ပထမဆုံး စပြီး သတိထားမိတာကတော့ သူမက မိတ်ကပ်အဖွေးသား ဂါဝန်ပန်းရောင်လေး ၀တ်ပြီး ကတုံးဆံတောက်ကေလေးနဲ့ သူမ ဖခင် ပန်းချီဆရာ ရဲ့ ဆွဲလက်စ ဗုဒ္ဒ၀င်ပန်းချီကားတစ်ချပ်ပေါ် စုတ်တံကို ဟန်ပါပါ ကိုင်ဆွဲထားနေသေးတာ ပြေးကြည့်မှ အသက်က ( ရ ) နှစ်… နောက်တစ်ခေါက်က  ကျောက်ခမောက်ဘုရားပွဲကျင်းပသည့် တပေါင်းလပြည့်နေ့ မိဘနှစ်ပါးနဲ့ အတူ သူမတို့ ညီအစ်မတွေ ဘုရားဖူးလာကြတာ အဲထဲမှာ သူမက ဆံပင်ကေတိုလေးနဲ့ ခပ်တည်တည်စိုက်ကြည့်လို့ အရာရာကို စူးစမ်းချင်တဲ့ အရွယ် ( ၁၅ )နှစ်… သူမ မျက်ဝန်းတွေ ကြည်စင်နေတယ် အပြုံးပြုံးပါးပါးတစ်ချို့ကိုလည်း လိမ်းကျံထားသေးတယ် ဆံနွယ်ရှည်တွေ တနွဲ့တလျားနဲ့ မိတ်ဆွေရင်းချာတွေ ကြား လွတ်လပ်ပေါ့ပါးလို့ အဲဒီ့တုန်းက ( ၁၉ )နှစ်… နောက်ဆုံးအကြိမ် သိသိသာသာ ပြန်သတိထား ကြည့်မိလိုက်တဲ့ အချိန်မှာတော့ သူမ မျက်နှာမှာ တည်ငြိမ်ယောင်ဆောင်ထားတာကို တွေ့ရတယ် ကြည့်ရင်းကြည့်ရင်း သူမဟာ တစ်စုံတစ်ယောက်နဲ့ တူတူလာသလို ခံစားမိလာတယ် အဖြူအမည်းခောတ် ဓါတ်ပုံတစ်ပုံထဲက သူမ မိခင်ရဲ့ ရုပ်ရည်တစ်မျှင်တစ်စဟာ သူမ ကို ဖြည်းဖြည်းချင်း ထင်ဟပ်လာတယ် ။ ဒီအချိန်မှာတော့ ( ၂၄ ) နှစ် ပြည့်ဖို့ ရက် ( ၂၀) အလို… တခုခုကို တုန်လှုပ်မိလာပေမယ့် အဲဒီ့အရာဟာ ဘာလဲ ဆိုတာတော့ စဉ်းစားနေမိတုန်း..။ ။

 

အရိပ်စစ်

About အရိပ်စစ်

hninnu zin has written 23 post in this Website..