မင်္ဂလာပါ ပိတ်သတ်ကြီး ….။

ပွင့်လင်းမြင်သာစွာနဲ့ ဒဲ့ဂွင်ရိုက်တဲ့ ခေတ်မှာ … ၁၅၀၀ ဆိုတဲ့ တန်ဖိုနည်း ဖုန်းကဒ် ၁သန်း ထွက်လာပါဘီ ခင်ညာ …။ အဲ ပြောစရာရှိတာကတော့ ၃သိန်း ၅သောင်းသာ ရှေ့ကိုထွက်လာပီး ကျန်တာကတော့ … ကျန်တာကတော့ ပိတ်သတ်ကြီး သိတော်မူတဲ့ အတိုင်းပေါ့ … အကြောင်းပြကတော့ ဈေးကွက်ထဲမှာ မတန်တဆ အမြတ်တင်ပီး ရောင်းချမယ့် သူတွေကို ထိန်းသိမ်းရန် အလို့ငှာပေါ့။ ထားပါလေ ဒါက သူရို့ကိစ္စ ကျနော်တင်ပြချင်တာကတော့ ပိတ်သတ်ကြီးတို့ ပတ်ဝင်းကျင်မှာ CDMA 800 လို့ခေါ်တဲ့ CDMA 2000 1x , 800Mhz EVDO ဖုန်းဟမ်းဆက်တွေ ၀ယ်ကိုင်မဲ့သူတွေ ရှိပါက သိစေရန်ငှာ ကျည်ကွယ် မျက်ကွက်ကနေ ဆြာဂျီးလုပ်ပီး လက်ကမြင်း လိုက်ပါတယ် ခင်ညာ .. ဒန့်တန့်တန့်

:harr:                 :harr:                   :kwi:

Huawei Offical 

Huawei M 835

Huawei M 835

Huawei Offical လို့ ခေါ်ဆိုရတဲ့ အကြောင်းအရင်းကတော့ Huawei Company ကတရားဝင် ထုတ်လုပ်ထားလို့ပါ။ လက်ရှိ ဈေးကွက်ထဲမှာ သုံးနေတာတွေကတော့ huawei က လက်ခစား စနစ်နဲ့ တပ်ဆင်ထုတ်လုပ်ထားတဲ့ စက်ရုံတွေက ထွက်လာတာရယ်။ တလုပ်ပြည်မှာ တရားဝင် ဖြန့်ချီခွင့်ရထားတဲ့ Surfing ဆိုတဲ့ ကုမ္ပဏီက တဆင့်ဖြန့်ချီတဲ့ ဖုန်းတွေရယ် … ရောကော သောကောနဲ့ စုံစီနေမှာပါ။ မည်သို့ပင် ဆိုစေကာမူ …. သို့ပေသို့သော်ညားလဲ သုံးလို့ကောင်းရင် ပီးတာပါဘဲပေါ့။ ဆိုတော့ အထက်က Huawei M835 သည် ကျနော်တို့ဆီကိုတော့ C8500 အဖြစ်နဲ့ lock ကျတာကျ root မရတာ မရနဲ့ ၀င်လာပါလိမ့်မယ်။ ခက်တာကတော့ အန်းဒရိုက်ဖြစ်တဲ့ အတွက် Google Play Store နဲ့ ငြိပါလိမ့်မယ်။ ပြဿနာတော့ မရှိပါ Zapya သုံးပီး Share ကျရင်တော့ အဆင်ပြေနိုင်ပါတယ် ခင်ညာ။

U/C 8500

U/C 8500

အဓိကတော့ ဖုန်းမ၀ယ်ခင် ဖင်လှန်ပီး စစ်သင့်ပါတယ် ( ဟန်းဆက်ကိုပြောတာ ) :mrgreen: အတွင်းက ဘထ္ထရီကို ခွာပီး တရုတ် အခွန်ဆောင်ပီး တံဆိပ်နဲ့ တလုပ်ရဲ့ QC … အမှတ်အသား CCC ကိုလဲ ရှာစေချင်ပါတယ်။ နောက်ပီးတော့ ဖုန်းရဲ့နောက်ကာဗာမှာ Surfing ဆိုတဲ့ တံဆိပ်လေး ပါရင် ပိုကောင်းမှာပါ။ ဆိုတော့ ဟတ်ဝဲပိုင်း စိတ်ချပီးနောက်မှာတော့ ဆော့ဝဲပိုင်း တလုပ်ရဲ့ ဂျူရွှမ်ရှီး ဂူချန်းဂီး စသဖြင့် တလုံးမှ ဖတ်မတတ်တဲ့ ဆော့ဝဲ ၈မျိုးလောက်ကို သင် အမြစ်တူးလို့ မရမခြင်း စိတ်မချမ်းသာဖွယ် တွေ့ရမှာပါ။

Huawei A199

Huawei A199

အထက်က ဖုန်းကတော့ Huawei ရဲ့ A 199 လို့ခေါ်တဲ့ မြန်မာပြည်မှာတော့ C Series ပေါ့ခင်ည။ Spec လဲကောင်း သုံးရတာလဲ အဆင်ပြေမှာပါ။ အမြစ်တူးလို့လဲ ရမှာပါ။ ဒါပေသိ အထက်ပြောခဲ့အတိုင်း ၁၀လုံးမှာ ၄လုံးလောက် ဖောက်ပါလိမ့်မယ်။ Spec တွေကိုတော့ ထည့်မရေးတော့ပါဘူး အဓိက ဒီပို့စ်ကို ရေးရတဲ့ ရည်ရွယ်ချက်က ဖုန်းဝယ်ရင် သတိထားမိစေချင်တာပါဘဲ။ ဘထ္ထရီတွေ လဲထားရင်၊ နားကျပ်တွေ၊ အဒပ်ပတာတွေ ဈေးကွက်အရ အပြိုင်အဆဲ ရောင်းတဲ့ အချိန်မှာ ၀ိတ်လျော့ကျမှာမို့ ကျနော် အထက်ကတင်ပြတဲ့ ဖုန်းဘထ္ထရီအောက်က CCC တံဆိပ်နဲ့ အခွန်တံဆိပ်ပြားပါမှသာ ၀ယ်ရန်သင့်ပါတယ်။ နောက်တခု ဆိုလိုရင်းက Huawei သည် Surfing အတွက်သာ ဖုန်းတွေကို အော်ဒါစနစ်လက်ခံပီး နာမည်ခံ ထုတ်နေတယ် ဆိုတဲ့ အကြောင်းပါ။ အောက်မှာကတော့ ကောင်းနိုးရာရာ ရှာတွေ့သမျှ တင်ပေးလိုက်ပါကြောင်း …… ။

HTC T327d

HTC T327d

HTC T329d

HTC T329d

HTC S710d

HTC S710d

Coolpad 5930

Coolpad 5930

Huawei C8813

Huawei C8813

Motorolla xt553

Motorolla xt553

Samsung Duos i919

Samsung Duos i919

Samsung i699

Samsung i699

Zte N970

Zte N970

 

ကျနော့ ထင်မြင်ချက်ကိုပေးပါ ဆိုရင်တော့ HTC ကို ပိုပီးအားသန်ပါတယ်။ ဘာကြောင့်လဲလို့ မေးရင် မစ္စတာချူးက ကြောငြာခ ပေးထားလို့ မဟုတ်ပါ။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက ကျနော် China Telecomရဲ့ CDMA ကဒ်တွေ သုံးတော့ HTC ရဲ့ Desire Series , CDMA 2000 1x EVDO rev. A ကို သုံးဖူးလို့ပါဘဲ။ ဒီနေရာမှာ တတ်သလောက် မှတ်သလောက် ဖြီးရရင်တော့ CDMA 800 သည် Bandwith ကို အနိမ့်သုံးထားတဲ့ 3G, 2G type ဖုန်းအမျိုးအစားပါဘဲ Bandwith သည် 900/1800/2100 Mhz သွားတဲ့အခါ singal bw ကို 800သို့ နှိမ့်လိုက်တာပါဘဲ။ ကကြီးနဲ့ ဂငယ်မှာ တိုင်နဲ့ LTE တွေကို 3G to 4G ပြောင်းတဲ့ ခေတ်မှာ bw ကို 800/2100 Mhz ချလိုက်တဲ့ အတွက် (ကစားလိုက်တာ T-mobile, Verizon, etc….. ) rev. A ဆိုတဲ့ အမျိုးအစားသစ်တရပ် ပေါ်လာတယ်လို့ ထင်ပါတယ်( အထင်) ဆိုတော့ ……. Huawei ရဲ့ 8813မှာ Locked ကျတဲ့ ပြဿနာရှိနေပါတယ် ခင်ည။ သို့ဂလိုကြောင့် HTCရဲ့ Incredible S … S710E ကို re_version လုပ်ထားတဲ့ S710d ဟာ ဖုန်းကောင်းကောင်း ကြိုက်သူတွေ အတွက် အသင့်တော်ဆုံးလို့ ယူဆပါတယ်။

နောက်ဆုံးတင်ပြချင်တာကတော့ တလုပ်ကြီးရဲ့ အခွန်စည်းတံဆိပ်နဲ့ QC သတ်မှတ်ချက်ပါဘဲ ….။ အောက်မှာ မြှားထိုးပီး ပြထားပေးပါတယ်။

အခွန်စည်းနဲ့ အရေအသွေးတံဆိပ်

အခွန်စည်းနဲ့ အရေအသွေးတံဆိပ်

နောက်ဆုံးထပ်ကွန့်ချင်တာကတော့ CCC သုံးလုံးတံဆိပ်ဟာ …. ကြိုက်သလို ၀ယ်ကပ်လို့ ရတာမို့ …. ကံကောင်းဂျဘာဇေလို့ ဆုတောင်းရင်း ….။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ … ဒန့်တန့်တန့်

လေးဆားလျှက် …

အဗ္ဗဒူလာဖက်ဒရယ်ခရိုနီ တက္ကနေရှင် အာချောင် ကျည်ကွယ်မျက်ကွယ် ဖက်ဒရယ်ယဲစီ ( ABSED, Dip .. GD, Phd..AKG)

(သုမင်္ဂလာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း , United State of သာကေတ၊ ခေတ္တ UST )

:528:                                      :harr:                                           :kwi:

 

 

 

 

 

 

 

 

 

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း