3d_love_heart-800x600

 

(၁)
တစိမ်းလူ ရဲ့ လက်မောင်းကို
နင်တွဲခိုကာ ပျော်နေတုန်း
ငါ့နှလုံးသားတွေ အခိုးငွှေ့ပြန်ကာ
တိမ်တိုက်တွေလို ငါ့မျက်ဝန်းက
မိုးရေတွေ ရွာချ
အဲ့ မျက်ရည်တွေထဲမှာ
ငါ့စိတ်ဓါတ်တွေ စုန်းစုန်းမြုတ်ခဲ့ရော…
 –
(၂)
ရှုံးနိမ့်ခဲ့ပြီဆိုတဲ့ နောက်ဆုံးအသိက
အရူးကွက်နင်းလို့
လှည့်ထွက်သွားတဲ့ နင့်ခြေရာတွေကို
တစ် နှစ် သုံး လိုက်ရေနေရင်း
ငါ့ ဘ၀ ပျောက်ဆုံးသွားတယ်
ဒါပေမယ့်
အဲ့ ဇတ်လမ်းက အစီအစဉ်တကျ
မဖြစ်ခဲ့တာကိုတော့
ငါကိုယ်တိုင် မသိခဲ့ဘူး…
 –
(၃)
ဟန်ဆောင် မျက်နှာဖုံးတပ်
နင့်ရှေ့မှာ ပျော်ဟန်ဆောင်တုန်း
မသိတက်တဲ့ နင် ကိုယ်တိုင်
ပြောခဲ့တဲ့ စကား တစ်ခွန်းက
ရင်ကို စူးနစ်ဝင်ခဲ့တယ်
“နင်သာငါ့ဘ၀ပါတဲ့”
အဲ့ဒီလို စကားတွေမှာ ပျော်ဝင်ခဲ့တဲ့
ငါ့ကိုငါ သနားလာတယ်…
 –
(၄)
“ဟယ်လို”
ဆိုတဲ့ ဖုန်းထဲက နင့်အသံလေး
ကြားလိုက်တိုင်း
ငါ့မှာ ရင်ခုန်သံမြန်နေတုန်းပဲ
ကျေးဇူး ပြုပြီး ငါသာ နင့်အချစ်ဆုံးလို့
မပြောပါနဲ့တော့
ငါ့ရှေ့မှာ နင်တွဲခဲ့တဲ့ သူကိုလဲ
အဲ့ဒီလို စကားမပြောမိပါစေနဲ့လို့
ဆုတောင်းသံ တိုးတိုးလေးနဲ့
ညတိုင်း ဆုတောင်းမိနေတယ်…
 –
(၅)
ကာရန် မမိတဲ့ ကဗျာ တစ်ပုဒ်လဲ
ခနော်နီ ခနော်နဲ့
ငါ့ Wall ပေါ်မှာ
ထာဝရ တစ်သက်စာ
နင့် အတွက်
နေရာယူထားဆဲပါပဲ…

About Thit San Khant

Thit San Khant has written 8 post in this Website..

ကျွန်တော့်ကြောင့် သစ်ဆန်းခန့် ဆိုတဲ့ လူကြောင့် တစ်စုံတစ်ယောက် ပျော်သွားရတယ် ဆိုရင်ဖြင့်.... ကျွန်တော် ပြုံးနေမှာပါ ပီတိတွေနဲ့ အတူပေါ့...