Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာဘာ ဘာမှမဆိုင်ဘူး

ေမာင္ရိုးFebruary 10, 20131min58333

အဖျက်ခံရနိုင်တဲ့ ပို့စ် တစ်ခု ဖြစ်ကြောင်းကြိုပြောထားပါရစေ …

 

အခုတလော မအားလပ်တာနဲ့ ရွာထဲမမြဲပါဘူး …။. ဒါပေမဲ့ မကြာမကြာ ဟိုချောင်းဒီချောင်းနဲ့ ဆိုတော့ ..

ဘော်ဘော်များရှယ်တဲ့ သတင်းလေးတစ်ခုကိုဖတ်မိရာက  အတွေးလေးတစ်ခု ရလာလို့ပါ ….

ရွာထဲအေးနေလို့ ဖွ တာတော ့မဟုတ်ပါဘူး …. ကြိုပြောထားပါရစေ ….

ဒီပို့စ်ကို တာဝန်ရှိသူများက မသင် ့တော်ဘူးလို့ထင်ရင်  အချိန်မရွေးဖျက်နိင်ပါတယ် ….

ဘယ်လိုမှ သဘောမထားပါဘူး …..။

 

ကဲဗျာ ….. လိုရင်းကိုစလိုက်ကြရအောင် …….

ကျနော် ဒီစာကိုရေးနေတဲ့အချိန်မှာ ဘယ်ဘာသာကိုမှ ပြစ်တင်ရှုံ ့ချလိုစိတ်မရှိပါဘူး ။

ယခင်ကတည်းကလည်း သူ ့သဘောသူဆောင် ဆိုပြီး ကိုယ် ့ကိစ္စကိုယ်လုပ်ခဲ ့တာပါ …။

သူ့ယုံကြည်ချက်နဲ့ သူလုပ်တာ အထူးပြောစရာမရှိပါ ….။ သို့သော်လည်း …. ဘာသာရေးကိုအကြောင်းပြုပြီး

နိုင်ငံရေး မျက်နှာယူတယ်လို့ ထင်ရတဲ့ ကိစ္စလေးတွေတွေ ့လာလို့ နဲနဲ ပြောပါရစေ ..။

 

အားလုံးလည်းသိမှာပါ …။ ဘာသာပေါင်းစုံ ဆုတောင်းတာတို့ …၊ ညီညွတ်ရေးတို့ ….စသည်ပေါ ့လေ …

ဒီလို သူယုံကြည်ချက်နဲ့သူ ရပ်တည်လာတဲ့ ဘာသာကြီးလေးခုဟာ ပေါင်းစည်းညှိနှိုင်းလို့ရတဲ့ အရာလည်း

မဟုတ်ပါဘူး ….။ သဘောသဘာဝလည်း မတူနိုင်ပါဘူး ….။ ဒီနေရာမှာ ကျနော်က ဘယ်ဘာသာကိုမှ

ပုတ်ခတ်စော်ကားပြီးရေးးနေတာ မဟုတ်ဘူးနော် ….။ ဥပမာ လေးနဲနဲ ပြချင်လို့ပါ   ….

မနက်က ဖေ ့ဘွတ်မှာ ရဟန်းတစ်ပါး က အစ္စလမ် ဘာသာဝင် တစ်ယောက် ရဲ့ ့နာရေးမှာ စုပေါင်း

ရွတ်ဖတ်နေတာကို ဓတ်ပုံအဖြစ်တွေ ့ရပါတယ် …. ဘာများလုပ်ပါလိ်မ် ့လို့ လဲထင်မိတယ် …

 

စဥ်းစားကြည် ့တော့  …. သရဏဂုံပေးတာလည်းမဟုတ်နိုင် …. အမျှဝေတာလည်း မဖြစ်နို်င် ….

ဆုတောင်းတာရော …..ဘယ်လိုဆုတောင်းမှာလဲ …. ကောင်းရာသုဂတိလားပါစေ ..ဒီလိုလား

ကျနော်တို့ ထေရဝါဒ ဗုဒ္ဓဘာသာမှာ တစ်ယာက် ယောက်က ဆုတောင်းပေးလို့ရတာမှာမဟုတ်တာ ။

ဘာပဲ ဖြစ်ဖြစ်လေ …. ဒီမြင်ကွင်းကိုကြည့်ရတာ တမျိုးပါပဲ ….

သူ့လူမျိုး သူ့ဘာသာ သူ့ဓလေ ့နဲ့ လုပ်ပါစေလေ …. ခုတော့ ..နိုင်ငံရေးမျက်နှာလှဖို့ထင်ပါရဲ့ ့ …

ဘာသာပေါင်းစုံညီညွတ်ရေးတွေလုပ်တော့ …. …..ကဲ …. တကယ်ရောညီညွတ်ကြရဲ့ ့လား…..

စဉ်းစားစရာပါ ….။ဥပမာ…. သူတို့ အထွတ်အမြတ်ထားရာ ပလီ ဝတ်ကျောင်းကို ကျနော်တို့က

လုပ်အားပေးအနေနဲ့ ဆေးသွားသုပ်ပါပြီတဲ့ …. ကြိုက်ပါ ့မလား …ဒီလိုပဲ … ရွှေတိဂုံစေတီတော်ကြီး

ရဲ ့ ရင်ပြင်တော်ပေါ်မှာ သန် ့ရှင်းရေးအတွက်သူတို့ကို လုပ်ခိုင်းပါပြီတဲ ့ ….. သူတို့ကရော …

စေတနာရှိပါ ့မလား…… ဘယ်လိုမှ မတူတဲ့ အရာကို ဘာအကျိုး အတွက် ရည်မျှော်ပြီး

မျဉ်းဖြောင့်နှစ်ကြောင်းရဲ့ ့ဆုံမှတ်ကိုရှာနေကြတာလဲ..လို့ တွေ းပြီး အဖြေမထွက်နိုင်ခဲ့ပါဘူး …။

 

ရှိပါစေလေ.. ….. လုပ်တဲ့သူက လုပ်နေသလို …. လမ်းကြောင်းပေးတဲ့သူကလည်း ရေလာမြောင်းပေး

လုပ်ထားပြီး ဘာမှန်းမသိတဲ့ ခံစားမှုနဲ့ ဆိုတော့ ……..

အင်း …. ဘယ်သူကများထွင်လိုက်တာလည်း မသိ ။ ရှေးတုန်း ကလည်း ဒီလိုအဖြစ်မျိုးတွေမရှိခဲ့ ။

မသကာ မင်းတို့ရန်မဖြစ်နဲု့ လို့ ပြောလိုက်ရောပေါ ့ …. ခုတော့ ..ဘာသာရေးကိုအကြောင်းပြုပြီး

စည်းရုံးရေးများဆင်းလေသလား  လို့ ….။ အဲသလိုသာ စည်းရုံးရေးဆင်းတယ်ဆိုရင်တော ့ …

နည်းနည်းလောက် တော့ပြောလိုက်ချင်သားးးးး …..

   ဘာဘာ…. ဘာမှ မဆိုင်ဘူး……

                ဘာဘာ….ဘာမှ မဆိုင်ဘူး……

                  ဘာဘာ…..ဘာမှ မဆို်င်ဘူး …….. 

 

33 comments

  • surmi

    February 10, 2013 at 1:23 am

    ဖွဘုတ်က သတင်းမှန်သော်ရှိ မမှန်သော်ရှိ …ကျနော်ကတော့ ဘာသာပေါင်းစုံညီညွတ်ရေးဆိုတာကြီးကို
    ခံစားပေးလို့ မရပါဘူး ..။
    ဖြစ်သင် ့တာက ဘာသာပေါင်းစုံ ရန်မဖြစ်ရေး ပဲ ဖြစ်သင် ့တယ်လို့ထင်ပါတယ် …

  • kai

    February 10, 2013 at 6:56 am

    ကိုယ်ကလည်း..ထိန်းချုပ်မရ.. သူများကလည်းထိမ်းချုပ်မရ.. ဖြစ်ချင်တာကိုဖြစ်ချင်သလိုဖြစ်နေတဲ့လောကသစ္စာတရားကို…
    တချို့က… ရှေးအတိတ်ကံ..တဲ့..
    တချို့က… ဘုရားသခင်အလိုတော်..တဲ့..။
    တချို့က… မိုးနတ်မင်းအလို… တဲ့..

    အဲဒီလို.. ဘာမှန်းမသိတာကို.. ဘာမှန်းမသိတာနဲ့လွဲချတာက.. အားလုံးတူတူပါပဲ..
    ဆိုတော့…
    ဘာမှန်းမသိတာကို.. ဘာမှန်းမသိတာနဲ့… လွှဲချ.. ဘာဘာတကယ်တော့..ဘာမှမသိ..
    ဘာမှန်မသိကြတာအတူတူချင်း… ဘုံသဘောတူညီချက်ရှိ၏…။

    နောက်တ(စ်).. ကွိ… :kwi:

  • Mr. MarGa

    February 10, 2013 at 9:43 am

    ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်
    လွပ်လပ်စွာ ကိုးကွယ်ခွင့်
    သိတာလေးတွေ ရွတ်ကြည့်တာပါဗျာ

  • surmi

    February 10, 2013 at 10:06 am

    ဘဘသဂျီးကတော့ မဆိုင်တာ ဆွဲထည် ့ပြန်ပြီ
    အဲဒီမိုးနတ်မင်းတို ့ ဘုရားသခင်တို ့က ကျနော်မပြောဘူးနော်
    သဂျီးမင်းပြောတာ :harr:
    ကျနော်ဆိုလိုတာက ကိုယ် ့ကိုအားပေးဖို ့အတွက် ဘာသာရေးကို အသုံးချတဲ ့အကြောင်းလေး …
    ဘာသာရေးဆိုတာက လူတစ်ဦးတစ်ယောက်ရဲ ့ ယုံကြည်ကိုးကွယ်မှုဖြစ်ပြီး
    နိုင်ငံရေးဆိုတာက နိုင်ငံတစ်ခုလုံးအတွက် စီမံခန် ့ခွဲရေး ၊ အုပ်ချုပ်ရေးနဲ ့
    ၎င်း တို ့အလိုရှိသော အခွင် ့အာဏာ ဆိုတော ့….
    ကိုးကွယ်မှုဆိုင်ရာ ဘာသာတွေနဲ ့မသက်ဆိုင်ဘူးလားလို ့ ….
    ကြာပါပြီ …. ဘာသာရေးနဲ ့နိုင်ငံရေးကို အသုပ်စုံလုပ်နေတာ
    အဲဒါလေးကိုခွဲပြီးမြင်စေချင်လို ့ ပြီးတော ့ ဘာသာရေးခေါင်းဆောင်များလည်း
    ကိုယ် ့အရေးကိုယ်လုပ်ပြီး နိုင်ငံရေးစစ်တုရင်ပွဲမှာ ထိုးကြွေးမခံစေချင်လို ့ ဒီသဘောပါ ။
    ဘာဘာ တွေ သ်ိအောင်လုပ်ဖို ့ဆိုတာ ဘာဘာသဂျီးမင်းလည်း
    ဘာဘာ တွေကို ဘယ်လိုပြောမလဲ …?
    ဘာဘာသဂျီးမင်းက ဘာမှမသိတာတွေကိုအတူတူရောရင်ဖြင် ့
    ထပ်ပြောလိုက်ဦးမယ်
    ဘာဘာ ဘာမှမဆိုင်ဘူး လို ့
    :harr:

  • surmi

    February 10, 2013 at 10:15 am

    @ဦးမာဃ
    မှန်ပါတယ် ။သု ့ိသော် ….. ဘာသာရေးဆိုင်ရာပြုဖွယ်မျာ အတူတူဆောင်ရွက်လို ့မဖြစ်နိုင်တာပါ ။
    သဘောသဘာဝ မတူလို ့လေ …..
    မယုံရင်မေးကြည် ့ပါလား အတူတူလုပ်မလား လို ့ :kwi:

    • Mr. MarGa

      February 10, 2013 at 10:19 am

      ဖြေမယ့်အဖြေကို သိပြီးလို့ ပြောတော့ပါဘူးဗျာ
      လွပ်လပ်စွာကိုးကွယ်ခွင့် ဆိုကတည်းက ဘာသာတစ်ခုနဲ့တစ်ခု မပုတ်ခတ်ဖို့ ၊ လွပ်လပ်စွာ ဘာသာရေးဆိုင်ရာတွေ လုပ်နိုင်ဖို့ စတာတွေ ပါပြီးသားလို့ထင်ပါတယ်
      အတူတူကတော့ ဘယ်လိုလုပ် ရမှာလဲဗျာ သိတဲ့အတိုင်းပဲလေ

  • မဟာရာဇာ အံစာတုံး

    February 10, 2013 at 10:46 am

    ဦးဆာမိကြီး က ….
    ဘာဘာ ဘာမှမဆိုင်ဘူး .. ပြောတော့ …
    ကျုပ်ကလည်း ဟောဒီလို ပြန်ပြောလိုက်မယ် …
    ဘာဂျာ ဘာမှ မသိချင်ဝူးးးး :mrgreen:

    အဟမ်းးး ဟမ်းးး
    နည်းနည်း ပွားကျိချင်ဘာဒေးဒယ် …

    ဘုရားရှင် လက်ထက်တော် ကပေါ့ဗျာ …
    ဘုရားရှင်က လယ်သမားကြီး တစ်ယောက် အကျွတ်တရားရဖို့ပဲ ဆိုပါစို့ ….
    အဲ့ဒါကို ကြိုပြီး မြင်လို့မို့ တကူးတက လယ်သမားကြီးဆီကို သွားရောက်ပြီး …
    စပါး စစိုက်တဲ့ အချိန်စလို့ (ထင်တယ်)
    လူစကားနဲ့ ပြောမယ်ဆို သွားရောတယ်၊ ခင်မင်အောင် လုပ်တယ် ဆိုပါတော့ဗျာ …

    နောက်ဆုံး စပါးတွေ သိမ်းကာနီးမှ မိုးကြီးရွာလို့ စပါးတွေ အကုန်ဆုံး …
    ဒီအခါ ဘုရားက ကြွလာပြီး တရားဟောလို့ လယ်သမားကြီး အကျွတ်တရား ရသွားတယ် …
    ဒီအပေါ်က အဖြစ်ကို ကြည့်ရင် …
    ဘုရားရှင်က ကြိုမြင်လို့မို့ သွားရောခဲ့တာ ……
    အခု အဖြစ်ကတော့ ဘာမြင်လို့လဲ မသိတတ်ဘူးရယ် …………။

  • မောင်ပေ

    February 10, 2013 at 12:06 pm

    ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံ စစ်စစ်ဖြစ်ဖို ့
    ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ ခိုင်မြဲဖို ့အတွက်
    မြန်မာ/ဗမာ/ဘိရုမာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို
    အခုချိန်မှာ ဖိဖိစီးစီးနဲ ့အမျိုး ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်မယ်ဆိုရင်
    အနာဂတ်အတွက် စိတ်အေးရပါလိမ့်မယ်
    ကိုဆာမိ ရေ သည်လို ပို ့စ်မျိုး များများရေးပေးပါဗျို ့

    • surmi

      February 11, 2013 at 12:36 am

      @ ကိုပေ ၊ မခိုင်ဇာ ၊ ကိုရင်အံဇာ ၊ ဗုံဗုံ ၊ ကိုပီချိုကြီး …..
      ခုလို ခဲမှန်ခံရနိုင် တဲ့ ပို ့စ်ကို လာရောက်အားပေးတာ အထူးကျေးဇူးပါ နော ….။
      ဒါကြောင့် ပြန်လှည် ့ပြေးနိုင်အောင် အစမှာကတည်းက အဖျက်ခံရနိုင်တဲ့ ပို့စ် လို့ ပြောခဲ့တာ 🙂
      ထို့အတူပါပဲ လာရောက်ဖတ်မိသူများကိုလည်း ကျေးဇူးတင်ပါကြောင်း …..
      :hee:

  • ခိုင်ဇာ

    February 10, 2013 at 4:35 pm

    ဆွိဆွိ ဘာမှ မကြည့်ဘူး ဦးဆာမိ။
    :harr:
    အဟုတ်ကြီး။ ဒီ သီတင်း ကို ဒီပို့(စ) မြင်မှ ပြန်ရှာရတာ။ :mrgreen:

  • ဗုံဗုံ

    February 10, 2013 at 6:59 pm

    ဦးဦးဆာမိ စားပြီးပြီလား နေကောင်းတယ်နော် :mrgreen: ကျန်တာပြောတတ်ဘူး လေးလေးနက်နက်ဖတ်ရှုသွားပါတယ်ရှင့်

  • padonmar

    February 10, 2013 at 6:59 pm

    ကဆာမိရေ
    မြတ်စွာဘုရားလက်ထက်တော်က မြတ်စွာဘုရားဟာ တစ်ခါတစ်ရဲ ဆွမ်းခံထွက်တဲ့အခါမှာ စောပြီး ကျောင်းတိုက်မှ ထွက်ကာ ကျောင်းနဲ့ မြို့ကြားမှာ ရှိတဲ့ တိတ္ထိတွေရဲ့ ကျောင်းကိုဝင်ရောက် နှုတ်ဆက် စကားပြော တတ်ပါတယ်တဲ့။
    အဲဒီအခါမှာ တိတ္ထိတွေက အယူမတူသော်လည်း ဘာသာရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ လေးလေးစားစား နှုတ်ဆက်တတ်ကြပါတယ်တဲ့။
    အယူဝါဒများဆွေးနွေးရင်း ဗုဒ္ဓအယူကို နှစ်ခြိုက်လို့ အယူပြောင်းတဲ့သူရှိသလို သူတို့ အယူကို မစွန့်တဲ့သူတွေလည်းရှိပါတယ်တဲ့။
    မြတ်စွာဘုရားကိုယ်တော်တိုင်က နတ်ကိုးကွယ်တဲ့သူတွေနဲ့ ဆန့်ကျင်တဲ့ အပြုအမူမျိုးဖြစ်မှာတွေကို မယုံကြည်သော်လည်း မကျူးလွန်ဖို့ ပညတ်တော်မူပါတယ်။
    အဲဒါဟာ ဘာသာရေး ပဋိပက္ခ မဖြစ်စေဖို့ မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုပါ။
    ခေါင်းထဲရှိတာ ရေးတာဖြစ်လို့ ကျမ်းကိုးလိုချင် ရှာပေးပါမယ်။
    ဒါပေမယ့် တော်တော်များများလည်း ဒါတွေဖတ်ဖူးကြမှာပါ။
    ………
    9/11 ဖြစ်ပြီးကာစက အင်းလျားလိပ်ဟိုတယ်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲ လုပ်ပါတယ်။
    ဗုဒ္ဓဘာသာဖက်က ချမ်းမြေ့ဆရာတော်ကြီး တက်ရောက်ပါတယ်။
    ဆိုင်ရာဘာသာအလိုက် ငြိမ်းချမ်းစွာ ဝတ်ပြုဆုတောင်းတာပါပဲ။
    ဘာသာ တစ်ခုနဲ့ တစ်ခု အပြစ်တင်ခြင်းမပြုကြပါဘူး။
    အဲဒီလို အခမ်းအနားမျိုးတော့ အတူတူ လုပ်လို့ ဖြစ်မယ်ထင်ပါတယ်။
    …………..

  • padonmar

    February 10, 2013 at 7:17 pm

    ကိုဆာမိရေ
    ကျမ်းကိုးတွေက ရှာရမှာ ပျင်းလို့ ကိုယ်တွေ့လေး ပြောချင်ပါတယ်။
    ကျမမှာ သူငယ်တန်းကနေ ဆယ်တန်းထိ တွဲခဲ့တဲ့ မွတ်ဆလင် သူငယ်ချင်းမလေး ရှိပါတယ်။သိပ်ချစ်ပါတယ်။
    သူတို့ အစ်ရင် ကျမကို ဆမို်င် ပို့ပေးတယ်။
    သူ ကျောင်းတက်ရင်း ဥပုသ်စောင့်ရင် ကျမက သူတံတွေးထွေးဖို့ စက္ကူခွက်ကလေးတွေ ခေါက်ပေးပြီး ထွေးထည့်စေပါတယ်။
    သူက ကျမထက် ဆင်းရဲတော့ ကျောင်းစားရိတ်နဲ့ သူမကျန်းမာတဲ့အခါ ဆေးဖိုးတွေကို ကျမ မုန့်ဖိုးထဲက စုပြီး ထောက်ပံ့ပါတယ်။
    သူစာမရရင် ကျမက စာပြပေးပါတယ်။အဲဒီ သူငယ်ချင်းကို ဘာသာရေးအရ တစ်ခါမှ ဆွယ်တရား မဟောခဲ့ပါဘူး။
    သူဘွဲ့ရပြီး ကောျင်းဆရာမလုပ်တော့ သူ့အိမ်က ဘာသာတူနဲ့ ပေးစားမယ်အလုပ်မှာ အဲဒီ ဘာသာမယူချင်တော့လို့ အိမ်ကို အသိမပေး ဇာတ်မြှုပ်ပြီး ဝေးရာကို ထွက်သွားပါတယ်။
    ကျမတစ်ယောက်ထဲကို သူ့လိပ်စာပေးခဲ့ပါတယ်။
    ……..
    ကျမသူငယ်ချင်း (2000 gp) မေအေးဦးဟာ မူလက ခရစ်ယာန်ပါ၊သူ ချပ်ချ် တက်ရင် ကျမလည်း လိုက်တက်ပါတယ်။
    ဒါပေမယ့် ကျမ သူ့ဘာသာထဲ မရောက်ခဲ့ပါဘူး။
    သူလည်း သူ့ဖာသာ လေ့လာရင်း ဗုဒ္ဓဘာသာ ကို ကြိုက်လွန်းလို့ ကိုးကွယ်မှုပြောင်းလိုက်တာ ခုဆို ကျမထက်ပိုပြီး ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ လုပ်ပေးနိုင်တဲ့သူ ဖြစ်နေပါပြီ။(ကျမ အတုယူလေးစားရတဲ့ သူငယ်ချင်းပါ)
    ………
    ဆိုလိုချင်တာကတော့
    ကျမအမြင်မှာ ဘာသာမတူသော်လည်း ငြိမ်းချမ်းစွာအတူနေလို့ရတယ်။
    ကိုယ့်ဘာသာကို လေးစားစေချင်ရင် ကိုယ်တိုင်က ကောင်းအောင်နေပြရမယ်။
    လက်တွေဖြန့်ပေးထားရင် ဖြူသောလက်နဲ့ မည်းသောလက်တွေ ဆုပ်ကိုင်လို့ ရသွားကြမှာပါ။

    • surmi

      February 10, 2013 at 11:54 pm

      အစ်မပဒုမ္မာရေ ….
      ခုလို မအားလပ်တဲ့ကြားက ရှည်ရှည် ဝေးဝေး ရှင်းပြပေးတာကျေးဇူးပါဘဲဗျာ …။
      အစ်မ သဘောကိုကောင်းကောင်းမှန်းမိပါတယ် ။ ကျနော်လည်း အစထုတ်ဖွ သလိုဖြစ်မှာစိုးလို့
      ဟိုလှည် ့ရေး ဒီလှည် ့ရေး လုပ်ရင်း လည်သွားတာဗျို ့ …။. ကိုကြီးပေါက် ကော်မန် ့ နဲ့မှဘဲ
      လိုရင်းရောက်တော ့တယ် ….။
      ကျနော်လည်း အလုပ်သဘောအရ ရော လူမှုရေးအရပါ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပေါင်းသင်း
      နေရတာပါ ။။ ဆိုးသူရှိသလို ကောင်းသူတွေလည်း အများကြီးပါ ။ ဘာသာမို့ လူမျိုးမို့ ဆိုးတယ်
      ကောင်းတယ်မရှိပါဘူး …။ ခက်တာက နိုင်ငံရေးအရအားသာလိုမှုအတွက် စည်းရုံးတာတို့ ထိုးကျွေး
      လိုက်တာတို့ ၊ မိတ်ကပ်လိမ်း လိုက်တာတို့ ကို စိတ်မချမ်းသာလို့ပါ …။
      အစ်မရဲ့ ့ သူငယ်ချင်းတွေရဲ ့ အဖြစ်လေးတွေက တကယ် ကြည်နူးဝမ်းမြောက်စရာပါပဲ ။
      ဝတ္ထုကောင်းတစ်ပုဒ်တောင်ရေးလို့ ရပါတယ် …။
      တကယ်တော့ လွတ်လပ်စွာ ကိုးကွယ်ကြပြီး သင် ့သင် ့မျှမျှနေ …. ဒီလိုဆိုကောင်းတာပေါ ့နော …
      ခက်တာက ညီညွတ်ကြပါ လို့ပြောတာလည်း %%%% တို့ ပါပဲ …
      ရန်ဖြစ်အောင် ဖန်တီးတတ်တာလည်း %%%%% တို့ ပါပဲ …..
      ဒါကြောင့် … ##### ရေးနဲ့ &&&&&& ရေး က
      ဘာဘာ ဘာမှမဆိုင်ဘူး လို့ … 🙂
      :hee:

  • P chogyi

    February 10, 2013 at 8:53 pm

    ဘာဘာ ဘာမှ မသိဘူး။

  • ခင်ခ

    February 10, 2013 at 9:13 pm

    မြတ်စွာဘုရားက မိမိနဲ့ ကိုးကွယ်ယုံကြည်ရာ မတူသော နေရာအရပ်ကို မကြွရဟု သတ်မှတ်ခဲ့လို့လားဗျ။
    ဘုန်ေးတာ်ကြီးများ ပင့်လျောက်သူရှိရင် ကြွလို့ရတယ်မဟုတ်လား။

    • surmi

      February 10, 2013 at 11:33 pm

      အစ်ကိုဦးခ ခင်ဗျ ….
      ပင့်သူရှိရင် ကြွနိုင်ရင်ကြွရမယ် ထင်ပါတယ် ။ ဝိနည်း တော့သေချာမသိပေမဲ့ ဆွမ်းမခံ အပ်သော
      နေရာအချို့ ့ ရှိကြောင်းတော့ကြားဖူးပါတယ် ။
      ဒီပို့စ်က ဘာသာရေးဝေဖန်ချက်မဟုတ်ပါဘူး ။ နိုင်ငံရေးအားသာချက်အတွက် ကြားက
      အသုံးချ တဲ့သဘောတွေကို ဆိုလိုချင်တာပါ . …။
      ပင် ့သူက ငြင်းဖို့မသင် ့သောသူ ဖြစ်ပြီး တစ်ဘက်ဘာသာခြားများဘက်ကလည်း ကြားထဲက ပင် ့ပေးသူက
      ငြင်းဖို့ မသင် ့သူဆိုရင် သူတို့လည်း လက်ခံချင်ချင် လက်မခံချင်ချင် လက်ခံမယ်ထင်ပါတယ် ။
      ဓတ်ပုံထဲက အဖြစ်မျိုးလိုပေါ ့ …။
      ကျနော်ဆိုလိုချင်တာကို ပေါ်လွင်အောင်မရေးနိုင်ခဲ့တာခွင် ့လွှတ်ပါ ။

  • ရန်ဖြစ်နေသည်ထက်စာလျင် သင့်မြတ်စွာနေထိုင်ခြင်းကပိုလို့ကောင်းပါ၏။
    သို့သော် နိုင်ငံရေးအဖွဲ့အစည်း သို့မဟုတ် တစ်စုံတစ်ယောက်၏
    လှည့်ကွက်အတွင်းသို့ သက်ဆင်း၍အသုံးချခံရခြင်းကိုမူ
    မည်သည့် ဘာသာရေးပုဂ္ဂိုလ်မဆို ကင်းလွတ်စေချင်ပါ၏။

    • surmi

      February 10, 2013 at 11:24 pm

      အစ်ကို ကိုပေါက်ရေ …..
      ကျနော်ကြိုးစားပမ်းစား နဲ့ စာလုံးရေ (၂၀၀) ကျော်ရေးတာ လိုရင်းမရောက်လိုက်ဘူးဗျို ့ ဟဲ ဟဲ ။။
      အစ်ကို ရေးတဲ့ စာလေးကြောင်းမှပဲ လိုရင်းရောက်တော့တာ
      ကျေးဇူးဘဲဗျို ့ ….
      အဲဒါဘဲ … ပရိုနဲ့ အပျော်တမ်း ပေါက်ကရ ကွာခြားချက်က …
      ကျနော် ့ အဖြစ်က ဘာနဲ့တူလဲဆိုတော့ ” ခိုးချင်လိုက်တာလည်း ပျာလို့ ၊ လက်နှေးလိုက်တာလည်းချာလို့ ”
      အဲသလိုဖြစ်နေပြီ …..။ 🙂
      ကဲ ကဲ အားလုံးသောစာဖတ်မိသူများ … ကျနော်မောင်ဆာမိမှ ဘာဘာ ဘာမှန်းမသိအောင်ရေးမိတာ
      ခွေးလွှတ်ရုံမက ကျားပါလွှတ်လိုက်ပါဗျို ့ ….. :harr:

  • ဦးကြောင်ကြီး

    February 11, 2013 at 12:13 am

    ဂလိုရှိသဗျ။ ဘာသာတရားဆိုတာ အဆိုအဆုံးမ သက်ရှိမဟုတ် သက်မဲ့ဖြစ်လို့ သူ့ကို အသုံးချ ဋီကာချဲ့သူ လူသားများမှာသာ အပြစ်ရှိတယ်။ တနည်းအားဖြင့် ဘာသာတရား အဆုံးအမကို ဘယ်လို အင်တာပရက် ဘာသာပြန်လည်းအပေါ် မူတည်တယ်။ ဖန်ဆင်းခြင်း လက်ခံလို့ မလက်ခံလို့ ကံယုံလို မယုံလို့ ပြသနာမရှိဘူး၊ နောက်ဆက်တွဲ လက်ခံသူ မခံသူ ယုံသူ မယုံသူ များအပေါ် ဘာသာရေး ယုံကြည်သက်ဝင်သူများ တနည်းအားဖြင့် စင်ကြယ်မြင့်မြတ်သူများ နောက်လိုက်တပည့်တပန်းများရဲ့ ရှုမြင်သုံးသပ် ပြုမူဆက်ဆံပုံကသာ ဆိုးကျိုးဖြစ်စေတယ်။ ကံကိုယုံတယ်ဗျာ၊ ဖန်ဆင်းရှင်ကို ယုံတယ်ဗျာ၊ ဖြစ်သမျှ ကံပေါ်၊ ဖန်ဆင်းခြင်းအပေါ် ပုံချနိုင်ရင် ကောင်းသူ ဆိုးသူ တရားတယ် မတရားဘူး မရှိတော့ဘူး။ ဗုဒ္ဓဘာသာကနေ ဖန်ဆင်းရှင်အယူ ပြောင်းသွားတယ်ဗျာ.. ေဩာ်သူကံပဲ။ ဖန်ဆင်းရှင်ဝါဒကနေ ဗုဒ္ဓအယူ ဖြစ်သွားတယ်ဗျာ… ဒါ ဖန်ဆင်းရှင် အလိုတော်ပေပဲ၊ အဲသလို မြင်ရမယ်လေ။ သို့ပေမဲ့ ဒဂယ်ဖြစ်လာတော့ ကိုယ်လိုရာဆွဲ အဓိပါယ်ဖွင့် ဋီကာချဲ့ရင်း သူ့လူ ငါ့လူ အတ္တအစွဲတွေ များလာပြီး ဘာသာရေး ပဋိပက္ခ အကြမ်းဖက်မှုတွေ ဖြစ်ရ ချမှတ်ထားတဲ့ ဟာမိုနီ လိုက်ရောညီထွေမှုတွေ ပျက်ရတာ။ အကောင်းဆုံးက ဘာသာတရား စည်းဘောင်ခတ်မှုတွေ ဖျက်ပစ်လိုက်၊ လူဆိုတာ တခုခု အမှီပြု ဆုပ်ကိုင်ရမှ နေသာထိုင်သာရှိတော့ မရှိရ မကိုးကွယ်ရ တားမရနိုင်ဘူး။ ဟိန္ဒူဝါဒ ဇာတ်နိမ့် ဇာတ်မြင့်လည်း ဒီသဘောပဲ။ အတိတ်ကံ မူတည်ပြီး ဇာတ်နိမ့် ဇာတ်မြင့် လူတန်းစား ခွဲတယ်၊ အမှန်အမှား ခဏထားလိုက်၊ လက်ရှိ ဖြစ်တည်နေတဲ့ ဘဝတွေကို လိုက်လျောညီထွေ ဖြစ်အောင် အတန်းအစား သတ်မှတ်ပြီး နေထိုင်ပြုမူခိုင်းတယ်၊ သို့သော် အချိန်ကာလ ကြာမြင့်လာတဲ့အခါ မူလရည်ရွယ်ချက်ကနေ သွေဖီဖောက်ပြန်ပီး ဖိနှိပ်မှု အနိုင်ကျင့်မှု မတရားမှုတွေ များလာတဲ့အခါ လောကနိယာမအတိုင်း တော်လှန်အုံကြွမှုတွေ ဖြစ်လာတယ်။ အခြား ဘာသာများလည်း ဒီသဘောပဲ။ ပြန်ဆန်းစစ်ကြည့်ပါ မူလအဆုံးအမနဲ့ လျော်ကန်ရဲ့လားဆိုတာ။ ဒီတော့ ခေတ်တခေတ်မှာ ဘာသာအမည်နာမ တည်ခဲ့ရှိခဲ့တာ ငြင်းမရသလို ဝေဖန်အပုပ်ချဖို့လည်း မလိုဘူး၊ မျက်မှောက်ခေတ် အချိန်နဲ့သာ လျော်ညီမှန်ကန်မှု ရှိမရှိ ကြည့်သင့်တယ်။ ဖြစ်နိုင်သလား… ရာခိုင်နှုန်း အတော်နည်းပါတယ်။ လစ်ဘရယ်ဝါဒ သိပ္ပံနည်းပညာ ဘယ်လောက် ထွန်းကားလာလာ အစွန်းရောက် ဘာသာရေးဝါဒ အခြားကမာ္ဘခြမ်းမှာ ထုနဲ့ထည်နဲ့ ရှိနေတာ သက်သေပဲလေ။ သဟာကြောင့် ဘာသာတရား အမည်နာမကို ဇောင်းပြုအသားပေးမည့်အစား အဆုံးအမ အစစ်အမှန်ကိုသာ ဦးစားပေး ဖြန့်ဖြူးဖို့ နှိုးဆော်သင့်ပါဂျောင်း…

    • surmi

      February 11, 2013 at 12:29 am

      အဆုံးအမဆိုတော့ သာသနာပေါ ့ …
      ဟုတ်ပါတယ် …. အဓိက ကတော့ အရင်ဆုံး ကိုယ် ့သဏ္ဍန်မှာ သာသနာတည်အောင် လုပ်သင် ့တာပါ ။
      သာသနာဆိုတော့ … အခြား ဘာသာများလည်း သူတို့ရဲ ့ သက်ဆိုင်ရာ သာသနာပေါ ့ ။
      သို့ပေမဲ့ ဘာသာအမည်တော့ ဖျောက်နိုင်မည် မထင်ကြောင်း …..

  • လူကလေး

    February 11, 2013 at 3:15 pm

    မိရိုးဖလာ ယုံကြည်ခဲ့လို့ ဆိုတာထက်.. ကိုယ်တိုင်နှလုံးသားထဲက ယုံကြည်တာမို့ .. ဘယ်သူက ဘယ်လို လာဆွယ်ဆွယ် .. ဆွယ်တဲ့သူသာ .. မောမယ်.. တို့များတော့ .. အေးဆေးပဲ..

    ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေကြောင့်ရော.. ဘာအကြောင်းကြောင့်မှ ဒီယုံကြည်မှုဟာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး. .

    လည်ပင်းကို ဓားနဲ့ထောက်ပြီးမေး ရင်တောင် .. .တို့များကတော့ .. .. ဗုဒ္ဓဘာသာပါပဲ..

    ကဲကဲ ကြုံတုန်းလေး.. သရဏဂုဏ် တင်သွားဦးမှ..
    ဗုဒ္ဓံသရဏံဂစာ္ဆမိ
    ဓမ္မံသရဏံဂစာ္ဆမိ
    သံဃံသရဏံဂစာ္ဆမိ..

  • nature

    February 17, 2013 at 7:45 pm

    အနာဂတဘယသုတ်မှာ အနာဂတ်သာသနာမှာ ကြုံတွေ့ရမဲ့ဘေးတွေနဲ့ပတ်သက်ပြီး မြတ်စွာဘုရားဟောတော်မူခဲ့ပါတယ်။ ဒါတွေဟာယခုပစ္စုပ္ပန်မှာ ကြုံတွေ့နေရတာတွေ နဲ့ကိုက်ညီနေပါတယ်။

    • surmi

      February 18, 2013 at 12:54 am

      ဦးနေးချားရေ
      တကယ်ကိုတွေ ့နေရတာပါဗျာ ။မှန်လွန်းလို ့ ပြောတောင်မပြောရဲဘူး
      တော်ကြာ မုန ် ့လုံးစက္ကူကပ်ဖြစ်နေမှာစိုးလို ့ ။

      ကိုလူကလေးရေ
      ကော်မန် ့ပြန်တာ နောက်ကျတာခွင် ့လွှတ်နော
      ခုတစ်လော အဝင်ကျဲပြီး မအားကြလို ့ပါ ။

  • Foreign Resident

    February 18, 2013 at 11:16 am

    ” ဘာသာပေါင်းစုံ ဆုတောင်းတာတို့ …၊ ညီညွတ်ရေးတို့ ”

    အနဲဆုံး ခေါင်းဆောင်တွေက ၊ အဲဒီလောက်လေးတော့ လုပ်ပြမှ ၊
    ငယ်သားတွေ ရန်မဖြစ်မှာပေါ့ဗျာ ၊ နို့မို့ရင် တစ်ခြိမ်းခြိမ်း ဖြစ်ကုန်ပါ့မယ် ။
    အောင်မြင်တာ ၊ မ အောင်မြင်တာ ကတော့ တစ်ပိုင်းပေါ့နော် ။

  • surmi

    February 18, 2013 at 11:44 am

    အဘဖောရေ
    ပြဿနာစချင်နေတဲ ့အရိပ်အရောင်လေးတွေကြားနေရတယ်အဘရေ ့ ့
    အဘက သတင်းစုံတော ့ စဉ်းစားကြစေလိုပါတယ် နဲ ့လုပ်ပါဦး
    ဘယ်လိုတွေ ဖြစ်နေတယ်မသိ …… နားကိုမနားဘူးအဘရေ
    ဆွေးနွေးလို ့ကောင်းမယ် ့ပို ့စ်လေးတင်ပါဦး

    • Foreign Resident

      February 18, 2013 at 12:42 pm

      ကို ဆာမိ ကလည်း ၊ အချွန်နှင့် လာမနေပြန်ပြီ ။

      အဘ ကြားသလောက် ၊

      ၁ ။ ဟိုဖက် ဒီဖက် ( ရခိုင် ၊ ဘင်္ဂါလီ ) အရမ်းမုန်းနေကြပြီတဲ့ ၊ ပြန် စေ့ပေးဖို့ မလွယ်လှဖူးတဲ့ ။
      ၂ ။ ဘင်္ဂလားဒေရှ် အစိုးရလည်း ၊ ဒီရက်ပိုင်း လက်နက်တွေ ဝယ်နေတာတွေ့တာပဲ ။

      အင်း ၊ တိုင်းပြည်ကြီး ဆင်းရဲဦးမှာပေါ့ကွယ် ။
      သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါပဲကွယ် ။

      • surmi

        February 18, 2013 at 1:05 pm

        @အဘဖော
        မ မပါဘူးအဘရယ် ။ အခုပုံစံက ဇတ်ထားသလို တစ်ကွက်ပြီးတစ်ကွက် ဖြစ်နေလို ့
        စိတ်ထဲ မသင်္ကာ ဖြစ်နေရတာ ။ ကချင်ဘက်မှာ အနည်းငယ်ငြိမ်ပြန်တော့ ဒီဘက်မှာ
        ဟိုသတင်း ဒီသတင်းတွေ ကြားရပြန်ရော ။ ဘာသာရေးနဲ ့ခေါင်းစဉ်တပ်ရင် အလွယ်
        တကူ ပွ လာတာမို ့ နှစ်ဦးနှစ်ဘက် ဘာသာရေးခေါင်းဆောင်တွေသတိထားစေချင်တာပါ
        ပြောရရင်ကျနော်တို ့ ဘုန်းဘုန်းများကလည်း ပူလွယ်အေးလွယ်ဆိုတော ့ ကိုယ်မပိုင်တဲ့
        တောကို ခရီးမဆန် ့စေချင်တာ ။ ကြားထဲက တစ်ယောက်ယောက်က ဖိအားပေးပြီး
        ပြဇတ်တွေ ကပြခိုင်းနေတယ်ထင်လို ။
        ဖြူးန ားမှာဖြစ်သွားတဲ ့ လူသတ်မှုလည်းလျော ့မတွက်နဲ ့အဘရေ ……
        2000 ခုနှစ်ဝန်းကျင်မှာ တောင်ငူ ပြဿနာဖြစ်တာ ကောလဟာလလေးတစ်ခုတည်းနဲ ့နော
        ဒါကြောင် ့ အဘကို ဆင်ခြင်နိုင်မယ် ့အချက်လေးတွေ ထောက်ပြဖို ့အကူအညီတောင်းတာ ။
        တစ်ပွဲလောက်လုပ်ပါဦးနော ။ 🙂

  • ဦး ကျောက်ခဲ

    February 18, 2013 at 12:06 pm

    ကြည့်စမ်း ကိုရင့်ပို့စ်ကို အခုမှ ဖတ်မိတယ်

    အဲသည့်ကိုယ်တော်က နိုင်/ကျဉ်းဟောင်းဗျ….
    သူ့ဘော်ဘော် ၇၈၆အတွက် ဆုတောင်းပေးတယ်ထင်ပါရဲ့…
    ပြောရရင် ဒလိုင်လားမားကြီးတောင် နမားဖတ်သေးတာဆိုတော့…
    ဒေါ်မြလေးလေသံနဲ့ပြောလိုက်မယ်…
    ပြောကို မပြောချင်ဘူး…

    • surmi

      February 18, 2013 at 1:15 pm

      အစ်ကိုဦးကျောက်ရေ
      ဖိအားတွေပေးပြီး ပြဇတ်ကနေတာတွေကို စိတ်ကုန်လို ့ဗျို ့
      တကယ်တမ်း အရေးအကြောင်းဆို ကိုယ် ့လူကိုယ် အရင်ထိန်းကြရမှာမဟုတ်လား
      အများအားဖြင် ့ ထိမ်းသိမ်းတာ နောက်ကျနေသလိုဘဲ ။ လက်လွန်မှ
      လိုက်ဆွဲနေကြတော ့ ဒဏ်ရာတွေများကုန်တာပေါ ့ ။
      ဖြစ်သင် ့တာက အပြင်မှာ ဟန်လုပ်ပြီး နေတာထက်စာရင် ဘာကိစ္စဖြစ်ဖြစ်
      ခေါင်းအေးအေးနဲ ့ ဆင်ခြင်ပြီး ရန်မဖြစ်စေချင်တာပါ ။
      ဒီမှာက ၃၆ဝံ ချွန်နေတဲ ့သူတွေကြားမှာ သတိလေးထားစေချင်လို ့ဗျို ့

  • Wow

    February 18, 2013 at 1:42 pm

    ဖြူချင်ဖြူမယ် မဲချင်မဲပေါ့ တို့ငြိမ်းချမ်းစွာကွဲလွဲမယ်….
    ကမ္ဘာပေါ်မှာ လူမျိုး၊အသားရောင်၊ဘာသာ မတူညီမှုတွေအပေါ်မှာ အမုန်းကြောင့်ဖြစ်ရတဲ့ စစ်ပွဲတွေကအကြီးမားဆုံးပါပဲ….
    ဗုဒ္ဒ၊ အလာဟ်၊ ယေရှု.. ဘယ်သူမှ မကယ်နိုင်ပါဘူး…
    လူတွေရဲ့ အမုန်းကြောင်းဖြစ်ရတဲ့ စစ်ပွဲတွေ.. လူတွေပဲ အဆုံးသတ်ရမှာပါ….
    ကဲ…. စစ်ပွဲတွေပြီးတော့ ခရစ်ယာမ်၊ မွတ်စလင် စစ်သားလေးနှစ်ယောက် ကျင်းတကျင်းထဲမှာ မျက်နှာခြင်းဆိုင် လှဲလျောင်းပြီး သေလို့….
    ငါ.. မပိုင်တဲ့ ငါ့…
    ဘုရားသခင် အလိုမတူရင် သစ်ရွက်တစ်ရွက်တောင် သူ့လိုလို မကြွေ…..

    • surmi

      February 18, 2013 at 2:14 pm

      မှန်ပါတယ်ဒေါ် Wow ….
      ထိလွယ်ရှလွယ်တဲ ့ဘာသာရေးကို ခုတုန်းလုပ်ပြီး ရန်တိုက်ပေးကြတယ်
      ပြီးတော ့တစ်ချို ့ကလည်း မျက်နှာယူကြတယ် ။
      အထူးသဖြင် ့ နိုင်ငံရေးကျားကွက်မှာပေါ ့ ။
      ကြိုက်သလိုလွတ်လပ်စွာကွဲလွဲပါစေ ဒါပေမဲ ့ အသုံးချမခံရဖို ့တော ့သတိထာရမယ်ထင်မိပါကြောင်း …..

  • padonmar

    March 9, 2013 at 11:55 pm

    FB ကရှယ်လိုက်တာပါ။
    အတုအစစ်၊အစစ်အတု ရောသမမွှေရင် သတိမရှိလို့ကတော့ နောက်တစ်ပွဲပဲ။
    ………..
    အရေးကြီးသတင်း အမြန် share ပေးကြပါဦး

    ယခု ယောကျာ်းလေး ၃ ယောက်နဲ့ မိန်းကလေး ၂ ယောက်ခန့်သည် ၉၆၉ လက်ပတ်များပတ်ပြီး ကြိုတင်စည်းဝါးရိုက်ထားသော ကုလားဆိုင်များတွင် ဈေးဝယ်ချင်ယောင်ဆောင်နေသော မြန်မာများနှင့်ကုလားများအား ကုလားဆိုင်တွင် ဈေးမဝယ်ရန် ေ…ပြာဆိုနေကြပါသည်။ ထိုသို့ ပြောဆိုနေစဉ်အတွင်း ကုလားဆိုင်များမှ CCTV များဖြင့် ရိုက်ယူထားပါသည်။

    ကျွန်တော်တို့ ၉၆၉ ဆောင်ရွက်နေသူများသည် ငြိမ်းချမ်းစွာ လုပ်ဆောင်နေကြ သူများ ဖြစ်ပြီး ထိုသို့ ပြောဆိုလုပ်ကိုင်ခြင်းလုံးဝမရှိပါ။ ထိုသို့ ၉၆၉ လက်ပတ်များပတ်ပြီး ပတ်ပြီး ရမ်းကားနေသူများတွေ့ရှိပါ ကလည်း ပြည်သူများအနေဖြင့် ဖုန်းနံပါတ် ဂန္တဝါစကအဖွဲ့ ဝ၉၄၂၁၁၄၆၅၃၄ သို့ ဆက်သွယ်သတင်းပေးကြပါရန် လေးစားစွာ ဖြင့် မေတ္တာရပ်ခံ အပ်ပါသည်ခင်ဗျာ။

Leave a Reply