၁။ ဖြေဖို့မလိုဘူး

တစ်ခါက ဆရာတစ်ယောက်ဟာ သူ့ကျောင်းသားဘယ်လောက်ညာဏ်ကောင်

းတယ်ဆိုတာ သိချင်လို့ ပညာစမ်းပြီးမေးခွန်းတွေထုတ်ပါတယ်။
“ မင်းကို မေးခွန်း ၂ ခုမေးမယ်။ ပထမ မေးခွန်းကို ဖြေနိုင်ရင်
ဒုတိယမေးခွန်းကို ဖြေစရာမလိုတော့ဘူး ။”
ကဲ ပထမမေးခွန်းကတော့
“ မင်းခေါင်းမှာ ဆံပင်ဘယ်နှစ်ချောင်းရှိလဲ ”
ကျောင်းသားက ချက်ချင်းပဲ
“သန်းတစ်ရာနှစ်ဆယ်ပင်”
ကျောင်းသားအဖြေကိုကြားတော့ ဆရာက အရမ်းအံ့သြသွားပြီး
“မင်းဘယ်လိုသိလဲ ”လို့ မေးတော့
ကျောင်းသားကပြန်ဖြေလိုက်သည်က
“ဆရာပဲပြောထားတယ်လေ ပထမမေးခွန်းကိုဖြေနိုင်ရင် ဒုတိယမေးခွန်းဖြေဖို့မလို။ ”

၂။ လေးယောက်မြောက်

တရားရုံးတစ်ခုမှာ လင်မယားနှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ ပြုလုပ်နေကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက်ရှိတဲ့အတွက်
ယောကျားင်္လုပ်သူက သူနှစ်ယောက်ယူမယ်၊ မိန်းမလုပ်သူကလည်းသူနှစ်ယောက်ယူမယ်ဆိုပြီး အငြင်းအခုံဖြစ်နေကြပါတယ်။ သူတို့ဟာ ဒီလိုနဲ့ အချိန်အတော်ကြာ ငြင်းခုံနေကြတာကြောင့် တရားသူကြီးက အမြန်ဆုံးညှိနှိုင်းဆုံးဖြတ်ကြဖို့ သူတို့ကိုအမိန့်ပေးလိုက်တယ်။ ဒါနဲ့ ဇနီးဖြစ်သူက ခဏငြိမ်၍ စဉ်းစားပြီးနောက် ယောင်္ကျားဖြစ်သူကို ပြောလိုက်ပုံက…
“လာ…အိမ်ပြန်မယ် ၊ နောက်တစ်နှစ်လောက်စောင့်ပြီး လေးယောက်မြောက်မွေးတော့မှ ကွာရှင်းကြတာပေါ့ ”။

၃။ ရေကူးနေလို့

တခါက သူခိုးတစ်ယောက်ဟာ အိမ်တစ်အိမ်ကနေ ကြက်တစ်ကောင်ခိုးလာပြီး မြစ်ကမ်းဘေးမှာ ကြက်ကိုသတ်ပြီး အမွေးနုတ်နေတုန်း ရဲတစ်ယောက်လျှေက်လာတာ လည်းမြင်ရော ကြောက်ကြောက်နဲ့ ကြက်ကို မြစ်ထဲပစ်ချလိုက်တယ်။ ဒါကိုမြင်သွားတဲ့ရဲက သူခိုးကို
“မင်းဒီမှာဘာလုပ်နေတာလဲ ၊ ရေထဲမှာကဘာကောင်ကြီးလဲ”
သူခိုးလည်းကြောက်ကြောက်နဲ့ ပြန်ဖြေလိုက်တာက
“ အဲဒါက ကြက်ပါ၊ သူကရေကူးမယ်ဆိုလို့ သူအင်္ကျီကို ကြည့်ပေးနေတာပါ ”။

၎။ ပိုကောင်းမယ့် မနက်ဖြန်

အ၀လွန်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ၀ိတ်ချရန်အတွက် အဆီချသင်တန်းတစ်ခုကို သွားတတ်ခဲ့ပါတယ်။ အဲ့ဒီသင်တန်းက သင်တန်းဆရာမဟာ သူသင်တန်းတတ်သူတိုင်းဆီကို တစ်ပတ်တစ်ခါ ကဒ်လေးတွေ ပို့ပြီး ဆုတောင်းပေးလေ့ရှိပါတယ်။ သူဆုတောင်းပေးထားတာက
“ဂုဏ်ယူပါတယ် သင်ခန္ဓာကိုယ်အလေးချိန်ထပ်ကျသွားပြန်ပြီ”
ဒါပေမယ့် အ၀လွန်အမျိုးသမီးဟာ သူသင်တန်းတတ်နေစဉ်မှာပင် အလေးချိန်တိုးသွားကြောင်း သင်တန်းနည်းပြကိုပြောခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီ
အပတ်မှာလည်း အရင်အတိုင်းပဲ နည်းပြဆရာဆီက ကဒ်တစ်ခုရောက်လာပြန်ပါတယ်။
ဒါပေမယ့် ဒီတစ်ခါ ကဒ်ထဲမှာရေးထားတာကတော့
“ရှင် နောက်ထပ်ပိုပြီး ၀ိတ်ချလို့ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် …”။

၅။ ၂ ခါ အမှား

တစ်ခါက လူတစ်ယောက်ဟာ လကုန်လို့ လခထုတ်တဲ့အခါ သူ့လခထဲမှာ တစ်ကျပ်လျော့နေတာလည်းမြင်တော့ဒေါသတကြီးနဲ့ လခထုတ်ပေးတဲ့လူကို သွားပြောပါတယ်။ အဲ့ဒါနဲ့ လခထုတ်ပေးတဲ့လူကလည်း
“ ခင်ဗျားကို ပြီးခဲ့တဲ့လက လခပေးတုန်းက တစ်ကျပ်ပိုသွားတယ်လေ” လို့ပြန်ပြောပါတယ်။
ဒါနဲ့ အဲ့ဒီလခထုတ်တဲ့လူက ပိုပြီးဒေါသတစ်ကြီးနဲ့ ပြန်ပြောလိုက်ပုံ
“အဲ့ဒါပြောတာပေါ့ ကျုပ်က တစ်ခါအမှားကို လက်ခံနိုင်ပေမယ့် ၂ ခါမှားတာကိုတော့ လုံးဝသည်းမခံနိုင်ဘူးကွ ” ။

၆။ ရန်ဖြစ်ရတဲ့ အကြောင်းရင်း

တစ်ခါက ရပ်ကွက်တစ်ခုက ရပ်ကွက်လူကြီးတစ်ယောက်ဟာ ခြံတစ်ခြံရှေ့ဖြတ်လျှောက်သွားစဉ် ကလေးငယ်တစ်ယောက်ခြံရှေ့မှာ
ငုတ်တုတ်လေး ထိုင်နေတာကိုမြင်လိုက်တော့….
“ ဟဲ့ ကလေး မိုးလည်းချုပ်နေပြီ…အေးကအေးနဲ့ ဘာလို့ အပြင်မှာ တစ်ယောက်တည်းထိုင်နေရတာလဲ ၊ အိမ်ထဲဝင်တော့လေ ”
“မ၀င်ရဲဘူး အိမ်ထဲမှာ အဖေနဲ့ အမေ ရန်ဖြစ်နေလို့ ” ။
ရပ်ကွက်လူကြီးက “အဓိပ္ပါယ်မရှိလိုက်တာ၊ဒီကိစ္စပြောမှဖြစ်မယ်” လို့စဉ်းစားပြီး ကလေးငယ်ကို “ မင်းအဖေဘယ်သူလဲပြော ” လို့မေးတော့ …
ကလေးပြန်ပြောလိုက်တာက
“ အဲ့ဒါသူတို့ရန်ဖြစ်နေတဲ့ အကြောင်းရင်းပဲ” ။

၇။ အသက်အာမခံသူ

တစ်ခါက စီးပွားရေးတက္ကသိုလ်တစ်ခုက အတန်းတစ်တန်းမှာ ဆရာနဲ့ စီးပွားရေးမေဂျာက ကျောင်းသားတွေအတန်းတက်နေကြပါတယ်။
ဆရာက သင်ခန်းစာထဲမှာ ပါတဲ့ အသက်အာမခံကြေးသွင်းသူ နှင့် အသက်အာမခံအကျိုးခံစားခွင့်ရရှိသူ နှစ်ဦး၏ ပတ်သတ်မှုအကြောင်းသင်ခန်းစာကို ရှင်းပြပါတယ်။ အဲ့ဒီမှာ ဆရာက ကျောင်းသူကျောင်းသားတွေ ပိုပြီးရှင်းလင်းသွားအောင် ဥပမာပေးပြီးရှင်းပြပါတယ်။
“ဥပမာ …ဆရာက အသက်အာမခံကြေးသွင်းထားသူဆိုပါစို့ ၊ အကယ်၍ ဆရာက ကားအက်စီးဒန့် ဖြစ်ပြီးရုတ်တရက် သေသွားတယ်ဆိုပါစို့ ၊ ဆရာမိန်းမက အသက်အာမခံကြေးတွေကို ရရှိမှာမို့ သူမကိုတော့ အသက်အာမခံအကျိုးခံစားခွင့်ရသူလို့ ခေါ်တယ်။ အဲ့ဒီတော့ ဆရာကဘယ်သူဖြစ်မလဲ ” လို့ မေးတော့
ကျောင်းသားတစ်ယောက်ပြန်ဖြေပုံက
“ဆရာက သေသူပေါ့ဗျ ” ။

ဤရယ်စရာဟာသပုံပြင်များကို တရုတ်ပုံပြင်စာအုပ်တစ်အုပ်မှ ကောက်နုတ်၍ ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer