ကျတော်ပို့ စ် တင်တိုင်း ကော်မန့် တွေ ဖြစ်ကြည့် ဖြစ်တယ်…။ တစ်ချို့ ကြတော့ ဘယ်ရာသီဖွားလဲ ဆိုတာ မသိဘူးဖြစ်နေကြတယ်..။ဒါကြောင့် လူတိုင်း သိနိင်အောင်လို့  မြန်မာတိုင်း ဂျာနယ်က နေပြီးတော့ တင်ပေးလိုက်ပါတယ်…။
နောက်ပြီးတော့  နိင်ငံကြီးသား ပီသအောင် လို့ စာရေးတာဝါသနာပါတဲ့ လူတွေကို အကြံပေးချင်ပါတယ်..။ သူများတကာတွေရဲ့ ပိုစ့် တွေမှာ ကော်မန့် ပေး ခြင်းဖြင့် ရန်လိုက်မဖြစ်ပါနဲ့ ..။ ဘာလို့ ဒီလို ပြောရတာလည်းဆိုတာ စည်းကမ်းရှိအောင်လို့ ပြောပြတာပါ…။
သူများတကာတွေရဲ့ ပိုစ့်တွေမှာ မိမိနဲ့ တခြားလူ ရန်ဖြစ်တာတွေ စကားများတာတွေ မြင်နေရရင် နောက်လူတွေလည်းစတာ နောက်တာတွေဖြစ်လာနိင်ပါတယ်။
အခုလိုဖတ်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်…။
ရိုးသားသောသူကို …ငါသည်ချစ်ခင်လှပါ၏…။
ငါချစ်သောငါ ..ဖြစ်ပါရစေ…။
ငါမုန်းသောငါ …မဖြစ်ရပါစေနှင့် …။
………………………ကိုဇင်ရော်မာလာပုလဲ……….
၂၀၁၃ မတ်လ ၈ ရက်မှ ၁၄ ရက် အထိ
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀
အိမ်ခြံမြေကားကိစ္စများ အခက်အခဲ ရှိနိုင်သည့်ကြားမှပင် အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်မည်။ အဓိကလုပ်ငန်းမှ ၀င်ငွေနှင့် အကျိုးအမြတ်ဆက်လက်ဖြစ်ထွန်းမည်။ အစုစပ်၊ ဆေးဝါး၊ စားသောက်ကုန်၊ စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ၌ လိုအင်ဆန္ဒပြည့်ဝမည်။ အိမ်ထောင်ဖက်၏ အလုပ်အကိုင် နှင့်ပတ်သက်၍လည်း အဆင်ပြေချောမွေ့လိမ့်မည်။ ၉ ရက်၊ ၁၂ ရက်တို့ ကံပွင့်လန်းနေမည် ဖြစ်သည်။
ယတြာ – ဘက်စုံပြုပြင်ရန် အလှူငွေထည့်ပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁
အကြံအစည်အောင်မည်။ လုပ်ငန်း အဆင့်အတန်း အခြေအနေတိုးတက်ကောင်းမွန်မည်။ အစုစပ်လုပ်ငန်းများ၌ ဈေးကွက်တိုးချဲ့ နိုင်မည်။ နိုင်ငံခြားကုန်သွယ်မှု ဆက်လက်အကျိုးပေးမည်။ ပညာရေး၌ စာမေးပွဲကံကောင်း သလို အသိဉာာဏ်စွမ်းလည်း မြင့်မားတိုးတက်နေမည်။ တစ်ပတ်လုံးကံကောင်းနေသည် ဖြစ်၍ မိမိ၏ တာဝန်ယူဆောင်ရွက်မှုများ ပြီးပြတ်အောင် လုပ်ဆောင်နိုင်မည်။
ယတြာ – စနေထောင့်၌ နှင်းဆီနီ၊ အောင်သပြေ၊ ရွက်လှပန်းများ လှူပါ။
မေထုန်ရာသီဖွား၊(Gemini) မေ ၂၂ မှ ဇွန် ၂၂
ယေဘုယျကံကောင်းသည့် ရက်များ ဖြစ်သည်။ ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စ၊ စာမေးပွဲကိစ္စများ အဆင်ပြေချောမွေ့မည်။ ကျက်မှတ် မှုများ ထိရောက်နေသလို အသိဉာာဏ်လည်း များစွာ ထက်မြက်ပွင့်လန်းနေမည်။ ကိုယ်ရေး ကိုယ်တာနှင့် နေရေးထိုင်ရေးကိစ္စများ အဆင့်မြင့်တိုးတက်အောင်မြင်အောင် ဆောင်ရွက် နိုင်ချိန်ဖြစ်သည်။ သားသမီးတပည့်တပန်း အထူးကောင်းကျိုးပေးမည်။
ယတြာ – သင်ဆရာတစ်ဦးဦးအား တတ်စွမ်းသမျှ ကန်တော့ပါ။
 ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃
၉ ရက်နှင့် ၁၄ ရက်တို့ ကံပွင့်လန်းနေပြီး ၀ါသနာအရင်းခံသည့် အလုပ်များ တိုးတက်အောင် ဆောင်ရွက်နိုင် မည်။ အကြံအစည်ကောင်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်။ ယှဉ်ပြိုင်ဘက် များထက် ကျော်လွန်၍ စီးပွားဖြစ်လိမ့်မည်။ မြေယာနှင့် အမွေအနှစ်၊ ကျောက်မျက်နှင့် သယံဇာတအကျိုးပေးနိုင်ချိန်ဖြစ်သည်။ ယာယီပေါ်ပင်အလုပ်များ ကောင်းကျိုးဆက်လက် ပေးလိမ့်မည်။
ယတြာ – သောကြာထောင့်၌ ရေမွှေးနှင်းဆီများ ကပ်လှူပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃
စာမေးပွဲကံတရားနှင့် ဉာာဏ်စွမ်း ဉာာဏ်စ ထက်မြက်နေချိန်ဖြစ်သည်။ အဓိကလုပ်ငန်းတို့၌ အောင်မြင်တိုးတက်ရန် အခြေအနေ ကောင်းများ ပေါ်ထွက်လာမည်။ အနာဂတ်အကျိုးရှိမည့် လုပ်ငန်းတိုးချဲ့မှုနှင့် အစုစပ်လုပ်ငန်း စတင်ဆောင်ရွက်မှုများ လုပ်ဆောင်ရတတ်သည်။ ညီအစ်ကိုသားချင်းများထံမှ ကောင်းကျိုး များရရှိလိမ့်မည်။ ကုသိုလ်ရေးအဓိဋ္ဌာန်မအောင်မမြင်ဖြစ်တတ်သည်။
ယတြာ – အင်္ဂါထောင့်၌ နှင်းဆီနီနှင့် ဆွမ်းကပ်လှူပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃
တစ်ပတ်လုံးကံကောင်း နေမည်ဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းချဲ့ထွင်နိုင်မည်။ ရုပ်ဝတ္ထုပစ္စည်းများ အကျိုးပေး တိုးပွားမည်။ သိုလှောင်ရောင်းချသော ကုန်ပစ္စည်းများ အမြတ်အစွန်းကောင်းစွာရရှိမည်။ ရပ်ဝေးလုပ်ငန်းအဆက်အသွယ်ကောင်းများ ပေါ်ပေါက်လိမ့်မည်။ ပညာရေးကံပွင့်လန်းမှု ရာနှုန်းများစွာရှိလိမ့်မည်။ ယာယီနိုင်ငံရပ်ခြားကုန်သွယ်မှုလုပ်ငန်းများ အကျိုးအမြတ်တိုးတက် ရရှိမည်။
ယတြာ – ဗုဒ္ဓဟူးထောင့်၌ ရွှေသင်္ကန်းကပ်ရန် အလှူငွေလှူပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃
၉ ရက်နှင့် ၁၄ ရက်တို့ ကံတရားကောင်းမွန်ပြီး လုပ်ငန်းကိစ္စများ တိုးတက်အောင်မြင်လိမ့်မည်။ အကြံအစည် အောင်မည်။ အမွေအနှစ်၊ ဇိမ်ခံပစ္စည်း၊ ရင်းနှီးမြှုပ်နှံမှုစသည့် အကျိုးပေးမည်။ ရန်နှင့် ပြဿနာတို့ကို အောင်မြင်ကျော်လွှားလိမ့်မည်။ အပြိုင်အဆိုင်လုပ်ငန်းများ စီးပွားဖြစ်၍ နာမည် ဂုဏ်သတင်းတိုးတက်ကျော်စောမည်။ အများ၏ အထင်ကြီးလေးစားနေရာပေးခြင်း ခံရမည်။
ယတြာ – ရာဟုထောင့်၌ ရွှေထီးနှင့် အောင်သပြေ၊ ရွက်လှများ ကပ်လှူပါ။
 ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂
၉ ရက်နေ့သည် ကုသိုလ်ကံအထူးကောင်းနိုင်သည်။ ကုသိုလ်ကောင်းမှု၊ အလဈဒါနများ စိတ်အေးချမ်းသာစွာ ပြုရတတ်သည်။ ပညာရေးတိုးတက်အောင်မြင်မှုရရှိအောင် ထူးထူးချွန်ချွန်ဆောင်ရွက်နိုင် လိမ့်မည်။ ဟောပြောခြင်း၊ ပို့ချခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း၊ ၀ါဒဖြန့်ချိခြင်း၊ စာချုပ်စာတမ်း ကိစ္စနှင့်ပတ်သက်၍ ကောင်းကျိုးရှိလိမ့်မည်။ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်အောင်မြင်နိုင်၏။
ယတြာ – စနေထောင့်၌ ရောင်စုံပန်းများ ကပ်လှူပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂
စုဆောင်းငွေနှင့် ၀င်ငွေတိုးပွားနိုင်သည်။ သိုလှောင်ရောင်းဝယ်သော အလုပ်၊ အမွေအနှစ်နှင့် သယံဇာတတို့မှ အကျိုးပေးကောင်းမွန်လိမ့်မည်။ ရွှေထည်ဟောင်းများ ၀င်နိုင်၏။ လုပ်ငန်းအကြံအစည်များ အဆင်ပြေနိုင်သည်။ နှစ်ရှည်လုပ်ငန်းကြီးများ လုပ်ကိုင်ဆောင်ရွက်ရတတ်သည်။ ဆက်သွယ် ရေးလုပ်ငန်းများ၌ တိုးတက်အောင် ဆောင်ရွက်နိုင်လိမ့်မည်။
ယတြာ – တနင်္ဂနွေထောင့်၌ သစ်သီးဆွမ်းကပ်လှူပါ။
 မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉
ကံကောင်းသည့် နေ့ရက်များဖြစ်သည်။ လုပ်ငန်းကိစ္စတို့၌ မိမိ၏ ပြောဆိုဆက်ဆံမှု ကောင်းသောကြောင့် အကျိုးစီးပွားပိုမိုဖြစ်ထွန်းလာမည်။ နောက်လိုက်တပည့်တပန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည် ကြောင့် လုပ်ငန်းအကျိုးအမြတ်တိုးပွားမည်။ မီဒီယာလုပ်ငန်းတို့၌ ပိုမို၍ ကုသိုလ်ကံပွင့်လန်း လာမည်။ အဓိကအကြံအစည်များ အောင်မြင်၍ ၀င်ငွေကောင်းလာမည်။
ယတြာ – ကြာသပတေးထောင့်၌ မွှေးကြိုင်သောပန်းများ ကပ်လှူပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉
ပညာရေးအောင်မြင် မှုများ သိသာထင်ရှားစွာ တိုးတက်လာမည်။ အသိဉာာဏ်ထက်သန်နေသလို စာမေးပွဲ ကံတရားလည်း ကောင်းမွန်နေမည်။ ၀င်ငွေနှင့် အကျိုးအမြတ် တိုးပွားရန် အစပျိုးနေပြီဖြစ် သည်။ အထူးသဖြင့် ရေလမ်းကုန်သွယ်မှု၊ မြို့ပြအင်ဂျင်နီယာလုပ်ငန်း၊ စိန်၊ ရွှေ၊ ရတနာ တို့နှင့် အားကစားပစ္စည်းများ၊ အလှကုန်များမှ စီးပွားတက်မည်။ အခက်အခဲပြဿနာတို့ကို ဖြေရှင်းကျော်လွှားနိုင်မည်။
ယတြာ – တနင်္ဂနွေထောင့်၌ အုန်းဆွမ်းကပ်လှူပါ။
မိန်ရာသီဖွား (Pisces) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁
၉ ရက်နှင့် ၁၄ ရက်တို့ ကံကောင်းလိမ့်မည်။ ယာယီကြားဖောက်အလုပ်များမှ ၀င်ငွေတိုးမည်။ သားသမီးရတနာ အကျိုးပေးမည်။ လေလံ တင်ဒါကိစ္စအောင်မြင်မည်။ မိမိ၏ အကြံအစည်ကောင်းများ အောင်မြင်ရန် ကြိုးစားအားထုတ် မှု အရာရောက်လိမ့်မည်။ အဆင်မပြေနေသော အရောင်းအ၀ယ်ကိစ္စများ အဆင်ပြေ သွားလိမ့်မည်။ အစုစပ်လုပ်ငန်းများမူ အရှုံးပေါ်တတ်၍ သတိထားဆောင်ရွက်သင့်၏။
ယတြာ – ဆန်၊ ဆီ စသည်တို့ လှူဒါန်းပါ။
ပရောဖက်မြတ်သစ်၊(နက္ခတ္တဝေဒပညာရှင်)
အခန်း(၂၀၁)၊ ဒုတိယထပ်၊ တိုက်(၄)၊ သီရိဂုဏ်အိမ်ရာ
ဝေဇယန္တာလမ်း၊ ၁၆/၂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။
ဖုန်း – ၀၉ ၇၃၀၀ ၄၉၃၂၊ ၅၆၄၇၆၅၊ ၅၇၇၉၉၁။
About ကိုဇင်ရော် မာလာပုလဲ
ကိုဇင်ရော် မာလာပုလဲ has written 9 post in this Website..