( ကျွန်တော် တို့ ရွာသားကြီး ကိုထွန်းဝင်းလတ် မှ တင်ပေးဖို့ အကူ အညီတောင်းလာသော ကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါသည် ။)

ရွာကလေးက အနာဂတ်ကြယ်လေး၏ ရင်ဖွင့်သံ….

ကျနော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ
ဖားပန်အေးချမ်းကျေးရွာက ကျောင်းသားလေးတစ်ယောက်ပါ… ကျနော်ဒီနှစ်
ဂရိတ်တူးခေါ်တဲ့ ပထမတန်းစာမေးပွဲကို ဖြေဆိုထားပါတယ်…ကျနော့်နာမည်လေးကတော့
မောင်အောင်ဘုပါ…

ကျနော်မှာ ညီလေးတစ်ယောက်နဲ့
ညီမလေးတစ်ယောက်ရှိတယ်…ညီလေးကတော့ ဒီနှစ် ဂရိတ်ဝမ်းခေါ်တဲ့
သူငယ်တန်းပေါ့…ညီမလေးကတော့ ငယ်သေးတယ်..

အဖေ့နာမည်ကတော့ ဦးပျဉ်းမောင်ပါ
နာမည်ကြောင့် ဦးဦးဒေါ်ဒေါ်တို့က ကျနော့်အဖေကို လူပျင်းကြီးလို့
မထင်ကြပါနဲ့နော်…သားအဖေက ရွာမှာ
ကျုံရာကျပန်းအလုပ်တွေလုပ်ပါတယ်…မိုးရာသီမှာ သူများလယ်တွေမှာ
သူရင်းငှားလုပ်တယ်..လယ်တွေစိုက်ပြီးရင် တောထဲတောင်ထဲမှာ
ဖားရှာငါးရှာတာပေါ့..အမေ့နာမည်ကတော့ ဒေါ်ပုလို့ခေါ်ပါတယ်…အမေကတော့
ကျနော်တို့ မောင်နှမသုံးယောက်နဲ့ အဖေအတွက် ချက်ရေးပြုတ်ရေးကို
တာဝန်ယူတဲ့အပြင် အားလပ်တဲ့ အချိန်တွေမှာ တောထဲကို
ဆေးမြစ်တူးလည်းသွားတတ်တယ်.. စီးပွားရေးလား
..ဒီလိုပါပဲ..ရွာမှာနေတာဆိုတော့
ထမင်းတော့မငတ်ဘူးပေါ့

…အော်..ကျနော်တို့ရွာလေးက ရွှေဘို-မြစ်ကြီးနား
ကားလမ်းဘေးမှာရှိတာပါ..ကားလမ်းဆိုပေမယ့်
ကတ္တရာခင်းထားတာတော့မဟုတ်ပါဘူး..ကျနော်မမွေးခင်ကတော့ အဲ့ကားလမ်းက
ကတ္တရာလမ်းလို့ပြောတာပဲ..

အဖေနဲ့ရွာကလူတွေ ရွာဘေးချောင်းထဲကကျောက်တွေကို
ခွဲပေးခဲ့ရတယ်ဆိုလား…လုပ်အားပေးနဲ့ ကျောက်တွေကို
လမ်းဘေးရောက်အောင်သယ်ပို့ပေးရတာတဲ့…. လမ်းကို ကတ္တရာခင်းပြီး
လေးငါးနှစ်လောက်ပဲခံတယ်..ပျက်သွားလို့..ခုတော့
ကျောက်ခင်းလမ်းဖြစ်နေပြီလေ…

အဖေတို့ပြောသံကြားရတာတော့ လမ်းဗိုလ်ဆိုတဲ့
လူကြီးတွေက ကျောက်တွေရော..ကတ္တရာတွေရော စားတယ်ဆိုလား…ကျနော် အံ့ဩလို့
မဆုံးတော့ဘူး..

ကျနော်တို့ရွာက လူတွေအများစုကတော့
လယ်လုပ်ကြပါတယ်…ချမ်းသာတဲ့လူလား..မရှိသလောက်ပါပဲ…ဘယ်လောက်ချမ်းသာကြတယ်
မချမ်းသာကြဘူးဆိုတာ…ကျနော်တို့ကျောင်းလေးကို
ကြည့်ရုံနဲ့သိသာပါတယ်ဗျာ…

ကျနော်တို့
ကျောင်းလေးဟာအစိုးရမူလတန်းကျောင်းမဟုတ်ပါဘူး..ရွာကကြိုးစားတည်ဆောက်ထားတဲ့
ကိုယ်ထူကိုယ်ထကျောင်းလေးပါ… အရင်ကသက်ကယ်မိုး
ထရံကာကျောင်းလေးပေ့ါ…

ဒါကို..အရင်က တိုင်းမှူးဆိုလား..ဘာလားးးသူက
ကားကြီးနဲ့လာတော့ မြင်သွားပြီး မြို့နယ်ပညာရေးမှူးတွေကို
နောက်တစ်ခါလာရင် ဒီကျောင်းကို ဒီပုံအတိုင်းမမြင်ချင်ဘူးဆိုလို့
ကျနော်တို့နေတဲ့ကျောင်းလေးကိုဖျက်ပြီး
ကျောင်းဆောင်သစ်ဆောက်ကြတာလေ…

ဘယ်ကလာ…ဘယ်သူမှအကုန်ကျခံတာမဟုတ်ဘူး..အင်းတော်မြို့က
လူမှုကူညီရေးအသင်းတစ်ခုက ကျောင်းဆောင်အတွက်လိုတဲ့သွပ်တွေလှူတာ..ရွာသားတွေက
တောထဲကနေ တိုင်တေ၊ွပျဉ်တွေရဖို့ ဝိုင်းပြီးကြိုးစားထားကြလို့..ခုဆို
ကျောင်းလေးက အမိုးတော့ပြီးသွားပါပြီ…။

အကာတွေ၊အခင်းတွေတော့မရှိသေးဘူးပေါ့..ခက်တာက
အဲ့ကျောင်းလေးကို ဒီနွေရာသီကျောင်းပိတ်ရက်မှာ အပြီးဆောက်ရမယ့်လို့
လူကြီးတွေကပြောသွားတယ်တဲ့လေ… အဲ့တာဆိုတော့
ရွာကလူကြီးတွေဘာလုပ်ရမယ်မှန်းမသိဘူး…
ကိုယ့်ဝမ်းစာကိုယ်တောင်မနည်းရှာစားနေကြရတဲ့လူတွေလေ…ဒီကျောင်းကြီးပြီးအောင်ဘယ်လိုလုပ်
တတ်နိုင်ကြမှာလဲ…သူတို့မို့
မစဉ်းမစားပြောရက်တယ်….

.ရှေ့နှစ်ကျောင်းဖွင့်ချိန်အမီမပြီးရင်
ကျနော်တို့စာသင်နေတဲ့ကျောင်းလေးကို
ဖျက်ရမယ်တဲ့…ကျနော်ဝမ်းနည်းလိုက်တာ…ကျနော်တို့ကျောင်းလေးကိုဖျက်ပြီး..ရွာနဲ့နှစ်မိုင်လောက်
ဝေးတဲ့ မူလတန်းကျောင်းလေးမှာ
ကျနော်တို့သွားတက်ရမယ်ဆိုပဲ…ကျနော်တော့မပြောင်းချင်ပါဘူး…

နေ့တိုင်းနေ့တိုင်းအသွားအပြန်လေးမိုင်လောက်လျှောက်ရမဲ့ခရီးလေ…သူတို့သားသမီးတွေ..ကျနော်တို့လိုလျှောက်ရမယ်ဆိုရင်ရော…သူတို့တွေက
ပြောင်းရမယ်လို့ပြောကြပါ့မလားလို့..ရွာဦးကျောင်းဆရာတော်ကတော့
မိန့်ကြားတာကြားမိသဗျ… တစ်ချို့မိဘတွေကတော့ သူတို့သားသမီးတွေကို
စိတ်မချလို့ဆိုပြီး ရှေ့နှစ်ကိုကျောင်းမထားကြတော့ဘူးလို့
ပြောနေကြတာပဲ…

mg

ရွာထိပ်က ဘကြီးမိုးကတော့…ဒီလိုပြောနေတယ်…ပညာသင်ကြားရမဲ့
ကလေးအရွယ်တိုင်း
မသင်မနေရအခမဲ့ပညာရေးစနစ်ဆိုပြီးတော့..ငါတို့..ကိုယ်ထူကိုယ်ထလုပ်ထားတဲ့ကျောင်းလေးကို
တော့ဖျက်ရမယ်တဲ့..ဘယ်လိုတွေလဲ..ဒါလားကွ..နိုင်ငံတိုးတက်အောင်
ခေတ်မီအောင်လုပ်တာ..ဒါလားကွ..အပြောင်းအလဲဆိုတာ….ဆိုပြီးမကျေမနပ်နဲ့ရေရွှတ်နေတော့တာပါပဲ….

ကိုဖိုးတူးကတော့ ပျော်နေတယ်…သူသားရှေ့နှစ်ကို လေးတန်းရောက်မှာလေ…သူ့က
တစ်နေ့လုပ်တစ်နေ့စားဆိုတော့ သူ့သားငွေမောင်ကို
ကျောင်းထားရင်စာအုပ်ခဲတံဖိုးတွေရှာရမှာမဟုတ်လား…အခုတော့
ရှေ့နှစ်ကျောင်းလေးမရှိတော့ဘူးဆိုရင် ကျောင်းသွားရတာဝေးတယ်ဆိုပြီး
သူ့သားကိုကျောင်းထုတ်ပြီး…သူရင်းငှားလုပ်ခိုင်းမယ်ဆိုလား

…ပြီးတော့ပြောသေးတယ်….ပညာတတ်တော့ရောဘာလုပ်လို့ရမှာလဲ..ပညာတတ်ဘွဲ့ရပြီး
အလုပ်မရှိအကိုင်မရှိဖြစ်နေတဲ့ကောင်တွေ..ကျောင်းတက်ပြီး ဆေးစွဲ၊
အရက်စွဲ..လမ်းဘေးရောက်နေတဲ့ကောင်တွေ နည်းသလားတဲ့….တကယ်ရော
အဲ့လို့ဖြစ်နေတာလားဟင်…

ကျနော်က မြို့ဆိုဘယ်မြို့မှ
မရောက်ဘူးဘူးဗျ….

.ဒါပေမယ့်
ကျနော်ပညာတတ်အောင်သင်ပြီးကျောင်းဆရာတစ်ယောက်ဖြစ်ချင်တယ်…ရွာမှာစာလာသင်တဲ့..
ဆရာလေးကိုကြည်မောင်လိုပေါ့…ဆရာလေးက ဆံပင်တိုတိုကိုသပ်သပ်ရပ်ရပ်လေးဖြီး
အဖြူအစိမ်းလေးနဲ့..စာသင်တော့လည်း
စိတ်ရှည်ရှည်ထားတယ်..ကျနော်တို့ကလေးတွေကို
ဘယ်တော့မှမရိုက်ဘူး..

အို…ရိုက်ဖို့မပြောနဲ့…တုတ်ကိုင်တာတောင်မမြင်ဘူးဘူး…
ကျနော်ဆရာလေးလို အရမ်းဖြစ်ချင်တာပဲ…ဒါပေမယ့်လည်းလေ…
ကျောင်းလေးကိုမဖျက်ရရင်တော့..ကျနော်က ဒီကျောင်းလေးမှာ
လေးတန်းအထိပဲနေရမှာ..

တကယ်လို့
လေးတန်းအောင်သွားရင်တောင်..အဖေ..အမေတို့က..ကျောင်းဆက်ထားနိုင်ပါ့မလား..ကျနော်
ကျောင်းဆက်နေခွင့်ရှိပါ့မလားလို့လည်းတွေးနေမိတာပေါ့..ဒါတွေကဝေးပါသေးတယ်..ခုလောလော
ဆယ်ဆယ်တော့..ရွာသူရွာသားတွေရဲ့ချွေးတွေသွေးတွေကို
အရင်းပြုတည်ထောင်ထားတဲ့..ဒီကိုယ်ထူ ကိုယ်ထကျောင်းလေး အဖျက်မခံရစေဖို့
ကျနော်ဆုတောင်းရမှာပါ…

အကယ်၍များ ကျောင်းလေးကို ဖျက်ခံရမယ်ဆိုရင်
ကျနော်ရွာနဲ့နှစ်မိုင်လောက်ဝေးတဲ့ ခရီးကိုသွားရင်လည်းသွားရပါစေ….အဖေတို့
အမေတို့ကရော ကျနော့်ကိုစိတ်ချပါ့မလား..ဒီလမ်းခရီးက
တောလမ်း..မိုးရာသီ..မိုးတွေရွာပြီး ချောင်းလေးသာရေတွေကြီးနေရင်
အမေနဲ့အဖေလာကြိုပေးနိုင်ပါ့မလားးးးး…ကျနော့်ရဲ့ပညာရေးရှေ့ဆက်ဖို့ကတော့
ရွာကကျောင်းလေး အပေါ်မှာ မူတည်နေတာပါ…

mg4

mg5

ဒီကျောင်းလေးပြီးမြောက်အောင်ဆောက်လုပ်ဖို့က ငွေ(၂၅)သိန်းလောက်
အနည်းဆုံးလိုအပ်တယ်တဲ့…၂၅သိန်းဆိုတာ
ဘယ်လောက်များသလဲ..ကျနော်မသိပါဘူး…အဖေကတော့ ၂၅သိန်းဆိုတာအဖေတို့
တစ်ရွာလုံးက အိမ်တွေကို ဝယ်ပစ်လို့ရတယ်ပြောတာပဲ…

.ဒီစာလေးကို ဖတ်မိတဲ့
ဘိုးဘိုး၊ဘွားဘွား၊ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမများခင်ဗျား…တတ်နိုင်ရင်
ကျနော်တို့ရွာက ကလေးတွေ ရွာနဲ့မခွဲပဲ ပညာသင်ကြားနိုင်ရေးအတွက်
တတ်နိုင်တဲ့ဘက်က ကူညီပေးကြစေလိုပါတယ်…..

ကျနော်တို့ရွာကျောင်းလေးကနေ
ပညာတွေသင်ပြီး ပညာတတ်ကြီးတွေဖြစ်လာကြပြီး နိုင်ငံခေါင်းဆောင်တွေ
ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ….ဆရာလေးကိုကြည်မောင်က
ကျနော်တို့ကိုပြောဘူးတယ်….နာမည်ကျော်တွေ နာမည်ကြီးတွေက တောသားတွေကွတဲ့….

ဘယ်လိုပဲဖြစ်ဖြစ်ပါ..ကျနော်ကတော့ ညအိပ်ယာမဝင်ခင် ဘုရားရှိခိုးတိုင်း
ရွာကစာသင်ကျောင်းလေးကို ပြီးစီးအောင် ကူညီပေးနိုင်တဲ့ ပေါ်လာပါစေလို့
ဆုတောင်းနေလျှက်ပါ…

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..
K.T.W.L

mg1

mg2

mg3

စိတ်ပါဝင်စားသူများ ရှိပါလျှင် ……………

About ကထူးဆန္း

has written 107 post in this Website..