မြို့ရွာလမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို သံတွဲမြို့နယ်စည်ပင်သာယာမှ AE ဖြစ်သူ ဦးသန်းလွင်မှ ဦးဆောင်လုပ်ကိုင်ခဲ့ရာ

1။ တံတားပြုပြင်ဆောင်ရွက်ခြင်း။

တံတားများပြုပြင်ဆောင်ရွက်ရာတွင် (၁) နှစ်မျှသာခံခြင်း(သုံးစွဲလို့ရခြင်း)

2။ ရပ်ကွက်များရှိရေကန်များတည်ဆောက်ခြင်း

အမှတ်(၄)ရပ်ကွက်သမုတ်ချောင်းရွာအလယ်တွင်တည်ဆောက်ထားသောရေကန် ကွဲသွားခြင်း၊ယခုအချိန်ထိပြန်လည်ပြုပြင်ပေးမှုမရှိခြင်း၊၄င်းရေကန်မှာ (၁) နှစ်ခန့်သာ သုံးစွဲခဲ့ရပြီးပျက်စီးသွားခြင်း။

3။ ရေပေးဝေရေးပိုက်များအသစ်လဲလှယ်ခြင်း။

ရေပေးဝေရေးပိုက် 6 လက်မပိုက်အသစ်လဲလှယ်ရန် ငွေကျပ်(50)သိန်း ချပေးခဲ့သော်လည်း နိုင်ငံခြားပိုက်များကိုသုံးစွဲခြင်းမရှိဘဲ ဈေးနှုန်းသက်သာသည့် မိလ္လာသုံး   ပိုက်များကိုသာသုံးစွဲထားရှိခြင်းတို့ကြောင့် ရေပိုက်များမကြာခဏကွဲခြင်း ၊ ရေပေးဝေနေစဉ်ပွင့်ထွက်သွားခြင်းများဖြစ်နေပြီး ၄င်းကိစ္စများကိုယနေ့ထိပြန်လည်မွန်းမံဆောင် ရွက်ခြင်းမရှိသဖြင့် အများပြည်သူရေအခက်အခဲကြုံတွေ့လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ AE ဦးသန်းလွင်အား ထိရောက်စွာအရေးယူပေးပါရန်နှင့်အမြန်ဆုံးပြန်လည်ဆောင်ရွက်ပေးပါရန် တာဝန်ရှိသူများအား အသိပေးတိုင်ကြားအပ်ပါသည်။

 

မြင်တွေ့နေရသူများ

About Lu man

Lu man has written 6 post in this Website..