ဟေ့ကောင်ကြောင်ကြီး.. မင်းအပေါက်ပိတ်စမ်း..။ တောက်စ်.. မလောက်လေး မလောက်စားနဲ့၊ ငါလိုသဂျီးကို … ခွီးထဲမှပဲ။ ဦးခိုင်တယောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေခြင်းမှာ ၎င်းအား အချိုးမပြေဟု ဝေဖန်နေခြင်းကြောင့်တီး။ မင်းနာမည်ကြီးချင်တိုင်း ငါလို ဂုံသားရေရှိ လုဂျီးလုဂေါင်းကို တောင်ပြောမြောက်ပြောနဲ့ မဟုတ်တမ်းတယား လျှောက်ဖွရသလားကွ။ ငါ့ဟာငါ ဘာလုပ်လုပ် နင့်အပူပါလား.. ဂေါင်းဇောင်ဂျီးကွ ဂေါင်းဇောင်ဂျီး။ မင်းတို့တွေ ကိလေသထဖို့ ဒေါက်တာချက်ကြီ်း ငါထောင်ပေးထားတာ၊ ကျေးဇူးတရား သိတတ်ရတယ်။ တယောက်ထဲ အိမ်မှာဒိုင်လျှို ကြည့်နေရသားနဲ့ အားလုံးမြင်ကြပါစေဆိုပြီး ဖရီးပွန်းဆိုက် လုပ်ပေးထားတာမှ မထောက်…။ အေဗေးဂေါင်တွေ ယီးပဲ…..။  သဂျီးကို ကလန်ကဆန် ပြောမိသူများအားလုံး ကိုယ်မဟုတ်သလို ငြိမ်နေရသည်။

မင်းတို့ ဘာသောက်ဖစ်ရှိလဲ၊ စိနတိုင်းသားတွေ တူးပေးမှ မြေဂျီးက ရွှေသီးမှာ။ အခုတော့ …. ရွာနာတယ်လေး ဘာလေးနဲ့  ညဥ့်အချိန်မတော် အပျိုတွေအိပ်ခန်း ဖောက်တာ မြေကြောဆက်နေလို့ မတော်တဆဖြစ်တာ… ချောင်းတော့လည်းကွာ အသားပဲ့ပါတာမှ မဟုတ်တာ ဘာဖြစ်လဲ။ အခုရွာမှာဆို အနှိပ်ခန်းတွေ ဘာတွေနဲ့ စည်ကားစပြုနေပြီ။ အရင်လို ရွာသူတွေ ပင်ပင်ပန်းပန်း လယ်တောဆင်းစရာ မလိုတော့ဘူး။ ကြွကြွကလေး ထိုင်ပြီး စိနတိုင်းသား ကပ်စတန်မာတွေ မျှော်နေယုံပဲ။ ရွာသားဆိုလည်း လုံခြုံရေးယူနီဖောင်းနဲ့ဘာနဲ့ မသိရင် စစ်ဗိုလ်ချုပ်ကြီး ကြနေတာပဲ။ ရွာသားတဦးမှ ကန့်ကွက်ရန် ပြင်လိုက်စဉ်.. နေအုံး အဲဒါထက် အရေးကြီးတာ စာချုပ်စာတမ်းလုပ်ထားတာ… ကတိဖျက်ရင် အမျိုးဂုဏ်သိက္ခာကျလိမ့်မယ်၊ မင်းတို့ ဘိန်းစိုက်ရောင်းတောင် သူတို့ အဖက်လုပ်ဝယ်မှာ မဟုတ်ဘူး။ ပြီးတော့ ရွာကိုယ်စားလှယ်တွေရှေ့ အခိုင်အခန့်လုပ်ထားတာ …..။ ရွာသားများ၏ မကျေနပ်သံများ ထွက်လာရာ ဟေ့… မင်းတို့ လုပ်အားပေး မလိုက်၊ မီးကင်း မစောင့်ချင်လို့ အငှားလိုက်ခိုင်းတဲ့ ကဝေအောင်၊ ကဖော၊ ကဂီတို့ဆိုတာ ကိုယ်စားလှယ်တွေပေါ့ကွ။ ဒီမှာ လက်မှတ်ထိုး လက်မှတ်ထိုးထားတဲ့ စာရင်းရှိတယ်နော်။ အချုပ်ထဲ ဆွဲသွင်းလိုက်ရ နာတော့မယ်..။

ရွာသားများ အရေးနိမ့်လုဆဲဆဲ ဖြစ်နေစဉ်… အဟမ်း….. ချောင်းဟန့်သံနှင့်အတူ ချောင်တွင်ကုပ်နေသော ကြောင်ကြီးမှ… “အဲလိုဂျေးဆို၊ ကျုပ်ကို သမီးဒေါ်လေးနဲ့ ပေးစားပါ။” ဘာကွ.. သဂျီးအသံ တိရစ္ဆာန်ရုံရှိ ခြင်္သေ့ ဟိန်းဟောက်သံတမျှ ကျယ်လောင်လှသည်။ သိပ်ဒေါသမကြီးပါနဲ့ ဦးခိုင်… ကျုပ်ပြောတာ ခေါင်းအေးအေးထား နားထောင်။ ဦးခိုင်သဂျီး ဂျီးဦးခိုင်ဟု နာမည်ပုတ်လောက် ကြီးနေသော်လည်း သူငယ်နာရောဂါဖြစ်စဉ် သူ့ထက် အသက်၃၀မျှ ငယ်သူ ကြောင်ကြီးနှင့် ကစားဖော် ဖြစ်ဖူးသည်။ ထို့ကြောင့် သူ့အား ကြောင်ကြီး မကြောက်ချေ။ လွန်ခဲ့တဲ့ဆယ်နှစ် ဒီအချိန် သဂျီး ကတိစကားခံပြီး ဂေါ်လီတလုံး ချေးဖူးတာ မှတ်မိလား။ အကယ်၍ သဂျီး သမီးမွေးရင် ကျုပ်နဲ့ လက်ဆက်ပေးရမယ် ဆိုတာလေ။ အခုအချိန်ကျပြီ.. ငှဲလျောင်း ငှဲလျောင်း..။ ဟမ်….. ခွေးငကြောင် ပေါက်လွှတ်ပဲစား မပြောနဲ့၊ ငါကစားချင်ဇောနဲ့ ပြောခဲ့တာ၊ အဲဒုံးက မိန်းမ မရသေးဘူး၊ ရမယ်လဲ မထင်လို့။ အညိုက မဂ္ဂဇင်းတိုက်တွေ စာမူပို့ချင်ရင် ငါ့ကိုမုန့်ဖိုးပေးပြီး စာတိုက်သွားခိုင်းနေတဲ့အချိန်…။

ခွေးလွှတ်ပါ သမီးဒေါ်လေး

ခွေးလွှတ်ပါ သမီးဒေါ်လေး

အပိုတွေ ပြောမနေနဲ့ဗျာ.. သဂျီးပြောတော့ ကတိမဖျက်စကောင်း.. အမျိုးဂုဏ် ပျက်မယ်ဆို။ သက်သေအဖြစ် ဘဂျီးပု အရက်ဖိုက ဖားပြုတ်ကြီးရှေ့ သစ္စာဆိုခဲ့တာ မှတ်မိလား။ သဂျီးငိုင်သွားသည် သို့သော်.. ပေးဘူးဟေ့ မင်းအစား ခွေးအမြီးဖြတ် ပေးစားမယ်.. ရှင်းလား.. တင်းတင်းမာမာ ဆိုရာ လူအုပ်ထဲရှိ ကာလာသားများထံမှ ဝုတ်..ဝုတ် အသံထွက်လာသဖြင့်… သဂျီးလည်း အခြေအနေ ရိပ်စားမိပြီး အဲလိုမကျီစားနဲ့ကွာ၊ သမီးလေးကို ဂျက်စတင်းဘီဘာနဲ့ ရည်ရွယ်ထားလို့ပါ။ ဤတွင် ကကြောင်ကြီးမှ ကျုပ်နှလုံးသားကို ရွာအတွက် စတေးခံ ရဲပါတယ်၊ သဂျီးအနေနဲ့သာ တာဝန်သိပါ ဒါဗျဲဟု သမီးဒေါ်ဂလေးဓါ့ပုံ ထုတ်ကြည့်လျက် မချိတင်ကဲဆိုရင်း စည်းဝေးပွဲ ပြီးဆုံးသွားသည်တွင်…

နောက်နေ့နံက် ဂဇက်သဒင်းစာပါ “ကျွန်ုပ်တို့ သတင်းစာမှ စိနတိုင်း၏ ဂဇက်စီမံကိန်းအား ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်” မျက်နှာဖုံးသတင်းအား မင်္ဂလာသတင်းအဖြစ် တရွာလုံး အောင်ပွဲခံနေချိန်ဝယ် ရွာထောင့် တနေရာမှ အငိုမျက်လုံး အပြုံးမျက်နှာဖြင့် ငေးမောကြည့်နေသူမှာ……. …. ကျွန်ုပ်တွင် ဆက်လက်ရေးသားရန် ခွန်အားမရှိတော့ပါ၍ နားလည်ပေးပါရန်… :byae:

အညတရ သရဲဂေါင်း အဖြည့်ခံ ဦးကြောင်ကြီး

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 639 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး