Brother For Sale – Valentine’s Day

ဇီဇီFebruary 14, 20131min57521

bro for sale

 

ဟိုဘက် ရွာမှာ ရောင်းတာ ဘယ်သူမှ ဝယ်မဲ့သူမရှိလို့ပါ။
ဒီနေ့အမှီ အမြန်ရောင်းချင်ပါတယ်။

ဒီရွာထဲမှာ ကျုပ်မောင်လေး လာရောင်းချင်လိုု့ပါခင်ညာ။
ဘယ်လင်တိုုင်းမှာ ကောင်မလေးမရှိလိုု့ ညစ်နေရှာတာပါ။
အပျိုလေးများ အားပေးကြပါ။

ပွေတယ်။

ရှုုပ်တယ်။
စိတ်ပုုပ်တယ်။

စိတ်ဖောက်ပြန်တတ်ပါတယ်။

အပြောလည်း ဆိုုးပါတယ်။
အရက်သောက်တယ်။
ဆေးလိပ်သောက်တယ်။
ဖဲလည်း ရိုက်ပါတယ်။

အမြန်ဝယ်ကြပါ။
 $1 ကနေ 10 cent ထိ discount ပေးထားပါတယ်။

ဝယ်ကြပါ။

 ဟော ဒီ က မောင် လေး ရောင်း တယ်။။

အစောဆုံးဝယ်သူအတွက် Buy One Get One Free  အစီအစဉ်လည်းရှိပါတယ်။  :mrgreen:

 

ပုံက အင်တာနက်က ရှာထားတာပါ။
အနော့ မောင်ဂလေးက ဒီထက်ပို ချော ပါတယ် ခင်ညာ။

21 comments

  • ဦးကြောင်ကြီး

    February 14, 2013 at 10:08 am

    ဗရားသားဖော်ဆေး
    ကျားနွားစော်ငေး
    အားယားမျှော်တွေး
    စားဖားကြော်ကျွေး..။

  • ခင်ခ

    February 14, 2013 at 10:29 am

    ( Buy One Get One Free )
    အဲဒီ Get One Free က ရှယ်ဆိုရင် အကျိုးဆောင်ကာ လိုက်စပ်ပေးမယ်။
    Get One Free က ဘာလဲဟင်?
    Buy One = Male ( Your Brother )
    Get One Free = Female ……….. ?

    • ခိုင်ဇာ

      February 14, 2013 at 10:32 am

      Get One Free – နောက်ထပ် မစွံတဲ့ မောင်ဂလေးတစ်ယောက်ပါလေ။

      ဝယ်ကြပါ။
      မင်ဂါဆောင် စားရိတ်ရှာနေလို့ပါ။ အဟင့်။

      :byae:

      • ခင်ခ

        February 14, 2013 at 11:00 am

        ဪ အဲလိုလား နှစ်ယောက်ပေါင်း လောင်းကျော်နေမှဖြင့်………………. တဲ့။
        အခု လိုက်စပ်တဲ့သူတွေ အတော်များများအဲလို ပြောတယ်ဗျ။

  • Wow

    February 14, 2013 at 10:44 am

    အူးကြောင်ကတော့ ထိပ်ဆုံးကလာပြီး.. အခြေအနေကြည့်သွားဘီ…
    ဝယ်မဲ့လူသိပ်မရှိရင် သူအောက်ဈေးနဲ့ ရအောင်ဆွဲတော့မယ်…
    ကပုလဲ ဒီဘက် အပြေးလာနေဘီ သတင်းကြားတယ် :kwi:

    • ခိုင်ဇာ

      February 14, 2013 at 10:48 am

      မောင်ဂလေးဒွေ ဘွ မတွေးရဲစရာပါလား ဝါး ရယ်။
      အဂုလို လာ အားပေးစကားပြောသွားတာ ကျေးဇူးတင်ပါတယ်။

      :byae:

  • ရွှေ ကြည်

    February 14, 2013 at 10:56 am

    ဝယ်ကြပါ ဝယ်ကြပါ ဈေးပေါပါတယ် :mrgreen:
    ဘပုလက်စာမိရင်တော့ မလွယ်ဘူး ဒါပေသိ မခိုင်ဇာမောင်လေးဈေးကောင်းရနိုင်တယ် :harr:

    • ခိုင်ဇာ

      February 14, 2013 at 11:00 am

      ဟုတ်ပါဒယ်။ ဝယ်ကြဘာ။
      ကျုပ်မောင်ဂ အဆင်လေးပါ။
      အဟွာ ကြိုက် ရုပ်မျိုးလေးပါ။ (မိန်းကလေးကြိုက်ကိုပြောတာပါ) :harr:

  • မဟာရာဇာ အံစာတုံး

    February 14, 2013 at 11:02 am

    ကိုင်း … ကိုင်း ….
    လက်နှေး .. ခွက်ဆေး ရမယ်နော် …
    Buy One Get One Free … တဲ့နော် …
    ဒီလို ဂစ်မျိုး .. ဒီလို နေ့ပဲ ပေးတာနော် …..
    နောင် .. နောင် .. နောင် … :mrgreen:

  • ခိုင်ဇာ

    February 14, 2013 at 11:07 am

    ဟုတ်တယ်။ ရောင်းပေး။
    ဂက် ဝမ်း ဖရီး လေးက အူအူအအ လေး ခိုင်းချင်တာခိုင်းပါလို့ ပါ အော်ရောင်းပေးဘာ။ ဟိဟိ

    နောင် .. နောင် .. နောင် …
    :mrgreen: :mrgreen:

    • မဟာရာဇာ အံစာတုံး

      February 14, 2013 at 11:16 am

      မမခိုင်ဇာနော် …
      တော်ကြာနေ ..
      အဲ့ဒီ ဖရီး ပေးဒဲ့ အူအူအအ လေးကိုမှ …
      ဝယ်ချင်ဘာဒယ်ဆို ဘယ့်နှယ့် လုပ်မဒုံး ….
      ဟီးဟီးးး :mrgreen:

      • ခိုင်ဇာ

        February 14, 2013 at 11:21 am

        အဲဒါဆို နှစ်ယောက်စာ ရမှာပဲ။ မရောင်းနိုင်စရာ ရှိဘူး။
        ဝယ်ကြပါ။ :mrgreen:
        ဝယ်..ကြ..ပါ။
        ဝယ်…….. ကြ …… ပါ။
        အော်ရတာမောလာဘီ။
        ညနေထိ ဝယ်သူမရှိရင် အိမ်ပြန်ခေါ်ရမဲ့ ဘွ ပါလားအေ။

  • ဦး ကျောက်ခဲ

    February 14, 2013 at 11:41 am

    ဟယ် ကြည့်စမ်း သများ ခုမှတွေ့တယ်…

    Buy One Get One Free ဆိုတော့…
    အဆင် မကိတ်ရင် ဘကြီးပုနဲ့ ဦးကြီးကြောင်ကို လက်ဆောင်ပေးလို့ရသေးတယ်…
    ကဲ… လာဟယ်၊ တစ်ခါထဲ ဈေးဖြတ်မယ်…
    ပိုမတင်နဲ့နော်… ဒို့က ယပက်လက်ပို့ပြီး…
    ဖာထေး ဖြတ်ဖောက် လုပ်ရဦးမှာ…ဟီ ဟိ
    :harr:

    • ခိုင်ဇာ

      February 14, 2013 at 11:43 am

      ပြော ပြော တစ်ခါတည်း ဇေး ပြော
      ဒီကပြန်မ မင်ဂါဆောင်ရမှာ မို့။ စားရိတ်ရှာနေတာ။
      :harr:

  • Ghi Ghi ThE KiD

    February 14, 2013 at 12:28 pm

    တခါက ဖတ်ဖူးတဲ့ အီတာလျှံပုံပြင်လေး သွားသတိရတယ်..
    တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ မိန်းမတွေက ဦးဆောင်သူတဲ့ ..
    ယောက်ျားတွေဆိုတာ စတိုးဆိုင်မှာ တင်ပြီးရောင်းရတဲ့ ရောင်းကုန်တွေတဲ့..
    တခါသား ဇီဇာကြောင်တဲ့ အပျိုကြီးမမတယောက် ယောက်ျားယူလတ္တံ့ဆိုပြီး
    စူပါမားကတ်မှာ ယောက်ျားအဝယ်ထွက်သတဲ့ ..
    အသက်အရွယ် ဟန်ပန်အမျိုးမျိုးသော ယောက်ျားတွေကို သဘောမတွေ့ဘဲ
    ထောင်ထဲမှာ ထိုင်မှိုင်နေတဲ့ ယောက်ျားတယောက်ကို သဘောကျပြီး ယူခဲ့ပါသတဲ့ …။

    အိမ်ရောက်လည်း ကိုယ်တော်ချောက ထိုင်မြဲ ငိုင်မြဲ ဆိုတော့ …
    မသင်ကာလို့ ကျောလှန်ကြည့်တော့မှ … လားလား …
    expired date လွန်နေတာပါတဲ့ …

    အာဟိ..

    :kwi:

    • ခိုင်ဇာ

      February 14, 2013 at 12:34 pm

      သူကိုက အရွေးမတတ်တာပါအေ။
      ဘယ်နဲ့ ထိုင်မှိုင်နေတဲ့သူ ရွေးရတယ်လို့။
      ဘယ်လောက်ပေးလိုက်ရတုန်းမသိ။
      နှမြောစရာ။ :mrgreen:

      နာ ကတော့ ဟို ဂျာပွန် စီးရီးကြည့်ပျီး စိတ်ကြိုက် စက်ရုပ်မှာမယ်။
      :harr:

      • Ghi Ghi ThE KiD

        February 14, 2013 at 12:39 pm

        အလေးချိန်ပေါင် ၁၁ဝကျော်ရင် မရောင်းဝူးတဲ့ …
        အာ..ဟိ..

        :harr:

  • Mr. MarGa

    February 14, 2013 at 2:07 pm

    နတ်သမီးလေးတွေကတော့ ပူဆာရှာတယ်
    ဗယ်လင်တိုင်းဒေးလက်ဆောင်အနေနဲ့ ဝယ်ပေးပါတဲ့
    ဝယ်သွားရင်ကောင်းမလားဟင်င်င်င်င်

    • ခိုင်ဇာ

      February 14, 2013 at 2:15 pm

      ရဒယ်။
      မောင်ဂလေးတွေက သကြားရဲ့ အယောက် ၁၀၀ဝ လောက်ကိုတော့ မမှုဘူး။
      ဝယ်မှာဖြင့် မြန်မြန်ဝယ်။ ဇေး သိမ်းတော့မယ်။

  • မောင်ပေ

    February 15, 2013 at 7:38 pm

    ဆွိကလေးကို ထပ်ပြောရဦးမယ်
    ဟိုဘက်ပို ့စ်မှာ ကိုရဲစည် စီစဉ်ပေးတဲ့အတိုင်း
    မောင်ပေ လိုက်နာပါမယ်ကွယ်
    မဒမ်ပေ လုံးဝ မသိစေရဘူးလို ့လဲ လုံးဝအာမခံပါတယ်နော်ကွဲ ့
    ဟီဟိ

Leave a Reply