ငါ…. မျက်စိတစ်ဆုံး မျှော်ကြည့်တိုင်း ဆုံးဖြတ်ချက်တွေက ယောင်ဝါးဝါးနဲ့ ဝိုးတဝါး အသိနဲ့ လူမရှိတဲ့ ကမ်းခြေမှာ ရေနည်းငါးလို ကမ်းတင်နေတုန်း… အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခပ်သေးသေး ကံကြမ္မာအပေါ်ပုံချ ငါ့ကိုယ်ငါ အားကိုးတက်ဖို့တောင် မချင့်မရဲ ဖြစ်ကုန်ပြီ… ဘာလိုလို နဲ့ ငယ်ငယ်က ရိုးရှင်းလှပတဲ့ ဖြူစင်ရိုးသားစိတ်ကို ပြန်လည် တမ်းတမိရင်း လေးလံလှတဲ့ ပုခုံးထက်က ကိလေသာ တွေကို ခါခါချရင်း အကြိမ်တစ်ရာမက ငါ နောင်တ ရမိနေတုန်းပဲ…. တစ်ချိန်က ငါ့ကို နင်းချေခဲ့ဖူးတဲ့ မျက်ဝန်းတွေကို ခပ်စိမ်းစိမ်း နဲ့ ကျိန်စာတွေတိုက် မပြေတဲ့အညိုးတွေနဲ့ မိုးရေတွေ ရွာချရင်း မည်းမှောင်တဲ့ အခန်းနက်ထဲ အဲ့ဒီ မျက်ဝန်းတွေကို ခဏလောက် ရိုက်သွင်းထားလိုက်တယ် ငါ့ စိတ်ရိုင်း ဝင်နေသ၍ပေါ့… အမာရွတ် […]