သင်္ကြန်ကာလရုံးပိတ်ရက်ရှည်မှာ သွားရင်းလာရင်း အမှတ်မထင် ခင်ခ ဖတ်မိလိုက်တဲ့ စာလေးတစ်ခုပါ။

အဲဒီစာလေးရဲ့ ဆိုလိုရင်းလေးကို သဘောကျမိလို့ ပြန်မျှဝေတာပါ။

သူ့ဆိုလိုရင်းလေးက မတူညီတဲ့ တန်ဖိုးတွေကို ဟန်ချက်ညီအောင် ထိန်းမတ်နိုင်ရင်ဖြင့် …… တဲ့။

မြန်မာနှစ်သစ် ၁၃၇၅ ဖြစ်တဲ့ ဒီနှစ်တွင်လည်း ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နဲ့ မြန်မာနိုင်ငံသားအားလုံး ရှိစေချင်ပါတယ်ဗျာ။

 

“ကျမ က ကက်သလစ်ခရစ်ယာန်ဘာသာ ကို ကိုးကွယ်ပါတယ် ကျမ နံရိုးရှင် က ထေရဝါဒ ဗုဒ္ဒဘာသာ ကို သက်ဝင်ယုံကြည်သူပါ ..

ကျမ နဲ့သူရဲ့ .. ချစ်သူသက်တမ်းတလျှောက် တယောက် စကား ကို တယောက်က မြေဝယ်မကျ နားထောင် နေတဲ့ .. ရူးရူးနှမ်းနှမ်း ချစ်နေကြတဲ့ အချိန်မှာတောင် ..

ကျမ က သူ့ကို ကျမ ဘာသာထဲ ကူးပြောင်းဖို့ မတိုက်တွန်းခဲ့သလို ..ကျမ ကို လဲ သူ က ဘာမှ ကန့်သန့်ချက် တွေမထားခဲ့ပါဘူး ..

ကျမ ရဲ့ ခံယူချက် က … ကျမ ချစ်တဲ့သူ ကို ကျမ က ကျမရဲ့ ဘာသာထဲ ကို ဆွဲခေါ်တဲ့ဆီမှာ ..
သူ က ကျမ ကို ချစ်တာတခုတည်း နဲ့ .. ကျမ ဘာသာ ထဲ ဝင်ရင် ..

ကျမ ကို ချစ်တဲ့ အချိန်ပဲ .. ကျမ ဘုရား ကို ချစ်နိုင်မှာပေါ့ ..
ကျမ ကို မချစ်တော့ရင် သူ ကျမ ဘုရားကို ချစ်နိုင်ပါတော့မလားမသိ ဆိုတဲ့ အတွေး ကျမ က ခဏခဏ တွေးပါတယ် ..

ဒါကြောင့် သူလဲ သူယုံကြည်ရာ ကို လွတ်လပ်စွာ ကိုးကွယ် နိုင်သလို .. ကျမ ကလဲ ကျမ ယုံကြည်ရာ ကို လွတ်လပ်စွာ ကိုးကွယ်ပါတယ် ..

ကျမ တို့ အိမ်မှာ ဘုရားစင် နှစ်ခု က .. ကျမ တို့ကို .. စောင့်ရှောက်ပါတယ် ..

ဘုန်းကြီးဆွမ်းကျွေးရင် ကျမ တို့ တက်ညီလက်ညီ ဝိုင်းလုပ်ကြပါတယ် ..

ကျမ ဘုရားကျောင်းတက်ဖို့ အိပ်ရာအစောကြီးထဖို့ပျင်းရင် .. ( ကျမ က တခါတလေ မနက် ၆ နာရီ မစ္ဆားတက်ပါတယ်) ကျမ နံရိုးရှင် က ကျမကို အိပ်ရာထဲက အတင်းဆွဲထူပါတယ် ..

ကျမ ဘုရားကျောင်းမတက်ဖြစ်ရင် .. သည်းသည်းထန်ထန်ဆူတာ၊ ကျမ အမေ ပြီးရင် .. သူ ပါ …

ဘာပဲဖြစ်ဖြစ် ..

ကျမ တို့ တန်ပိုးတွေ မညီကြပေမဲ့ … ထပ်တူ မတူညီ နိုင်ပေမဲ့ … ဟန်ချက်ညီအောင် ထိန်းမတ်ရင်း ..

ကိုယ် ယုံကြည်ရာ ကို ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ .. ကိုးကွယ်လာခဲ့ပါတယ် …

ကျမ တို့ နှစ်ယောက်တည်း တန်ဖိုးမညီတာ မဟုတ်ပါဘူး ..

ကျမ အဖေ နဲ့ ကျမ အမေ လဲ .. တန်ဖိုး မညီပါဘူး ..

ဒါပေမဲ့ .. သူတို့ ခုထိ အဆင်ပြေကြပါတယ် ..

ကျမ အဘိုး နဲ့အဘွားလဲ တန်ဖိုးမညီခဲ့ကြပါဘူး ..

ဒါပေမဲ့ .. သေသည်အထိ .. သူ့အတွက် ကိုယ် ဝိုင်းကူ ..
ကိုယ့်ကို သူ က ဖြည့်ပေး … ဒီလိုနဲ့ပဲ ..

ကျမ တို့ မိသားစု တွေ ဘိုးစဉ်ဘောင်ဆက် ..
မတူညီတဲ့ တန်ဖိုးတွေကို ..
ဟန်ချက်ညီအောင် ထိန်းမတ်ခဲ့ပါတယ် …

တကယ်တော့ ..
အတ္တ ဆိုတာတွေ ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကြမယ် ဆိုရင်
အရာရာ ဟာ ညှိနှိုင်းဖို့လွယ်ပါတယ် .. ။ ´´
 

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..