One More ၏ မော်လူးဒေသ ဖားပန်အေးချမ်းကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းလေးသို့ အလှူ..(၁၃.၄.၂၀၁၃)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ပင်ဝယ်အုပ်စု ဖားပန်အေးချမ်းကျေးရွာ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေးသို့ One More ၏ အလှူျငွေ သိန်း၂ဝကျပ်တိတိကို လွဲပြောင်းပေးအပ်စဉ်…
ကျောင်းကော်မီတီမှ One More အဖွဲ့ကြီးအား ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်စဉ်…
ဆရာမတစ်ဦးအား ထောက်ပံ့ကြေး ပေးအပ်စဉ်….
ဆရာမတစ်ဦးအား ထောက်ပံ့ကြေး ပေးအပ်စဉ်….
ဆရာမလေးမှ ရရှိသော ထောက်ပံ့ကြေးထဲမှ တစ်ဝက်ကို စာသင်ဆောင် အတွက် ပြန်လည်လှူဒါန်းစဉ်…..
ကျနော်တို့မော်လူးက One Candle စေတနာရှင်လူငယ်များ အဖွဲ့နဲ့ ဖားပန်အေးချမ်းကျေးရွာ ဆရာတော်နှင့် ရွာသူရွာသားများ ကျောင်းလေးရှေ့မှာ အမှတ်တရ…
ဖားပန်အေးချမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ကို ကျနော်တို့ အဖွဲ့ ဆရာတော်ကို ကန်တော့ကြစဉ်….
ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်…..
ကဲ…ရွာသူရွားအပေါင်းတို့ ခင်ဗျားးးးးးဝမ်းသာအားရ သာဓု ခေါ်ဆိုနိုင်ကြစေရန် ပုံလေးတွေကို တင်ပေးလိုက်ပါတယ်…
နောက်ရက်မှ အလှူအကြောင်းလေးကို စာစီရေးပြီး တင်ပေးပါဦးမယ်….နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ အဖွဲ့( One Candle စေတနာရှင်လူငယ်များ အဖွဲ့) ၏ လိုအပ်နေသော ရံပုံငွေလေးကိုလည်း ဖြည့်တင်းပေးကြဖို့ အလှူခံ ဖလားလေးနဲ့ ကျနော် တောသား ပြန်လာဦးမယ်ဆိုတာ ကြို အသိပေးထားပါရစေ….
ပျော်ရွှင်ချမ်းမြေ့ကြပါစေ……..
K.T.W.L
မြန်မာနှစ်သစ်ကူးမှာ ရွာသူရွာသားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့….ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်…။
Was this answer helpful?
LikeDislikeမင်္ဂလာပါ..အကိုရေ

အလှူဒါ့ပုံတွေ ကြည့်ရတာ ကြည်နူး အားရပါတယ် ဗျို့..
လိုအပ်မယ်ဆို လှူမယ်ဆို ကြံထားတာ .ဂလို အဆင်ပြေသွားတော့လည်း ကောင်းခြင်းတမျိုးပါပဲ..
ဒါနဲ့ နောက်တင်မဲ့ အလှူပို့စ်မှာ လိုအပ်တာရှိရင်လည်း
နိုင်သလောက် ပါဝင်ကူညီပါ့မယ် ဆိုတာလေး..
နှစ်သစ်စိတ်ကူးအနေ နဲ့ ကြိုတင် ကတိပေးထားပါ့မယ်..
နှစ်သစ်မှာ အေးချမ်း မင်္ဂလာ ရှိပါစေ နော့..
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်….ကိုမတ်ရေ….
သင်္ကြန်ပီးးးးရင် ကျနော် စာလေးတစ်ပုဒ် ရေးပီးတင်ပါ့မယ်…..
လာရောက် ကြည့်ရှု့အားပေးတာကိုလည်း အထူးကျေးဇူးပါ…
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ….
Was this answer helpful?
LikeDislikeလိုအပ်တဲ့ အကူအညီရှိရင် ပြောပါ။
တတ်နိုင်တာကို ဝမ်းမြောက်ဝမ်းသာ ကူညီမှာပါရယ်။
:hee:
Was this answer helpful?
LikeDislikeအခုလိုလေးတွေကြားရတာ အားရဝမ်းသာရှိလှပါတယ်…
တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်တာလေးတွေကို ဝိုင်းဝန်းလုပ်ကိုင်ကြရင်
တိုးတက်သောနိုင်ငံ ခေတ်မှီသောနိုင်ငံ ဖြစ်ရမည်မှာ မလွဲပါပေါ့….
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ…
Was this answer helpful?
LikeDislikeနှစ်သစ်ကူးချိန်မှာ အခုလို အလှူမှတ်တမ်း ဓါတ်ပုံလေးတွေ ကြည့်ရတာ ၊ မင်္ဂလာရှိလိုက်တာဗျာ ။ ကျွန်တော်မောင်ကြီးလဲ ပါဝင်လှူဒါန်းဖို ့ပြင်ဆင်ထားပါမည်။
Was this answer helpful?
LikeDislikeကပ္ပိယကြီးရေ..ရွာထဲမှာ လူစုံတဲ့ အချိန်ကို အလှူခံဖလားးးးကိုင်ပြီးးး ထွက်လာမယ်ဆိုတဲ့ အကြောင်း ကြိုပြောထားပါရစေ…..ဟီးးးးး
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ…..။
Was this answer helpful?
LikeDislikeလာခဲ့ပါဗျာ
နွေးထွေးစွာကြိုဆိုပြီး
အလှူငွေ ထည့်လှူဒါန်းဖို ့အသင့်ပါပဲ
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ…ဆြာပေရေ….
လာခဲ့ပါ့မယ်….. လှူမယ်ဆိုလို့ ဝမ်းသာမဆုံးပါ…
ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ…..
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓုပါဗျာ
နှစ်သစ်မှာ မင်္ဂလာရှိတဲ့ သတင်းလေးပါပဲ
အလှူခံဖလားနဲ့ လာတဲ့အချိန် တတ်နိုင်သလောက် ပါဝင်မှာပါဗျ
Was this answer helpful?
LikeDislikeတတ်နိုင်သလောက် နည်းများမဆို ပါဝင်ပေးစေချင်ပါတယ်…..
ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေဗျာ…။
Was this answer helpful?
LikeDislikeဝမ်းမောဆိုလို့ဝင်ဖတ်ကြည့်တာကိုဝင်းရေ
နောက်ဆုံးမှဖယောင်းတိုင်တတိုင်ဆိုပြီးသိလိုက်ရတယ်
အမှန်ကခေါင်းစဉ်ကိုက one candle ဆိုပြီးထည့်ရင်ပိုကောင်းမလားလို့
0ne more ကသီးခြားရှိပြီးဖြစ်နေလို့လေ
Was this answer helpful?
LikeDislikeအန်ကယ်ကြီးရေ…One More ပါပဲခင်ဗျ..ရန်ကုန်က One More အဖွဲ့ကြီးက မော်လူးက လိုအပ်နေတဲ့နေရာလေးကို လှူပေးခဲ့တာပါ… ဒီလို အထောက်အပံ့ရစေဖို့ ဆက်သွယ်ပေးခဲ့တာက မော်လူးက One Candle အဖွဲ့ဝင် ကျနော် ပါ…ဒါကြောင့် နည်းနည်းရှုပ်သွားသလို ဖြစ်သွားရတာ..တောင်းပန်ပါတယ်ခင်ဗျာ….
Was this answer helpful?
LikeDislikeကိုထွန်းဝင်းလတ်ရေ… မင်္ဂလာပါခင်ဗျာ

ပရဟိတလုပ်နိုင်တဲ့အတွက်… သာဓု x ၃ ပါဗျာ…
နောင်များ အခုလိုမျိုးလှုစရာရှိရင် ဦးကျောက်ကို သံချောင်းခေါက်လိုက်ပါလို့…
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ..ဦးကျော်ခဲရေ….
မကြာမှီလာမည် ဖြစ်ပါကြောင်းးးးးးးး
Was this answer helpful?
LikeDislikeဘရာကြော်ပါ ကိုထွန်းကိုဝင်းရေ … နောက်တစ်ကျောင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီပေါ့နော် ..
One More က ဆိုပေမဲ့ အစပြုခဲ့တဲ့ One Candle ကိုလည်း One More နှင့် အတူ သာဓုခေါ်ပါကြောင်း ..
Was this answer helpful?
LikeDislikeဟုတ်ကဲ့ပါ..ကိုထူးဆန်းးးးရေ…..
ကျနော်လည်းးးး တတ်နိုင်တဲ့ ဘက်က တတ်နိုင်သလောက်လေး လုပ်ပေးနေတာပါပဲဗျာ….
Was this answer helpful?
LikeDislike