လမ်းထွက်လျှောက်မယ် သမီးလေးရယ်
ခရေပင်လမ်းဆီကွယ်
ခရေပန်းလေးတွေကောက်ကြမယ် လိုက်ခဲ့ပါလားကွယ်
ဟိုမှာတပွင့် ဒီမှာတပွင့်ရယ် တွေ့အောင်ရှာကြမယ်
မွှေးလှတဲ့ပန်းကလေးတွေရယ် ဘုရားလှူကြမယ်
မေမေကြိုက်တဲ့ ခရေပန်းကုံးလေးအတွက် တ၀က်ဖယ်ထားမယ်
ဟိုမှာကြည့်စမ်း သမီးလေးရယ်
မီးခွက်ကလေးနဲ့ မိသားစုတစုရယ် ၀မ်းစာရှာကြတယ်
ပညာသင်ဆဲ ကလေးများရယ် မိဘကူကြတယ်။
ကြိုးစားရင်းနဲ့ ဘွဲ့ရတယ် ဂုဏ်ယူစရာဘဲကွယ်။

မင်းသုတ
18:30 P.M
22.4.2013

About zaw win

zaw win has written 78 post in this Website..