လက်ဖက်ရည်သောက်ခြင်း အနုပညာ…
လက်ဘက်ရည်ဖြင့်ဧည့်ခံခြင်း ဆိုတဲ့ ယဉ်ကျေးမှုဟာ ဂျပန်လူမျိုးတွေရဲ့ ရိုးရာတစ်ခုအဖြစ် ဂျပန်တစ်နိုင်ငံလုံးမှာသာမဟုတ်ပဲ တစ်ကမ္ဘာလုံးမှာပါ ကျယ်ပြန့်စွာ
အသိအမှတ်ပြုခြင်းခံရပါတယ်။
အခုဆိုရင် ဒီယဉ်ကျေးမှုဟာ နားလည်ရုံသက်သက်တင်မကပဲ မရှိမဖြစ်တဲ့ အရာတစ်ခုလို့ ပြောရင်တောင်ရနေပါပြီ။
လက်ဘက်ရည်ဖြင့်ဧည့်ခံခြင်း ဆိုတာဟာ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးလို့လဲ အမည်တွင်ပြီး ရိုးရာဧည့်ခံပွဲတစ်ခုအနေနဲ့ ဧည့်သည်ကို
လက်ဖက်ရည်ကြမ်းနဲ့ တည်ခင်းဧည့်ခံတဲ့ အပြုအမှုတစ်ခုဖြစ်ပါတယ်။
လွယ်လွယ်ပြောရမယ်ဆိုရင်တော့ လက်ဖက်ခြောက်အမှုန့်ကို ရေနွေးဖျောပြီး အရသာခံသောက်သုံးတယ်ဆိုပေမယ့် တခြားသော
အနုသုခုမပညာရပ်များပေါင်းစပ် ဖြစ်ထွန်းလာတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။
တနည်းအားဖြင့်ပြောရမယ်ဆိုရင် ဒါဟာ လက်ဖက်ရည်သောက်ခန်းတွေ ကိုယ့်အိမ်ခြံဝင်း အစရှိတဲ့ အိမ်နဲ့ ပတ်သတ်တဲ့ အခန်းဖွဲ့စည်းမှုတွေ၊
လက်ဖက်ရည်ဖျော်ပစ္စည်းများ ရွေးချယ်မှု၊ အနုပညာ ခံစားတတ်မှု အစရှိတဲ့ အနုသုခုမလက်ရာတွေ
ဒါ့အပြင် လက်ဘက်ရည်တည်ခင်းပွဲမှာ ဧည့်ခံကျွေးမွေးမယ့် ဟင်းလျာ၊ အချိုပွဲ အစရှိတဲ့ စားသောက်ဖွယ်ရာတွေနဲ့ ဧည့်သည်ကို စိတ်ချမ်းမြေ့စေအောင်
ဧည့်ခံဖို့ဆိုတဲ့ စိတ်ရင်းစေတနာတွေပါ ပေါင်းစပ်ထားတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။
ပြီးတော့ လက်ဘက်ရည်ဖြင့်ဧည့်ခံခြင်းဟာ ဇင်ဘာသာဝင်များရဲ့ “ငြိမ်သက်တိတ်ဆိတ်ခြင်း” ဆိုတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုကို ဖြစ်ပေါ်စေပါတယ်။
ဒါဟာ တိတ်ဆိတ်ငြိမ်သက်မှု၊ အထီးကျန်ဆန်မှုဆိုတဲ့ လိုချင်တပ်မက်မှုတွေ မပြည့်စုံနိုင်တဲ့ အခြေအနေတွေကို သိမြင်စေပြီး ကိုယ့်ရဲ့ အပြုအမှုတွေအပေါ်
လေးလေးနက်နက် တွေးခေါ်ကာ မိမိကိုယ်ကို မိမိထိ်န်းချုပ်စောင့်စည်းနိုင်စေခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
ဒါကြောင့် လက်ဘက်ရည်ဖြင့်ဧည့်ခံခြင်းဟာ စိတ်ငြိမ်းစေတဲ့၊ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ဆင်ခြင်နိုင်စေတဲ့၊ စိတ်ဓာတ်မြင့်မားစေတဲ့
အရာဖြစ်လာပါတယ်။
ပြီးတော့ လက်ဘက်ရည်တည်ခင်းခြင်းမှာ ဆိုရိုးစကားတစ်ခုရှိပြီး “လူတစ်ယောက်နဲ့ တွေ့ဆုံမှုကို တစ်သက်မှာတစ်ခါသာကြုံဆုံမှုလို့ တွေးပြီး
တစ်ဖက်လူအပေါ်မှာ အကောင်းဆုံးစေတနာထားဆောင်ရွက်ပေးခြင်း” ဆိုတဲ့ အဓိပ္ပါယ် ရှိပါတယ်။
လက်ဘက်ရည်ဖြင့်တည်ခင်းဧည့်ခံခြင်းကို ဒီစိတ်သဘောထားတွေနဲ့ အလေးအနက်ထား လုပ်ဆောင်ကြတာဖြစ်ပါတယ်။
တကယ်တော့ လက်ဘက်ရည်ဖြင့်ဧည့်ခံခြင်းဟာ တရုတ်နိုင်ငံကနေ စတင်ပြန့်ပွားလာခဲ့ခြင်းဖြစ်ပါတယ်။
ဇင်သာသာဝင်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို အခြေခံထားတဲ့ ဒီစိတ်ကျင့်စဉ်တွေကို ကောင်းမွန်တဲ့ စိတ်ဓာတ်တွေ ရှင်သင်ပေါက်ဖွားဖို့
အဓိကအရာတစ်ခုအဖြစ်ထားပြီး ကမာကူရ မင်းဆက်လက်ထက်မှာ စတင်ကျင့်သုံးခဲ့ပါတယ်။
ဒါ့အပြင် မုရိုမချိ မင်းဆက်လက်ထက်မှာ ပန်းပေါင်းစုံဖြင့်ပူဇော်ကျင်းပတဲ့ တောင်ပွဲလို့ခေါ်တဲ့Hidashiyamabunka(ဟိဂါးရှိယာမဘွန်းကာ)မှာCha no ya
(ချနိုယ)ဆိုပြီး ဖြစ်ပေါ်လာပါတယ်။
အဲ့ဒီနောက် အဇူချိမိုမိုယမ မင်းဆက်လက်ထက်မှာ ဘုရင့်လက်ဖက်ဆက်သမား ဆန်းနိုရိခရူး ဆိုတဲ့သူက လက်ဖက်ရည်ကို ပိုမိုပြည့်စုံကောင်းမွန်အောင်လုပ်ပြီး
အခုလက်ရှိ လက်ဖက်ရည်တည်ခင်းပွဲမှာ အသုံးပြုနေတဲ့ လက်ဖက်ခြောက် ကုန်ကြမ်းပုံစံဆိုတာ ဖြစ်လာရပါတယ်။
ဆန်းနိုရိခရူး ကွယ်လွန်ပြီးနောက်ပိုင်းမှာလည်း လက်ဖက်ရည်တည်ခင်းပွဲကို သားစဉ်မြေးဆက်တိုင်အောင် အမွေအနှစ်အဖြစ်ဆက်လက် ကျင့်သုံးခဲ့ပြီး
သင်တန်းကျောင်းပေါင်းများစွာ တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ ဂျပန်နိုင်ငံရဲ့ အနေရာ အနှံ့အပြားမှာ လက်ဖက်ရည်တည်ခင်းပွဲနဲ့ ပတ်သတ်တဲ့ သင်တန်းများ ပေါ်ပေါက်လာပြီး လူကြိုက်များလာကြပါတယ်။
တဲမအဲ (temae)ဆိုတာ လက်ဖက်ရည်တည်ခင်းပွဲအတွက် ဘယ်လိုပြင်ဆင်ပြုလုပ်ရတယ် ဆိုတာပဲ ဖြစ်ပါတယ်။
အဲ့ဒီလုပ်ပုံလုပ်နည်းကတော့ အရင်ဆုံး လက်ဖက်ရည်ပန်းကန်လုံးထဲကို လက်ဖက်ခြောက်မှုန့်ထည့် ရေနွေးလောင်းထည့်ပြီး
အမြုပ်လေးတွေထလာတဲ့အထိမွှေရပါတယ်။
ပြီးရင် လက်တစ်ဖက်နဲ့ လက်ဖက်ရည်ပန်းကန်လုံးကို ယူပြီး ဘယ်လက်ပေါ်တင်ပြီး ဘေးလှည့်ကာ သောက်ရခြင်း ဖြစ်ပါတယ်။
ပြီးတော့ အဲ့ဒီလို ဘေးလှည့် သောက်တဲ့အခါမှာလည်း ခန္ဓာကိုယ်က လက်ဖက်ရည်ပန်းကန်လုံးဘက်ကို လှည့်၍သောက်ရပြီး လက်ဖက်ရည်ပန်းကန်လုံးကို
ပြန်ထားတဲ့အခါမှာလည်း မသောက်ခင်ကအတိုင်း အရှေ့တည့်တည့် မျက်နှာပြန်မူရပါတယ်။
အဲ့ဒီလို ဘေးလှည့်ကာ သောက်ရခြင်းက တစ်ဦးနဲ့တစ်ဦး မျက်နှာမူကာ သောက်သုံးမှုကို ရှောင်ရှားဖို့ အတွက်ဖြစ်ပါတယ်။
သောက်ပြီးတဲ့အခါမှာလည်း လက်ချောင်းကိုကွေးပြီး လက်ထိပ်ဖျားနဲ့ လက်ဖက်ရည်ပန်းကန်လုံးကို ကိုင်ပြီး သေသေချာချာ ချရပါတယ်။
လောကဝတ်အနေနဲ့သာမဟုတ် လက်ဖက်ရည်ပန်းကန်လုံး အစရှိတဲ့ လက်ဖက်ရည်တည်ခင်းပွဲအတွက် အသုံးပြုတဲ့ ပစ္စည်းမှန်သမျှက အစ
လက်ဖက်ရည်သောက်ခန်း သို့မဟုတ် ခြံဝင်း အစရှိတဲ့ အနုပညာ ခံစားမှု၊ ဧည့်သည်နဲ့ ခံစားချက်ခြင်း ဖလှယ်မှု အစရှိတာတွေကိုပါ
အလေးအနက်ထားရပါတယ်။
ဒါကြောင့် လက်ဖက်ရည် သောက်ခြင်းဆိုတာ အနုပညာတွေပါ ပါဝင်တည်ဆောက်ထားတဲ့ အရာတစ်ခုဖြစ်ပါတယ်………..။။။။
25 comments
niki ta
February 21, 2013 at 1:37 pm
ပုံတွေ အများကြီး ထည့်မလို့ လုပ်ထားပြီးမှ ကျန်ခဲ့တာ နှမျောစရာပါ.. 🙁
မဟာရာဇာ အံစာတုံး
February 21, 2013 at 1:50 pm
ဒီလို .. အဆိုလေးတော့ ရှိသဗျ ….။
အနုပညာ မြောက်ခြင်း၊ မမြောက်ခြင်း ကတော့ သိဝူးး
စကားမစပ် …
ဂျပန် နဲ့ တရုတ် …
ဘာဟာက လက်ဖက်ရည် ရိုးရာကို အရင် စခဲ့ဒါဒုံးတော့ သိဝူးးနော့ ..
သိရင် ပေါပေးဘာလားဟင်င် …
niki ta
February 21, 2013 at 2:03 pm
အယ်..သေချာမဖတ်ဘူး ထင်ပါ့…
”တကယ်တော့ လက်ဘက်ရည်ဖြင့်ဧည့်ခံခြင်းဟာ တရုတ်နိုင်ငံကနေ စတင်ပြန့်ပွားလာခဲ့ခြင်းဖြစ်ပါတယ်။”
လို့ ရေးထားတယ်လေ…
2737 BC မှာ တရုတ်ပြည်မှာ စတင် အသုံးပြုခဲ့ပြီး.. 1191 မှာ ဇင်ဘုန်းတော်ကြီးက တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုကို သွားရောက်လေ့လာရာကနေ အစပြုပြီး ဂျပန်မှာ ပြန့်ပွားခဲ့တာပါ….
မဟာရာဇာ အံစာတုံး
February 21, 2013 at 2:31 pm
ဒါဆိုရင် …
လက်ဖက်ရည် ဆိုတာ ..
တရုတ်ဘက်ကနေ စတင် ဆင်းသက်လာတာပေါ့နော့ ..
ပြီးတော့မှ …
ဂျပန် ယဉ်ကျေးမှု ဖြစ်သွားတယ်ပေါ့ ..
သေချာ မဖတ်တာ မဟုတ်ပါဘူး …
ဂျပွန်နဲ့ ဝ ရောသွားလို့မို့ မေးကြည့်တာပါ … အဟဲ ..
Mr. MarGa
February 21, 2013 at 2:55 pm
လက်ဖက်ရည်ကတော့
အဖန်ရည်လို့လဲခေါ်တယ်
အခါးရည်လို့လဲခေါ်တယ်
လက်ဖက်ရည်ကဗျာ ရွတ်ပြမလို့ကို
မောင်အံက ဦးသွားတယ်
ကို နီကီတာရေ
မြန်မာမှာရော ဒီ လက်ဖက်ရည် ယဉ်ကျေးမှုက ဘယ်အချိန်လောက်ကများ စခဲ့ပါလိမ့်နော်
Shwe Ei
February 21, 2013 at 3:53 pm
မ နီကီတာ ဟုတ်ဖူးလားကွီ။
kai
February 21, 2013 at 3:35 pm
မြန်မာတွေက.. လက်ဖက်ရည်ဆိုတာနဲ့..လက်ဖက်ခြောက်အချိုကို နို့ဆီနဲ့ဖျော်ထားတာ ပြေးမြင်လိမ့်မယ်..
ဂျပန်တွေရဲ့..ocha ဆိုတာ.. မြန်မာလို.. ရေနွေးကြမ်းခေါ်ရင်ပိုသိလွယ်မလားပဲ..။ ဒါမှမဟုတ်.. လက်ဖက်ရည်ကြမ်းပေါ့…။
ဆိုတော့..
အင်္ဂလိပ်တွေဘုရင်ခေတ်ကများ.. ချိုင်းနားဖက်သွားပြီး.. လက်ဖက်ခြောက်ကုန်သွယ်တာပေါ့..
သူတို့ဆီမှာ..နန်းသုံးဖြစ်ခဲ့..ဖြစ်နေဆဲပါပဲ..
နို့နဲ့ဖျော်တဲ့..လက်ဖက်ရည်ပါ..။
မြန်မာပြည်ကို.. အင်္ဂလိပ်သိမ်းတော့.. အိနိ္ဒယသား..ကုလားတွေက.. ရန်ကုန်မှာ.. ကာကာဆိုင်တွေဖွင့်တာ.. အဲဒါ.. အင်္ဂလိပ်တီး.. လက်ဖက်ရည်ဖြစ်ပါတယ်..။
ရှေးထဲက. မြန်မာ့ဓလေ့ထဲ.သောက်သုံးနေကြတာက..အကြမ်းခြောက်ခပ်ထားတဲ့.. ရေနွေးကြမ်း.. ပေါ့..
ကြည့်ရတာ.. ပုဂံခေတ်လောက်ကတည်းက.. ချိုင်းနား(စိန)တိုင်းနဲ့ကုန်သွယ်မှုရှိတာမို့.. မြန်မာ့ဓလေ့ထဲ.. အဲဒီကတည်းကရှိလောက်တယ်..။
ဒါပေမယ့်.. မြန်မာက အခုထိ.. လွန်ခဲ့တဲ့နှစ် ၁၀၀ဝလောက်နည်းအတိုင်း.. သောက်ကြမြဲ..
ဂျပန်က.(အပေူကညွှန်တဲ့အတိုင်းဆို).1191 မှစသောက်ကြပေမယ့်.. အခုဆို.. ဂရင်းတီးဆိုတာနဲ့.. ကမ္ဘာတန်းမှာဒေါ်လာဘီလီယန်ချီရှာနို်င်ပြီ..။ သောက်နည်းလုပ်နည်း..စနစ်ကျလိုက်တာမှ.. အောင်မလေးတ,ရအောင်…
စနစ်ကြောင့်မဟုတ်.. စနစ်ကြောင့်မဟုတ်… :kwi:
Ghi Ghi ThE KiD
February 21, 2013 at 6:21 pm
ဟဲဟဲ. လစ်ပတင်န်ဆိုလားဗျာ. အဲ့ဒီဘရန်း မြန်မာပြည် လာပြီး ခွက်ခွက်လန်သွားဖူးတယ် ဖတ်ဖူးတာပဲ.
ဖြစ်ပုံက ဒီလို marketing research လုပ်ပါသတဲ့. နိတို့ မြန်မာတွေ လက်ဖက်ရည်သောက်သလားပေါ့
ဟာသောက်တာပေါ့ တနိုင်ငံလုံး လက်ညှိုးထိုးမလွဲ လက်ဖက်ရည်ဆိုင်ချည်းပဲပေါ့.
ဒီဘဲတွေ လိုသွားတာက သူတို့ကိုပြောတဲ့ သောက်တာပဲဆိုတာ နို့ဆီထည့်ထားတဲ့ ချိုရဲရဲ လက်ဖက်ရည် ဆိုတာ.
ခိခိ
အဲ့သည်တော့ ဂျက်စမင်းတီးလည်း နောင်တကိုရင်ဝယ်ပိုက်ပြီး စွန့်ခွာသွားရဖူးပါကြောင်း.
အိုဘယ့် လက်ဖက်ရည်.
အိုဘယ့် မားကတ္တင်း.
kai
February 21, 2013 at 4:08 pm
ကျုပ်ရေးထားဖူးတဲ့.. စာကလေး…
လက်ဖက်ရည် ဋီကာ.. တဲ့..။ 2011 က..
http://myanmargazette.net/46982/
မောင်တင့် တယ်
February 21, 2013 at 5:57 pm
အနု ပညာ ဆန်မဆန်တော့မသိဘူး…
ရေနွေးကြမ်းသောက်ရင်.. ကင်ဆာဆိုလား..ပျောက်တယ်ဆိုပဲ..
(သူများပြောတာကိုပြန်ကြားတာ ပြောပါတယ်..)
niki ta
February 21, 2013 at 7:59 pm
ရေနွေးကြမ်းသောက်သုံးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယာ ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။
nozomi
February 21, 2013 at 6:07 pm
ဂျာပွန် မှာ အဲဒါမျိုး တစ်ခါကြုံဖူးရဲ့
သူ တို့ ခိုင်းတဲ့ အတိုင်း ဟိုဘက် လှည့် ဒီလိုမွှေ ဟိုလိုလုပ်နဲ့
( မခံစားတတ်လို့လား မသိဘူး ) ရေနွေးလေး တခွက် သောက်ဘို့ အလုပ်ကို ရှုပ်နေတာပဲ
ရေနွေးသောက်တာ ကတော့ မိသားစုကြား သောက်ရင်း ပြော
မိတ်ဆွေတွေ ကြား ဝိုင်းဖွဲ့ ရင် စီးပွားရေး လူမှုရေး ပြော အရေးတော့ ပါတယ်
ရေနွေးတအိုးနဲ့ တွေးချင်ရာတွေး ငေးချင်ရာ ငေးရတဲ့ အရသာတော့ သဘောကျတယ်
MaMa
February 21, 2013 at 6:26 pm
မောပန်းလာတဲ့ဧည့်သည်ကို ရေနွေးကြမ်းနဲ့ အမောပြေဧည့်ခံလိုက်ရင်….
ဘာမှ အကုန်အကျမများပေမယ့် အမောပြေစေ၊ စိတ်ချမ်းသာစေတယ်လို့ ယူဆပြီး
လက်ဖက်ရည်နဲ့ ဧည့်ခံတဲ့အကျင့်ကို အဖေက လုပ်ပေးထားတယ်။
ကိုယ်တိုင်လည်း ရေထက် ရေနွေးကြမ်းသောက်တဲ့ အကျင့်ရှိလို့ ခရီးသွားရင် အမြဲဒုက္ခရောက်ရတယ်။
အဲဒါကြောင့်…..
ငွေတိုးတွေအများကြီး ပေးပြီး စုငွေလက်ခံတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ခေတ်စားတုန်းက
ရေနွေးကြမ်းပုလင်းတွေ ထုတ်ရောင်းမယ်။
မကြာမီ လာမည် မျှော်….. ဆိုလို့ မျှော်လိုက်ရတာ။ :eee:
niki ta
February 21, 2013 at 8:06 pm
ရေနွေးကြမ်းကို အလွန့်အလွန်သောက်သုံးလျှင် ၎င်းတွင်ပါဝင်သော ကာဖင်း၏ ပင်မအာရုံကြောမကြီးကို လှုံဆော်ပေးမှုကြောင့် ရသော အကျိုးဆက်များဖြစ်တဲ့
၁။ အသက်ရှုမြန်ခြင်း၊
၂။ နှလုံးခုန်မြန်ခြင်း၊
၃။ ခေါင်းကိုက်ခြင်း
၄။ သွေးပေါင်ချိန်တက်ခြင်း
၅။ နှလုံးခုန်မမှန်ခြင်း
၆။ အိပ်မပျော်ခြင်း
၇။ စိတ်ပူပန်တတ်ခြင်း
၈။ ဂဏာမညိမ်ဖြစ်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။
ကိုရင်စည်သူ
February 21, 2013 at 8:14 pm
အင်း တမီးလေး နီကီပြောတဲ့ ဂျပွန်လက်ဖက်ရည်တော့ မသောက်ဖူးဘူး
အဘကျင်လည်နေတဲ့ အာရပ်တဝိုက်မှာလည်း လက်ဖက်ရည်ရှိတယ်..
တခါ ခေါပု (နံပြားအကြီးစား) ရောင်းတဲ့ ဆိုင်မှာ သွားစားတော့
လက်ဖက်ခြောက်အကြမ်းကြီးတွေကို ရေနွေးခတ်ပြီး သကြားတွေများကြီးထည့်ပြီး
ဖျော်တိုက်တယ်… သောက်တော့ အရသာက
ဖန် ချို ကြီးဗျာ..။ ခေါပုစားလိုက် သောက်လိုက်နဲ့ အံတော့ အကိုက်ပဲ.. အခုတော့.. အဘလဲ အဲ့တက်ကနစ်ခိုးပြီး
အရက်မရတော့.. ရန်ကုန်က ပါလာတဲ့ လက်ဖက်အကြမ်းခြောက်တွေကို
ရေနွေးနဲ့ ဖျော် သကြားတွေ ထည့်ပြီး.. ပဲကြီးလှော်နဲ့ ဆေးလိပ်ဖွာရင်း ဖန် ချိုကြီး အာသာပြေသောက်နေရတာပဲ..
ပြန်လာရင် တမီးလေးကို ဖျော်တိုက်မယ်လေ… :kwi:
niki ta
February 22, 2013 at 12:05 pm
အမလေး.. ဖန်ချိုဂျီး ကြိုက်ပါဘူး… တော်ကြာရင် တွေကျပ်ကုန်ဦးမယ်….
niki ta
February 22, 2013 at 12:06 pm
အမလေး.. ဖန်ချိုဂျီး ကြိုက်ပါဘူး… တော်ကြာရင်တွေကျပ်ကုန်ဦးမယ်….
မောင် ပေ
February 21, 2013 at 8:59 pm
အဖန်ခြောက်ကောင်းကောင်းခတ်ထားတဲ့ လဘက်ရည်ကြမ်းတစ်ခွက်နဲ ့
မြည်းစရာလေးရှိရင်
ဆောင်းညအေးအေးတွေကို ရင်ဆိုင်ရဲပါတယ်ကွယ်
padonmar
February 21, 2013 at 10:03 pm
ရောဂါတွေ ပျောက်တယ်ဘာညာဘာညာပြောလည်း ကရိကထများလွန်းလို့ ရေရိုးရိုးပဲ မော့သောက်လိုက်တော့တယ်။
China tea ခေါ်တဲ့ ရေနွေးကြမ်းကတော့ ကြုံသောက် မကြုံရင် မသောက်။
လက်ဘက်ရည်ဆိုင်ထိုင်မှပဲ သောက်ဖြစ်တော့တယ်။
လက်ဆောင်ရတဲ့ လက်ဖက်ခြောက်တွေလည်း သောက်ကြည့်တာ ဘာမှ ထူးတယ်မထင်။
အင်း………မားကက်တာတွေ ငိုကြလိမ့်မယ်။
kai
February 22, 2013 at 6:49 am
ဆိုတော့.. နပဗယ်လီ(ဝိုင်ထုတ်ရာနေရာ) ကပြန်လာပြီးကတည်းက.. နေ့တိုင်းဝိုင်မျိုးစုံဝယ်သောက်နေတာ… တော်တော်မွဲနေပြီ… :buu:
ဝိုင်သောက်နည်းများ.. စုံပါ့..
ခွက်ကလေးတွေကလည်း စုံပါ့…။
အနံ့ရှုပုံ.. ခွက်လက်လှည့်ပုံ.. ဝိုင်နဲ့အတူတူဇတ်လမ်းနားထောင်မြည်းစမ်းပုံလည်း.. များပါ့…
ပြောချင်တာက… မြန်မာတွေ. ရေနွေးကြမ်းသောက်နည်း.. အသစ်ထွင်ဖို့ကောင်းတယ်..။
ကမ္ဘာကလေးစားသွား… အတုယူသွားရအောင်ပေါ့….
ကျုပ်တော့.. ဝိုင်မြုံ ့ရင်း.. နည်းသစ်ရထားတယ်..။
လက်ဖက်ရည်ကြမ်းစားနည်း.. အနုပညာ… Art Of Tea (Eating + Tasting) Easting!
ဂွပ်ဆို.. မသောက်ချနဲ့.. ပလုပ်ကျင်းရင်း.. ဝါးစား… :kwi:
Shwe Ei
February 22, 2013 at 8:45 am
လဖက်ခြောက်ကောင်းကောင်းလေးခတ်ထားတဲ့ လဖက်ရေကြမ်းမွှေးမွှေးလေးကိုတော့ အချိန်မရွေး နေရမရွေး သောက်ချင်တယ်။
လဖက်ရေကြမ်းက ဘာနဲ့မြည်းမြည်း လိုက်ဖက်တယ်လို့ခံစားရတယ်ဗျာ။
niki ta
February 22, 2013 at 12:12 pm
ဟာ..အဲဒီစကားက ကစော်သမား.. ၊ အသူရာသမားတွေ ကတော့ .. ငြင်းမယ်ထင်ပါ့…
သူတို့အတွက် ဘာနဲ့မြည်းမြည်းလိုက်ဖက်တယ်ဆိုတာ .. လဖက်ရည်ကြမ်း မဟုတ်လောက်ဘူး… 🙂
ခိုင်ဇာ
February 22, 2013 at 9:09 am
လက်ဖက်ရည်ဆိုလို့ ဆိုင်က လက်ဖက်ရည်ချိုမှတ်နေတာ။
ဘာပဲဖြစ်ဖြစ်သိလိုက်ရတဲ့ အနုပညာတစ်ခုအတွက် ကျေးဇူးတင်ပါတယ်။
:hee:
ဟီး။
ကိုယ်လိုလူချည်းသာဆို ဘာသောက်တာမှ အနုပညာမြောက်မယ်မထင်။
သောက်ချင်တဲ့ အရည်ကို ထည့်ချင်တဲ့ ခွက်နဲ့ ထည့်သောက်တယ်။
ဘယ်အရည်ကို ဘာခွက်နဲ့ ထည့်ရမယ်ဆိုတာလည်း မှတ်မထား။
ဘယ်လောက်ပမာဏပဲ ထည့်ရမယ်ဆိုတာလည်း ဘယ်တော့မှ မမှတ်မိ။
ရှန်ပိန်နဲ့ ဝိုင် ခွက်ကို လည်း ခုထိမကွဲပြား။
တခါတလေ ပုလင်းလိုက်မော့ခိုင်းလည်း ရတယ်။ ဘာကိုမှ ကိစ္စမရှိ။
စိတ်ပျော်ပြီး စိတ်သက်သာရမယ်ဆို ဘာအနုပညာမှမလို။
မဟာရာဇာ အံစာတုံး
March 15, 2013 at 3:25 pm
နီကီတာ ရေ ….
လက်ဖက်ရည် သောက်ခြင်း အနုပညာကို အပီအပြင် ခံစားဖို့အတွက်
ကျုပ်ကနေပြီး လက်ဖက်ရည် သောက် ကြွခဲ့ပါဦးလို့ လာဖိတ်တာပါဗျို့ …
ဟုတ်ပါတယ် ….
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ မှာ ..
လက်ဝှေ့ပွဲ ကြည့်ရင်း .. လက်ဖက်ရည် သောက်ရင်းနဲ့ စကားစမြည် ပြောကြတာပေါ့ဗျာ …
ဒီလိုပါဗျို့ … သိထားလားတော့ မသိဘူး …
တစ်လတစ်ခါ ပြုလုပ်မြဲ ဖြစ်တဲ့ မန်းဂဇက် ချစ်သူများ စာပေဆု အတွက်
ဇကာတင် စာရင်း ပို့စ်တွေထဲမှာ ဒီပို့စ်လေး ပါနေလို့ လာဖိတ်တာပါ ခင်ဗျာ …
ဒီလို လာဖိတ်ရတဲ့ အတွက် နှစ် ၁၀၀ဝ လက်ဖက်ခြောက် ခတ်ထားတဲ့ တစ်ခွက်လောက်တော့ တိုက်လွှတ်သင့်တယ် ထင်တာပဲ …
ဒု – အတွင်းရေးမှူး
မဟာအံ
နေဝန်းနီ
March 15, 2013 at 10:13 pm
သူများတွေက လက်ဖက်ရည်သောက်ခြင်းအနုပညာတဲ့ နေဝန်းနီတို့ကလက်ဖက်ရည်ဆိုင်ထိုင်ခြင်း ယဉ်ကျေးမှုတဲ့ အလုပ်မရှိလို့ အချိန်ဖြုန်းနေကြတာ ……….. ရင်မောစရာ