သမဓဃျီး ဥသိန်းစိန်မှ အစိုးရအဖွဲ့အား ပါတီပေါင်းစုံမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန် ကြိုးပမ်းချက်အနေဖြင့် ဂဇက်ရွာပေါရေးစိုဂွင့်ရှိသူ ဦးကြောင်ကြီးအား ပြည်ထဲရေးဝန်ကြီး ခန့်အပ်လိုက်ရာ ပျော်မဆုံးမှီ ပဲခူးထဲရေးဝံကျီး ဖြူးထဲရေးဝမ်ကျီး စသဖြင့် မြန်မာနိုင်ငံရှိ မြို့ပေါင်းစုံ သုံးရာကျော် အမည်ဖြင့် မြို့ထဲရေးဝိန်ဂျိများ ခန့်လိုက်ရာ ဦးကြောင်ကြီး ရေလည်လည် တင်းနေဂျောင်း သိရသည်။

အလားတူ ဘွားဒေါ်ဂျီးအား ပြည်ထောင်စုဝင်ဂျီး တနေရာ ပေးလိမ့်မည်ဟု ခန့်မှန်းထားရာ ဦးကြောင်ကြီးကဲ့သို့
အကစ်ခံရမည် စိုးသဖြင့် ပြည်ထောင်စုအပြင် အင်းစိန်ထောင်စု သာယာဝတီထောင်စု ရှိအုံးမည်လားဟု သမဒဂီးအား မေးခွန်းထုတ်ထားသည်။ စကောလောက်မှ ဇောက်မနက် အကြံပက်စက် စစ်လမ်းနီးသူ အချို့ဂမူ ထောင်စုဆိုသည်မှာ အကျဉ်းစခန်းများစွာ အုပ်ချုပ်သော ညွှန်ကြားရေးမှူးအဆင့်ဖြစ်၍ ဘွားဒေါ်ဂျီးအနေဖြင့် လက်လွှတ်မသင့်ဟု ချွန်တွန်းကြသည်။

လွှတ်တော် ငှက်ကထဂျီး ဥရွှေမန်းမှလည်း စည်းရုံးရေးဆင့်သည့် အနေနှင့် လွှတ်တော်ကိုယ်စားလှယ်များ အချိန်မရွေး ဆန္ဒရှိသလောက် ခွင့်ယူခွင့် ပေးလိုက်ရာ နောက်တနေ့ ရုံးတက်ချိန်တွင် သရဲခြောက်ခံရသဖြင့် ဆရာတော်ကြီးများ ပင့်ဖိတ် ရွတ်ဖတ်သရဇ္ဇာယ် လိုက်ရသည်။ ထိုသရဲမှာ မိုင်တိုင်၇၆ဇာတ်ကားမှ ဖြစ်မည်ဟု အရပ်ထဲတွင် အုတ်အော်သောင်းနင်း ဖြစ်နေသဖြင့် လွှတ်တော် သရဲရှာဖွေရေး ကော်မတီ ဖွဲ့စည်းလိုက်ရာ ပါဝင်ရဲသူ တယောက်မှ မရှိသဖြင့် ရွေးကောက်ပွဲကော်မရှင်အား အကူညီတောင်း၍ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပကာ ရဲစွမ်းသတ္တိပြည့်စုံသော လွှတ်တော်အမတ်အသစ်များ ရှာဖွေရန်ရှိသည်။ ရုပ်ဝါဒီ ယူအက်စ် သတင်းစာ မီဒီယာသထေး မစ္စတာခိုင်စ်မှ သရဲရှိကြောင်း သက်သေပြသည့်အတွက် လွှတ်တော်အစည်းအဝေး ခန်းမထဲတွင် ကိုဘေးနွားရုပ်ကြီး ဆင်ပေးရာ အကြောင်းမသိသူ လွှတ်တော်အမတ်များစွာ ဖက်လည်းတကင်း နှုတ်ဆက်မိကြဂျောင်း အတွင်းသဒင်း ရရှိသည်။

နွားရုပ်ကြီးအား လွှတ်တော်တွင်း လုပ်ဖော်ကိုင်ဖက်ထင်၍ နှုတ်ဆက်နေဂျဗုံ

နွားရုပ်ကြီးအား လွှတ်တော်တွင်း လုပ်ဖော်ကိုင်ဖက်ထင်၍ နှုတ်ဆက်နေဂျဗုံ

ထိုင်းနယ်စပ် ရွှေ့ပြောင်းမြန်မာ လုပ်သမားများအကြား ရေပန်းစားလျက်ရှိသော ဖားပြုတ်နှင့်ရာဘာပျက်တံဆိပ် ချက်အရက်သူဌေး ဘဂျီးပု ဂဇက်စာပေဆု ရလိမ့်မည်ဟု တွက်ချက်ပြီး ဧရာဝတီတိုင်း လွှတ်တော် ငှက်ကထ ဥဆန်းဆင့်အား သာသနာရေးဝံဂျီး ခန့်လိုက်ရာ ဂါဝရတရား တစက်မျှမရှိသူ ကပုအား ဂဇက်ဖက်မှက်ရွဲ့အဖွဲ့မှ လက်မခံ ဝိုင်းဗျင်းကြ၍ ပထမဆုနှင့် သီသီလေး လွဲသွားသဖြင့် သမဒဂျီးမှ နှစ်သိမ့်ဆုအဖြစ် သာသနာရေး ရှေ့တွင် “မ” တလုံးဖြည့်ကာ ဝန်ဂျီးဌာနသစ် ဖွဲ့စည်းပြီး ၎င်းအား ဝမ်ကျီးခန့်လိုက်သည်။ မီဒီယာလောကတွင်မူ နာရေးအသင်းကူညီမှုအသင်းနှင့် ရန်တိုက်ပေးခြင်းဖြစ်ကြောင်း စိုးရိမ်မကင်း ဖြစ်နေသည်။။

ဝမ်ပေါင်ကြေးနီတောင် အရေးအခင်း အစီရင်ခံစာ ဇန်နဝါရီလအကုန် ထုတ်ပြန်ရန် ကြေငြာထားသော်လည်း နှောင့်နှေးနေမှုနှင့် ပတ်သက်၍ ဂျားဖျက် အစီရင်ခံစာ ထုတ်ပျံခဲ့ပြီးဖြစ်ကြောင်း သမဒထံ တင်သွင်းသည့် အသေးစိတ် အစီရင်ခံစာကိုမူ ထုတ်ပြန်ရန် မရှိဂျောင်း၊ အသေးစိတ်ပြီးနောက် အကြီးစိတ်ဖို့ လိုသေးကြောင်း၊ ထို့နောက်တွင် ခွေးသွားစိပ်၊ ဘီးစိပ်၊ စိတ်ပုတီး၊ စေတသိက် ရုပ်နာမ် နိဗ္ဗာန် တိုင်အောင် စုံစမ်းသွားမည်ဖြစ်၍ ဆန္ဒမစောဂျရန် တောင်းပန်လိုဂျောင်း ကော်မရှင်မှ မေတ္တာရပ်ခံသည်။

နိဂျုံးဂုတ်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ အရေးယူခံရမှုတွင် အဓိကတရားခံ လက်သည် မဟုတ်တရုတ် အမြဲဘူးခံ ငြင်းလေ့ရှိသူ Huawei ကုမ္မဏီအေးဂျင့် လုဓါးမသိမ်ဂီ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်ကို ဒုတိယကမ္ဘာစစ်အပြီး တရုတ်နိုင်ငံတွင် အမေရိကန်တပ်များ ကျန်ခဲ့သော အီလက်ထရွန်းနစ် ပစ္စည်းများအား 3G မိုဗိုင်းလ်စနစ်သုံး ကိရိယာများအဖြစ် လိမ်လည်ရောင်းချမှုဖြင့် ရုံးတင်စွပ်စွဲ အမှုဖွင့်မည်ဖြစ်သည်။

မိလ္လာရေဆိုးမြောင်း အဘယ်ကြောင့် မမွှေးရသနည်း။

မိလ္လာရေဆိုးမြောင်း အဘယ်ကြောင့် မမွှေးရသနည်း။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 642 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး