ငုဝါဝါ တို့ တွဲလွဲခို

1 ငုဝါ ဝါ
1 ငုဝါ ဝါ
2 ကောင်းကင်ပြာပြာ ငုဝါဝါ
2 ကောင်းကင်ပြာပြာ ငုဝါဝါ
4 ပန်ချင်စရာ အပွင့်ဝါဝါ
3 ပန်ချင်စရာ အပွင့်ဝါဝါ
5 အခိုင်ခိုင် အတင့်တင့်
4 အခိုင်ခိုင် အတင့်တင့်
6 အဝါရောင် အပွင့် အဆုပ်ဆုပ်
5 အဝါရောင် အပွင့် အဆုပ်ဆုပ်
8 ခူးချင့်စဖွယ်
6 ခူးချင့်စဖွယ်

“ငုဝါပန်းတွေကမြိုင်”

သင်္ကြန်နားနီးရင် ပိတောက်ပွင့်သလို ငုဝါတွေလဲအမြဲပွင့်ပါတယ်။

ပိတောက်က မွှေးပေမယ့် ငုဝါကတော့ ရနံ့ကင်း။

ပိတောက်က ပြွတ်ခဲနေအောင်ပွင့်ပေမယ့် ငုဝါက တွေ တွဲလွဲလေးတွေ.။

ပိတောက်က တစ်ရက်ဘဲ ခံပေမယ့် ငုဝါကတော့ အပင်မှာထားရင် ရက်ကြာကြာခံ။

ပိတောက်ကရွှေရောင်တောက်ပေမယ့်  ငုဝါကတော့ အဝါဖျော့ဖျော့။

ပိတောက်က တစ်နှစ်မှာ တစ်ရက်သာပွင့်ပေမယ့် ငုဝါကတော့ ရာသီချိန်ရောက်တာနဲ့ပွင့်။

ပိတောက်က တော်ဝင်နန်းထိုက် အများကြိုက်လို့ပန်ဆင်လိုသူပေါတဲ့ပန်း။

ငုဝါကတော့ ပန်သူမဲ့။

သို့သော်

ဘယ်သူတွေဘယ်လိုသဘောထားထား

ငုဝါပန်းတွေကတော့ သူ့ရာသီရောက်တာနဲ့မြိုင်နေတာပါဘဲ။.

ကျနော်တို့ရဲ့ နေစဉ်ဖြတ်သန်းမှု့မှာ ငုဝါပန်းလေးတွေလိုသဘောထားနိုင်ကြပါ့မလား။

အောင် အပြင်လောကကြီးမှာတော့

ငုဝါပန်းတွေကမြိုင်………………………………

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။.

8-4-2013

 

7 အခက်အခက်
7 အခက်အခက်
8ငုဝါပန်းတွေကမြိုင်
8ငုဝါပန်းတွေကမြိုင်
9 ရင်ခုန်ချင်စရာ
9 ရင်ခုန်ချင်စရာ

 

 

 

 

 

8 comments

  • ကပ္ပိယ မောင်ကြီး

    April 15, 2013 at 7:12 pm

    အပြင်မှာ အဝေးကကြည့်တော့ ဘာမှမဟုတ်တယ် ။ ဓါတ်ပုံဆရာ ရိုက်ချက်ထဲမှာတော့ ၊ လှချင်တိုင်းလှနေတဲ့ ဝါဝါဝင်းရွှေပါဘဲ။

  • KZ

    April 16, 2013 at 12:56 pm

    ငု ဝါဝါ။
    ငု တောင် အဝါ အရင့် အနု ၂ မျိုးရှိတာ တွေ့ဖူးသလားပဲ။ :mrgreen:

  • kai

    April 16, 2013 at 2:51 pm

    ပိတောက်က နိုင်ငံတော်ပန်းဖြစ်ဖို့.. တင်ကြရမှာ..
    နိုင်ငံတော်ဝေဒအဖွဲ့ကတွက်ချက်ပြီး.. တရက်နဲ့ကြွေတာမို့.. ဗေဒင်ကိန်းခန်းအရ.. တော်မထိုက်ပဲ.. ပယ်ခံရတယ်တဲ့..
    ပိတောက်နဲ့အပြိုင်လှတဲ့.. ငုကို.. နိုင်ငံတော်ပန်းအဖြစ်အဆိုတင်ဖို့ကောင်းတယ်..
    သူက.. ကြာကြာခံတယ်.. အဝါနဲ့အစိမ်း.. ရွှေနဲ့မြပဲလေ… :harr:

  • အရိပ်စစ်

    April 16, 2013 at 8:07 pm

    ပိတော်ပန်းလေးတွေကို မြင်ရင် စိ်တ်ကြည်လင်သွားရအောင် ပျော်ရွှင်သွားရပေမယ့်
    ငုပန်းလေးတွေကို မြင်ရပြန်တော့ အားငယ်စာနာစိတ်နဲ့ အသနားပိုမိသွားပြန်ရော့

  • kotun winlatt

    April 16, 2013 at 8:19 pm

    လှလိုက်တဲ့..ငုပန်းးးလေးးးတွေပါလားးးးးးး

  • နှစ်တိုင်း သင်္ကြန် မရောက်ခင်
    ငုဝါတွေ ပွင့်နေကြတာ တွေ့ရတယ် ..
    တကယ် လှကြပါပေတယ် …
    ပိတောက်ထက် အချိန်မှန်တဲ့ ပန်း …
    အထောက်အကူ မလို
    ရာသီချိန် ရောက်ပြီဆို
    (အလိုလို) ပွင့်လာတဲ့ ပန်း ….
    ဝါဝါထိန်ထိန် ငုဝါတို့ရဲ့ ရိပ်ငြိမ် ပေါ့ဗျာ ….
    လှနေတဲ့ ငုဝါတွေ ကြည့်ရင်းနဲ့ ရင်ထဲမှာလည်း တစ်မျိုးတစ်ဖုံ ဖြစ်မိသွားလေရဲ့ ..
    ကြည့်ရှုရင်းနဲ့ ခံစားသွားဘာဒယ် ဖေပေါက်ဂျီးရေ …

  • ငုဝါပန်းက တစ်မျိုးလှ
    ပိတောက်ပန်းကလဲ တစ်မျိုးလှ
    အဲတော့ နှစ်မျိုးလုံးလှတာသေချာတယ်

Leave a Reply