နှင်းမှုန်သည်းခြွေ ကြွေရစေ. . .
နှင်းမှုန်သည်းခြွေ ကြွေရစေ…
ဥသြနွေကြို၊ လွမ်းသလိုလား၊
နေအိုဆည်းဆာ၊ လရိပ်ဖြာနိုး၊
ပေါ်လာစိုးထင့်၊ ဆောင်းဒဏ်သင့်လျှင်၊
ကြွေခွင့်လက်ကျန်၊ နှင်းမှုန်ပြန်တမ်း၊
ဖွေဟန်လမ်းကျဉ်း၊ ဖြေလွမ်းရင်းမှ၊
နွေခင်းပြလို၊ ဆောင်းညငိုကြွေး၊
ရင်ဖိုထွေးဖက်၊ ကျွမ်းလောင်လျက်သာ…။
ပွေခက်ပြာလူး၊ နွေကိုခူးမှ၊
မိုးဦးကျစေ၊ ဆုမွန်ခြွေဆဲ၊
လေပြေဝဲလျှင်၊ ပြိုမယ်ထင်ငြား၊
ခိုဝင်နွမ်းမော၊ ရွက်ကြွေတောတွင်၊
လွင့်မျောထက်အောက်၊ ရင်တွင်းဟောက်ပက်၊
သစ်ခြောက်ခက်ချိုး၊ အိပ်မက်ဆိုးမှ၊
လန့်နိုးထကာ၊ ဖြေရင်းနာချင်…။
နေဖြာရင်နင့်၊ ဖွေမြင်ခွင့်ကို၊
ကြွေလွင့်ဆိုမှ၊ ရှိုက်ငိုရခက်၊
နွေညနက်ထဲ၊ မိုးစွေဝဲလျှင်၊
ငိုပွဲဆင်ဘူး၊ သခင်ခူးဆွတ်၊
ရင်ရူးသွပ်ရုံ၊ နှလုံးတုန်စေ၊
နှင်းမှုန်စွေမှ၊ သည်နွေညထဲ၊
နုံးလျသည်းနာ၊ ကြွေမြဲပါခင်…။ ။
တောက ကိုရင်
၁၉.၀၄.၂၀၁၃
(တစ်ပုဒ်လုံးကို သက်စေ့နှက် သုံးချက်ညီ (4 3 2) နဲ့ရေးထားပါတယ်။)
ဟဲဟဲ။ သိပြီ။
၎ ၃ ၂ ကို အတော်လိုက်ကြည့်လိုက်ရတယ်။
ကာရန်လည်း ညိ
အဓိပ္ပယ်လည်း ရှိ
မလွယ်ဘူး။
ကျနော် ဖတ်ရတာကို မလွယ်ဘူး။
Was this answer helpful?
LikeDislikeအား……..ပါး……ပါး
ကိုရင်ရေ
ထုံးစံအတိုင်းပေါ့
အသံတိတ် လက်မထောင်သွားတယ်
Was this answer helpful?
LikeDislike၀င်ရောက်အားပေးသွားပါတယ်
Was this answer helpful?
LikeDislikeတော်တော်ကို ဖတ်ယူရတယ် ရေးများသာ ရေးရမယ်ဆိုရင်တော့
Was this answer helpful?
LikeDislike