ဒဂျီး အဲလိုတော့ ပြောနဲ့ဗျာ၊ ဃဈက်ဝက်ဆိုက် စရိတ်စက သိပ်များနေတယ်ဆိုရင် အဝှာလုပ်တာ တခါလောက် လျှော့ပေါ့။ အခုတော့ ပို့စ်တင်သူတွေကို စာတပုဒ်လောက် လျှော့ရေးပါလား ညာလားနဲ့ ချစ်တီးကြရသလား။ ပွိုင့်တိုးမလာတဲ့အပြင် တနေ့တခြား နည်းသွားတယ်။ ဗျားဂျီးနော်.. အားနာလို့ ကြည့်နေတာ အတယ်မထင်နဲ့။ ကြောင်ကြီး၏ စကားအဆုံးဝယ် ဒဂျီးမျက်နှာ ပျက်သွားပြီး နဂိုမူလ မဲကြုတ်နေရာမှ လုံးဝနက်မှောင်သွားကာ ကတ္တရာစေး လောင်းထားသော မီးသွေးခဲတမျှ ဖြစ်သွားသည်။ ဟ…….. ကိုရင်ကြောင်ရဲ့ ငါပိုက်ဆံနဲ့ ငါပါကွ၊ မင်းဆီက တပြားတချပ် မတောင်းပါဘူး။ ပွိုင့်လျော့တာ ဆာဗာကွန်ပြူတာ အမှားဖြစ်ပါလိမ့်မယ်။ အဝှာလည်း မလုပ်ဖြစ်တာ ကြာပီ။ အလုပ်တဖက် ဆိုက်တဖက်နဲ့ မအားရပါဘူးကွာ။ စကားနဲရန်စဲပြော၍ ရှောင်ထွက်ခိုက် သူ့ထက် ပါးနပ်သော ကြောင်ကြီှးက လက်ဖမ်းဆွဲပြီး အိပ်ကပ် ဖမ်းနှိုက်လိုက်ရာ ကွန်ဒုံး၊ ချောဆီ၊ ဗိုင်ယာဂယာ အားဆေးတောင့်၊ လစ်ပိုအားဖြည့်အချိုရည်ဗူးများ တသီတသန်းကြီး ထွက်လာလေသည်။ အဟီး.. ဒါတွေက လိုတဲ့သူရှိ အလွယ်ပေးရအောင် ဆောင်ထားတာ၊ ယူသွားပါအုံးဟု မလုံမလဲ ရှက်ကိုးရှက်ကန်း ဆိုရာလေတွင် ကြောင်ကြီးမှ ကျုပ် ဒါမျိုး စိတ်မဝင်စားဘူး၊ မျက်စိ နားရှက်စရာတွေ လာမပြောနဲ့ဟု မာမာထန်ထန် ငြင်းဆန် လိုက်လေသည်။

လက်ပူးလက်ကြပ် အမိခံလိုက်ရသော ဒဂျီးလည်း မျက်နှာငယ်လေးဖြင့် ကြောင်ကြီးရယ်.. ဃဈက်အွန်လိုင်း ထောင်ထားတာ အမြတ်အစွန်း မရပါဘူး၊ မြန်မာပြည်ဂျီးကို ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေ လက်ထဲက ကယ်ဖို့ အရှုံးခံလုပ်တာပါဟု ပြောလေရာ ကြောင်ကြီးမှ ဆားပုလင်းနှင်းမောင်စတိုင် မခိုးမခန့်ရယ်လျက် ငှင်းငှင်းငှင်း.. တောမှာသွားပြော ဒဂျီးရေ၊ ဒီဆိုက်ဘန်းပြ ကြော်ငြာခ တလ ဒေါ်လာသောင်းချီ ဝင်နေတာ၊ စီအိုင်အေကနေ ဝက်ဆိုက်အတွက် တာဝန်ယူထားတာ၊ တရုတ်ကူမြူနစ်ပါတီ ဝါဒဖြန့်ချီခ နှစ်စဉ် ဒေါ်လာ သိန်းဂဏန်းရတာ၊ အစ္စလာမ်မစ်ကောင်စီ ထောက်ခံချက်နဲ့ အရှေ့အလယ်ပိုင်းက ရေနံစိမ်းစည်ပီပါ တသိန်းနှစ်စဉ် လျှော့ဈေးနဲ့ ဝယ်ခွင့်ရတာ၊ မိုးပြာဂိုဏ်းကနေ အကြံညဏ်တွေ ပေးနေတာ မသိဘူးထင်ရင် မှားသွားမယ်။ ထိုသို့ အရှိကို အရှိအတိုင်း ထောက်ပြတော့မှ ဒဂျီးမျက်နှာငယ်လေးဖြင့်  နောင်ဆင်ခြင်ပါမည့်အကြောင်း တောင်းပန်သမှု ပြုတော့သည်။

ထို့နောက် ကောက်ကျစ်စဉ်းလဲသော အကြံဖြင့် စင်ကာပူရသူ ဆွိမမအား ဆက်သွယ်ကာ ကြောင်ကြီးအား သွားပုပ်လေလွင့် ပြောဆိုသည်တွင်…. ဒီကောင့်အကြောင်း ပြောချင်ပါဘူးအေ.. သူ့ကိုယ်သူ လူဂေါင်းယောင် ဆောင်နေတာ၊ တကယ်တော့ တိရစ္ဆာန်သာသာ၊ မယုံရင် သူ့ဖင်စမ်းကြည့် အမြီးဂျီး တန်းလန်းနဲ့ဟု ချွန်တွန်း လုပ်လေသည်။ သူဟင်းချက်ကောင်းတိုင်း မယုံနဲ့၊ ညဆိုင်ပိတ်ခါနီးကြမှ တမတ်ဈေးနဲ့ဝယ်ပြီး ညည်းရှေ့မှာ မီးဖိုပေါ်တင် နွှေးပြတာ။ ကိုယ်တိုင်က ကြက်ဥတောင် ကောင်းအောင် မကြော်တတ်ဘူး။ စည်းကမ်းတိကျပုံများ အမှိုက်ခိုးပစ်မှု လမ်းဖြတ်ကူးမှုတို့နဲ့ အဖမ်းခံရတာများလို့ ရဲနဲ့တောင် ဘော်ဒါဖြစ်နေပြီ။ ဤသို့ဖြင့် လူဂျီးခြင်း သဘောတူထား၍ ကြောင်ကြီးရင်ခွင် သက်ဆင်းရမည့် ဆွိဂလေးလည်း သက်ပြင်းတမမ ဖြစ်ကာနေ၍ အင်း ဟုတ်ချင်ဟုတ်မယ်.. သူအိမ်အလည်လာရင် မီးဖိုချောင်က ငါးခြောက်ပြားတွေ ပျောက်ပျောက်သွားတယ်။ ငါးကြော်တွေ့ရင်လည်း အိနြေ္ဒမဆောင်နိုင်ရှာဘူး။ သူ့နှုတ်ခမ်းမွှေးကလည်း အရှည်ကြီးပဲ။ ပိုမိုသေချာစေရန် ရထားစီးစဉ် ကြောင်ကြီးဖင် အလစ်စမ်းရာ ရဲတွေ့သွားသဖြင့် မနည်းရှင်းယူ လိုက်ရသည်။ ကြောင်ကြီးကတော့ သူ့အား အချက်ပေးသည်ထင်ကာ တဟီးဟီးနှင့် သွားဂျီးဖြဲကာနေသည်။

အဝင်အထွက် အစဉ်မှတ်

အဝင်အထွက် အစဉ်မှတ်

ဆွိဂလေး ငယ်စဉ်ကပင် ဦးကြောင်ကြီး စင်ကာပူရသို့ ထွက်ခွာသွားခဲ့သည်၊ ထိုကျွန်းမှာပင် ရှာရာပိုဗာဆိုသူ ရုရှားသူလေးနှင့် အကြည်စိုက်နေရာမှ စိတ်သဘောထား မတိုက်ဆိုင် ခွဲခွာနေချိန်တွင် ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဆွိမှာလည်း မန်းလေးစက်မှုတက္ကသိုလ်မှ ဆောက်လုပ်ရေး အင်ဂျင်နီယာဘွဲ့ရကာ အရပ်ထဲရှိ လက်သမားဆရာထံ အလုပ်သင် ဝင်နေလေသည်။ သံတချောင်း ဖြောင့်အောင် မရိုက်တတ်၍ အဆူခံရသဖြင့် မျက်ရည်ဖြိုင်ဖြိုင်ကျနေသော အင်ဂျင်နီယာမ ဆွိဂလေးအား ဦးကြောင်ကြီးမှ လွန်စွာသနား ဂရုဏှာ သက်မိရကား သူ့အမေဂျီးအား လက်ထပ်ခွင့်ပြုရန် ပူဆာလိုက်သည်။ ဆွိကလည်း လက်မထပ်ခင် အကဲခတ်ခွင့်ပြုရန် တောင်းဆိုသဖြင့် ကြောင်ကြီးမှ အံတကြိတ်ကြိတ်ဖြင့် ကတိပြုကာ ခေါ်ဆောင်လာခဲ့ရာမှ အနှီဇာတ်လမ်း စတင်လာခဲ့ခြင်းဖြစ်သည်။

ယခုမူ အဖျက်ပေါ်လဗျီ၊ ရှာရာပိုဗာလေးကြောင့် ကွဲခဲ့ရသော နှလုံးသား ဆွိကြောင့် တစစီ ကြေမွပေတော့မည်။ ဆွိ စိတ်ဝင်စားသော ဂျပန်ယာဂူဆာသူဌေး မာစတာဂီဆိုသူအား ယာဂုစားမှတော့ သူဌေးမဖြစ်နိုင်ဟု ဆွိအမေမှ လက်မခံသဖြင့် တော်ပေသေးသည်။ မည်သို့ပင်ဖြစ်စေ ယခင် ပေါင်ပေါ် အလွယ်ထိုင်ခွင့်ရသော်လည်း ယခုမူ အလက်ဂျစ် ဖြစ်သည်ဆိုကာ တွေ့လျင်ပင် မသတီသလို နှာခေါင်းပိတ် ရှောင်ပြေးသော မခြစ်တတ်သော နှလုံးသားမဲ့သော စာနာစိတ်အလျဉ်းမရှိသော ရက်စက်သော သူတပါးပြောတိုင်းနားယောင်သော ဆွိလေးနှင့် မခြစ်ရ မနေနိုင် မေတ္တာတရား ကြီးမားလှသော စေတနှာ ဂရုနှာ အနစ်နှာ နှာသုံးနှာ ပြည့်စုံသော ကြောင်ကြီး မည်သို့မည်ပုံ ရှေ့ဆက် စခန်းသွားမည်နည်း။ ခံစားချက်မဲ့ ကွန်ပြူတာဖြင့် အဖြေထုတ် မရနိုင်၍ ခြစ်တတ် ခံစားတတ်သော အသဲနှလုံးရှိသော စာဖတ်သူများထံမှ ထင်မြင်ချက် တောင်းခံလိုပါသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး