အတုလည်းမသင်ပါနဲ့

မြင်သမျှတွေက မင်းအတွက်တော့

အဆိပ်တွေဆိုတာ သိထားသင့်တယ်လေ

သူများရိုင်းတိုင်း ကိုယ်ရိုင်းနေရင်

အလှဆင်ထားတဲ့ လောကကြီးက

သောကတွေကိုယ်စီ ရနေလောက်ပြီ

တစ်မိုးအောက်မှာ အသက်ရှူတာချင်းတူပေမယ့်

လူတွေက တစ်ခါတစ်လေမှာ ခက်တော့ခက်သား

ငါဆိုတဲ့ မာနကို ခ၀ါမချသေးသရွှေ့တော့

တန်ဖိုးဆိုတာ အဘယ်တန်ခိုးနဲ့ ဖန်ဆင်းရှင်လဲလေ

မျက်ရည်တွေ မကျချင်စမ်းပါနဲ့ကွာ

ခြွေကျလာတဲ့ မိုးစက်တွေအောက်မှာ

မင်းလေးတစ်ယောက် အပြုံးဖက်နိုင်မယ်ဆိုရင်လေ

လေပြေလေးတွေက အဖော်အဖြစ် ရပ်တည်နေတက်ပါတယ်

မုန်းတိုင်းဘယ်လောက်ထန်ထန်

ကြံ့ကြံ့ခံနိုင်သေးတဲ့ ဇွဲကို သုံးပြီး

လုံ့လစိုက်ထုတ်တက်ဖို့ မင်းကြိုးစားသင့်ပါပြီ

ခေတ်မကောင်းတဲ့ လောကကြီးမှာ

မင်းလေးတစ်ယောက် သောကကြီးစွာ မရောက်ရအောင်

ရိုးသားတဲ့ စိတ်ထားနဲ့ မေတ္တာ စေသနာတွေကို တိုးပွားရင်း

နိုးကြားနိုင်ပါစေ သူငယ်ချင်း

                                 ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..