၁၃ ရက်နေ့ မနက် အိပ်ယာနိုးနိုးခြင်း ယောက်ဖတော် ( အစ်မ ယောင်္ကျား ) ဆိုင်ကယ်နဲ့ ရွှေကူရဲ့ လူအစည်ဆုံးဆိုတဲ့ လဘက်ရည်ဆိုင်ကို ထွက်ခဲ့ကြတယ် ၊

မစားရတာ ကြာလှပြီဖြစ်တဲ့ မိုးတားစတိုင်လ် မုန့်တီကို ၂ ပွဲဆက် စားပြီးသကာလ မြစ်ကမ်းပါးကိုရောက်ဖြစ်ခဲ့တယ် ၊

သြော် ဧရာဝတီဟာ ကော်ဖီရောင်ပေါက်နေရှာပြီပဲ ၊

ထိန်းသိမ်းမှု ညံ့ဖျင်းလှလို့ အရင်က ကမ်းပါးနဲ့လည်း တခြားစီ ဖြစ်ခဲ့ပြီပဲလေ ၊

အရင်က ကျနော်တို့ နေခဲ့တဲ့အိမ်နဲ့ မြစ်ကမ်းပါးဟာ ပေ ၅၀ ကျော် ကွာပေမယ့် ပြိုပျက်မှုတွေကြောင့် အခုဆို ၁၅ ပေလောက်ပဲ ဝေးပါတော့တယ် ၊

ကွန်ကရစ်ကျောက်စီ နံရံတွေနဲ့ ရေအားကိုထိန်းဖို့ ပြင်ဆင်ထားပေမယ့် ရေကြမ်းမယ့် မိုးတွင်းမှာ စိတ်ချရပါ့မလား ဆိုတာ မေးစရာပါ ၊

လွန်ခဲ့တဲ့ ရ နှစ် ၈ နှစ်လောက်က သိပ်လှခဲ့တဲ့ ရွှေကူကမ်းပါးဟာ ပျက်စီးခြင်း ၅ ပါးကြားမှာ အကျည်းတန်သွားရှာပါပြီ ၊

တစ်ချိန်က သုံးရေတင်မက သောက်ရေအတွက်ပါ အားကိုးခဲ့ရတဲ့ ရေပြာစိမ်းကြည် ဧရာဝတီဆိုတာ ပုံပြင်ဖြစ်ခဲ့ရပြီပဲလေ ၊

စည်းကမ်း မရှိ ရွှေတူးတာက အစ လူတကာနှိပ်စက်တာ ခံနေရတဲ့ ဧရာဝတီဟာ

( ဟို သီချင်းထဲကလို ) ရာဇဝင်ထဲမှာသာ သတို့သမီး အပြင်မှာတော့ ဖါသာသာမြစ် ဖြစ်နေရပါပေါ့လားကွယ် ၊

 

photo1243_001

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..