ အလုပ်လုပ်ရပြန်သည်…ဘယ်တော့ များမှအိမ် မှာ နေနိုင် မလည်းမသိ။ ကျမ.. ကိုယ့်ရဲ့ မွေးရပ်ဇာတိတောင်ပေါ် မြို့ လေးကို အရမ်းချစ်ပါသည် ကျမ တို့ မြို့ထက်ဘယ်မြို့ကို မှမချစ်ပါ။ မြို့ အစွန်မှာ ရှိတဲ့ကျမအိမ်လေးကိုရောမိသားစုကို ရော ဘယ်အရာနှင့် မှ အစားထိုးလို့ မရအောင် တွယ်တာ မြတ်နိုး ပါတယ်။

ကျမ ရဲ့ မြို့လေးက ပင်လယ်ရေ မျက်နှာပြင်အထက် ၄၂၁၉ ပေမှာတည်ရှိတယ်  ကျမ..ခု တစ်ခေါက်မြင်ရတဲ့ မြို့မြင်ကွင်းထက် ဟိုနှစ်ပေါင်းများစွာက မြို့ ကလေးရဲ့ ပုံရိပ်ကို  စိတ်ထဲမှာ ပိုစွဲမြဲ မှတ်မိနေစေပါတယ်.. ကျမတို့အိမ် နီးနားချင်းတွေအားလုံး က ကျမတို့လို ဓနု လူမျိုးတွေကြီးပါပဲ ။ရိုးသား အေးဆေးစွာနဲ့ ကိုယ်ရဲ့ ခြံထဲ ယာထဲမှာ ရာသီပေါ် သီးနှံ တွေစိုက်တယ် မနက်လင်းရင်ယာထဲသွားတယ် မိုးချုပ်ရင်ပြန်လာပြီး…ဒီလိုနဲ့ တစ်မိုးပြီး တစ်မိုး ကုန်လွန်ဖြတ်သန်းကြပါတယ်။

ဆောင်းဝင်လာလို့ အလုပ်ပါးချိန်ရောက် လာရင်  မနက်ခင်း နေပူစာလှုံကြပါတယ် သစ်ပင်ရိပ်မရှိတဲ့ အိမ်ရှေ့ ကွက်လပ်မှာ လူတွေအားလုံးနေပူစာလှုံ ဖို့ လာစုကြပါတယ်…လူကြီးတွေကလည်း ထွေရာလေးပါး ဘယ်သီးနှံ ကဘယ်လို ဘယ်မြေသြဇာ ကဘယ်လိုကောင်းကြောင်း  ပြောရင်း ရေနွေးကြမ်းသောက်ပါတယ်…ကျွဲရှိတဲ့သူ ကကျွဲစာစဉ်း ရင်းနေပူစာလှုံသလို..ကြည်း သန်းရီတို့က ကြက်သွန်ဖြု နွှာရင်း စကားပြောပါတယ်….. ကျမတို့ ကလေးတွေကလည်း နှာရည်တရှုံ့ရှုံ့ နဲ့ကစားကြပါတယ်…..

မိုးတွင်းဆိုရင်တော့ အိမ်ပေါ်မှာပဲ ညဘက်မီးလှုံရင်း စကားစုပြောကြ လေ့ရှိပါတယ်…ဒါပေမဲ့ကျမ မှတ်မိ  သလောက် တစ်ခါမှ ဘောလုံးပွဲ အကြောင်း  တွေ နိုင်ငံရေးအကြောင်းတွေ ပြောသံမကြားဖူးပါဘူး ကြည့်စရာ တီဗွီ လည်းမရှိသလို့ ကိုယ့် ယာတော လောက်စိတ်ဝင် စားပုံမရပါဘူး….လပြည့် လကွယ် တိုင်း တော့ အလုပ် အားလုံးနားပြီး ဘုန်းကြီးကျောင်းသွားကြပါတယ်…တန်ခူး၊သီတင်းကျွတ် ဆိုရင် ဆွေများအားလုံးကို တက်နိုင် သလောက်လိုက် ကန်တော့တယ် ၀ါဆိုလ ဆိုရင် တံမျက်စည်းကန်တော့တယ် …တန်ဆောင်မုန်းမှာတော့ တကယ် အပျော်ဆုံးပါ ကျမတို့မြို့ရဲ့ သဒ္ဓါ တရားက တကယ်အံ့သြဖို့ကောင်းပါတယ်……

ကောက်သိမ်းချိန်ရောက်ရင်တော့ ကောက်သစ်စားပွဲ ကိုအိုးစည်တွေတီးပြီး ပျော်ကြပါတယ်….တပို့တွဲလမှာ ယာဂု တို့မုန့်ဆီကျော် ၊ ခေါပုတ်တွေ ကိုလိုက်ဝေကြပါတယ်။

ကျမတို့အိမ်လေးကမြို့ အစွန်မှာရှိပါတယ်  အိမ်ပေါ်ထပ်ကလှမ်းကြည့်လိုက် ရင် တောင်တန်း တွေပတ်လည် ၀ိုင်းရံထားတဲ့ ကျမတို့ မြို့ လေးကိုတွေရမှာပါ ….ဟိုးခပ်ဝေးဝေးက ပင်မှီ တောင်ထိပ်ရယ်… လွယ်မယ်တောင်.. ရတောင်..စသဖြင့် ထင်းရူးပင်တွေ နဲ့ တောင်းတန်းတွေကို မြင်နေရပါတယ်….ဖေဖေ ဒိုင်ယာရီထဲ ကစာတစ်ကြောင်းကို အမှတ်ရမိပါတယ် …. မမြင်နိုင်မှန်းသိပေမဲ့ ချစ်သူရှိရာ ပင်မှီတောင်တန်း. ကိုပဲလှမ်းမျှော်ကြည့် နေမိတယ်..1988…တဲ့

ကျမတို့ မြို့ က ၅ရက် တစ်ဈေးပါ ဈေးနေ့ ဆိုရင် ဟိုးမနက်အစောကတည်း ကအိမ်ရှေ့ လမ်းပေါ် မှာ ပလိုင်း တွေ ကိုယ်စီရွက် လို့ ဈေးလာသုံး တဲ့ တိုင်းရင်းသားပေါင်းစုံ တောင်ရိုး ပအိုဝ်  ပလောင် တွေကိုတွေ့ရမှာပါ.. တစ်ခါတစ်လေ သပြေပန်း တွေသစ္စာပန်းတွေ ရွက်ပြီး ဈေးလာရောင်းတဲ့ မနက်အစောကြီး ချွေးတွေရွှဲ နေတဲ့ ရိုးသားတဲ့ တောသူတောင်သား တွေ ကို…တွေရမှာပါ…အုပ်စုဖွဲ့ ပြီးလွယ်အိတ် ကိုယ်စီနဲ့  ချစ်ဖို့ ကောင်းတဲ့ ရိုးသားမူကို အထင်းသားတွေ့နိုင်တဲ့ တိုင်းရင်းသူမ လေးတွေကိုလည်းငေးရပါတယ်…

ဒါကျမ မှတ်မိ သလောက်ပုံ ရိပ်တွေပါ….ခု တော့ အရင်နဲ့ လုံးဝ ခြားနား စွာ အရာရာ ဟာ အသစ် ပြောင်းလဲ ပစ်သလို ခေတ်မီ တိုးတက် နေပါပြီ လိုက်လို့ မမှီလောက်အောင်ပါ…..ခု လမ်းလျှောက်သူ မရှိတော့လောက် အောင်ဘယ်သွားသွား ဘာလုပ်လုပ် ဆိုင်ကယ်နဲ့ပါ ယာထဲကိုလည်းဆိုင်ကယ်နဲ့ ပဲသွားပါတယ်…နေပူစာ မလှုံ တော့ပါဘူး..ဟတ်တာ လေးဖွင့်ပြီး အိမ်ထဲမှာ ပဲနေကြပါတယ်…ရေနွေးကြမ်း မသောက်တော့ပါဘူး လက်ဖက် ရည်ဆိုင် သွားသောက်ပါတယ်…ဘာပါတီ ညာပါတီ ပြောလာပါပြီ ..အာဆင်နယ် ..မန်ယူလည်းမှုတ် လာပါပြီ..

ပလိုင်းရွက် တဲ့ တိုင်း ရင်းသားတွေ မရှိတော့ ပါဘူးထောလာဂျီ တွေ ..ဆိုင်ကယ်တွေ..တ၀ီဝီနဲ့  light tract တွေနဲ့ ဈေးလာသုံးပါတယ် ဆံပင်ကို ဆေးဆိုးပြီး ဖြောင့်ထားပါတယ်..ဂျင်းဘောင်းဘီ ဆိုင်ကယ်  စီးနေတဲ့ ဘာလူမျိုးလည်း မခွဲတက်တော့ပါ….sky net, Internet cafee, Mobile ဆိုင်,Computer သင်တန်း တွေ အလှပြင်ဆိုင်တွေ Game ဆိုင်တွေ..bank တွေ တန်းစီနေတာပဲ………ခု.ဆိုရင်ပဲ ကျမတို့ မြို့ လေးက သူရဲ့ မွေးနေ့ ကိုရောက်တောမယ်…….ဒါပေမဲ့ စေတနာသဒ္ဓါ တရားကအရင်လိုပါပဲ  အခမဲ့ ဆေးကုခန်းတွေ .တောင် ပေါ်လာပါတယ်…တကယ်ဝမ်းသာစရာပါ

မြို့ တည်ထောင်တာ နှစ် ၁၀၀ ပြည့် မွေးနေ့ပါ။ ပျော်ပွဲရွှင်ပွဲ ဈေးရောင်းပွဲ တွေ မယ်ရွေးပွဲ တွေ စတိတ်ရှိုး စာပေဟောပြောပွဲ စာကြည့်တိုက်ဖွင့်ပွဲ စသဖြင့်ပွဲ ပေါင်းများစွာနဲ့ စည်ကားသိုက်မြိုက်စွာ လာမည် ဧပြီ  ၁၇.၄.၂၀၁၃ မှာကျင်းပပါမယ်တဲ့ ကျမရောက် အောင်ပြန်ပါမည် ကျမချစ်သောမြို့ ကလေးရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ ကိုကျမလည်းမဖြစ်မနေပါဝင် ဆင်နွှဲ ပါမည်။

(အောင်ပန်း မြို့ နှစ် ၁၀၀ ပြည့် မွေးနေ့ အားဂုဏ်ပြု ကြို ဆိုပါသည်)

                                                                                     Traditional Medicine

 

 

 

 

About BMTM Mdy

Traditional Medicine has written 7 post in this Website..

အိမ်မက် သို့ ရည်မှန်းချက် အတွက် ကြိုးစားနေပါတယ်....