ခါးကြားက ဂဠုန်ရုပ်

++++++++++++++++++++++++++++++++

 

ဂဠုန် လို့ ဆိုလိုက်တာနဲ့ ကျနော်များ မြန်မာအများစုဟာ ဂဠုန်ဆရာစံ ကို ပြေးမြင်မိကြမယ် ထင်ပါတယ် …

ဆရာစံ ရဲ့ ဂဠုန်က တုတ်ပြီး၊ ဓါးပြီး ဂဠုန် လို့ ဆိုရမယ်ပေါ့ဗျာ …

ကျုပ် ဂဠုန်ကတော့ ….. ဟဲ …. ဟဲ …. :mrgreen: :mrgreen:

 

ဆယ်တန်းအောင်တော့ ဘော်ဒါ တစ်ယောက်က တက်တူး ထိုးတယ် ….

ဒီကောင်က ကြံကြံဖန်ဖန် နားထင်မှာ ထိုးတာ …

ဇာမဏီရုပ်လေးပါပဲ …

ကျုပ်လည်း သူ့တက်တူးလေး ကြည့်ပြီး သဘောတွေ လွှတ်ကြနေမိတာပေါ့ …

ဒါပေမယ့် … အန်တီကို လန့်နေရတာမို့ မထိုးရဲခဲ့ပါဘူး ….

ဒါနဲ့ နောက်ပိုင်းမှာတော့ မရတော့ဘူး ….

ထိုးမယ် .. ထိုးမယ် .. ဘာဖြစ်ဖြစ် ထိုးပလိုက်မယ် …

 

ဒီလိုနဲ့ … ကံကြမ္မာ အခွင့်ပေးတဲ့ ညတစ်ည မှာပေါ့ ….

ကြယ်တွေက စုံနေတယ် ….။ လမင်းကလည်း ထိန်ထိန်သာနေတယ် ….။

ဒါပေမယ့် … ဆူညံနေတဲ့ အသံတွေနဲ့ …။ လျှပ်စစ် မီးရောင် များကတော့ဖြင့် သဘာဝ အလှကို အနှောက်အယှက် ပြုနေကြလေတယ် …

ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်တယ် ….။

ပြီးတော့ ဘေးပတ်ဝန်းကျင်ကို မျက်လုံး ကစားကြည့်လိုက်တယ် ….။

ပြီးတော့ သူ့ကို ပြောလိုက်တယ် ….

“တက်တူး ထိုးချင်လို့” ………။

 

ကတောက်စ် …. တောက်စ် … ဂလောက် .. ဂေါက် …. !!!!!!

ရင်ထဲက ခပ်ပြင်းပြင်း တောက်ခေါက်မိလိုက်တယ် ….

ဟုတ်တယ် … ဟုတ်တယ် …

ရာရာစစ … လူကိုများ စော်စော်ကားကား …

မရှိတဲ့ သိက္ခာတွေ ဘယ်သွားထားရမှန်းတောင် မသိခဲ့ဘူး ….

တကယ် … တကယ် ….

သူက ပြောတယ် … “နဂါး မပတ်နဲ့၊ တီကောင် ပတ်” … တဲ့ ….။

ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ …..။

ကျုပ်က လက်မောင်းမှာ နဂါး ထိုးချင်တယ်လို့ ပြောလိုက်တာ …….။

 

အဲ့ဒီနေ့က အရှက်ကြီး ရှက်ခဲ့ရပါတယ် …..။

ဘော်ဒါတွေရဲ့ ဝိုင်းဟားခြင်းကိုလည်း ခံခဲ့ရတယ် …..။

ရုတ်တရက် ဆုံးဖြတ်ချက်တွေလည်း ချမှတ်ခဲ့တယ် ……။

ဘယ်တော့မှ မထိုးတော့ဘူးကွ …. တက်တူး ……။

 

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာပေါ့ ……..

တစ်ခုသော နေသာတဲ့ နေ့ကလေး …..

မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဦးလေးနဲ့ တွေ့ဖြစ်ခဲ့တယ် …….

မထင်မှတ်ပါဘဲ …. ဦးလေးက တက်တူးဆရာ ဖြစ်နေခဲ့ပြန်တယ် ….

ဘာလုပ်ရမလဲ ???? 🙄 🙄

 

နောက်ဆုံးမှာတော့ …. ဆုံးဖြတ်ချက်ကို သွားဖြီးပြလိုက်ရတယ် … ဟီးးး :mrgreen: :mrgreen:

ဒါမယ့် … ဘော်ဒါတွေ သွားဖြီးတာ မခံရအောင်လည်း ဂရုစိုက်ရသေးတယ် …

ဒီတစ်ခါ တီကောင်တော့ မပတ်ချင်တော့ဘူး ဦးလေးရာ ….

ကျုပ် ခါးကြားမှာသာ ဂဠုန်ရုပ်လေး ခပ်သေးသေးသာ ထိုးပေးစမ်းပါ ……

ဒီလိုနဲ့ ….. ကျုပ်ရဲ့ ညာဖက် ခါးကြားမှာ ဂဠုန်ရုပ် ခပ်သေးသေးဟာ ထင်ရှားလာပါတော့တယ် ….

++++++++++++++++++++++++++++++++

ဒါကတော့ ဂဠုန်နမူနာပေါ့ဗျာ ..
ဒါကတော့ ဂဠုန်နမူနာပေါ့ဗျာ .. (Image Source)

++++++++++++++++++++++++++++++++

ဘာရယ် မီဟုတ်ဘာဘူး ….

ပျင်းလို့မို့ … လျောက်ရေးကျိလိုက်ဒါ …

အခန့်မသင့်ရင်လည်း ခွေးလွှတ်ဂျဘာရို့ …..

41 comments

  • ခိုင်ဇာ

    March 10, 2013 at 2:59 pm

    ယုံဘူး။
    ပြ။

    :kwi:

    • garuda

      March 10, 2013 at 5:04 pm

      ဟုတ်တယ်…ရုံဘူး/ဖရုံ ပြ…ခုချက်ခြင်းပြ….ကတောက်..ကျုပ်Garuda ကိုများခါးမှာထိုးရဒယ်လို့….ကျုပ်နဲ့ ပတ်သက်ခဲ့တဲ့…မိန်းကလေးဒွေဆို..ကျောနဲ့ ရင်ညွန့်မှာ ထိုးဂျဒါဗျ….တစ်ချို့ဆို tail bone နားမှာထိုးဂျဒါဗျ..သူ့ကျမှ ခါးကြားမှာတဲ့
      tauk! :chee: ရာဇဝင်ရိုင်းတယ်…ရာဇဝင်ဓကယ်ရိုင်း(ဂျက်မြသောင်း)…တော်ပြီဟေ့…နာမည် ပြောင်းဒေါ့မယ်ဟေ့.. တီကောင် :harr: :harr:

      • @ မမခိုင်ဇာ …

        ဘာမှ မကြောခင် ပဆုံး လာအားပေးတွားဒါ
        ကျေးကျေးကျီးကျီးဘာလို့ ….
        ” ယုံဘူး …. ပြ ” ဆိုဒေါ့ကာ ….
        သူ့အမေးဂျီးက ဘာကို ဆိုလိုမှန်း မသိ ….
        ဒါဂျောင့် … ယုံတွားအောင် ပြဒေါ့ ပြဂျင်ဘာရဲ့ … ဒါမယ့် .. ဒါမယ့် … :mrgreen:

        +++++++++++

        @ ဥလေးဂါဝန်ဂျီး

        ဂလိုခေါ်ဒါ မကျိုက်လဲ တတ်နိုင်ဝူးးးး
        ရိဒလိုလို၊ ရဲ့ဒလိုလို ဖစ်နေရင်ဒေါ့ တစ်ခါတည်း ခွေးလွှတ်ပေးဖို့ တောင်းဘန်ဘာဒယ် ..
        ရွာမှာ အဲ့ဒါဒွေ ခေတ်စားနေတုန်း အဆစ်ပါတွားမှာ ကျောက်ရို့ဘာ … :mrgreen:

        ချကားမစပ် Garuda ဆိုဒါ ဂဠုန်ဂျီးမှန်း ခုမှ သိဒယ် .. ဟီးးး
        ကျုပ်က ခညားဂျီးကို ခါးကြားမှာ ထိုးထားဒေါ့ …
        ကျုပ် အီးအီးပေါက်တိုင်း ခညား နံမှာပေါ့နော် ….
        ပေါရရင် ကျုပ်အီးက ကြက်သွန်ဖြူ အီး ခည … :mrgreen:

        • P chogyi

          March 11, 2013 at 8:40 pm

          မောင်အံ မင်းတစ်ရွာလုံးကိုလိမ်လိုရမယ် ငါ့ကိုတော့လိမ်လို့မရပါဘူးကွာ
          မင်းဂဠုန်ရုပ်ထိုးတာ အရွယ်သေးလို့ ကြက်ရုပ်ဖြစ်သွားတာ ငါသိပြီးပါပြီ
          ဒါ့ကြောင့် မို့ ပုဆိုးဝတ်ဝတ်၊ ဘောင်းဘီဝတ်ဝတ် အရုပ်ပေါ်မှာကြောက်လို့
          အကျင်္ီအပြင်ထုတ်ဝတ်တာမငြင်းပါနဲ့ ……….
          မဟုတ်ဘူးဆိုရင်အဲဒီအရုပ်ကို(နမူနာမဟုတ်၊အစစ်အမှန်)ဒါ့ပုံရိုက်ပြီးပြ

        • အာ .. ငါကွာ …
          အိန်းဂျီချွတ် .. ဒါ့ပုံရိုက်ပြီး တင်ပလိုက်ရ … :mrgreen:
          နေဘာစေကွာ .. မတင်တော့ပါဘူး …
          တော်ကြာနေ နာ့ တက်တူး ဘောကျပီး လိုက်ထိုးနေမှ ဒွတ်ခ ….

  • padonmar

    March 10, 2013 at 3:08 pm

    မောင်အံ့ဦးလေးက သုဝေဖြစ်ရမယ်။
    ရုပ်လည်း ဆင်တယ်။
    နဂါးမနိုင် ဂဠုန်ထိုးလို့ စကားပုံပြောင်းမယ်။

    • ရဲစည်

      March 10, 2013 at 6:24 pm

      အန်တီ ချိတ်ချိုးနဲ့ အန်တီ့ကို မရည်ရွယ်ဘူး .. တိုက်ဆိုင်လို့

      မောင်အံ့ဦးလေးက သုဝေဖြစ်ရမယ်။
      ရုပ်လည်း ဆင်တယ်။

      Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….
      အဲ့စည်းကမ်းအတိုင်းဆို အံကြီးအဒေါ်ကို ပုတ်ကိုရေး ဆော်ဂါးရာ ရောက်တယ်…နော်

      • အဟမ်းးး ဟမ်းးး အဟွတ် …
        အဘဒို့ဂ အတက်ကြီးဘာဘီကွယ် ….. :mrgreen:

        တီတီရယ် …
        တား ဥလေး က ရွာ့တက်တူးဆြာ မစ်ချတာ သုဝေ ဟုတ်ဘာဘူးရယ် …
        ဒါမယ့် .. ကျန်နေဒဲ့ ဘယ်ဘက် အခြမ်းမှာ အရုပ်ထိုးဖစ်ရင်ဒေါ့ …
        အိုက် ဆြာ သုဝေ ဆီကို ဒိုးဖို့ဒေါ့ စဉ်းစားထားဒယ်ဂျ ….

        ဟိုလူ … ဘွခြားတွားဒူဂျီး …
        ဘာဒုန်း … တလဲ လာချောက်ဒါလား ….
        ကျုပ်က သလဲဆို ကျောက်ဒယ်ဂျ .. ဟီးးး :mrgreen:

      • garuda

        March 10, 2013 at 7:22 pm

        သားရေ…မင့် အန်တီ ဆိုတဲ့ မမ ပဒုမ္မာက “မောင်အံ့ဦးလေး သုဝေဖြစ်ရမယ် များလား?“တဲ့။ အမေးပုံစံ ပြောင်းချင်မယ်ထင်ပါတယ်။ ရုပ်လည်း ဆင်တယ်လား? နွားတယ်လား? လို့ ပြောင်းချင်မလားပဲ။ :kwi: :kwi:
        သူကရင်းနှီးမှု သဘောနဲ့ ပါကွယ်။ ဇာဇာရတနာက ကွန်ပလိန့် မလုပ်ရင်တော့ မလွမ်းလောက်ပါဘူး။
        အဲ..အဲ….“သား” လို့ ဦးရီးက ခေါ်ဒါက ဗမာမှု အနေနဲ့ ကိုယ့်ထက်အများဂျီးငယ်ပုံထောက်လို့ ခေါ်ဒါပါကွယ်…ဦးရီးက မိုင်ဆန်းလို့ အဆိုလိုဗူးနော် :harr: :harr:
        တားက တူများဒွေကို “အန်တီ” ခေါ်သလိုပေါ့ကွယ်။ ဇာဇာရတနာ ဆိုတာက အံဇာတုံးလေးက ဂေဇက်ရဲ့ ရတနာလေး တစ်ပါး အလား သဂျီးက အားထားရတယ် ထင်လို့ပါကွယ်..နော်နော်… :harr: :harr:

        • ခညား ဘူ့ကျောနေဒါရဲ …
          ကရဲစည် ကိုလား …
          ဟက်လူ .. ကရဲစည် …
          ခညားကို ဒီလူဂျီးက သား … ဒဲ့ ….။
          ခညား မခံနဲ့ ကရဲစည် …
          ကျုပ်သာ ခညား နေရာမှာဆို ပိုးစိုးပက်စက် ပယ်ပယ်နယ်နယ် မညှာမတာ မစာမနာ
          နှမချင်း ကိုယ်ချင်းမစာ … အဲ .. ဒါတော့ မဆိုင်လောက်ဝူးးးး ဟီးးး :mrgreen:
          ပြန် ပေါပလိုက်မှာ …

        • ရဲစည်

          March 10, 2013 at 11:21 pm

          မပြောရဲပေါင် …
          ကိုယ်တောင် .. ကိုယ့်အမှုနဲ့ ရွာပတ်နေတာ
          သူများပြောဖို့ဝေးသေး ……………………။

      • padonmar

        March 10, 2013 at 10:05 pm

        ချိတ်ချိုးတယ် ချိတ်ချိုးတယ် ချိတ်ချိုးပါတယ်ဆို..
        ကျုပ်လည်း garudaဆိုတာ ဂဠုန်မှန်းမသိဘူးတော်။
        `အ´ချက်ကတော့ ။

  • ဗုံဗုံ

    March 10, 2013 at 6:11 pm

    နဖူးမှာ ဠင်းတ ရုပ်ထိုးရင် မြန်မြန်စွံတယ်တဲ့ အံချာတုံးရဲ့ :mrgreen:

    • မိဗုံ ….

      စွံဖို့အတွက်များအေ …
      နဖူးမှာ ဠင်းတရုပ် ထိုးစရာ လိုဘာဘူး …
      နာ့ ဖေပေါက်ဂျီး တစ်ယောက်လုံး ချိဒယ် ….
      အေးချေး … အေးချေး ….
      ဟုတ်ဒယ်နော် .. ဖေပေါက်ဂျီး … ဟီးဟီး … :mrgreen:

  • ရဲစည်

    March 10, 2013 at 6:17 pm

    ဟဲ့ … နင့်ဂလုံက
    ကွမ်းစားပီး ဖေ့ဘွတ်ကြိုက်လားအေ့

    မရယ်ဘူး ….. ရယ်ရင် လှောင်တယ်ဖြစ်မယ်။

    နင့်ခါးမှာ ဂလုံရုပ်ချိတယ် … ဒါကို ငါက ဟယ် ကြောက်ချာဂျီးဆို ခနဲ့တာ
    နင့်ခါးမှာ ဂလုံရုပ်ချိတယ် … ဒါကို ငါက မင့် ဂလုံက စပ်ဖြဲဖြဲပါကွာဆို ပြောင်တာ၊ သရော်တာ
    နင့်ခါးမှာ ဂလုံရုပ်ချိတယ် … ဒါကို ငါက မင်းဂလုံနဲ့ ငါ့ဂလုံ ချမားကွ၊ ချလဲ နိူင်ပါဘူးသွာ ဆိုတာက နင့်ဂလုံသေးမှန်းသိလို့ အဲ့အားနည်းချက်ကို ယူပီး နင့်ကို မခံချင်အောင် ရန်စလို့ ပုတ်ကိုရေး ဆော်ဂါးတာ

    ဒါဗြဲ ..

    • ဟက်လူ ….
      မဆိုင်ဒါဒွေ မပေါဘာနဲ့ ….
      ကျုပ်ကို ကျိုက်ဒလို ပေါလို့ ရဒယ် …
      ခနဲ့လို့ ရဒယ် … ရွဲ့လို့ ရဒယ် …
      ဂလုံ ကိုတော့ သွားပြီး မခနဲ့နဲ့ … မရွဲ့နဲ့ … ကျိုက်ဝူးးး
      အပေါ်မှာ တွေ့ရားးး Garuda … ဒဲ့ …. :mrgreen: :mrgreen:

      • garuda

        March 10, 2013 at 7:43 pm

        :om: :om: အို…ကွယ်..ဂလုံ မက လို့ Garuda ပဲ ဖြစ်ဖြစ် ကျုပ်ပိုင်တဲ့ သီးသန့် နာမည်မှ မဟုတ်တာကွယ်။ ပြောချင်ရာပြောပါကွယ်။
        ဥပမာ…ကျုပ်က “နှမ Sound ကျောက်ခဲ ကန်မိတော့မယ်” လို့ ပြောရင် ရွာထဲက ၁ယောက်ယောက် ပြောတယ်လို့ ဘယ်လို လုပ်ပြောမှာတုန်း။ ဒါက ကျုပ်က လမ်းပေါ်က လမ်းခင်းတဲ့ ကျောက်ခဲ ကို ခလုတ်တိုက်မိ တဲ့ ပြဿနာလည်း ဖြစ်နိုင်တာပဲ လေ။ သဓာနည်းလမ်းက လည်းမကျ။ :harr: :harr: :harr: :harr:

        • ဦး ကျောက်ခဲ

          March 11, 2013 at 11:41 am

          ကျုပ်သယ်ရင်းကြီး ဂလုလည်း ဇာဇာရတနာလုပ်မှ ခါးကြားကိုရောက်ပြီ…
          တောက်စ်… ခါးရိုးအဆုံးမှာ ဂဠုန်ရုပ်ထိုးလိုက်တာမဟုတ်ဘူး…
          နံ သဗျာ… အဲ… နာသဗျာ… ဟီ ဟိ
          :harr:

        • အတိရိုး အမှန်ဘာဂျာ ..
          တဂယ်ဘာ .. အမှန်ဘာ …
          ဒဂယ်လို့များ အိုက်ဒီ နံမယ်ဂျီးဟာ ဂဠုန်လို့သာ
          သိဂဲ့ရင် ….
          ကျုပ် နေရာပြောင်း ထိုးဘာဒယ်ဂျာ ….
          ဒဂယ်ကြောဒါ .. ဟီးဟီး .. :mrgreen:

        • garuda

          March 12, 2013 at 7:26 pm

          ငါ့ရှင်…ငကြောက်…လာနွဲ့မနေလေနဲ့…ကြောက်ခဲစေ..ဘဝမှ..ကြောက်ပြားစေ..ဖြစ်အောင်..လုပ်ပေးလိုက်မယ် :harr: :harr:
          ..
          ..
          ..ကန်တော့ပါဘရီးယယ် နောက်ထှာပါ…

  • koaung

    March 10, 2013 at 6:46 pm

    နေရာမှားမယ်နော် ခါးကြားမှာထိုးလို့တော်သေး :mrgreen:

    • ဘာဒုံးးး
      ခညား … ကျုပ်ကို ရွဲ့ဒါလားးး
      သဂျီး တိုင်လိုက်ရမလားးးး
      ဒဒိကြီးကြီးထား …. ငွင်းး ငွင်းး :mrgreen: :mrgreen:

  • water-melon

    March 10, 2013 at 7:01 pm

    အမလေး နာ့မှာလည်း ချိတယ်နော်
    ဟိုတစ်နေ့ကမှ ထိုးထားတာ
    မယုံရင်လာကြည့် နာလှန်ပြမယ် ….တက်တူးပြောတာ :mrgreen:

    • ဟဲ့ … တောင်မ …
      နင် လှန်ပြတိုင်း နာက ကျိစရာလား …
      တော်ကြာနေ စိတ်မထိန်းနိုင် ဖစ်တွားမှ ဒုတ်ခွ …
      (((သူ့တက်တူး သဘောကျပြီး နာလည်း ထိုးမိမှာ စိုးလို့ဘာ))) :mrgreen:

  • မောင် ပေ

    March 10, 2013 at 7:25 pm

    မဟာဘာဂျာတို ့စွမ်းချက်ကတော့
    ရွာပြင်မှာနေတဲ့ ဖရဲမတောင် မနေနိုင်တော့ဘူး
    လာလှန်ပြမယ် ပြောတော့တာပဲ
    သူပြရင်လဲ သေချာ ကြည့်လိုက်အုန်းနော

    • ဟက်လူ … ပေဂျီး …
      ကျုပ်ထက်စာရင်
      ခင်ဗျားက လမ်းနီးတယ် မဟုတ်လား ((ဖရဲမ နဲ့))
      ဒီဒေါ့ဂ … ကျုပ်အစား …
      ခင်ဗျားဘဲ အရင်ကျိထားလိုက် …

  • ဇာဇာ အံဇာ
    လောလောဆယ် တော့ မောင်ပေ ဖရဲ တို့ကို တည့်အောင်ပေါင်းပါ.။
    မင်းရဲ့ ရတနာလေးက အခု အုတ်ကျစ်ကျော်အေး ရတနာပုမ်ရွှေမန္တလေးမှာနေတာနော်
    တက်တူးက ခါးမှာမထိုးတဲ့ လှန်ပြနေရမယ်
    အဲတော့ မင်းလှန်လိုက်တဲ့အချိန်မှာအထင်အမြင်မှားသွားရင်
    တရားစွဲခံရနိုင်တယ်။
    (ယွဲစီ ကတော့ တရားစွဲချင်စွဲနိုင်တယ်ကြေညာထားတယ်။
    ပြောမှပေါ့ သူ့ကောင်မလေးက ရှေ့နေဖြစ်နေလို့နေမှာပေါ့)
    တရားစွဲခံရရင်မပူနဲ့။
    ရှေ့နေလိုက်ပေးမယ်သူတွေရှိတယ်။

    • ဟီးး ဟုတ်တားဘဲ …
      ပေပေ .. ရဲရဲ …
      တယ်ရင်းဂျီးဒို့ နေကန်းဂျဒလားဟင်င်င် … :mrgreen: :mrgreen:
      ((ခုတည်းက အသကုန် သွားဖြီးပြထားမှ))

  • ခင်ခ

    March 11, 2013 at 9:41 am

    ( ကျုပ် ခါးကြားမှာသာ ဂဠုန်ရုပ်လေး ခပ်သေးသေးသာ ထိုးပေးစမ်းပါ ……
    ဒီလိုနဲ့ ….. ကျုပ်ရဲ့ ညာဖက် ခါးကြားမှာ ဂဠုန်ရုပ် ခပ်သေးသေးဟာ ထင်ရှားလာပါတော့တယ် ….)

    ဘယ်နယ့်ဗျာ ခါကြားမှာထိုးတယ်လို့လည်းပြောသေး
    ထင်ရှားလာပါတော့တယ်လို့လဲဆိုသေး
    ဒါဆိုရင် ကိုအံစာတုံးတစ်ယောက် ဂဠုန်ရုပ် ခပ်သေးသေးဟာ ထင်ရှားပေါ်အောင်
    ဘယ်လိုနေသလဲ စဉ်စားမိတယ်၊ အင်း! အကျင်္ ီ လုံခြည် မဝတ်ဘဲနဲ့များ လမ်းသလားလေမလားပေါ့…….။

    • အန် …
      ဟက်လူဂျီး …
      ထိုးလိုက်တော့ ထင်လာတာပေါ့လို့ ..
      ဒဂယ်ထဲ .. ဘာဂျီးမှန်းကို သိဝူးး ဟီး .. :mrgreen:
      စကားမစပ် ..
      တား လုံခြည် မဝတ်ဘဲ လမ်းသလားရဲဘာဘူးလို့ … :mrgreen:

  • Mr. MarGa

    March 11, 2013 at 8:39 pm

    ဟဲ့
    နင် ထိုးတာက ခါးကြားတော့ ဟုတ်ပါတယ်နော်
    ပြောထားတဲ့ပုံအရဆို သိပ် မယုံချင်ဘူးဟ
    တော်တော့ တော်ပါသေးတယ်
    ဂဠုန်ပဲ ထိုးတာမို့
    နဂါးဆို ဘယ်လိုနေမယ်မသိ

    • အေး ….
      လက်မှာ နဂါး မပတ်ရလို့ …
      ခါးကြားမှာ ဂဠုန် ထိုးပလိုက်ဒါဘဲ …
      ဒါတောင် လျှော့ပလိုက်ဒါ …
      အစက ပေါင်မှာ နဂါးပတ်ဦးမလို့ …. :mrgreen:

  • စောခက်သူ

    March 11, 2013 at 8:53 pm

    ကျိချင်လိုက်ဒါ
    ချွတ်ပျဘာလါး ????????????????????

    • မာမီပု ဂလည်း … ((ဒီလို ခေါ်ဒါ မကျိုက်ဂ တိုင်ဂျင်ရာ တိုင်နိုင်ဒီ)) :mrgreen:
      လူဂျားထဲမှာ ချက်ချာဂျီးးးးးး
      ဂယ်ကျိဂျင်ဒယ်ဆို ညကျ လာဂဲ့လေ …
      ပြမယ် …. ((ဂဠုန်ရုပ်))

  • kai

    March 12, 2013 at 5:23 am

    ဂဠုန်ဆိုတဲ့အကောင်က.. ထိုင်းနို်င်ငံတော်တံဆိပ်ပဲ..
    ထားတော့..
    ပြောချင်တာက.. အဲဒီအကောင်.. ရှေးကမိုးပေါ်ပျံနိုင်တဲ့.. ဒိုင်နိုဆောကို.. ကျောက်ဖြစ်အရိုးကြည့်ပြီး.. စိတ်ကူးယဉ်ထားတယ်ထင်မိတယ်..

    စိတ်ကူးယဉ်ကောင်..။ :kwi:

    • garuda

      March 12, 2013 at 7:19 pm

      အို..မျှော်နေကြာပါပြီ
      အို..မင်းလေးသိရဲ့လား
      ကိုယ့်ရဲ့စကားတွေကို
      စိတ်ကူးလေးယဉ်ကြည့်ဖူးလား :harr: :harr:
      မင်းလေး အကြောင်းတွေးရင်
      ကိုယ်မနေတတ်ဘူး
      တစ်ယောက်ထဲ ကားမောင်းစဉ်
      အိမ်မပြန်ချင် ဘူးကွယ်
      ကိုယ်မင်းစိတ်နဲ့ သွားနေမိတယ်
      ပြောပြခွင့် ရှိရင် သူတကယ်လို့များ
      စိတ်ကလေး မဆိုးတတ်ရင်
      ကိုယ်လေဖွင့်ပြောမယ်………………….

      (စိတ်ကူးလေးယဉ် ကြည့်ဖူးလား-မျိုးကျော့မြိုင်)

      • ကျုပ် ခညား အပြောကို စောင့်နေဒါ … ဟီးဟီး .. :mrgreen:
        ကျုပ်ဘဂျီး ဂွဂလန့်သဂျီး ကတော့ …
        ပေါနေနဲ့ … မထိခလုတ် ထိခလုတ်နဲ့ …..
        ထည့်သွားဒေးဒယ် … “စိတ်ကူးယဉ်ကောင်” … တဲ့ ….။
        ခညား ((Garuda)) က ဂလို ပေါဒါကို ဘာမှ ပြန်မဖိုက်ဒေါ့ ကျုပ်ဘဲ ဖိုက်ပလိုက်ဒေါ့မယ် ….။

        ဒီဂမှာ ဘဂျီး ….။
        ကာယဂံ၊ ဝစီဂံ၊ မနှောဂံ ဆိုဒဲ့ ဂံသုံးဘား မှာ ….
        ဘယ်အဒင်းက အခြေဂံ အကျဆုံးလဲ သိရား ….
        မနှောဂံ … ဂျ … မနှောဂံ …..
        မနှောဂံ ဆိုဒါ စိတ်ကူး စိတ်သန်းဘဲ … မတိရင် မှတ်ထား ….

        အခု လက်ရှိ နည်းပညာတွေနဲ့ အံ့မခန်း ဖွံ့ဖြိုး တိုးတက်နေဒဲ့ ဂဘာ လောကကြီးကို …
        ဘူ ဖန်ဆင်းဒယ် မှတ်နေရဲ ….
        အိုက် စိတ်ကူး စိတ်သန်း တွေက တစ်ဆင့် ဖန်တီး ထားဒါ … မတိရင် မှတ်ထား ….
        ဒီဒေါ့ … “စိတ်ကူးယဉ်ကောင်” ဆိုဒါ “ဒဂယ့်ချရာ” ဘာဘဲ …. ငွင်းးး ငွင်းးး :mrgreen: :mrgreen:

  • ဦးကြောင်ကြီး

    March 12, 2013 at 8:27 am

    ညူကလီးယား ထိပ်ဖူးတပ် တိုက်ခြင်းပစ် ဒုံးကျည်ပုံဂျီး လဗျွတ်မှာ ထိုးချင်လို့ ရမလား…

    • P chogyi

      March 12, 2013 at 9:19 am

      အဖျား .၅ လက်မအကျယ် အရှည် ၁ တောင် သံချေးတက်နေသော
      စုတ်ဖြင့်အထိုးခံနိုင်လျှင် ထိုးပေးပါမည်။

    • နေဝန်းနီ

      March 12, 2013 at 10:54 am

      အူးကြောင်ဂျီး ခင်ညာ းဂျီး ခလေးဒွေနဲ့ ယောယောပီး မယိုင်နဲ့နော် ဒါဗြဲ

      • ဟီးဟီး …
        နာတောင် ပေါချရာ လိုဒေါ့ဝူးးး
        တွေ့ရား …. ဒက်ဒီကြောင် ….
        တေတွားမယ် … ဘာမှတ်နေရဲ …..
        ဒက်ဒီကြောင် သမီးဂလေးဒွေ ပေးရင်ပေး …
        မပေးလို့ဂဒေါ့ … ဒက်ဒီကြောင် ကို ထိုးပလိုက်မယ် … ((တက်တူး)) :mrgreen:

Leave a Reply